Donation
Visitors
Top 51:
Unknown flag 84446 Unknown
United States flag 4023 United States
Ukraine flag 216 Ukraine
Russian Federation flag 103 Russian Federation
India flag 90 India
Myanmar flag 71 Myanmar
France flag 57 France
Israel flag 51 Israel
Japan flag 38 Japan
Germany flag 35 Germany
Romania flag 25 Romania
Netherlands flag 23 Netherlands
Singapore flag 22 Singapore
Thailand flag 20 Thailand
Hong Kong flag 19 Hong Kong
Australia flag 18 Australia
Canada flag 15 Canada
Tokelau flag 15 Tokelau
Malaysia flag 14 Malaysia
Bangladesh flag 12 Bangladesh
Poland flag 11 Poland
United Kingdom flag 11 United Kingdom
Brazil flag 10 Brazil
South Africa flag 9 South Africa
China flag 8 China
Algeria flag 7 Algeria
Sweden flag 7 Sweden
Indonesia flag 6 Indonesia
Belgium flag 4 Belgium
New Zealand flag 4 New Zealand
Serbia flag 4 Serbia
Portugal flag 3 Portugal
Taiwan flag 3 Taiwan
Morocco flag 2 Morocco
Spain flag 2 Spain
Sri Lanka flag 2 Sri Lanka
Vietnam flag 2 Vietnam
Angola flag 1 Angola
Bahrain flag 1 Bahrain
Bosnia Hercegovina flag 1 Bosnia Hercegovina
Czech Republic flag 1 Czech Republic
Former Soviet Union flag 1 Former Soviet Union
Hungary flag 1 Hungary
Ireland flag 1 Ireland
Italy flag 1 Italy
Jersey flag 1 Jersey
Mexico flag 1 Mexico
Montenegro flag 1 Montenegro
Nepal flag 1 Nepal
Norway flag 1 Norway
Slovak Republic flag 1 Slovak Republic
89422 visits from 51 countries
Total Hits
Content View Hits : 1506748

ဓမ္မစာမျက်နှာ (၄၃)

ကမ္မဋ္ဌာန်းပိုင်း (၁)

ကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်းဆိုသည်မှာ စိတ်ဓာတ်ကို သမာဓိဖြစ်အောင် လေ့ကျင့်ခြင်း၊ သမာဓိဖြစ်ပြီး ပညာဖြစ်အောင် ပွားများခြင်းကို ခေါ်၏။
အာရုံကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။ အလေ့အကျင့်ကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။

ကမ္မဋ္ဌာန်း ၂-မျိုး

ဗုဒ္ဓဘာသာမှာ သင်ကြားသော ကမ္မဋ္ဌာန်း ၂-မျိုး ရှိ၏။
(၁) သမထကမ္မဋ္ဌာန်းနှင့် (၂) ဝိပဿ      နာ ကမ္မဋ္ဌာန်းတို့ ဖြစ်သည်။

သမထကမ္မဋ္ဌာန်း = နီဝရဏတရားများကို ငြိမ်းစေတတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ သမထကမ္မဋ္ဌာန်းကို လေ့လာ ပွားများ အားထုတ်က ဈာန်၊ အဘိညာဏ်တို့ကို ရနိုင်၏။

ဝိပဿဿ        နာ ကမ္မဋ္ဌာန်း = တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။

တေဘူမကသင်္ခါရ = ဘုံသုံးပါး၌ဖြစ်သော သင်္ခါရတရားများ (လောကီ ရုပ်, နာမ်)
လက္ခဏာယာဉ်သုံးပါး = အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ဝိ = အမျိုးမျိုး (လက္ခဏာယာဉ် သုံးပါး)
ပဿ       နာ = ရှုမြင်ခြင်း

ဝိပဿ      နာ = အမျိုးမျိုးသိအောင် အားထုတ်ခြင်း။

ဝိပဿ       နာ ရှုမှတ် ပွားများ အားထုတ်ပြီး အောင်မြင်ကာ အဆုံးသို့ရောက်လျှင် တရားထူး မဂ်ဖိုလ် ရ၏။

သမထကမ္မဋ္ဌာန်းနှင့် ဝိပဿနာကမ္မဋ္ဌာန်း ၂-မျိုးရှိရာတွင် သုတ္တန်များ၌ သမထကနေ ဝိပဿ       နာသို့ သွားသည်ကို ဟောကြားခြင်း များ၏။
ဝိပဿ       နာသက်သက် ဟောကြားခြင်း နည်းပါး၏။

မဂ်ဖိုလ်ရအောင် အားထုတ်ရာ၌ သမထယာနိကနည်းနှင့် ဝိပဿ       နာယာနိကနည်းဟူ၍ ၂-မျိုး ရှိ၏။

သမထယာနိကနည်း

ရှေးဦးစွာ သမထအားထုတ်ပြီး ဈာန်ရကာ၊ ဈာန်ဝင်စား၊ ဈာန်ဝင်စားရာကနေ ဈာန်မှ ထပြီး ထိုဈာန်ကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုခြင်း (သို့မဟုတ်) တခြား တေဘူမကသင်္ခါရကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုပြီး မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။

ဝိပဿ       နာယာနိကနည်း

ဈာန်ရအောင် အားမထုတ်တော့ဘဲ ဝိပဿ       နာကိုပင် စ,စချင်း ရှုမှတ် ပွားများ အားထုတ်ကာ ဝိပဿ       နာသမာဓိ (ခဏိကသမာဓိ) ရပြီး၊ ဝိပဿ       နာညာဏ် အဆင့်ဆင့် တက်၍ မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။

+++++

သမထကမ္မဋ္ဌာန်း

သမထကမ္မဋ္ဌာန်း၌ -

(၁) ကသိုဏ်း ၁၀-ပါး

(၂) အသုဘ ၁၀-ပါး

(၃) အနုဿတိ ၁၀-ပါး

(၄) အပ္ပမညာ ၄-ပါး

(၅) သညာ ၁-ပါး

(၆) ဝဝတ္ထာန် ၁-ပါး

(၇) အာရုပ္ပ ၄-ပါး ဟူ၍ ၇-မျိုးဖြင့် ဝေဖန် ပိုင်းခြား သိအပ်၏။

+++

ကသိုဏ်း ၁၀-ပါး

(၁) ပထဝီ = မြေကသိုဏ်း

(၂) အာပေါ = ရေကသိုဏ်း

(၃) တေဇော = မီးကသိုဏ်း

(၄) ဝါယော = လေကသိုဏ်း

(၅) နီလ = အညိုရောင်ကသိုဏ်း

(၆) ပီတ = အရွှေရောင်ကသိုဏ်း

(၇) လောဟိတ = အနီရောင်ကသိုဏ်း

(၈) သြဒါတ = အဖြူရောင်ကသိုဏ်း

(၉) အာကာသ = အပေါက်ဟင်းလင်းကသိုဏ်း

(၁၀) အာလောက = အရောင်အလင်းကသိုဏ်း

မှတ်ချက်။ လုံးစုံမကြွင်း ပျံ့နှံ့ခြင်းကို ကသိုဏ်းဟု ခေါ်သည်။

+++

အသုဘ ၁၀-ပါး

(၁) ဥဒ္ဓုမာတက = ဖူးဖူးရောင်သော သူကောင်အသုဘ

(၂) ဝိနီလက = ညိုညိုမည်းမည်း အဆင်းရှိသော သူကောင်အသုဘ

(၃) ဝိပုဗ္ဗက = ယိုစီးသောပြည်ရှိသော သူကောင်အသုဘ

(၄) ဝိစ္ဆိဒ္ဒက = ဓားလက်နက်စသည်ဖြင့် အလယ်၌ နှစ်ပိုင်းဖြတ်အပ်သော သူကောင်အသုဘ

(၅) ဝိက္ခာယိတက = ခွေးစသည်တို့ ကိုက်ခဲ၍ ထားအပ်သော သူကောင်အသုဘ

(၆) ဝိက္ခိတ္တက = ခွေး ကျီး လင်းတ စသည်တို့ ကိုက်ချီ စားသောက်၍ ပစ်လွှင့်ထားအပ်သော သူကောင်အသုဘ

(၇) ဟတဝိက္ခိတ္တက = ရန်သူသည် ဓားသန်လျက်ဖြင့် ကိုယ်တခြား ခေါင်းတခြား ခြေတခြား လက်တခြား ဖြတ်တောက်လျက် အထူးထူးသော အရပ်၌ ဖရိုဖရဲ ပစ်ထားအပ်သော သူကောင်အသုဘ

(၈) လောဟိတက = ယိုစီးသောသွေးရှိသော သူကောင်အသုဘ

(၉) ပုဠုဝက = ပိုးလောက်တို့ဖြင့်ပြည့်သော သူကောင်အသုဘ

(၁၀) အဋ္ဌိက = အရိုးစုမျှသာဖြစ်သော သူကောင်အသုဘ

+++

အနုဿတိ ၁၀-ပါး

(၁) ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၂) ဓမ္မာနုဿတိ = တရားတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၃) သံဃာနုဿတိ = သံဃာတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၄) သီလာနုဿတိ = မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၅) စာဂါနုဿတိ = မိမိ၏ စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၆) ဒေဝတာနုဿတိ = နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၇) ဥပသမာနုဿတိ = နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၈) မရဏာနုဿတိ = သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း။

(၉) ကာယဂတာဿတိ = ဆံအစရှိသော ၃၂-ပါးသော ကောဋ္ဌာသကို ရွတ်ဆို နှလုံးသွင်းခြင်း။

(၁၀) အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်း သတိ။

+++

အပ္ပမညာ ၄-ပါး

(၁) မေတ္တာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခြင်းမေတ္တာ။

(၂) ကရုဏာ = အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း ကရုဏာ။

(၃) မုဒိတာ = အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း မုဒိတာ။

(၄) ဥပေက္ခာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ လျစ်လျူရှုခြင်း ဥပေက္ခာ။

အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ ဖြစ်တတ်သောကြောင့် အပ္ပမညာ မည်၏။
ဤလေးပါးကို ကျင့်သုံးသောသူသည် မြတ်သောနေခြင်း ဖြစ်သောကြောင့် ဗြဟ္မဝိဟာရတရား ၄-ပါးဟုလည်း ခေါ်သည်။

၅၂၈-သွယ် မေတ္တာ

သဗ္ဗေသတ္တာ၊
သဗ္ဗေပါဏာ၊
သဗ္ဗေဘူတာ၊
သဗ္ဗေပုဂ္ဂလာ၊
သဗ္ဗေအတ္တဘာဝပရိယာပန္နာ - ဤ ၅-ခုကား မည်သူမည်ဝါ ယောက်ျား မိန်းမ စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း မရှိသောကြောင့် “အနောဒိသပုဂ္ဂိုလ်” မည်၏။

သဗ္ဗာဣတ္ထိယော၊
သဗ္ဗေပုရိသာ၊
သဗ္ဗေအရိယာ၊
သဗ္ဗေအနရိယာ၊
သဗ္ဗေဒေဝါ၊
သဗ္ဗေမနုဿာ၊
သဗ္ဗေဝိနိပါတိကာ - ဤ ၇-ခုကား မိန်းမ ယောက်ျား စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း ရှိသောကြောင့် “သြဒိသပုဂ္ဂိုလ်” မည်၏။

၎င်း သြဒိသ အနောဒိသ ၂-ပါးကို ပေါင်းသော် ၁၂-ပါး ဖြစ်၏။

၎င်း ၁၂-ပါးကို တည်၍ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု ဟူသော အခြင်းအရာ ၄-ပါးနှင့် မြှောက်သော် ၄၈-ပါး ဖြစ်၏။

ဤ ၄၈-ပါးကား အရပ်မျက်နှာနှင့် မစပ်ဘဲ ပို့သော မေတ္တာတည်း။

အရပ် ၁၀-မျက်နှာနှင့် စပ်၍ ပို့ရာ၌ တစ်မျက်နှာ တစ်မျက်နှာတွင် ၄၈-ပါးစီ ရသောကြောင့် အရပ် ၁၀-မျက်နှာ၌ ၄၈၀ ဖြစ်၏။
ထို ၄၈၀ ကို အရပ်မျက်နှာနှင့် မစပ်သော ၄၈ နှင့် ပေါင်းသော် ၅၂၈ ဖြစ်၏။

+++

ဧကသညာ

မျိုအပ် စားအပ်သော အစာအာဟာရ၌ စက်ဆုတ် ရွံရှာဖွယ်သော အဖြစ်ကို အောက်မေ့ ဆင်ခြင်သော အမှတ်သညာသည် “အာဟာရေပဋိကူလသညာ” မည်၏။

+++

ဧကဝဝတ္ထာန

မိမိကိုယ်၌ တည်ရှိကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ် ၄-ပါးကို မှတ်သောအားဖြင့် ပိုင်းခြား ရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်းသည် “စတုဓာတုဝဝတ္ထာန” မည်၏။

+++

အာရုပ္ပ ၄-ပါး

ရုပ်၏ ဆန့်ကျင်ဘက်ဖြစ်သော ကောင်းကင်ပညတ်စသော လေးပါးသော အာရုံ၌ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ ၄-ပါး မည်၏။

+++++

ကမ္မဋ္ဌာန်းလေးဆယ်ကို စရိုက် ၆-ပါးနှင့် တွဲစပ်ပုံ


အဖြစ်များခြင်းကြောင့်လည်းကောင်း၊ မပြတ်ဖြစ်ခြင်းကြောင့်လည်းကောင်း စရိုက် မည်၏။

စရိုက်တို့သည် ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက် ဟူ၍ ၆-ပါး အပြားရှိ၏။

စရိုက် သင့်လျော်သော ကမ္မဋ္ဌာန်း

ရာဂ အသုဘ ၁၀-ပါး၊ကာယဂတာသတိ ၁၁

ဒေါသ အပ္ပမညာ ၄-ပါး၊ နီလ, ပီတ, လောဟိတ, သြဒါတကသိုဏ်း ၈

မောဟ၊ ဝိတက် အာနာပါနဿတိ ၁

သဒ္ဓါ ဗုဒ္ဓါ၊ ဓမ္မာ၊ သံဃာ၊ သီလာ၊ စာဂါ၊ ဒေဝတာနုဿတိ ၆

ဗုဒ္ဓိ မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန် ၎

စရိုက် ၆-ပါး ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောကကသိုဏ်း၊ အာရုပ္ပ ၄-ပါး ၁၀

ရာဂစရိုက်များသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအပ်၏ စသည် ယူပါ။

+++++

ကုသိုလ်တရား၊ ပြုသူများ၊ သိကြား ရှိခိုးသည်။
သီလတရား၊ ရှိသူများ၊ သိကြား ရှိခိုးသည်။
တရားသမှု၊ မိသားစုအား၊ လုပ်ကျွေးငြား၊ သိကြား ရှိခိုးသည်။

 

ဓမ္မစာမျက်နှာ (၄၂)

စာတတ်တာအပြစ်မဟုတ် မကျင့်မလုပ်တာကအပြစ်

“သတိပဋ္ဌာန်ရှုပုံအကျဉ်း”

[ထိုင်ပုံ]

- - - - - -
ဘာဝနာကို၊ အားထုတ်လို၊ ဒီလို ပြုပါလေ။

တောတောင်အရိပ်၊ သစ်ပင်ရိပ်၊ တိတ်ဆိတ်ရာမှာနေ။

တင်ပျဉ်ခွေကာ၊ ခါးဖြောင့်ကာ၊ ငြိမ်စွာထိုင်ပါလေ။

မလှုပ်မရှား၊ ကျောက်ရုပ်လား၊ ခေါင်းထား တည့်မတ်စေ။

မျကိစိမှိတ်လျက်၊ လက်နှစ်ဖက်၊ ရင်ခွင်ထက်မှာ ထားပါလေ။

[ရှုပုံ]

- - - -
ရှုစရာ၌၊ စိတ်ကိုစိုက်၊ ဦးတိုက်ထားပါလေ။

ဖောင်းတာ ပိန်တာ၊ အစဖြာ၊ ပေါ်ရာ ရှုပါလေ။

စိတ်ပြေးစိတ်လွင့်၊ မထိန်းနှင့်၊ အသင့်ရှုပါလေ။

ကြံစည်စဉ်းစား၊ တွေးစိတ်များ၊ မမှား ရှုပါလေ။

နာတာကျဉ်တာ၊ ညောင်းညာတာ၊ သေချာ ရှုပါလေ။

ထုံကျဉ်ကိုက်ခဲ၊ ယားယံလဲ၊ စွဲမြဲရှုပါလေ။

ပြောင်းချင်ပြင်ချင်၊ မပြုပြင်၊ ပြင်ချင်စိတ်ကို ရှုပါလေ။

ဝမ်းနည်းဝမ်းသာ၊ ခံစားတာ၊ သေချာရှုပါလေ။

မြင်ကြားနံစား၊ တွေ့သိများ၊ မမှားရှုပါလေ။

ခြောက်ဒွါရ၌၊ ဖြစ်ပေါ်ခိုက်၊ စူးစိုပ်ရှုပါလေ။

စူးစိုက်ရှုလျှင်၊ အမှန်မြင်၊ ပြေးဝင် နိဗ္ဗာန်ပြေ (ပြည်)။

[စင်္ကြံ]

- - - - -
ဘယ်လှမ်းညာလှမ်း၊ ဖြည်းဖြည်းလှမ်း၊ ခြေလှမ်းစိတ်ပါစေ။

ဟိုဒီမကြည့်၊ ရှေ့တည့်တည့်၊ ရှုကြည့်အမြဲပေ။

မျက်လွှာကိုချ၊ လေးတောင်မျှ၊ ကြည့်ရအမှန်ပေ။

ကြွတာ လှမ်းတာ၊ ချလိုက်တာ၊ သေချာရှုပါလေ။

မကြွခင် ကြွချင်၊ စိတ်အစဉ်၊ သိလျှင် ရှုပါလေ။

မလှမ်းခင် လှမ်းချင်၊ စိတ်အစဉ်၊ သိလျှင် ရှုပါလေ။

မချခင် ချချင်၊ စိတ်အစဉ်၊ သိလျှင် ရှုပါလေ။

စင်္ကြံလျှောက်စဉ်၊ စိတ်လွင့်လျှင်၊ စိတ်ပင် ရှုပါလေ။

[သမ္ပဇည]
- - - - - - -
လက်ခြေကွေးလျှင်၊ မြှောက်ချလျှင်၊ ဆန့်လျှင် ရှုပါလေ။

ကွေးချင် ဆန့်ချင်၊ မြှေက်ချချင်၊ ပြုချင်စိတ်လဲ ရှုပါလေ။

ရှေ့ကြည့်နောက်ကြည့်၊ ဘေးကိုကြည့်၊ ကြည့်မိလျှင်လဲ ရှုပါလေ။

ကြည့်လို့မြင်လဲ၊ မြင်တယ်ပဲ၊ စွဲမြဲရှုပါလေ။

မျက်နှာသစ်ရာ၊ ရေချိုးရာ၊ စားသောက်ရာလဲ ရှုပါလေ။

ပေါ့လေးစွန့်ရာ၊ လျှော်ဖွပ်ရာ၊ ထိုင်ထရာလဲ ရှုပါလေ။

အိပ်ရာပြင်လျှင်၊ အိပ်, နိုးလျှင်၊ ထလျှင် ရှုပါလေ။

ဖြည်းဖြည်းလှုပ်ရှား၊ ဖြည်းဖြည်းသွား၊ ရှုပွားအမြဲလေ။

လူမမာနှင့်၊ တူစွာကျင့်၊ ရှုခွင့်သာလှပေ။

အသေးစိတ်မူရာ၊ အဖြာဖြာ၊ သေချာ ရှုသင့်ပေ။

ရှေ့နောက်ရှုမှတ်၊ မှတ်ချင်းစပ်၊ ရလတ်မဂ်ဖိုလ်ပေ။


ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်











 

ဓမ္မစာမျက်နှာ (၄၁)


“ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ရန်”☆
(အကျဉ်း)

☆(နေ့စဉ်ရွတ်သင့်သည်)☆

☆ (၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊

☆ (၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌လည်းကောင်း၊

☆ (၃) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌လည်းကောင်း၊

☆ (၄) ရဟန္တာအရှင်မြတ်များတို့ အပေါ်၌လည်းကောင်း၊

☆ (၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်
များအပေါ်၌လည်းကောင်း၊

☆ (၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်
များအပေါ်၌လည်းကောင်း၊

☆ (၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသ
မားများ အပေါ်၌လည်းကောင်း၊

☆ (၈) သီလဝန္တသူတော်စင်အပေါင်းတို့ အပေါ်၌လည်းကောင်း၊

☆ (၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများ အပေါ်၌
လည်းကောင်း၊

☆ (၁၀) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြ
သော ကျေးဇုးရှင်အပေါင်း တို့အားလည်းကောင်း၊

☆ ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌
လည်းကောင်း၊ သံသရာဘဝ၌ လည်းကောင်း သိ၍့ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာ
ယကံ၊ ဝစီကံ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံ
စည် ပြုလုပ်မိခြင်းကို သိရှိနားလည် စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ
၏။ ကန်တော့ပါ၏။

☆ ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကု
သိုလ်မှန်သမျှ အနန္တ တို့သည် ပိန်းကြာဖက်တွင် ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ

☆ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။ (၃-ကြိမ်)

☆ ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီ
လ၊ စေတနာကံနှင့်တကွ ဝိပဿ နာဉာဏ်သည် မင်္ဂဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်
ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။


☆ မှတ်ချက်။ ။

☆ လောကမှာ ဤမပြစ်မှားထိုက်တဲ့ ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားမိခဲ့ပါက ဘေး
အတန်တန်၊ ရန်အသွယ်သွယ် ဖြစ်တတ်ပြီး စီးပွားရေးပျက်စီးခြင်း၊ တရားအား
ထုတ်ပေမယ့် တရားရခါနီးမှာ အထိတ်တလန့်ဖြစ်၍ ရင်တမောမော ဖြစ်နေပြီး
တရားမရဘဲ ဖြစ်နေတတ်တယ်။ မင်္ဂတား၊ ဖိုလ်တား၊ အန္တရာယ်မှန်သမျှ ကင်း
ဝေးစေရန် စိတ်သန်၍ နေ့စဉ်ရွတ်ဖတ်ခြင်း တရားအားထုတ်ခါနီး ရွတ်ဖတ်ခြင်း
ကြောင့် တစ်ပါးသော ပုဂ္ဂိုလ်တို့ အန္တရယ်ပြုခြင်းမှ ကင်းဝေးစေကြောင်း မေတ္တာ
လောင်း၍ ရှေ့အရိယာ သူတော်ကောင်းတို့ မိန့်တော်မူခဲ့ပါသည်။

☆မြောက်ဦးဆရာတော်အရှင်ဝါယာမိန္ဒ☆



 

ဓမ္မစာမျက်နှာ (၄၀)

သဒ္ဓါတရား ၄ မျိုး ၄ စားရှိသည်ကို သိစေချင်ပါသည်။

၁-ပသာဒ သဒ္ဓါ

၂- သြကပ္ပန သဒ္ဓါ

၃- အာဂမသဒ္ဓါ

၎- အဓိဂမ သဒ္ဓါ

၁-ပသာဒ သဒ္ဓါ (သို့ ) ပသန္နသဒ္ဓါ

ယုံကြည်သင့် ယုံကြည်ထိုက်သောဂုဏ်ကို မြင်ရကြားသိရရုံနှင့် ဝေဖန်ဆန်းစစ်မှုမပါဘဲ လွယ်လွယ်နှင့်

ယုံကြည်တတ်သော သဒ္ဓါကိုခေါ်သည်။ ပညာနှင့်ယှဉ်၍ ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ သဒ္ဓါအရင်းခံမျှ

ကြည်ညိုခြင်းဖြစ်သဖြင့် မခိုင်မြဲတတ်ပါ၊ အချိန်မရွေး ပျက်ပြယ်သွားနိုင်သော သဒ္ဓါမျိုးဖြစ်သည်။

 

၂- သြကပ္ပန သဒ္ဓါ

ဘုရားတရားသံဃာ ရတနာမြတ် သုံးပါး၏ဂုဏ်များကို သိမြင်ပြီးမှ သက်ဝင်ယုံကြည်သော

သဒ္ဓါမျိုးဖြစ်သည်။

ပညာနှင့်ယှဉ်၍ ယုံကြည်ဖြစ်ပေါ်လာသော သဒ္ဓါတရားမျိုးဖြစ်သဖြင့် ယခုဘဝတွင် ခိုင်မြဲသော

သဒ္ဓါဖြစ်သည် ဟူ၍ စိတ်ချရသည်။

ယခုဘဝတွင်ဘာသာပြောင်းသွားသူ လုံးဝမဖြစ်နိုင်ပါ။ သို့ သော် နောင်ဘဝများတွင်

စိတ်ချ၍မရပြန်ပါ။ ယခုဘဝမှ သေသွားလျှင် ပျောက်သွားတတ်သော သဒ္ဓါမျိုး ဖြစ်သည်။

 

၃- အာဂမသဒ္ဓါ

နိယတဗျာဒိတ်တော် ခံယူရရှိထား ပြီးသော ဘုရားလောင်းတို့ ၏ သဒ္ဓါမျိုးဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော်မူသည့် ဘဝအထိ ဘဝတိုင်းအစဉ်မြဲလျက်ရှိသည်။

၎- အဓိဂမ သဒ္ဓါ

ဝိပဿနာဘာဝနာတရား ပွားများအားထုတ်လျှင် ဒုက္ခဆုံးရာ သန္တိသုခ အငြိမ်းဓာတ်

နိဗ္ဗာနဓာတ် ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် သိမြင်ရရှိတော်မူသွားကြသော အရိယာပုဂ္ဂိုလ်များ၏

ယုံကြည်မှုသဒ္ဓါတရားကို ခေါ်သည်။ ဘယ်နှစ်ဘဝဘဲ ဖြစ်ဖြစ်၊ဘယ်နှစ်ဘဝ ဘဲ ပြောင်းပြောင်း

ပရိနိဗ္ဗာန်ဝင်စံသော အချိန်အထိ ဘဝဆက်တိုင်းမှာ ခိုင်မြဲ ပကတိ ခိုင်မြဲလျက်ရှိနေမည့် သဒ္ဓါမျိုးဖြစ်သည်။

နတ်ပြည်မှ စုတိခါနီးတွင် အခြားသောနတ်များ၏နောက်ဆုံးမှာတမ်းမှာ လူ့ ဘုံဘဝသွားဖြစ်ကာ

ဤ အဓိဂမ သဒ္ဓါ မျိုးရှိသောအဆင့် ရောက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရန်  အထူးသတိပေးမှာ

ကြားကြသည်။-

ကုသိုလ်အစ သဒ္ဓါက

သဒ္ဓါတရားသည် ကုသိုလ်ကောင်းမှုများ အနန္တပြုလုပ်အောင်မြင်နိုင်ရန် အဓိကလိုအပ်ပေသည်။

အိုနာသေရေး သံသရာဘေးဘယ ဝဲသြဃ ရေအယဉ်ကို ကူးမြောက်ကျော်လွှားသွားနိုင်ရန်မှာဤ

သဒ္ဓါတရား ကိုအမှီပြုပြီးကူးခတ်သွားရမည်ဖြစ်သည်။ ထို့ ကြောင့် ပိဋကတ်တော်များတွင်

သဒ္ဓါတရား ကိုဥပမာအမျိုးမျိုးဖြင့် ဂုဏ်ယူဖွင့်ဆို ထောပနာပြုထားကြပေသည်။

သဒ္ဓါဆိုတာ စကြာမင်း၏ ပတ္တမြားနှင့် တူသည်။

 

သဒ္ဓါတရားသည် လက်နှင့်တူသည်။

 

သဒ္ဓါတရားသည် အရင်းအနှီးဥစ္စာနှင့် တူသည်။

 

-

သဒ္ဓါတရားသည် မျိုးစေ့နှင့်တူသည်။

 

 

 

 

 

 

 

 

ဓမ္မစာမျက်နှာ (၃၉)

ပဋိသန္ဓေ နှင့် ဘုံများ၊ပုဂ္ဂိုလ်များ ၊ ဟိတ်သုံးပါး

--

 

 

စတုက္ကလေးလီ

၁- ကံ  ၄ မျိုး (ကမ္မစတုက္က ) -( ဓမ္မစာမျက်နှာ ၃၂-၃၃ တွင်ရှင်းပြပြီး)

၂- သေခြင်းအကြောင်း ၄ မျိုး (မရဏုပ္ပတ္တိစတုက္က ) (ဓမ္မစာမျက်နှာ ၃၈ တွင်ရှင်းပြပြီး)

၃-ပဋိသန္ဓေ နေခြင်း ၄ မျိုး(ပဋိသန္ဓေစတုက္က )

၎-ဘုံ ၄ မျိုး(ဘူမိစတုက္က)

 

ပဋိသန္ဓေ နေခြင်း ၄ မျိုး(ပဋိသန္ဓေစတုက္က )

ဘဝဟောင်း ပြတ်ကာ ဘဝဟောင်းနှင့် ဘဝအသစ်ဆက်စပ်ပေးသော စိတ်ကို ”ပဋိသန္ဓေစိတ်”ဟု

ခေါ်ဆိုသည်။ မိမိပြုခဲ့သောကံအားလျော်စွာထိုထိုဘုံဘဝတွင် စိတ်၊စေတသိက်နှင့် ကမ္မဇရုပ်များ၏

အစဦးဆုံးဖြစ်သည်ကို ”ပဋိသန္ဓေနေခြင်း”ဟုခေါ်ဆိုသည်။

ပဋိသန္ဓေ အကျဉ်း ၄ မျိုးရှိသည်။

၁-အပါယ်ပဋိသန္ဓေ၊

၂-ကာမသုဂတိပဋိသန္ဓေ၊

၃-ရူပပဋိသန္ဓေ၊

၎-အရူပပဋိသန္ဓေ၊ တို့ ပါတည်း။

ဘုံ ၄ မျိုး

ဘုံဆိုသည်မှာ သတ္တဝါတို့ ဖြစ်ရာတည်ရာ နေရာဋ္ဌာနဖြစ်သည်။စုစုပေါင်း ဘုံ ၃၁ ဘုံရှိသည်။

ဟိတ်သုံးမျိုး


ကောင်းကျိုးကိုဖြစ်စေတတ်တဲ့ ဟိတ်သုံးမျိုးရှိပါတယ်။
၁။ အလောဘဟိတ်
၂။ အဒေါသဟိတ်
၃။ အမောဟဟိတ် တို့ပါပဲ။


အလောဘဟိတ်ဆိုတာ မလိုချင်တဲ့သဘော၊ စွန့်လွှတ်တဲ့သဘောပါ၊ လိုချင်စွဲ
လမ်းတဲ့လောဘကို သူကပယ်သတ်ပေးပါတယ်။


အဒေါသဟိတ်ဆိုတာ ငြိမ်းအေးတဲ့သဘောရှိပါတယ်။ သူ့ကို မေတ္တာလို့လည်း
ခေါ်ပါသေးတယ်၊ ကြမ်းတမ်းတဲ့ဒေါသကို ပယ်သတ်ပေးတာသူပါ။


အမောဟဆိုတာက အမှန်ကိုသိသွားတာပါ၊ ရုပ်နာမ်ခန္ဓာ အဖြစ်အပျက်ကို ဝိ
ပဿနာ ရှုနိုင်တာဟာလည်း ဒီအမောဟပါ။ ပညာလို့လည်းခေါ်ပါတယ်။ ဒီအ
မောဟဟိတ်လို့ခေါ်တဲ့ ပညာပါမှမဂ်ဖိုလ်ကိုရနိုင်တာပါ။ မောဟလို့ခေါ်တဲ့ မသိ
မှု အဝိဇ္ဇာကို ပယ်သတ်ပေးနိုင်တာသူပါ။

ဘုံ၌ ပုဂ္ဂိုလ်များ

မေတ္တာရှင်(ရွှေပြည်သာ)၏ တရားများထဲမှတင်ပြလိုက်ပါသည်။
ပုထုဇဉ်လေးမျိုး

၁။ ဒုဂ္ဂတိအဟိတ်ပုထုဇဉ်
၂။ သုဂတိအဟိတ်ပုထုဇဉ်
၃။ ဒွိဟိတ်ပုထုဇဉ်
၎။ တိဟိတ်ပုထုဇဉ်


-monk-

တိဟိတ်ပုဂ္ဂိုလ်

တရားအားမထုတ်ချင်၊တရားမကြားချင်သူ -(ဒွိဟိတ်ပုဂ္ဂိုလ်)

 

--အပါယ်လေးဘုံ(ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်)

down syndrome(chromosomal abnormal child )


မွေးရာပါမျက်စိကန်းသူ--သုဂတိအဟိတ်ပုဂ္ဂိုလ်

ဒုဂ္ဂတိက မကောင်းသောလားရာရှိတဲ့ဘုံလို့ အဓိပ္ပါယ်ရတယ်၊
အဟိတ်ကတော့ ဟိတ်မရှိဘူးပေါ့။ ပုထုကိလေသေဇနေ တီတိပုထုဇ္ဇနောဆိုတဲ့ ဝိဂြိုလ်အရ များ
စွာသောကိလေသာတွေကို ဖြစ်စေတတ်လို့ ပုထုဇဉ်လို့ခေါ်တယ်၊
ဒီပုထုဇဉ်ကတော့ အပါယ်လေးဘုံမှာပဲရှိပါတယ်။
(၁) အပါယ်ဘုံသား ဒုဂ္ဂတိအဟိတ်ပုထုဇဉ်တွေမှာ ကောင်းကျိုးပေးတဲ့ ဒီဟိတ်သုံးပါး တစ်ပါးမှမရှိလို့အဟိတ်လို့ခေါ်တာပါ။

(၂) ဒုတိယမြောက် သုဂတိအဟိတ် ပုထုဇဉ်ဆိုတာကတော့ လူဘုံတော့ရောက်လာပါရဲ့၊ ဒါပေမယ့် ကောင်းကျိုးပေးမယ့်၊ မဂ်ဖိုလ်ရစေမယ့်ဟိတ်သုံးပါး တစ်ပါးမှပါမလာဘူး၊ မွေးကတည်းက ဆွံ့လာ၊ ပင်းလာ၊ အလာ၊ ကန်းလာတဲ့ ပုဂ္ဂိုလ်မျိုး
တွေပေါ့။

(၃)တတိယမြောက် ပုထုဇဉ်က ဒွိဟိတ် ပုထုဇဉ်ပါ။
သူကကောင်းတဲ့ ဟိတ်နှစ်ပါးပါတဲ့ ပုထုဇဉ်လို့ အဓိပ္ပါယ်ရတယ်။ ဒွိကနှစ်ပါး၊။ ဟိတ်က-ဟိတ်ပေါ့။ နှစ်ခုပေါင်း
တော့ ဟိတ်နှစ်ပါးရှိသော ပုထုဇဉ်လို့ဖြစ်တယ်။ ဘယ်ဟိတ်နှစ်ပါးလဲဆိုတော့၊ အလောဘဟိတ်နဲ့၊ အဒေါသဟိတ်။

(၄) တိဟိတ်ပုထုဇဉ်ကတော့ ကောင်းတဲ့ ဟိတ်သုံးပါးလုံးပါတယ်။ တိဟိတ်ဆိုတာဟိတ်သုံးပါးကို ပြောတာပါပဲ။ ဒီနှစ်ဦးဟာလောကီပေတံနဲ့ တိုင်းကြည့်ရင် အတူတူပဲ။ ခွဲခြားလို့မရဘူး။
ဥပမာ- ဒွိဟိတ်ပုထုဇဉ်နဲ့တိဟိတ်ပုထုဇဉ် တို့ဟာ ချောပုံလှပုံခြင်း၊ အပြောကောင်းပုံခြင်း၊ စီးပွားရှာတာခြင်း၊
ဘီအေ၊ အမ်အေဘွဲ့ရတာခြင်း အားလုံးအတူတူပဲဖြစ်နိုင်တယ်။ ဒါတွေနဲ့ တိုင်းကြည့်လို့ကတော့ ဒွိဟိတ်၊ တိဟိတ်ကိုဘယ်လိုမှခွဲလို့မရဘူး
-သမထ သို့မဟုတ် ဝိပဿနာတစ်ခုခုလုပ်ကြည့်မှပဲ ဒွိဟိတ်၊တိဟိတ်ကိုခွဲလို့ရပါတယ်။

အမောဟဟိတ်လို့ခေါ်တဲ့ ပညာမပါတဲ့ အတွက်ကြောင့် ဒွိဟိတ်ပုထုဇဉ်ဟာ ဈာန်မဂ်ဖိုလ်ကို ဒီဘဝမှာဖြင့် ဘယ်လိုမှမရ နိုင်တော့ပါဘူး။ သို့သော် ဒွိဟိတ်ဖြစ်ပေမယ့်အားမလျှော့ပဲ ဝိပဿနာကို ပွားများနေမယ်ဆိုရင် နောက်ဘဝကျရင်တော့ မဂ်ဖိုလ်ကို ရနိုင်ပါတယ်။
ဒါ့ကြောင့် ဝိပဿနာ ဘာဝနာကို ဒွိဟိတ်ဖြစ်စေ၊ တိဟိတ်ဖြစ်စေပွားများသင့်တယ်ဆိုတာကို ခံယူထားပါ။

မေတ္တာရှင်(ရွှေပြည်သာ)

အဘိဓမ္မာလေ့လာသူများအတွက် အသေးစိတ်သိလိုသူများအတွက်

ပဋိသန္ဓေ၊

 

အကျဉ်း ၄ မျိုး

ပဋိသန္ဓေ ဝိဥာဏ်စိတ် ၂၀

ဖြစ်ရာဘုံဋ္ဌာန၊ ပုံသဏ္ဌာန်

၁-အပါယ်ပဋိသန္ဓေ၊

ငရဲ+တိရိစ္ဆာန်

+ပြိတ္တာ+အသူရကယ်

 


အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁ပါး

(ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်)

 

အပါယ်လေးဘုံ

(ပုံသဏ္ဌာန်ချင်းမတူကြ။)

 

 

၂-ကာမသုဂတိပဋိသန္ဓေ၊

လူ +နတ်


ကုသလဝိပါက်ဥပေက္ခာသန္တီရဏစိတ် ၁

(သုဂတိ အဟိတ်ပုဂ္ဂိုလ်)

 



-

လူ့ ဘုံ၌ မျက်စိကန်းနားထိုင်း၊

ဆွံ့ အ၊ရူးနှမ်း၊လိင်မစုံမမှန်ဇစ္စန္ဓ

အစရှိသော သူများ

စတုမဟာရာဇ်ဘုံ၌ ဘုမ္မဿိ တဝိနိပါတိကာအသူရာများ


ပုံသဏ္ဌာန်ချင်းမတူကြ။


 

(ဒွိဟိတ် ပုဂ္ဂိုလ်)

မဟာဝိပါက်စိတ် ၈( လူ +နတ်)

 

(တိဟိတ်ပုဂ္ဂိုလ်)

ကာမသုဂတိ ၇ ဘုံ

 


ပုံသဏ္ဌာန်ချင်းမတူကြ။

၃-ရူပပဋိသန္ဓေ၊

ပထမဈာန်ဝိပါက်စိတ်

ဒု နှင့် တတိယဈာန် ဝိပါက်စိတ်

စတုတ္ထဈာန် ဝိပါက်စိတ်

ပဉ္စမဈာန် ဝိပါက်စိတ်

(တိဟိတ်ပုဂ္ဂိုလ်)

 

 

--------------------------------------------------

ဇီဝိတနဝကကလာပ် ရုပ်ပဋိသန္ဓေ

(ပဋိသန္ဓေဝိဥာဏ်စိတ်မရှိ)

 

(သုဂတိ အဟိတ်ပုဂ္ဂိုလ်)


ပထမဈာန်
(ပုံသဏ္ဌာန်ချင်းမတူကြ။)

ဒုတိယဈာန်
(ပုံသဏ္ဌာန်ချင်းတူကြသည်)

အသညသတ်ကြဉ်တတိယဈာန်
(ပုံသဏ္ဌာန်ချင်းတူကြသည်)

စတုတ္ထဈာန် (ပုံသဏ္ဌာန်ချင်းတူကြသည်)

---------------------------------

အသညသတ်
(ပုံသဏ္ဌာန်ချင်းတူကြသည်)

၎-အရူပပဋိသန္ဓေ၊


အာကာသာနဉ္စာယတန ဝိပါက်စိတ်

ဝိညာဏဉ္စာယတန ဝိပါက်စိတ်

အာကိဉ္စညာယတန ဝိပါက်စိတ်

နေဝသညာနာသညာယတနဝိပါက်စိတ်

(တိဟိတ်ပုဂ္ဂိုလ်)

အာကာသာနဉ္စာယတနဘုံ

ဝိညာဏဉ္စာယတနဘုံ

အာကိဉ္စညာယတနဘုံ

နေဝသညာနာသညာယတနဘုံ

 

ပဋိသန္ဓေနှင့် ဘုံ ၃ ပါး

ရုပ်သက်သက် ပဋိသန္ဓေ - ၁ ဘုံ -ဧကဝေါကာရ -အသညသတ်ဘုံ ( ဇီဝိတနဝကလာပ်)

နာမ်သက်သက် ပဋိသန္ဓေ- ၄ ဘုံ - စတုဝေါကာရ - အရူပ ၄ ဘုံ ( အရူပ ဝိပါက်စိတ်)

ရုပ် + နာမ် ပဋိသန္ဓေ - ၂၆ ဘုံ -ပဉ္စဝေါကာရ - အပယ် ၄+လူ့ ဘုံ+ နတ်ဘုံ ၆+ ရူပ ၁၅ ဘုံ

 

ဘုံ နှင့် ဆိုင်ရာဝိပါက်စိတ် များ

အပယ် ၄ ဘုံ = အကု ဥပေက္ခာ သန္တီရဏ ၁ စိတ်

လူ့ ဘုံ + နတ်ဘုံ = ကု ဥပေက္ခာ သန္တီရဏ ၁ စိတ်+ မဟာဝိပါက်စိတ် ၈ စိတ်

ရူပဗြဟ္မာ ဘုံ ၁၅ ဘုံ = ပထမ မှ စတုတ္ထ ဈာန်( ပဉ္စမဈာန်) ဝိပါက်စိတ်

အရူပဗြဟ္မာဘုံ ၄ ဘုံ =အရူပဈာန် ဝိပါက်စိတ်

 

 

ဘုံ ၄ မျိုး

ဘုံဆိုသည်မှာ သတ္တဝါတို့ ဖြစ်ရာတည်ရာ နေရာဋ္ဌာနဖြစ်သည်။စုစုပေါင်း ဘုံ ၃၁ ဘုံရှိသည်။

ဘုံ၏အမည်များ

အပါယ် ၄ ဘုံ(ကုသိုလ်ကောင်းမှုလုပ်ခွင့်မရ အကုသိုလ်သာအဖြစ်များသောဘုံ)

ငရဲ၊၊တိရိ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်  (ကာမဒုဂ္ဂတိဘုံ)-

ငရဲကြီး ၈ ထပ်နှင့် ငရဲငယ် ၁၂၈ ထပ်-ချမ်းသာသုခ ရခွင့်မရှိ၊ ဆင်းရဲအတိသာဖြစ်သောဘုံကို

”ငရဲဘုံ” ဟုခေါ်သည်။

၁- သဥ္ဖိုင်းငရဲ  (ငရဲနှစ် ၅၀၀)


ငရဲထိန်းများက ငရဲသားတို့ ၏တကိုယ်လုံးကို အပိုင်းပိုင်းဖြတ် သံတင်းပုတ်ကြီးများနှင့် ကျေမွအောင်

ထုကာ ညှင်းဆဲသတ်ဖြတ်နေ၏၊ သို့ သော် အကုသိုလ်ကံမကုန်မချင်း အဖန်တလဲလဲ ပြန်လည်

အသက်ရှင်လျက် အမြဲတစေ  ညှင်းဆဲခံနေရသောငရဲသားတို့ ၏နေရာဋ္ဌာန ကိုသဥ္ဖိုင်းငရဲ ဟုခေါ်သည်။

၂-ကာဠသုတ်ငရဲ ( ငရဲနှစ်- ၁၀၀၀)


ငရဲထိန်းများက ငရဲသားတို့ ၏တကိုယ်လုံးကို မျဉ်းနက်ကြိုးဖြင့်တိုင်းထွာ၍ အမျိုးမျိုးခုတ်ရွေ၊ ညှင်းဆဲ

သတ်ဖြတ်နေ၏။ သို့ သော် အကုသိုလ်ကံမကုန်မချင်း အဖန်တလဲလဲ ပြန်လည် အသက်ရှင်လျက် အမြဲတစေ  ညှင်းဆဲခံနေရသောငရဲသားတို့ ၏နေရာဋ္ဌာန ကို ကာဠသုတ်ငရဲ ဟုခေါ်သည်။

၃-သံဃာတငရဲ (ငရဲနှစ်-၂၀၀၀)


ငရဲထိန်းများက ငရဲသားတို့ ကို အလျှံတပြောင်ပြောင်တောက်လောင်နေသော သံမြေပြင်အတွင်း၌ ခါးသို့ တိုင်အောင်မြှုပ်ထားပြီးအလျှံပြောင် သံတောင်ကြီးတို့ သည် အရပ်လေးမျက်နှာမှ အလှည့် ကျထွက်၍ မုန့် မုန့် ညက်ညက်ကြေမွအောင်  ကြိတ်ချေ သတ်ဖြတ်နေသည်၊

သို့ သော် အကုသိုလ်ကံမကုန်မချင်း အဖန်တလဲလဲ ပြန်လည် အသက်ရှင်လျက် အမြဲတစေ  ညှင်းဆဲခံနေရသောငရဲသားတို့ ၏နေရာဋ္ဌာန ကိုသံဃာတ ငရဲဟုခေါ်သည်။

၎-ရောရုဝငရဲ (ငရဲနှစ် -၄၀၀၀)

၅-မဟာရောရုဝငရဲ ( ငရဲနှစ် - ၈၀၀၀)

၆- တာပနငရဲ (ငရဲနှစ် -၁၆၀၀၀)

၇- မဟာတာပနငရဲ (ငရဲနှစ် -၁/၂ အန္တရကပ်)

၈-မဟာအဝီစိငရဲ (  ငရဲနှစ် -၁ အန္တရကပ်)

သင်ရောက်ခဲ့ဘူးေ သာ ဒေသများ
ငရဲကြီး ရှစ်ထပ်ကား ဤသို့တည်း။

၁။ သိဉ္ဇိုးငရဲကြီး နှစ်(၅၀၀)
လူနှစ် ၉-သန်း သိဉ္ဇိုးငရဲ တရက်
လူနှစ် ၂၇၀-သန်း သိဉ္ဇိုးငရဲ တလ
လူနှစ် ၃၃၄၀-သန်း သိဉ္ဇိုးငရဲ တနှစ်
လူနှစ် ၁၆၂၀၀-သန်း သိဉ္ဇိုးငရဲ တဘဝ။
(ဆောင်) အမျက်စောင်းမာန် ၊ ရက်စက်ပြန်၊ ရောက်ရန် သိဉ္ဇိုးမှာ။

၂။ ကာလသုတ်ငရဲကြီး နှစ်(၁၀၀၀)
လူနှစ် ၃-ကုဋေ ၆-သန်း ကာလသုတ်ငရဲ တရက်
လူနှစ် ၁၀၀-သန်း ကာလသုတ်ငရဲ တလ
လူနှစ် ၁၂၆၆-သန်း ကာလသုတ်ငရဲ တနှစ်
လူနှစ် ၁၂၉၆၀၀၀၀-သန်း ကာလသုတ်ငရဲ တဘဝ။
(ဆောင်) သူတော်ရဟန်း၊ ပြောညှဉ်းပန်း၊ ဆဲခန်း ကာဠမှာ။

၃။ သင်္ဃာတငရဲကြီး နှစ်(၂၀၀၀)

လူနှစ် ၁၄-ကုဋေ ၄-သန်း သင်္ဃာတငရဲ တရက်
လူနှစ် ၄၃၂-ကုဋေ ၄-သန်း သင်္ဃာတငရဲ တလ
လူနှစ် ၅၁၈၄-ကုဋေ ၄-သန်း သင်္ဃာတငရဲ တနှစ်
လူနှစ် ပကောဋိ ၁၀-ကုဋေ ၃၆၀၀၀၀-သန်း သင်္ဃတာငရဲ တဘဝ။
(ဆောင်) သတ္တဝါအား၊ လေးနှင့်မျှား၊ သတ်ငြား ဃာတမှာ။

၎။ စူဠရောရုဝငရဲကြီး နှစ်(၄၀၀၀)

လူနှစ် ၅၇-ကုဋေ ၆-သန်း စူဠရောရုဝငရဲ တရက်
လူနှစ် ၁၅၄၈-ကုဋေ ၆-သန်း စူဠရောရုဝငရဲ တလ
လူနှစ် ၁၈၅၇၆-ကုဋေ ၆-သန်း စူဠရောရုဝငရဲ တနှစ်
လူနှစ် ပကောဋိ ၁၇-ကုဋေ, ၄၃၀၄၀၀၀-သန်း စူဠရောရုဝငရဲ တဘဝ။
(ဆောင်) ဒါးခုတ်-ကပ်ဖိ၊ သေသောက်မိ၊ ရောက်ရှိရောရုဝ။
သူ့မယား-လင်၊ ပြစ်မှားချင်၊ ရောင်လျှင် ရောရုဝ။

၅။ မဟာရောရုဝငရဲကြီး နှစ်(၈၀၀၀)
လူနှစ် ၂၉၁-ကုဋေ ၄-သန်း မဟာရောရုဝငရဲ တရက်
လူနှစ် ၉၆၂၄-ကုဋေ ၄-သန်း မဟာရောရုဝငရဲ တလ
လူနှစ် ၁၁၅၇၀၄-ကုဋေ ၄-သန်း မဟာရောရုဝငရဲ တနှစ်
လူနှစ် ပကောဋိ ၉၃-ကုဋေ ၅၆၃၂-သန်း မဟာရောရုဝငရဲ တဘဝ။
(ဆောင်) ခိုးတိုက်ကောက်ကျသ်၊ ပစ္စည်းညှစ်၊ ရောက်လစ် ရောမဟာ။

၆။ စူဠတာပန္နငရဲကြီး နှစ်(၁၆၀၀၀)

လူနှစ် ၉၁၃-ကုဋေ ၄-သန်း စူဠတာပန္နငရဲ တရက်
လူနှစ် ၂၇၆၄၂-ကုဋေ ၄-သန်း စူဠတာပန္နငရဲ တလ
လူနှစ် ၃၃၁၇၀၄-ကုဋေ ၄-သန်း စူဠတာပန္နငရဲ တနှစ်
လူနှစ် ပကောဋိ ၅၃၀-ကုဋေ ၈၈၆၄-သန်း စူဠတာပန္နငရဲ တဘဝ။
(ဆောင်) ပြည်ရွာ-မြို့ပြ ၊ ဖျက်ဆီးကြ၊ အဓမ္မ တာပန္နာ။

၇။ မဟာတာပန္နငရဲကြီး နှစ်(၃၂၀၀၀)

လူနှစ် ၃၉၈၅-ကုဏ္ဍေ ၆-သန်း မဟာတာပန္နငရဲ တရက်
လူနှစ် ၁၁၀၅၆၈-ကုဋေ ၆-သန်း မဟာတာပန္နငရဲ တလ
လူနှစ် ၁၃၂၆၈၁၆-ကုဋေ ၆-သန်း မဟာတာပန္နငရဲ တနှစ်
လူနှစ် ပကောဋိ ၄၂၄၅-ကုဋေ ၈၁၁၂-သန်း မဟာတာပန္နငရဲ တဘဝ။
(ဆောင်) သဒ္ဓါ စေတနာ၊ မပါတိုက်ဖျက်၊ တရားပျက်၊ ရောက်ချက် မဟာတာ။

၈။ အဝီစိငရဲကြီး အန္တရကပ် တကပ် ခံရ၏။

လူနှစ် ၁၄၇၄၂-ကုဋေ ၄-သန်း အဝီစိငရဲ တရက်
လူနှစ် ၄၄၉၂၂၇-ကုဋေ ၄-သန်း အဝီစိငရဲ တလ
လူနှစ် ၅၃၉၁၂၆၄-ကုဋေ ၄-သန်း အဝီစိငရဲ တနှစ်
လူနှစ် ပကောဋိ ၃၃၅၀၄-ကုဋေ ၇၉၆၀၀-သန်း အဝီစိငရဲ တဘဝ။
(ဆောင်) ပွဲကြည့်-ပွဲက၊ ဤနှစ်ဝ၊ ရောက်ရ ဝီစိသာ။
ကံမှာပဉ္စိ၊ နိဒိဋ္ဌိနှင့်၊ အရိယူကံ၊ အာဏာလှန်၊ ရောက်ရန် ဝီစိမှာ။

“ပြိတ္တာ ၁၂-မျိုးဆိုတာက -
(၁) ဝန္တာသပြိတ္တာ - တံတွေး, နှပ်ချွဲ, အန်ဖတ်စားတက်သောပြိတ္တာ၊
(၂) ကုဏပါသပြိတ္တာ-အကောင်ပုပ်ကို စားတက်သောပြိတ္တာ၊
(၃) ဂူထခါဒကပြိတ္တာ - ကျင်ကြီးကို စားတက်သောပြိတ္တာ၊
(၄) အဂ္ဂိဇာလမုခပြိတ္တာ - ခံတွင်းက မီးထွက်စေတက်သော ပြိတ္တာ၊
(၅) သုစိမုခပြိတ္တာ - ခံတွင်း အပ်နဖားမျှလောက်ရှိသော ပြိတ္တာ၊
(၆) တဏှာဋ္ဋိကပြိတ္တာ - အစာငတ်, ရေငန်ခြင်းတဏှာဖြင့် အနှိပ်စက်ခံရသော ပြိတ္တာ၊
(၇) သုနိဇ္ဈာမကပြိတ္တာ - မီးလောင်ငုတ်နှင့်တူသောပြိတ္တာ၊
(၈) သတ္ထင်္ဂပြိတ္တာ - လက်နက်နှင့်တူသော ခြေလက်အင်္ဂါရှိသောပြိတ္တာ၊
(၉) ပဗ္ဗတင်္ဂပြိတ္တာ - တောင်မျှလောက် ကိုယ်အင်္ဂါရှိသောပြိတ္တာ၊
(၁၀) အဇရင်္ဂပြိတ္တာ - စပါးကြီးမြွေနှင့်တူသော ကိုယ်အင်္ဂါ ရှိသော ပြိတ္တာ၊
(၁၁) ဝေမာနိကပြိတ္တာ - ဘုံဗိမာန်၌ဖြစ်သောပြိတ္တာ၊
(၁၂) မဟိဒ္ဓိကပြိတ္တာ - တန်ခိုးကြီးမားသောပြိတ္တာ၊
အားလုံးပေါင်းပြိတ္တာအမျိုးပေါင်း ၁၂-မျိုးရှိသတဲ့၊


တိရိစ္ဆာန်၊ ပြိတ္တာ၊အသူရကာယ် တို့ သည် သီးခြားဘုံမရှိ၊ ခန္ဓာဖြစ်ခြင်းကိုပင် ဘုံဟုမှတ်ယူရသည်။

----  -----

ကာမသုဂတိဘုံ

= လူ့ ဘုံ နှင့် နတ်ဘုံ ခြောက်ထပ် (ကာမသုဂတိဘုံ)

၁-လူ့ ဘုံ ၊၂- စာတုမဟာရာဇ် နတ်ဘုံ ၊၃- တာဝတံသာ နတ်ဘုံ ၊၄- ယာမာ နတ်ဘုံ ၊

၅-တုသိတာ နတ်ဘုံ ၊၆- နိမ္မာရတိနတ်ဘုံ ၊၇- ပရနိမ္မိတဝသဝတ္တိ နတ်ဘုံ၊

 

ရူပဗြဟ္မာ ဘုံ

= ပထမဈာန် သုံးဘုံ၊ ဒုတိယဈာန် သုံးဘုံ၊ တတိယဈာန် သုံးဘုံ၊စတုတ္တဈာန် ခုနှစ်ဘုံ (ရူပဗြဟ္မာဘုံ ၁၆ ဘုံ)

ပထမဈာန် ၃ ဘုံ = ဗြဟ္မပါရိသဇ္ဇာဘုံ ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ။

ဒုတိယဈာန် ၃ ဘုံ =ပရိတ္တာဘာဘုံ၊ အပ္ပမာဏာဘာဘုံ၊ အာဘဿရာဘုံ၊

တတိယဈာန် ၃ ဘုံ =ပရိတ္တာသုဘာဘုံ၊ အပ္ပမာဏာသုဘာဘုံ၊ သုဘကိဏှာဘုံ

စတုတ္ထဈာန် ၇ ဘုံ = ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ သုဒ္ဓါဝါသ ၅ ဘုံ။

 

-----

သုဒ္ဓါဝါသ ၅ ဘုံ မှာ အဝိဟာ၊ အတပ္ပာ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ ဗြဟ္မာဘုံတို့ ဖြစ်သည်။

ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် ပုဂ္ဂိုလ်တို့ မရောက်နိုင်၊ အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များသာ

သုဒ္ဓါဝါသ ၅ ဘုံသို့ ရောက်နိုင်သည်။

--

အရူပဘုံ

= အရူပဗြဟ္မာဘုံ ၄ ဘုံ၊

၁)အာကာသာနဉ္စယတန ဘုံ၊

၂)ဝိညာနဉ္စာယတနဘုံ

၊၃)အာကိဉ္စညာယတနဘုံ၊

၎)နေဝသညာနာသညာယတနဘုံ၊

 

ဘုံရှိပုဂ္ဂိုလ်တို့ ၏သက်တမ်းများ

အပယ် ၄ ဘုံ = သက်တမ်းမမြဲကြပါ။

”အပါယေသုဟိ ကမ္မမေဝ ပမာဏံ” = မိမိပြုခဲ့သော ကံအားလျော်စွာ အသက်အတိုအရှည်ရှိကြသည်။

ပြုလုပ်ခဲ့သောအကုသိုလ်အလေးအပေါ့ ပေါ်မူတည်၍ ရက်ပိုင်းမှ ကမ္ဘာပေါင်းများစွာ အာယုကပ်အန္တရကပ် ထိအောင်ကြာနိုင်သည်။

ဥပမာ- ကောသလမင်း၏မလ္လိကာ မိဖုရားကြီးသည် အဝီစိငရဲသို့ လူ့ အသက်တမ်းဖြင့်(၇) ရက်သာ ကျခဲ့ကာလွတ်မြောက်ရသည်။

ပစ္စေကဗုဒ္ဓတို့ ၏ ကျောင်းကိုမီးတိုက်ခဲ့သောကံကြောင့် အဝီစိငရဲ၌ အန္တရကပ်လုံးကျခံရပြီးနောက် ဂိဇ္ဈကုဋ်တောင်၌ ၂၅ ယူဇနာရှိသော

စပါးကြီးမြွေ ပြိတ္တာကြီးသည် ကျွတ်လွတ်ရန်အချိန်အပိုင်းအခြားမရှိသေး။

တိရိစ္ဆာန်တို့ သည်လည်းသက်တမ်းမမြဲကြ၊ တချို့ တိရိစ္ဆာန်များသည် တရက်မျှသာသက်တမ်းရှိ၍ တချို့ တိရိစ္ဆာန်( ကာလနဂါးမင်း) တို့ သည် အသက်အလွန်ရှည်၏။

 

ကာမသုဂတိဘုံများ (၇) ဘုံ ရှိသည်။

၁-လူ့ ဘုံ ၊ ၂- စာတုမဟာရာဇ် နတ်ဘုံ ၊ ၃- တာဝတံသာ နတ်ဘုံ ၊ ၄- ယာမာ နတ်ဘုံ ၊ ၅-တုသိတာ နတ်ဘုံ

၊ ၆- နိမ္မာရတိနတ်ဘုံ ၊ ၇- ပရနိမ္မိတဝသဝတ္တိ နတ်ဘုံ၊

ဇမ္ဗူဒီပါ တောင်ကျွန်းနေ လူတို့ သည် သက်တမ်းမမြဲကြပါ။

လူတို့ ၏သက်တမ်းအတိုးအဆုတ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ နှင့်များစွာသက်ဆိုင်သည်။

လောဘ၊ဒေါသ၊မောဟတရားများအလွန်များပြားသော ခေတ်ကာလတွင် ကံများမကောင်း၊ ဥတု၊အာဟာရ

လည်းညံ့၊သက်တမ်းများလည်းဆုတ်ယုတ်လာ၏။ လောဘ၊ဒေါသ၊မောဟတရားများအလွန်ကောင်းလာလျှင်

ကံ၊ဥတု၊အာဟာရများလည်းကောင်းလာကာ သက်တမ်းရှည်လာ၏၊ ထို့ ကြောင့် လူ့ သက်တမ်းသည်

အသင်္ချေယျသက်တမ်းမှ (၁၀) နှစ်သက်တမ်းအထိ အတိုးအဆုတ်ရှိသည်။

အရှေ့ ကျွန်းသားတို့ သည် အနှစ် ( ၇၀၀) ၊ အနောက်ကျွန်းသားတို့ သည် အနှစ် (၅၀၀) ၊ မြောက်ကျွန်းသားတို့ 

သည်အနှစ် (၁၀၀၀) အထိသက်တမ်းမြဲကြသည်။


နတ်များ၏ သက်တမ်း သည်

 

စာတုမဟာရာဇ် နတ်ဘုံ-

နတ်နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၅၀၀) ရှည်သည်။ လူ့ နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၉)သန်း အသက်ရှည်သည်။ စာတုမဟာရာဇ် နတ်ဘုံ တွင် ၁ ရက်သည် လူ့ ပြည်တွင် အနှစ် (၅၀) နှင့်ညီမျှသည်။

တာဝတံသာ နတ်ဘုံ-

နတ်နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၁၀၀၀) ရှည်သည်။ လူ့ နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၃ ကုဋေ ၆သန်း) အသက်ရှည်သည်။

တာဝတံသာ နတ်ဘုံတွင် ၁ ရက်သည် လူ့ ပြည်တွင် အနှစ် (၁၀၀) နှင့်ညီမျှသည်။

--

ယာမာ နတ်ဘုံ

နတ်နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၂၀၀၀) ရှည်သည်။ လူ့ နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၁၄ ကုဋေ ၄သန်း) အသက်ရှည်သည်။

ယာမာ နတ်ဘုံတွင် ၁ ရက်သည် လူ့ ပြည်တွင် အနှစ် (၂၀၀) နှင့်ညီမျှသည်။

-

တုသိတာ နတ်ဘုံ

နတ်နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၄၀၀၀) ရှည်သည်။ လူ့ နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၅၇ ကုဋေ ၆သန်း) အသက်ရှည်သည်။

တုသိတာ နတ်ဘုံတွင် ၁ ရက်သည် လူ့ ပြည်တွင် အနှစ် (၄၀၀) နှင့်ညီမျှသည်။

-

နိမ္မာရတိနတ်ဘုံ

နတ်နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၈၀၀၀) ရှည်သည်။ လူ့ နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၂၃၀ ကုဋေ ၄သန်း) အသက်ရှည်သည်။

နိမ္မာရတိနတ်ဘုံတွင် ၁ ရက်သည် လူ့ ပြည်တွင် အနှစ် (၈၀၀) နှင့်ညီမျှသည်။

--

ပရနိမ္မိတဝသဝတ္တိ နတ်ဘုံ၊

နတ်နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၁၆၀၀၀) ရှည်သည်။ မာန်နတ်သားရှိသောဘုံ။လူ့ နှစ်အရေအတွက်နှင့်ဆိုလျှင် အနှစ် (၉၂၁ ကုဋေ ၆သန်း) အသက်ရှည်သည်။ ပရနိမ္မိတဝသဝတ္တိ နတ်ဘုံတွင် ၁ ရက်သည် လူ့ ပြည်တွင် အနှစ် (၁၆၀၀) နှင့်ညီမျှသည်။နတ်သားသာရှိသည်။

သတ္တဝါသ ဘုံကိုးဝ ဆိုသည်မှာ-

၃၁ ဘုံရှိသတ္တဝါများသည် တစ်ဦးနှင့်တစ်ဦး ကိုယ်ခန္ဓာသဏ္ဌာန်ထူးခြားကွဲပြားခြင်းကြောင့်၊ ပဋိသန္ဓေဝိဥာဏ်ကွဲပြားခြင်းကြောင့် တူညီရာပေါင်းပါကဘုံ (၉)မျိုးရသည်။

ထိုကိုးမျိုးကိုခွဲခြားပြခြင်းကို သတ္တဝါသဘုံ ကိုးဝဟုခေါ်သည်။

၁-နာနတ္တကာယ နာနတ္တသညီ ဘုံ (ကာမသုဂတိဘုံ ၇ ဘုံ)

၂-နာနတ္တကာယ ဧကတ္ထသညီ ဘုံ (အပါယ်ဘုံ ၄ ဘုံ ၊ ပထမဈာန် ရူပဗြဟ္မာ ၃ ဘုံ )

၃-ဧကတ္တကာယ နာနတ္တသညီ ဘုံ (ဒုတိယဈာန် ရူပဗြဟ္မာ ၃ ဘုံ )

၎-ဧကတ္တကာယ ဧကတ္တသညီ ဘုံ (တတိယဈာန် ရူပဗြဟ္မာ ၃ ဘုံ၊စတုတ္ထဈာန် ရူပဗြဟ္မာ ၆ ဘုံ)အသညသတ်ဘုံကြဉ်

၅-အသညီဘုံ (အသညသတ်ဘုံ)

၆-အာကာသာနဉ္စာယတနဘုံ ၁ ဘုံ

၇- ဝိညာဏဉ္စာယတန ဘုံ ၁ ဘုံ

၈-အာကိဉ္စညာယတနဘုံ ၁ ဘုံ

၉-နေဝသညာနာသညာ ယတနဘုံ ၁ ဘုံ

နာနတ္တကာယ = ခန္ဓာကိုယ်ပုံသဏ္ဌာန်ထူးခြားကွဲပြားခြင်း

ဥပမာ- တိရိစ္ဆာန် ခွေး၊မျောက် နှင့် လူတို့ ပုံသဏ္ဌာန်မတူကြချေ။

---

နာနတ္တသညီ = ပဋိသန္ဓေဝိဥာဏ်စိတ်မတူ ကွဲပြားခြင်း

ဥပမာ-တိဟိတ် ပဋိသန္ဓေ စိတ်ကြောင့် ဖြစ်ခဲလှသောလူတိဟတ်ပုဂ္ဂိုလ်၊ ရခဲလှသောရဟန်းဖြစ်၊ ဘာဝနာပွားခွင့်ရရသည်။

- သုဂတိအဟိတ် ပဋိသန္ဓေ စိတ်ကြောင့် ဖြစ်ခဲလှသောလူဖြစ်သော်လည်း ဒွိဟိတ်ပုဂ္ဂိုလ်၊ညာဏ်မရှိနိုင်သော သူဖြစ်ရသည်။

 

 

ဧကတ္တကာယ=ခန္ဓာကိုယ်ပုံသဏ္ဌာန်ချင်းတူညီခြင်း  --

-ဥပမာ- ဒုတိယ တတိယ  စတုတ္ထဈာန်ရဘုံရှိဗြဟ္မာများပုံသဏ္ဌန်တူသည်။

ဧကတ္ထသညီ=ပဋိသန္ဓေဝိဥာဏ်စိတ်ချင်း တူညီခြင်း

ဥပမာ - စတုတ္ထဈာန်ရပုဂ္ဂိုလ်၏ ပဋိသန္ဓေစိတ်သည် တတိယဈန်ရူပဗြဟ္မဘုံသို့ ရောက်ရသည်။-----------

 

သတ္တဝိညာဏဋ္ဌီတိ-

သတ္တ ဝိညာဏထီတိ ဆိုသည်မှာ ဝိညာဏ်တည်ရှိရာ (၇)ဘုံ ရှိခြင်းကိုဆိုလိုသည်။ အထက်ပါ သတ္တဝါသဘုံကိုးဘုံအနက်အသညသတ်နှင့် နေဝသညာနာသညာယတန ၂ ဘုံကိုကြဉ်၍ ကျန် (၇)ဘုံကို ဝိညာဏ်တည်လျက်ရှိသောကြောင့် ”ဝိညာဏဋ္ဌိတိ” ဘုံဟုခေါ်သည်။

အသညသတ်ဘုံ တွင်ဝိညာဏ်မရှိ၊နေဝသညာနာသညာဘုံတွင်လည်း ထင်ရှားသောဝိညာဏ်မရှိပါ။

 

---

ပုဂ္ဂိုလ် ၁၂ ဦး ( ပုထုဇဉ် ၄ ဦး + အရိယာ ၈ ဦး)

၁-ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်= အကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ်နှင့် ပဋိသန္ဓေ နေသူ

၂-သုဂတိ အဟိတ်ပုဂ္ဂိုလ်= ကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ်နှင့် ပဋိသန္ဓေ နေသူ

၃-ဒွိဟိတ် ပုဂ္ဂိုလ်= အလောဘ၊ အဒေါသ ဟိတ် နှစ်ပါးရှိသော မဟာဝိပါက်ဥာဏဝိပ္ပယုတ် စိတ်နှင့် ပဋိသန္ဓေ နေသူ အထက်ပါ ပုဂ္ဂိုလ် ၃ ဦးတို့ သည်

ပဋိသန္ဓေ နေစဉ် ဥာဏ်ဖြင့်မယှဉ် သည့်အတွက် ယခုဘဝတွင် ဈာန်၊မဂ်၊ဖိုလ်တို့ ကိုမရနိုင်ချေ၊

၎-တိဟိတ်ပုဂ္ဂိုလ်= အလောဘ၊ အဒေါသ နှင့် အမောဟ ဟိတ်သုံးပါးရှိသော မဟာဝိပါက်ဥာဏဝိပ္ပယုတ် စိတ်နှင့် ပဋိသန္ဓေ နေသူ

ပဋိသန္ဓေ နေစဉ် ဥာဏ်ဖြင့်ယှဉ် သည့်အတွက် ယခုဘဝတွင် ဈာန်၊မဂ်၊ဖိုလ်တို့ ကို ကြိုးစားအားထုတ်ပါက ရနိုင်၏၊

----

အရိယာ ပုဂ္ဂိုလ် ရှစ်ယောက်=

၅-သောတာပတ္တိမဂ္ဂဋ္ဌ ပုဂ္ဂိုလ်၊ ၆- သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်

၇-သကဒါဂါမိ မဂ္ဂဋ္ဌ ပုဂ္ဂိုလ်၊၈- သကဒါဂါမိ ဖလဋ္ဌပုဂ္ဂိုလ်

၉-အနာဂါမိ မဂ္ဂဋ္ဌ ပုဂ္ဂိုလ်၊ ၁၀-အနာဂါမိ ဖလဋ္ဌပုဂ္ဂိုလ်

အရဟတ္တ မဂ္ဂဋ္ဌ ပုဂ္ဂိုလ်၊ အရဟတ္တ ဖလဋ္ဌပုဂ္ဂိုလ်

----

၃၁ ဘုံ ရှိပုဂ္ဂိုလ်ပေါင်း

၃၁ ဘုံ ရှိပုဂ္ဂိုလ်ပေါင်း ၂၁၄ ဦး ရှိသည်။

အပယ် ၄ ဘုံတွင်- ဒုကတိပုဂ္ဂိုလ် ၁ ဦးသာရှိသည်။ (၄ x ၁ ဘုံ = ၄ ဦး)

--

လူဘုံ ၊ စတုမဟာရာဇိကာ ဘုံ တွင်- ဒုကတိပုဂ္ဂိုလ်မှလွဲလျှင်ကျန် ပုဂ္ဂိုလ် ၁၁ ဦးသာရှိနိုင်သည်။( ၁၁ x ၂ ဘုံ = ၂၂ ဦး)

အထက်နတ်ပြည် ၅ ဘုံတွင်- ဒုကတိပုဂ္ဂိုလ်နှင့် သုဂတိအဟိတ်ပုဂ္ဂိုလ် မှလွဲလျှင် ကျန် ၁၀ ဦးရှိနိုင်သည်။

(၁၀ x ၅ ဘုံ = ၅၀  ဦး)

အသညသတ်ဘုံ တွင်-သုဂတိအဟိတ်ပုဂ္ဂိုလ်၁ ဦးသာရှိသည်။

အသညသတ်ဘံကြဉ် ကျန်ရူပဗြဟ္နာ ၁၀ ဘုံတွင်-ဒုကတိပုဂ္ဂိုလ်၊ သုဂတိအဟိတ်ပုဂ္ဂိုလ် နှင့် ဒွိဟိတ်ပုဂ္ဂိုလ် မှလွဲလျှင် ကျန် ၉ ဦးရှိနိုင်သည်။ (၉ x ၁၀ ဘုံ = ၉၀ ဦး)

သုဒ္ဓါဝါသ ရူပဗြဟ္မာဘုံ ၅ ဘုံတွင် အနာဂါမိ ဖလဋ္ဌပုဂ္ဂိုလ်၊အရဟတ္တ မဂ္ဂဋ္ဌ ပုဂ္ဂိုလ်၊ အရဟတ္တ ဖလဋ္ဌပုဂ္ဂိုလ်  ၃ ဦးသာရှိနိုင်သည်။

(၃ x ၅ ဘုံ= ၁၅ ဦး)

အရူပဗြဟ္မဘုံ ၄ ဘုံ-ဒုကတိပုဂ္ဂိုလ်၊ သုဂတိအဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်နှင့် သောတာပတ္တိမဂ္ဂဋ္ဌ ပုဂ္ဂိုလ်မှလွဲလျှင် ကျန် ၈ ဦးရှိနိုင်သည်။(၈ x ၄ = ၃၂ ဦး)

ပုထုဇဉ် ၄ ဦးနှင့် အရိယာ ၈ ဦးတို့ ကို ဘုံအလိုက်တွက်ယူလျှင် ပုဂ္ဂိုလ်အားလုံးစုစုပေါင်း = ၂၁၄ ဦးရှိနိုင်သည်။

-

အရေးကြီးစွာမှတ်သိသင့်သောအချက်များ

ပုထုဇဉ်များသက်သက်သာရှိသောဘုံ

အသညသတ်ဘုံနှင့်အပယ် ၄ ဘုံတွင်ပုထုဇဉ်များသက်သက်သာရှိသောဘုံဖြစ်သည်။ အရိယာမရှိနိုင်။

အရိယာသက်သက်သာရှိသောဘုံ

သုဒ္ဓါဝါသ ရူပဗြဟ္မာဘုံ ၅ ဘုံတွင်- အနာဂါမ်နှင့် ရဟန္တာများသာရှိနိုင်သည်။အရိယာသက်သက်သာရှိသောဘုံဖြစ်သည်။

ပုထုဇဉ်များ၊အရိယာရှိသောဘုံ

ကျန် ဘုံများတွင် ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်များရှိနိုင်သည်။

သောတပန်မဖြစ်နိုင်သောဘုံ

အရူပဗြဟ္မာဘုံတွင်-သောတပန်မဖြစ်နိုင်ပါ။ သောတအာရုံမရနိုင်သောကြောင့်ဖြစ်သည်။

အသညသတ်ဘုံတွင် --သောတပန်မဖြစ်နိုင်ပါ၊ ရုပ်သက်သက်သာရှိသောကြောင့်ဖြစ်သည်။

အပယ်ဘုံ၎ ဘုံတွင်လည်း -သောတပန်မဖြစ်နိုင်ပါ။

အမြင့်ဆုံးဘုံ

ပုထုဇဉ်တို့ ၏လားရောက်နိုင်သော အမြင့်ဆုံးဘုံမှာ ဝေဟပ္ဖိုလ်ဘုံဖြစ်သည်။ ပုထုဇ္ဇနဘဝဂ် ဟုလည်းခေါ်သည်

အရိယာပုဂ္ဂိုလ်၏လားရောက်နိုင်သော အမြင့်ဆုံးဘုံမှာ  အကနိဋ္ဌဘုံဖြစ်သည်။အရိယာဘဝဂ် မည်၏။

အလုံးစုံသောဘုံသတ္တဝါပုဂ္ဂိုလ် တို့ ၏လားရောက်နိုင်သော အမြင့်ဆုံးဘုံကို ” သဗ္ဗဘဝဂ် ” ဟုခေါ်သည်။

နေဝသညာနာသညာ ယတနဘုံသည် ” သဗ္ဗဘဝဂ် ”မည်၏။

အရိယာပုဂ္ဂိုလ်အောက်သို့ ပြန်မကျချေ။

 
More Articles...