Donation
Visitors
Top 52:
Unknown flag 88687 Unknown
United States flag 4036 United States
Ukraine flag 216 Ukraine
Russian Federation flag 106 Russian Federation
India flag 101 India
Myanmar flag 91 Myanmar
France flag 58 France
Israel flag 51 Israel
Japan flag 46 Japan
Germany flag 35 Germany
Romania flag 26 Romania
Netherlands flag 23 Netherlands
Hong Kong flag 22 Hong Kong
Singapore flag 22 Singapore
Thailand flag 20 Thailand
Australia flag 18 Australia
Canada flag 18 Canada
Tokelau flag 17 Tokelau
Bangladesh flag 15 Bangladesh
Malaysia flag 14 Malaysia
Poland flag 11 Poland
United Kingdom flag 11 United Kingdom
Brazil flag 10 Brazil
China flag 10 China
South Africa flag 10 South Africa
Algeria flag 9 Algeria
Indonesia flag 8 Indonesia
Sweden flag 7 Sweden
Belgium flag 4 Belgium
New Zealand flag 4 New Zealand
Serbia flag 4 Serbia
Portugal flag 3 Portugal
Taiwan flag 3 Taiwan
Bosnia Hercegovina flag 2 Bosnia Hercegovina
Ireland flag 2 Ireland
Morocco flag 2 Morocco
Spain flag 2 Spain
Sri Lanka flag 2 Sri Lanka
Vietnam flag 2 Vietnam
Angola flag 1 Angola
Bahrain flag 1 Bahrain
Czech Republic flag 1 Czech Republic
Former Soviet Union flag 1 Former Soviet Union
Hungary flag 1 Hungary
Italy flag 1 Italy
Jersey flag 1 Jersey
Mexico flag 1 Mexico
Montenegro flag 1 Montenegro
Nepal flag 1 Nepal
Norway flag 1 Norway
Philippines flag 1 Philippines
Slovak Republic flag 1 Slovak Republic
93741 visits from 52 countries
Total Hits
Content View Hits : 1530936
ဓမ္မစာမျက်နှာ (၃၃)
ကမ္မစတုက္က ကံ ၄ မျိုး အပိုင်း (၂ )
၂) ပါကဒါန ပရိယာယ စတုက္က = ပဋိသန္ဓေ အကျိုးပေးမည့် အစီအစဉ်တကျ တန်းစီစောင့်နေသော အလှည့်အစဉ် အားဖြင့် ကံ ၄ မျိုး၊
၂-၁---ဂရု ကံ (အလွန်အကျိုးအပြစ်ကြီးသောကံ)
၂-၂---အာသန္န ကံ ( သေခါနီး အောင့်မေ့အပ် ပြုအပ်သောကံ)
၂-၃---အာစိဏ္ဏ ကံ  ( နေ့ စဉ်မပြတ် စွဲမြဲစွာလေ့ကျင့်ပြုလုပ်ထားသောကံ)
၂-၄---ကဋတ္တာ ကံ (  အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝတွင် အမှတ်မဲ့ ပြုလုပ်ခဲ့သောကံ)
( ပဋိသန္ဓေအကျိုးပေးမည့်ကံဖြစ်သည်)
ပါက = ပဋိသန္ဓေအကျိုးကို ဒါန= ပေးခြင်း  ပရိယာယ= အလှည့်တကြိမ်  အစဉ်   စတုက္က = ၄ မျိုး
ဒုတိယဘဝတွင် ပဋိသန္ဓေအကျိုးပေးမည့် အစီအစဉ်တကျ အကျိုးပေးရန်တန်းစီစောင့်လျက်ရှိသောကံ၎ မျိုး
၂-၁) ဂရုကံ = ကြီးလေးသောအကျိုးကို ပြုတတ်သောကံ
(အလွန်အကျိုးအပြစ်ကြီးသောကံ)
ဂရု = ကြီးလေးသော အကျိုးကို   က = ပြုတတ်သော    ကမ္မ= ကံ
ဈာန်သမာဓိ ဂရုကံ ကုသိုလ်သည်
- သေပြီးနောက် ဗြဟ္မဘုံသို့ ရောက်ရသည်၊
ကုသိုလ် ဂရုကံ= ဈာန်ကုသိုလ်ကံများသည် ကုသိုလ်ဂရုကံများဖြစ်သည်။အာနုဘော်ကြီးမားသော မဟဂ္ဂုတ်ဈာန်ကုသိုလ်ကံများဖြင့် စုတေလျှင် ဒုတိယဘဝတွင် ဗြဟ္မာဘုံတို့ တွင် ပဋသန္ဓေအကျိုး ဧကန်ပေးပေမည်။
အကုသိုလ် ဂရုကံ = ပဉ္စာနန္တရိယကံနှင့် နိယတမိစ္ဆာဒိဋ္ဌိ ကံများကို ခေါ်သည်။ထိုကံတခုခုကျုးလွန်သူသည်
သေသည်နှင့်အခြားမရှိ ဧကန်အဝီစိငရဲသို့ ကျရပေမည်။
ပဉ္စာနန္တရိယကံ
ပဉ္စ = ၅  အနန္တရေ = စုတိ၏ အခြားမဲ့၌   နိယုတ္တ = ယှဉ်သော   ကမ္မ  = ကံ
၁-မာတုဃာတက ကံ ( အမိကို သတ်မှု ကံ) ( MATRICIDE)
၂-ပိတုဃာတကကံ ( အဖကို သတ်မှု ကံ) ( PARTRICIDE)
၃-အရဟန္တဃာတကကံ ( ရဟန္တာကို သတ်မှု ကံ) (THE MURDER OF AN ARAHAT)
၎-လောဟိတုပ္ပါဒက ကံ ( ဘုရားရှင်ကိုသွေးစိမ်းတည်စေမှု ကံ) ( THE WOUNDING OF A BUDDHA)
၅-သံဃဘေဒက ကံ ( သံဃာကို သင်းခွဲမှု ကံ) ( THE CREATING A SCHASMIN THE SANGHA)
ဗဟုသုတအဖြစ် သိသင့်သောအချက်များ
၅-၄-၃-၁-၂ အစဉ်အတိုင်းအပြစ်ကြီးလေးသည်။
ဥပမာ-http://www.nandathitsa.com/media/images/IMG_1970.jpg
သိမ်တခုတွင် ရဟန်းများ ကံမပြုနိုင်အောင်၊ သံဃာများကွဲပြားအောင် အားထုတ်သူ၊
၅-သံဃဘေဒက ကံသည် အပြစ်အကြီးလေးဆုံး၊ သိမ်တခုတည်းတွင် ရဟန်းသံဃာအချင်းချင်း အတူတကွ ကံမပြုနိုင်အောင်၊ ကွဲပြားအောင် ကြံဆောင်အားထုတ်သူသည် ထိုကံထိုက်သည်။ ဤကံသည် ရဟန်းသံဃာများနှင့်သာသက်ဆိုင်သည်။ သို့ သော် ရပ်ရွာနယ်ပယ်တို့ တွင် သံဃာတော်အချင်းချင်း ကွဲပြားအောင် ကြံဆောင်အားထုတ်သူသည် သံဃဘေဒက ကံလောက်နီးပါး အပြစ်ကြီးလေး၏၊
-
၎-ဘုရားစေတီပုထိုးများကို ဖျက်ဆီးခြင်း၊ ဗောဓိညောင်ပင်ကို ဖျက်ဆီးခြင်း၊ စသည်တို့ သည် ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုလုပ်သော ကံကြီးနှင့်မခြား အပြစ်ကြီးလေးသည်။ ဘုရားရှင်၏ခန္ဓာကိုယ်၌ သွေးခြေဥအောင် ကျုးလွန်သောပြစ်မှုသည် လောဟိတုပ္ပဒကကံဖြစ်သည်။
၃-ရဟန္တာမဖြစ်မှီသတ်သော်လည်း ထိုဒဏ်ရာဖြင့်ရဟန္တာဖြစ်ပြီးမှ ပရိနိဗ္ဗာန်ပြုသွားလျှင် ရဟန္တာသတ်မှု ကံကြီးထိုက်ပေသည်။
၁+၂- မိဘ ၂ ပါးသတ်မှုတွင် သီလရှိသူမိဘကို သတ်မှုကပို၍ အပြစ်ကြီးသည်။ သီလရှိခြင်း၊ မရှိခြင်းတန်းတူပါက အမိကျေးဇူး ကသာလွန်၍ အမိသတ်မှုကပို၍အပြစ်ကြီးလေးသည်။
မိခင် ဖခင် တို့ အား သတ်ခြင်းအကုသိုလ်ကံ
အမိ၊ အဖ မှန်း သိသိ၊ မသိသိ သေစေလို၍သတ်လျှင် ကံကြီးထိုက်သည်။ အခြားလူကို သေစေလို၍ လက်နက်ဖြင့် ပစ်ခတ်ရာတွင် မတော်မထ အမိသော်၎င်း၊အဖသော်၎င်း၊ ထိမှန်၍ သေဆုံးခဲ့လျှင်လည်း မိဘ သတ်မှု ကံကြီးထိုက်ပေသည်။
မိမိကတိရစ္ဆာန်ဖြစ်နေလျှင် ( သို့ ) အမိ အဖ များက တိရိစ္ဆာန်ဖြစ်နေလျှင် ထိုကံလောက်နီးနီးအပြစ်ကြီးပေသည်။
မဂ်စေတနာသည် အားကြီးသော်လည်း ဒုတိယဘဝတွင် အကျိုးပေးမည့်ကံမဟုတ်သဖြင့် ဂရုကံတွင်မပါဝင်၊ ဂရုကံသည် ပဋိသန္ဓေအကျိုးပေးသော ကံသာဖြစ်သည်။
အယူမှားသူသည် မျက်ကန်းသမားနှင့် တူသည်။
နိယတမိစ ၦာဒိ႒ိ ကံ
နိယတ = ၿမဲေသာ   မိစ ၦာဒိ႒ိ  = အယူမွား
၁-အဟေတုကဒိဋ္ဌိ( အကြောင်းကို ပယ်သောအယူမှား)
၂-နတ္ထိက ဒိဋ္ဌိ (ကံ၏အကျိုးကို ပယ်သောအယူမှား)
၃-အကြိယ ဒိဋ္ဌိ( အကြောင်းအကျိုး နှစ်ခုလုံးပယ်သော အယူမှား)
၂-၂) အာသန္နကံ
( သေခါနီး အောင့်မေ့အပ် ပြုအပ်သောကံ)
အာသန္န = အနီး   ကမ္မ= ကံ
သေခါနီးတွင်
ငယ်စဉ်ကပြုခဲ့သော ဒါန  များ
အရင်က စောင့်တည်ခဲ့သော၊သီလများ
ယခင်ကပြုခဲ့ဘူးသော ဘာဝနာကုသိုလ်များအမှတ်ရခြင်းသည် သုဂတိဘုံသို့ ရောက်စေသည်။
သေခါနီးကာလတွင် မသေမှီအချိန်အတော်ဝေးဝေးကာလ၌ ပြုလုပ်ခဲ့ဘူးသော ကုသိုလ်၊ အကုသိုလ် ကံများသေခါနီးမှ သတိရအောင့်မေ့၍ ပေါ်လာသော ကံများနှင့် သေခါနီးဆဲဆဲတွင်ပြူလုပ်နေသောကုသိုလ်အကုသိုလ်ကံများကို ခေါ်သည်။
ဥပမာ-ငယ်စဉ်ကပြုခဲ့သော အလှုဒါန၊ တရားနာ၊ သီလဆောက်တည်ခြင်း ကုသိုလ်များကိုမကြာခဏသတိ
မရမိဘဲ သေခါနီးဆဲဆဲတွင် ပြန်၍ သတိရ ပေါ်လာသောကံကိုဆိုသည်။
သေခါနီးတွင် ကပ်၍ တရားနာ၊တရားရှုမှတ်နေသောကုသိုလ်များသည် သုဂတိသို့ ရောက်စေသည်။
သေခါနီးမှကပ်၍ တရားနာ၊ အလှုဒါနပြု၊ သီလယူ၊ ဘာဝနာ ကမ္မဋ္ဌာန်း စီဖြန်းသော ကုသိုလ်များ သည်သုဂတိဘုံသို့ ရောက်စေကာ၊သေခါနီး ရိုက်နှက်သတ်ပုတ်ကာသေသွားရသော အကုသိုလ်ကံများသည် အပယ်ဘုံသို့ ရောက်စေသော အာသန္နကံများဖြစ်ကြသည်။
သူတော်ကောင်းကို အနားမှာရှိစေ-
ဤသေခါနီးအချိန်တွင် ကလျာဏပုထုစဉ် (သို့ ) အရိယာသူတော်ကောင်းများ အနားတွင်ရှိနေခဲ့လျှင်  အသင့်အားကောင်းမှုကုသိုလ်ရစေမည့် တရားများ၊ စကားများသည် သင့်အတွက်အာသန္နကံ ကုသိုလ်များဖြစ်ကာ ကောင်းရာဘုံဘဝသို့ ရောက်နိုင်သည်။ သင်၏ရှုမှတ် မှန်ကန်မှုအားကြောင့်ဒိဋ္ဌိပြုတ်ကာ မသေခင်လေး (သို့ ) သေပြီးနောက်ဘဝတွင် အရိယာသူတော်စင်အဖြစ်ရောက်စေရာ၏၊
သူတော်ကောင်းဆိုသည်မှာအဘယ်သူနည်း၊
ကောင်းစွာကြံ၊ ကောင်းစွာပြော၊ ကောင်းစွာပြုကျင့်နေသူများကို သူတော်ကောင်းဟူ၍ ခေါ်သည်။
ကောင်းစွာကြံသူသည်- ကုသိုလ်ပြုလုပ်ရန်၊ တရားဘာဝနာပွားများရန် အမြဲကြံစည်နေသူမည်၏၊
ကောင်းစွာပြောသူသည် - မလိမ်မညာ၊ ကြမ်းတမ်းသောစကားများမဆို၊ အကျိုးမရှိသောစကားကိုမပြော၊ကုန်းတိုက်အတင်းပြောသောစကားကိုရှောင်ကာ အကျိုးများ၍ မှန်သောစကားကိုဆိုတတ်သူမည်၏၊
ကောင်းစွာပြုကျင့်သူသည်- ၅ ပါး၊ ၈ ပါး၊ ၉ ပါး သီလများစောင့်တည် ပြုကျင့်သူများဖြစ်သည်။
ထို့ ကြောင့် ထိုသူတော်ကောင်းများကိုမသေခင်ကြိုတင် ရှာထား၊ တွေ့ လျှင် သူ့ တရားများသိမ်းထား၊ သေခါနီးတွင် ထိုသူတော်ကောင်း၏စကားတရားများကို ပြန်လည်နားထောင် နှလုံးသွင်းအာရုံပြုလျှင် သင့်ဘဝအတွက်အကျိုးများပေမည်။
ကုသိုလ်များကို   နေ့ စဉ်နှင့် နေစဉ် ပြုလုပ်နေခြင်း
၂-၃) အာစိဏ္ဏကံ
( နေ့ စဉ်မပြတ် စွဲမြဲစွာလေ့ကျင့်ပြုလုပ်ထားသောကံ)
အာစိဏ္ဏ= အမြဲမပြတ် ဆည်းပူးလေ့လာ၊ တိုးတက်အပ်သော  ကမ္မ= ကံ)
-တနှစ်ပတ်လုံးစွဲစွဲမြဲမြဲမှန်စွာ အားထုတ်နေသူသည် ကုသိုလ် အာစိဏ္ဏ ကံဖြစ်စေသည်
နေ့ စဉ်မပြတ် စွဲစွဲမြဲမြဲပြုလုပ်ထားသော ကုသိုလ်၊ အကုသိုလ်ကံကို အာစိဏ္ဏကံဟုခေါ်သည်။ ကုသိုလ်တခုကို တကြိမ်တခါပြုလုပ်ပြီးနောက် အမြဲသတိရ၊ ထပ်တလဲလဲဝမ်းမြောက်နေသော် အာစိဏ္ဏကံမည်၏၊ ထို့ အတူ အကုသိုလ်တခုကို တကြိမ်သာပြုမိခဲ့သော်လည်း အမြဲသတိရကာ စိတ်နှလုံးမချမ်းသာခဲ့သော် နောင်တတဖန်ပူပန်နေမှုသည် အာစိဏ္ဏကံပင်ဖြစ်သည်။
၂-၄) ကဋတ္တာကံ
(  အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝတွင် အမှတ်မဲ့ ပြုလုပ်ခဲ့သောကံ)
ကဋတ္တာ = ပြုကာမျှဖြစ်သော  ကမ္မ = ကံ အမှတ်မထင်
မေတ္တာဖြင့် အများအတွက်ကုညီ လမ်းရှင်းပေးခဲ့သောကံ
မေတ္တာဖြင့် မှန်ကိုဆေးကြောပေးလိုက်သောကံ
သာမာန်မျှပြုလုပ်သောကံကို ကဋတ္တာ ကံဟုခေါ်ဆိုသည်။သွားရင်းလာရင်း ဝတ်ကျေတမ်းကျေ ဝတ္တရားအရ ပြုလုပ်ဆောင်ရွက် ခဲ့သော အတိတ်ဘဝ၊ ယခုပစ္စုပ္ပန်ဘဝတို့ ၌ပြုလုပ်ခဲ့ဘူးသော ကံများဖြစ်၍ မည်သူမျှ ကဋတ္တာကံနှင့် မကင်းကြပေ၊
ဥပမာ- လမ်းတွင် ပုလင်းကွဲတွေ့ ၍ မေတ္တာစိတ်ဖြင့် လူများမနင်းမိစေရင် ကောက်၍ ဖယ်ရှားခဲ့သောကံကြောင့် နတ်ပြည်သို့ သေပြီးသော် ရောက်ရခြင်း၊
ဧကန် မုချ အစဉ်အတိုင်း အကျိုးပေးမည်၊  ဂရုကံ --အာသန္နကံ ---အာစိဏ္ဏကံ --- ကဋတ္တာကံ
ဂရုကံသည် ဦးစွာအကျိုးပေးမည်၊ ဂရုကံ မရှိက အာသန္နကံ အကျိုးပေးမည်။ အာသန္နကံ မရှိက အာစိဏ္ဏကံ၊ အာစိဏ္ဏကံမရှိလျှင် ကဋတ္တာကံ သည် ဒုတိယဘဝတွင် ပဋိသန္ဓေအကျိုး မုချ ဧကန်ပေးသည်။
အာစိဏ္ဏကံထက် အာသန္နကံသည် မရဏာသန္နဇောဝီထိ (သို့ ) သေခါနီးကာလနှင့်နီးကပ်သည့်အတွက်ကြောင့် နောက်ဘဝ၌ ပဋိသန္ဓေ အကျိုးပေးသည်ကို မှတ်ပါလေ၊
၃) ပါက ကာလ စတုက္က = အကျိုးပေးချိန် ကာလအားဖြင့် ကံ ၄ မျိုး၊
ပါက = အကျိုးပေးရာဖြစ်သော    ကာလ = အခါ   စတုက္က  = ၄ မျိုး
ပါက ကာလစတုက္က ကံ ၄ မျိုး နှင့် ဇော ၇ ချက် ဖြစ့် ရှင်းပြခြင်း
ဇော                   ဇော   ဇော   ဇော    ဇော   ဇော          ဇော
ပထမ           ဒုတိယ တတိယ စတုတ္ထ  ပဉ္စမ  ဆတ္ထမ        သတ္တမ
၃-၁---ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ ( ယခုပစ္စုပ္ပန်ဘဝတွင် ချက်ခြင်းအကျိုးပေးသောကံ)
၃-၂---ဥပပဇ္ဇဝေဒနိယ ကံ (ဒုတိယဘဝတွင် အကျိုးပေးသောကံ)
၃-၃---အပရာ ပရိယ ဝေဒနိယ ကံ = (တတိယဘဝမှစ၍ နိဗ္ဗာန်မရမီစပ်ကြား အကျိုးအဆက်ဆက်ပေးသောကံ)
၃-၄----အဟောသိ ကံ (အကျိုးလုံးလုံးမပေးသောကံ)
၃-၁---ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ ( ယခုပစ္စုပ္ပန်ဘဝတွင် ချက်ခြင်းအကျိုးပေးသောကံ)
ဇော                   ဇော   ဇော   ဇော    ဇော   ဇော          ဇော
ပထမ           ဒုတိယ တတိယ စတုတ္ထ  ပဉ္စမ  ဆတ္ထမ        သတ္တမ
ဇော
ပထမ        
ကုသိုလ် ( ဝါ ) အကုသိုလ်ပြုလုပ်သောအခါ ဇော ၇ ကြိမ်ကျသည်။ ပထမဇောစေတနာသည် ယခုဘဝတွင်ပင် အကျိုးပေးသည်၊ မိမိရှေ့ ၌ဇောစိတ်များမရှိ၊ ပထမဆုံးဖြစ်သောဇောဖြစ်သဖြင့် ရှေ့ သွားထောက်ပံ့ မှုမရသော်ကြောင့် နောက်ဘဝ တခုဖြစ်ပေါ်လာအောင် ပဋိသန္ဓေအကျိုးကို မပေးနိုင်၊ ပဝတ္တိအကျိုးကိုသာပေးသည်။
ယခုဘဝ ချမ်းသာရ
ယခု ဘဝ ချမ်းသာချင် ကုသိုလ် ဒါန အကျိုး မြင်
ကုသိုလ် ဒါန ၏ ဒိဋ္ဌဓမ္မ အကျိုးပေးမည့် အင်္ဂါ ၄ မျိုး
၁ - အနာဂါမ် ( သို့ ) ရဟန္တာ အလှုခံ ပုဂ္ဂိုလ်တို့ ကို ပေးလှုရခြင်း ( ဝတ္ထု သမ္ပဒါ )
၂- အလှုရှင်သည် စေတနာထက်သန်ခြင်း ( စေတနာ သမ္ပဒါ)
၃- လှုဖွယ်ပစ္စည်းကလည်း တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဖြစ်ခြင်း ( ပစ္စယ သမ္ပဒါ )
၎- အနာဂါမ် ( သို့ ) ရဟန္တာ အလှုခံ ပုဂ္ဂိုလ်မြတ်တို့ သည် အလှုခံချိန်တွင် နိရောဓသမာပတ်မှထပြီးခါစ ဖြစ်ရခြင်း၊
ကုသိုလ် ဒါန အကျိုးပေးရန် အကြောင်းအထောက်အပံ့များ
ထင်ထင်ရှားရှား အကျိုးပေးလျှင် - ၇ ရက်အတွင်း၊  ( ပရိပက္က - ရင့်ကျက်သော ) ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ
မထင်မရှား အကျိုးပေးလျှင် -  ၇ ရက်ကျော် ၊   ( အပရိပက္က - မရင့်ကျက်သော )ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ
ကုသိုလ်ဖြစ်ချိန် ၊ ဆန့် ကျင်ဘက် အကုသိုလ်တို့ မလွှမ်မိုးမနှောက်ယှက်ပါမှ၊
ကုသိုလ် သမ္ပတ္တိ ဖြစ်ချိန် ၊ ဝိပတ္တိများမကြုံတွေ့ ပါမှ၊
သမ္ပတ္တိ ၄ ပါး ၊ ဝိပတ္တိ ၄ ပါး ဆိုသည်မှာ
၁- ကာလသမ္ပတ္တိ = အေးချမ်းသော ခောတ်ကာလ၊ ဘုရားသာသနာတော်နှင့် ကြုံခြင်း ( ကုသိုလ်ကောင်းမှုကံများ အကျိုးပေးနိုင်သည်)
ကာလဝိပတ္တိ = ခောတ်ပျက်နှင့် ကြုံခြင်း၊ သာသနာပနှင့် ကြုံခြင်း ( မကောင်းမှု အကုသိုလ်ကံများအကျိုးပေးခွင့်ရှိသည်)
၂- ဂတိ သမ္ပတ္တိ = ဘဝကောင်းနှင့် ကြုံခြင်း ( လူ့ ဘဝ၊ နတ်ဘဝ ရခြင်းဖြင့် ကုသိုလ်အကျိုး ပေးခွင့်များရနိုင်သည်)
ဂတိ ဝိပတ္တိ  = ဘဝကောင်းနှင့် မကြုံခြင်း၊ ( ငရဲ၊ တိရိစ္ဆာန်ဘဝရသည့် ကာလတွင် အကုသိုလ်မကောင်းကျိုး များပေးနိုင်ခွင့်ရှိသည်)
၃- ဥပဓိ သမ္ပတ္တိ = ရုပ်ဆင်းအင်္ဂါ ပြည့်စုံသည့်ဘဝနှင့် ကြုံတွေ့ ရခြင်း၊ ( ကောင်းမှုကံများအကျိုးပေးနိုင်သည်)
ဥပဓိ ဝိပတ္တိ =ရုပ်ဆင်းအင်္ဂါ မပြည့်စုံသည့်ဘဝနှင့် ကြုံတွေ့ ရခြင်း၊ ( အကုသိုလ်ကံများအကျိုးပေးနိုင်သည်)
ဥပမာ - အင်္ဂါမစုံသောသူ ရှင်ဘုရင်သားတော် ဖြစ်စေကာမူ ဘုရင်မင်းအဖြစ် မရနိုင်ပေ။
၎- ပယောဂ သမ္ပတ္တိ = လုံ့ လကောင်းပြုခြင်း၊ ကြိုးစားခြင်း၊( ဒါန၊ သီလ၊ ဘာဝနာကုသိုလ်အလုပ်ကိုအားထုတ်သူသည် ကုသိုလ်အကျိုးကို ရရှိနိုင်သည်)
ပယောဂ ဝိပတ္တိ = လုံ့ လကောင်းမပြုခြင်း၊ ပျင်းရိခြင်း၊( အကုသိုလ်ဒုစရိုက်များလုပ်နေသူထံ အကုသိုလ်အကျိုးပေး ခွင့်ရလာတတ်သည်)
၃-၂---ဥပပဇ္ဇဝေဒနိယ ကံ (ဒုတိယဘဝတွင် အကျိုးပေးသောကံ)
ဥပပဇ္ဇ = အနီးဖြစ်သော ဒုတိယဘဝ         ဝေဒနိယ = အကျိုးခံစားရသော  ကံ
ဇော                   ဇော   ဇော   ဇော    ဇော   ဇော          ဇော
ပထမ           ဒုတိယ တတိယ စတုတ္ထ  ပဉ္စမ  ဆတ္ထမ        သတ္တမ
ကုသိုလ် ( ဝါ ) အကုသိုလ်ပြုလုပ်သောအခါ ဇော ၇ ကြိမ်ကျသည်။
ဇော
သတ္တမ
သတ္တမဇောစေတနာသည် ယခုဘဝနှင့်အနီးဆုံးဖြစ်သော ဒုတိယဘဝတွင်အကျိုးပေးသည်။ ရှေ့ ရှေ့ ဇောများသည် သတ္တမဇောစေတနာကို အင်အားကောင်းအောင် အဆင့်ဆင့်ထောက်ပံ့ ကူညီကြသဖြစ့် အနန္တရ ကမ္မသတ္တိ အင်အားရှိသည်။
္က္ကဤသတ္တမဇောစေတနာ၏စွမ်းရည်သတ္တိများကြောင့် ယခုဘဝစုတေပြီး နောက်ဒုတိယဘဝတွင် လူ၊ နတ်၊ ဗြဟ္မာ၊ ငရဲ၊ တိရိစ္ဆာန် ပဋိသန္ဓေ ဖြစ်ကြရသည်။
ပဋိသန္ဓေအကျိုး နှင့်ပဝတ္တိအကျိုး နှစ်ပါးလုံးကိုပေးသည်။
အရိပ်ပမာ အပရာ
၃-၃---အပရာ ပရိယ ဝေဒနိယ ကံ = (တတိယဘဝမှစ၍ နိဗ္ဗာန်မရမီစပ်ကြား အကျိုးအဆက်ဆက်ပေးသောကံ)
အပရာပရိယ = အဆက်ဆက်သော ဘဝ၌     ဝေဒနိယ = ခံစားထိုက်သော ကံ
ဇော                   ဇော   ဇော   ဇော    ဇော   ဇော          ဇော
ပထမ           ဒုတိယ တတိယ စတုတ္ထ  ပဉ္စမ  ဆတ္ထမ        သတ္တမ
ကုသိုလ် ( ဝါ ) အကုသိုလ်ပြုလုပ်သောအခါ ဇော ၇ ကြိမ်ကျသည်။
ဇော   ဇော   ဇော    ဇော   ဇော
ဒုတိယ တတိယ စတုတ္ထ  ပဉ္စမ  ဆတ္ထမ
အလယ်ဇော ၅ ချက်စေတနာသည် ဤဘဝမှစ၍ ရေတွက်လျှင် တတိယဘဝမှစ၍ နိဗ္ဗာန်မရမှီစပ်ကြား အကျိုးပေးနိုင်စွမ်းရှိသည်။ သို့ သော်ဘဝတိုင်းတွင်အကျိုးပေးနိုင်စွမ်းမရှိ၊ အခွင့်သာသောအခါ အကျိုးပေး၍ အခွင့်မသာသောအခါ အကျိုးမပေးနိုင်။အကျိုးမပေးရသေးအမျှ ငုပ်ကွယ်လျက်ရှိကာ သတ္တိရှိသမျှ အကျိုးပေးပြီးမှသာ ထိုကုသိုလ် အကုသိုလ် ကံသတ္တိများကုန်ဆုံးသွားသည်။
ဘဝပေါင်းများစွာက ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ် အပရာပရိယ ဝေဒနိယ ကံများသည် အမြောက်အမြားရှိနေသဖြင့် အခွင့်သာလျှင်သာသလို ကုသိုလ် အကုသိုလ်အကျိုးများပေးနိုင်ပေသည်။ နိဗ္ဗာန်မရမချင်း သံသရာစက်ရဟတ်မပြတ် လည်နေသ၍ အပရာပရိယ ဝေဒနိယကံများသည် သတ္တိမကုန်မချင်း အရိပ်ပမာ လိုက်နေမည်သာ။
ပဋိသန္ဓေအကျိုး နှင့်ပဝတ္တိအကျိုး နှစ်ပါးလုံးကိုပေးသည်။
ဥပမာ- သတ္တဝါတကောင်ကို သတ်မိ၍ ငရဲကျပြီးနောက် ဖြစ်လေရာဘဝတိုင်းတွင် ထိုသတ္တဝါ၏ အမွှေးအရေအတွက်နှင့်အညီ အသတ်ခံရပြီး နောက်ဘဝတို့ တွင် အသတ်မခံရတော့ဘဲ ဝဋ်ကျွတ်ရတော့သည်။
လုံးဝအကျိုးမပေးတော့သောကံ        
၃-၄----အဟောသိ ကံ (အကျိုးလုံးလုံးမပေးသောကံ)
အဟောသိ= လုံးလုံးအကျိုးမပေးတော့သော  ကံ
အကျိုးပေးရမည့်အချိန်တွင် အကြောင်းမပြည့်စုံ၍ အကျိုးမပေးဘဲ အချိန်အခါ လွန်သွားသည့်အခါ ကံသာဖြစ်၍ အကျိုးတရားလုံးဝ မဖြစ်ပွား မပေါ်ပေါက်သောကံမျိုးဖြစ်သည်။
ဒိဋ္ဌဓမ္မဝေဒနိယ ကံများ
အကြောင်းမညီညွတ်လျှင် အကျိုးမပေးတော့သော အဟောသိကံများဖြစ်သွားရသည်။ပစ္စုပ္ပန်ဘဝတွင် မကောင်းမှုများလုပ်ကာ တိုးတက်ကြီးပွားချမ်းသာနေသူများသည် ကုသိုလ်ကံအကျိုးပေးအားကောင်းနေ၍သာ၊ အကုသိုလ်အကျိုးကံ ငုတ်နေခြင်းသာ။
ဥပပဇ္ဇ္ဗ ဝေဒနိယ ကံများ
ကုသိုလ် အကုသိုလ်ကံအမြောက်အမြားရှိနေ၏၊ ထိုကံများအနက် ကံတစ်ခုက ပဋိသန္ဓေအကျိုးပေးလျှင် ကြွင်းသောကံ များသည် ပဋိသန္ဓေအကျိုးကို မပေးနိုင်၊ ပဝတ္တိအကျိုးကားပေးနိုင်သည်။ပဝတ္တိအကျိုးကိုမှ မပေးရလျှင် ထိုကံများသည် အဟောသိကံများဖြစ်သွားသည်။ ဥပမာ- ပဥ္ဏနန္တရိယကံ ငါးပါးလုံးကို ကျုးလွန်သူသည် အပြစ်အကြီးဆုံး သံဃဘေဒက ကံကြောင့် ဒုတိယဘဝတွင် ငရဲကျ၍ ပဋိသန္ဓေအကျိုးပေးလျှင် ကြွင်းကံများသည် အဟောသိကံများဖြစ်သွားကြသည်။
ဈာန်သမာပတ် ၈ ပါးလုံးရသူသည် သမာပတ် ၁ ပါးသာ ပဋိသန္ဓေအကျိုးပေး၍ ကြွင်းသမာပတ် ကုသိုလ်ကံများသည် အဟောသိကံများဖြစ်သွားကြသည်။
အင်္ဂုလိမာလသည် လူသတ်မှု အကုသိုလ်ကံများစွာပြုလုပ်ခဲ့သော်လည်း အရဟတ္တမဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရသောအခါ ထိုမဂ်ဥာဏ် က အကုသိုလ်သတ္တိမှန်သမျှ ကို အပြီးပယ်သတ်လိုက်သဖြင့် လူသတ်မှု အကုသိုလ်ကံတို့ သည်အဟောသိကံ များဖြစ် သွားကြသည်။
အပရာ ပရိယဝေဒနိယကံများ
ထိုကံများသည် နိဗ္ဗာန်ရ၍ သံသရာစက်ပြတ်မှ အဟောသိကံဖြစ်သည်။ သံသရာစက်ရဟတ်မပြတ်သ၍ အပရာပရိယဝေဒနိယ ကံများသည် သတ္တိမကုန်မချင်း အရိပ်ပမာလိုက်နေကာ အဟောသိကံဖြစ်ရိုးထုံးစံမရှိချေ။ ပရိနိဗ္ဗာန်စံဝင်သွားလျှင် ကုသိုလ်၊ အကုသိုလ်ကံအကျိုးပေးရန် နယ်ပယ် ပုဂ္ဂိုလ်မရှိတော့သဖြင့် ကံဟူသမျှ အဟောသိကံ ဖြစ်သွားသည်။
၎ - ပါကဋ္ဌာန စတုက္က
ပါက =အကျိုးပေးရာဖြစ်သော ဋ္ဌာန = ဘုံဋ္ဌာန၊ တည်နေရာ
မိမိဖြစ်ချင်ရာဖြစ်၍မရ၊ ကံအကျိုးပေးရာ ဘုံဋ္ဌာနတွင် ဖြစ်ကြရသည်။ သတ္တဝါတို့ လုပ်ဆောင်ခဲ့သော ကံ၏စွမ်အားအလိုက်
( ၃၁ ) ဘုံအတွင်းရပ်တည် ကျင်လည်နေကြရသည်။
၁) အကုသိုလ်ကံ ၁၂    နှင့်
၂)  ကာမကုသိုလ်ကံ ၈  တို့ သည်     ကာမဘုံ   တွင် အကျိုးပေးသော ကံပေါင်း ၂၀
၃) ရူပါဝစရ ကုသိုလ်ကံ  ၅ တို့ သည် ရူပဗြဟ္မာဘုံ တွင် အကျိုးပေးသော ကံပေါင်း    ၅
၎) အရူပါဝစရ ကုသိုလ်ကံ  ၄ တို့ သည် အရူပဗြဟ္မာဘုံ တွင် အကျိုးပေးသော ကံပေါင်း    ၎
ဓမ္မစာမျက်နှာ ( ၃၂ )
ကမ္မစတုက္က ကံ ၄ မျိုး ( အပိုင်း ၁)
ကံပြင်ရအောင် ဥာဏ်ကို မလျော့စေနဲ့၊ သတိ၊ဝီရိယ၊ သမာဓိအားများနှင့်ပန့်ပိုးပေး၊
ကံကောင်းချင်သူ များ ကံအကြောင်း သိထားသင့်ပေသည်။
- ကံအဆိုး ကံအကောင်း ခွဲခြားသိမြင်တတ်ရမည်။
- ကံကောင်းများကိုသာ ရွေးချယ်ပြုလုပ် သင့်သည်။
- ကောင်းကျိုးရသလို ဆိုးကျိုးလဲတားစေသည်။
- ကံအကျိုးနှင့် ဘဝသံသရာ ဆက်နေပုံသိသင့်သည်။
- ခန္ဓာ ၅ ပါး ရုပ်နာမ်သံသရာ ဖြစ်ပျက် ဒုက္ခ ရောက်ကြရရှာ
- သံသရာ မလွတ်သေးသ၍ ဒုက္ခမျှသာ
-ကောင်းကံ ဆိုးကံ အကျိုးတွေ အားလုံးကုန်ရာ အမတ နိဗ္ဗာန် ကို ရောက်လှမ်းနိုင် မှသာ။
ကံနှင့်ပတ်သက်၍ကံလေးပါးလေးလီ ၄x၄= ၁၆ပါး
ကိုသိသင့်သည်။
ကမ္မစတုက္က
ထို့ ကြောင့် ကံနှင့်စပ်လျဉ်း၍ ကမ္မစတုက္က ကိုသိထားသင့်သည်။သုတ္တန်နည်းအရ  သုံးမျိုး၊
အဘိဓမ္မာနည်းအရ ၁ မျိုးခွဲထားသည်။
၁)ကိစ္စ စတုက္က  = ကိစ္စ လုပ်ဆောင်မှုစွမ်းအားဖြင့် ကံ ၄မျိုး
၁-၁ --ဇနက ကံ  ( ကုသိုလ် အကုသိုလ်ကံသည် ကိုယ်တိုင်အကျိုးပေးခွင့်ရလျှင် ပေးမည်၊)
၁-၂ ---ဥပထမ္ဘက ကံ (သဘာဝတူသော ကံကို ထောက်ပံ့ခွင့်ရလျှင် ထောက်ပံ့မည်၊)
၁-၃ ---ဥပပီဠက ကံ ( ဆန့် ကျင်ဘက်ကံကို နှောက်ယှက်တားမြစ်မည်)
၁-၄ ---ဥပဃာတက ကံ (အားနည်းသော ကံကို ဖြတ်တောက်ပစ်မည်)
၂) ပါကဒါန ပရိယာယ စတုက္က = ပဋိသန္ဓေ အကျိုးပေးမည့် အစီအစဉ်တကျ တန်းစီစောင့်နေသော အလှည့်အစဉ် အားဖြင့် ကံ ၄ မျိုး၊
၂-၁---ဂရု ကံ (အလွန်အကျိုးအပြစ်ကြီးသောကံ)
၂-၂---အာသန္န ကံ ( သေခါနီး အောင့်မေ့အပ် ပြုအပ်သောကံ)
၂-၃---အာစိဏ္ဏ ကံ  ( နေ့ စဉ်မပြတ် စွဲမြဲစွာလေ့ကျင့်ပြုလုပ်ထားသောကံ)
၂-၄---ကဋတ္တာ ကံ (  အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝတွင် အမှတ်မဲ့ ပြုလုပ်ခဲ့သောကံ)
၃) ပါက ကာလ စတုက္က = အကျိုးပေးချိန် ကာလအားဖြင့် ကံ ၄ မျိုး၊
၃-၁---ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ ( ယခုပစ္စုပ္ပန်ဘဝတွင် ချက်ခြင်းအကျိုးပေးသောကံ)
၃-၂---ဥပပဇ္ဇဝေဒနိယ ကံ (ဒုတိယဘဝတွင် အကျိုးပေးသောကံ)
၃-၃---အပရာ ပရိယ ဝေဒနိယ ကံ = (တတိယဘဝမှစ၍ နိဗ္ဗာန်မရမီစပ်ကြား အကျိုးအဆက်ဆက်ပေးသောကံ)
၃-၄----အဟောသိ ကံ (အကျိုးလုံးလုံးမပေးသောကံ)
အဘိဓမ္မာနည်းအရပြောရလျှင် ပါက ကာလစတုက္က ကံ လေးမျိုး နှင့် ဇော ဆက်စပ်ပုံကိုသိသင့်သည်။
ကမ္မနိယာမအရ ကံတရား တို့ ၏ အကျိုးဖြစ်ထွန်းမှု အချိန်အခါသည် အစီအစဉ်မဲ့ အလိုလို ဖြစ်ချင်ရာဖြစ်လာသည်မဟုတ်၊
အကျိုးပေးရမည့် အချိန်အခါ ( ပါကကာလ) ကို ၄ မျိုးခွဲထားခြင်းကြောင့် ပါကကာလ စတုက္က မည်၏။
၎) အဘိဓမ္မာနည်း - ပါကဋ္ဌာန စတုက္က = အကျိုးပေးရာ ဘုံဋ္ဌာန အားဖြင့် ကံ ၄ မျိုး၊
၎-၁--အကုသိုလ်ကံ -  ဒုဂ္ဂတိဘုံ၌ အကျိုးပေး၊
၎-၂--ကာမကုသိုလ်ကံ -  ကာမသုဂတိဘုံ၌ အကျိုးပေး၊
၎-၃--ရူပဝါစရကုသိုလ်ကံ - ရူပဗြဟ္မာဘုံ ၌ အကျိုးပေး၊
၎-၄-အရူပဝါစရကုသိုလ်ကံ -အရူပ ဗြဟ္မာဘုံ၌ အကျိုးပေး၊
အဘိဓမ္မာလေ့လာသူများ အတွက်
၁) ကိစ္စ စတုက္က
ဇနက ကံ
( ကုသိုလ် အကုသိုလ်ကံသည် ကိုယ်တိုင်အကျိုးပေးခွင့်ရလျှင် ပေးမည်၊)
ဇနက ကံ = ပဋိသန္ဓေအခါ အကျိုးဝိပါက်များဖြစ်စေသည်။
( ဝိပါက်စိတ်၊ စေတသိက် နှင့် ကမ္မဇရုပ်၊ ကံအရင်းခံရှိသော ဥတုဇရုပ်တို့ ကို အကျိုးဝိပါက်ဟုခေါ်ဆိုသည်)
ဥပမာ- ဇနက ကံသည် ပဋိသန္ဓေစိတ်၊ စေတသိက်နင့် ကမ္မဇရုပ်တို့ ကိုဖြစ်စေသည်၊ နတ်ပြည်၌ နတ်ဘုံဗိမာန်များ၊  ငရဲပြည်၌ သင်ဓုန်းစက် စသော ကမ္မပစ္စယ ဥတုဇရုပ်များကိုဖြစ်စေသည်။
ပဝတ္တိအခါတွင် ဒွေးပဉ္စဝိဥာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ စသော နာမ်ဝိပါက်များကို၎င်း၊ စိတ်ဖြစ်တိုင်း
ကမ္မဇရုပ်များကို၎င်း ဖြစ်စေသည်။
အကုသိုလ်ကြောင့် ခွေးဖြစ်ရသော်လည်း
့် ၊ကုသိုလ်ဇနကကံကြောင့် ချမ်းသာသောခွေး ဖြစ်ရသည်။
ကုသိုလ်ကြောင့် လူဖြစ်လာရသော်လည်း
အကုသိုလ် ဇနကကံကြောင့် ရုပ်ဆိုးသောလူဖြစ်ရသည်၊
အကုသိုလ် ဇနက ကံကြောင့် တိရိစ္ဆာန်ဘုံ တွင် ခွေးဖြစ်ရသော်လည်း ထိုခွေးကို လှပအောင်၊ လူချစ်လူခင်
ပေါများအောင်၊ ကျွေးချင်၊မွေးချင်သူပေါများအောင် ပဝတ္တိကုသိုလ် ဇနကကံက ဖြစ်စေပြန်သည်။
ထို့ အတူ ကုသိုလ်ဇနက ကံကြောင့် လူဖြစ်ရသော်လည်း ပဝတ္တိအခါ အကုသိုလ်ဇနက ကံကြောင့်
အဆင်းမလှ၊ အနာရောဂါ ထူပြောစေသည်။
ဥပတၳမ ၻကကံ
(သဘာဝတူသော ကံကို ထောက်ပံ့ခွင့်ရလျှင် ထောက်ပံ့မည်၊)
ဥပတ္ထမ္ဘကကံ ဆိုသည်မှာ အထောက်အပံ့ ပေးသောဟုအဓိပ္ပါယ်ရသည်။ ဥပတ္ထမ္ဘကကံသည် ဇနက
ကံကို၎င်း၊ဇနက ကံ၏အကျိုးကို၎င်း၊ ကူညီထောက်ပံ့သော ကုသိုလ်၊ အကုသိုလ်ကံပင်ဖြစ်သည်။
ဤကံသည် ကိုယ်တိုင်အကျိုးပေးခြင်းငှာ မစွမ်းနိုင်သော်လည်းဇနက ကံအကျိုးပေးခွင့်ရစေရန်၊
အကျိုးပေးထက်သန်စေရန်၊ အကျိုးပေး ကြာရှည်ဖွ့ံဖြိုးစေရန် ထောက်ပံ့ပေးသည်
ဥပမာ-သေခါနီး ဖြစ်လာသောလောဘစိတ်ဇောကို ဤကံကထောက်ပံ့မှုကြောင့် တိဿရဟန်း သင်္ကန်းစွဲ၍
သန်းဖြစ်ရသည်။
ပဝတ္တိအခါ ကုသိုလ်များပြုနေလျှင် ဤကံ၏ထောက်ပံ့မှုကြောင့် ရှေးရှေးကုသိုလ်ကံများ အကျိုးပေးခွင့်ရသည်။
ကုသိုလ်အလှုဒါနများပြုလုပ်သူ သည်ဤကံ၏ထောက်ပံမှုအစွမ်းကြောင့် ပစ္စည်းဥစ္စာချမ်းသာမှု
ပိုပိုထက်သန်အားများကာ ကြာရှည်ချမ်းသာပေမည်။လူ့ ဘဝနတ်ဘဝတာရှည်အောင် ကုသိုလ်ဥပတ္ထမ္ဘက
ကံကထောက်ပံ့ပေးသည်။
အကုသိုလ်ကြောင့်ခွေးဖြစ်၊ အကုသိုလ် ဥပတ္ထမ္ဘက ကံထောက်ပံ့ခြင်းကြောင့် အစာရေစာငတ်ပြတ်သော ခွေးပိန်ခွေးချိဖြစ်နေရ၊
ထို့ အတူအကုသိုလ်ကံများပြုနေလျှင် ရှေးရှေးအကုသိုလ်များအကျိုးပေးခွင့်ရမည်။ အကုသိုလ်ဇောစိတ်ကြောင့်ခွေးဖြစ်ခဲ့သော် ထိုခွေးဘဝ၌ ခွေးပိန်၊ ခွေးချိ အဖြစ်တာရှည်အောန အကုသိုလ်ဥပတ္ထမ္ဘက ကံကထောက်ပံ့သည်။
ဥပပီဠကကံ
( ဆန့် ကျင်ဘက်ကံကို နှောက်ယှက်တားမြစ်မည်)
ဥပ = ကပ်၍  ပီဠက= ညှင်းဆဲနှိပ်စက်တတ်သော  ကမ္မ = ကံ
ဇနက ကံအကျိုးပေးခွင့် မရရန်၊ အခွင့်ရပြန်လျှင်လည်း အကျိုးပေး မထက်သန်စေရန်၊
ကြာရှည်မဖွံ့ ဖြိုးမတိုးတက်စေရန် ကပ်၍ နှိပ်စက်တတ်သောကံဖြစ်သည်။
ဥပမာ- အဇာတသတ်သည် ဘုရားရှင်နှင့်သာသနာတော်ကို ကြည်ညိုသောကုသိုလ်များအကျိုးမပေးစေရန်
ဤကံကတားဆီးကာ ဖခင်ကိုသတ်ခဲ့သော ပိတုဃာတကအကုသိုလ်ကံ အကျိုးပေးမှုကြောင့်
အဝီစိငရဲ၏အခြံအရံဖြစ်သော ဥဒဿ ငရဲငယ်တွင်သာ အကျိုးပေးဖြစ်ခဲ့သည်။
ကုသိုလ်ကံကြောင့်လူဖြစ်၊ ကုသိုလ်ကံများကြောင့် ချောလှရ ချမ်းသာရသော်လည်း
ရှေးရှေးကအကုသိုလ် ဥပပီဠကကံများကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲနေရမည်။
ပဝတ္တိအခါတွင် ဇနက ကံစွမ်းကြောင့် လူ့ ဘဝ၊ လူ့ ခန္ဓာကို ရသော်လည်း ဤကံသည် ကုသိုလ်အကျိုးများ
ကိုကပ်၍တားမြစ်ကာ ရှေးရှေးအကုသိုလ်များ၏အကျိုး နှိပ်စက်မှုတို့ ကြောင့် ရောဂါထူပြောခြင်း၊ စည်းစိမ်
ရာထူးများပျက်ခြင်း၊ဆင်းရဲသွားရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲရခြင်းဖြစ်ရသည်။
ယနေ့ ချမ်းသာသူ
အကုသိုလ် ဥပပီဠကကံ ကပ်၍အကျိုးပေးသဖြင့်
နောက်တနေ့ တွင် ဆင်းရဲသူ
သူတောင်းစားဘဝရောက်သွားနိုင်သည်။
ဤသည်မှာ ကုသိုလ်ကံ၏အကျိုးကို အကုသိုလ်ဥပပီဠကကံကနှိပ်စက်ခြင်းပင်။
ထို့ ကြောင့် ကောင်းမှုများပြုလုပ်သော်လည်း အဘယ်ကြောင့်အကျိုးချက်ခြင်းမခံစားရသနည်း
ဟုမေးခဲ့သူများအတွက် အဖြေပင်၊
ဥပဃာတက ကံ
(အားနည်းသော ကံကို ဖြတ်တောက်ပစ်မည်)
ဥပ = ကပ်၍  ဃာတက =  သတ်တတ်သော ကမ္မ= ကံ
နှိပ်စက်ရုံမက ဇနက ကံကိုလုံးဝအကျိုးမပေးနိုင်ရန်၊ အကျိုးဝိပါက်ကို လုံးဝပြတ်စဲစေရန် ကပ်၍ သတ်ဖြတ်
တတ်သောကုသိုလ်၊ အကုသိုလ်ကံကို ဥပဃာတက ကံဟုခေါ်သည်။ ဥပစ္ဆေဒက ကံဟုလည်းခေါ်သည်။
ဥပဃာတက ကံ  ၂ မျိုးရှိသည်။
ကုသိုလ်ဇနက ကံ၏အကျိုးကို အားကြီးသောကုသိုလ်က ကပ်၍ သတ်ဖြတ်ခြင်း
အကုသိုလ်ဇနက ကံကို အားကြီးသောအကုသိုလ်က ကပ်၍ သတ်ဖြတ်ခြင်း၊
သတ်ဖြတ်ပုံ ကံ ၃ မျိုး
(၁)ကံတပါး၏အကျိုးကို သတ်ရုံသာသတ်ပြီး နောက်ထပ်အကျိုးမဆက်စေတော့သော ဥပဃာတက ကံ၊
ဥပမာ- ကုသိုလ်ကံအကျိုးကြောင့်ရထားသောစက္ခုပါလမထေရ်၏ စက္ခုပသာဒ သည် ရှေးဆေးဆရာဘဝက
ပြုခဲ့သော အကုသိုလ်ကံကြောင့် ပျက်စီးသွားရသည်။
အရှင်မောဂ္ဂလာန်၏ ရှေးကအမိအဘကိုသတ်ခဲ့သောအကုသိုလ်ကံကြောင့် ခိုးသားငါးရာ၏လက်ချက်ဖြင့်
ပရိနိဗ္ဗာန်စံ တော်မူရခြင်း၊
(၂)ကံတပါး၏အကျိုးကို သတ်ပြီး နောက်ထပ်အကျိုးမဆက်စေဘဲ အခြားသောဇနကကံကို အကျိုးပေးခွင့်ပြု
သော ဥပဃာတက ကံ၊
ဥပမာ- ဗိမ္ဗိသာရမင်းသည် ရှေးဘဝက သံဃာတော်များအတွက်ခင်းထားသော အခင်းပေါ်တွင် ဖိနပ်စီးခဲ့
သောအကုသိုလ်ကံကြောင့် ခြေဖဝါးကိုဓားဖြင့်ခွဲခံရသည်၊ ကွယ်လွန်သောအခါထိုကံကဆက်မလိုက်ဘဲ
အခြားသောကုသိုလ်ဇနက ကံက အကျိုးပေး၍ စတုမဟာရာဇ်နတ်ပြည်တွင် ဇနဝသဘနတ်သားဖြစ်ရသည်၊
- သာမာဝတီနှင့် မောင်းမငါးရာတို့ သည် ရှေးကအရှင်ပစ္စေကဗုဒ္ဓတစ်ပါးကို မီးတိုက်ခဲ့ဖူးသော အကုသိုလ်
ဥပဃာတကကံကြောင့် မီးလောင်ပြီးကွယ်လွန်ကြရသည်။သေပြီးထိုကံကဆက်မလိုက်ဘဲ အခြားသော
ကုသိုလ်ကံကို အခွင့်ပေးလိုက်၍ နတ်ပြည်၊ ဗြဟ္မပြည်တွင် ရောက်ကြရသည်။
(၃) ကံတပါး၏အကျိုးကို သတ်ပြီး နောက်ထပ်မိမိကိုယ်တိုင်ပင် ပဋိသန္ဓေအကျိုးကိုဆက်လက်ပေးသော
ဥပဃာတက ကံ၊
ဥပမာ-ဒုဿီမာရ်နတ်သည် ကဿပဘုရားရှင်၏ အဂ္ဂသာဝက အရှင်ဝိဓုရကို ကျောက်ခဲနှင့်ပေါက်ခဲ့၍ ထို
အကုသိုလ်ကံက မာရ်နတ်၏ခန္ဓာအစဉ်ကိုသတ်ဖြတ်လိုက်ကာ အဝီစိသို့ ရောက်အောင် ဤကံက
အကျိုးထပ်ပေးလိုက်သည်။
- နန္ဒဘီလူးသည် အရှင်သာရိပုတ္တရာ၏ဦးခေါင်းတော်ကိုခေါက်သဖြင့် ထိုအကုသိုလ်ကံကြောင့် ထိုဘီလူး၏
ခန္ဓာအစဉ် ကိုသတ်ဖြတ်ကာ အဝီစိသို့ ရောင်အောင် ဥပဃာတက ကံကအကျိုးထပ်ပေးလိုက်သည်။
ဥပဃာတက ကံ ၂ မျိုး
၁- ကုသိုလ်ကို ကုသိုလ်က သတ်ခြင်း၊
ကုသိုလ်ဇနကကံ၏ အကျိုးကို ပိုမိုအားရှိသော ကုသိုလ်တစ်မျိုးက သတ်သော ဥပဃာတကကံ၊
၂- အကုသိုလ်ကို အကုသိုလ်ကသတ်ခြင်း၊
အကုသိုလ်ဇနက ကံ၏အကျိုးကို အကုသိုလ်တစ်မျိုးက သတ်သော ဥပဃာတက ကံ၊
ဇနက ကံနှင့် ဥပဃာတက ကံတို့ ၏အထူးမှတ်ဖွယ်
ဇနက ကံသည် ကံတစ်ပါး၏ အကျိုးကို မတားမြစ်၊ မိမိအကျိုးကိုသာပေးတတ်သည်။
ဥပဃာတက ကံသည် ကံတစ်ပါး၏အကျိုးကို သတ်ဖြစ်ပြီးမှ မိမိ၏ အကျိုးကိုပေးတတ်သည်။
အပိုင်း( ၂ ) သို့ ဆက်လက်ဖတ်ရှုပါရန်
ဓမ္မစာမျက်နှာ (၃၁)
ကံကောင်းချင်လျှင် ကံကို ဥာဏ်ဖြင့်ပြင်
ကမ္မနိယာမ -ကမ္မအဓိပ္ပါယ် နှင့် အနှစ်သာရ
ကံဆိုသည်မှာ ကမ္မဟူသော ပါဠိမှဆင်းသက်လာသောမြန်မာဝေါဟာရဖြစ်သည်။
ကမ္မ ( ကရ်မ ဟုအသံထွက်ရွတ်ဆိုရပါမည်) ဆိုသည် ပြုလုပ်မှုပင် ဖြစ်သည်၊ အမှန်တွင် ကျမ်းဂန်နည်းကျ ပြောရလျှင် တစ်စုံတစ်ခုကို ကိုယ်ဖြင့်ပြုလုပ်မှု (ကာယက)ံ၊ နှုတ်ဖြင့်ပြောဆိုမှု ( ဝစီကံ) ၊စိတ်ဖြင့်ကြံစည်မှု ( မနောကံ ) တခုခုဖြင့်ပြုလုပ်သောအခါ စိတ်တွင်ပေါ်လာသော ”စေတနာ”  စေတသိတ် ကိုဆိုသည်။
ကောင်းသောအလုပ်ဖြစ်စေ၊ မကောင်းသောအလုပ်ဖြစ်စေ စေတနာစေတသိက်သည် အာရုံအပေါ်မှာ ကိုယ်တိုင်ပါဝင်ခေါင်းဆောင်ပြုကာ အခြားသောစေတသိတ်များကိုလည်း တိုက်တွန်းစည်းရုံး ဆောင်ရွက် စေသည်။အများခေါ်ဝေါ်နေသော ကံဆိုသည်မှာ အလုပ်တခုပြုလုပ်ရာတွင် လူတစ်ဦး၏ စိတ်အတွင်း၌ပေါ် ပေါက်လာသောစေတနာ စေတသိက် ကလေးသာဖြစ်ပေသည်။
ကမ္မနိယာမ အားလုံး နားမလည်က စိတ်မပျက်ရ
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်ဆရာသင်ပြလမ်းညွှန်မှုကို မခံယူရဘဲ  သဗ္ဗညုတဘုရားရှင်ဖြစ်တော်မူမည့် ညသန်းခေါင်ယံကာလ တွင် ကိုယ်တော်တိုင် ထူးခြားလှစွာသော အသိဥာဏ်ထူးဖြင့် ကံနှင့်ပတ်သက်ပြီးအရာခပ်သိမ်းကို သိမြင်နားလည်ခဲ့ပေသည်။ ဗုဒ္ဓမြတ်စွာ၏ ဧတဒဂ်ရ အတော်ဆုံးတပည့်သာဝကများသည်ပင် ကံနှင့်ပတ်သက်ပြီးအလုံးစုံကို သိမြင်နားလည်ဘို့ ရန် စွမ်းနိုင်ခြင်းမရှိကြပေ။
ထို့ ကြောင့်ကံနှင့်ပတ်သက်သမျှ အလုံးစုံ နားမလည်က စိတ်မပျက်သင့်ပေ။
ကမ္မနိယာမ
ဗုဒ္ဓဘာသာတွင်အခြေခံကျသော အယူအဆမှာ ကမ္မနိယာမ ဖြစ်သည်။ ကောင်းသောအလုပ်စေတနာကံ သည်ကောင်းကျိုးပေး၍ မကောင်းမှုစေတနာကံသည် မကောင်းကျိုးပေးမည် ဟူသောသဘာဝနိယာမကို ကမ္မနိယာမဟုခေါ်ဆိုအပ်ပေသည်။
ကံ၏စွမ်းရည်-သတ္တိ
ရုပ် နှင့် နာမ်တို့ သည် ချက်ချင်းဖြစ်၍ချက်ချင်းချုပ်ပျောက်နေကြသည်။
ထို့ ကြောင့်နာမ်တရားဟူသောစေတနာ စေတသိက်သည် ဖြစ်ပေါ်ကာချုပ်ပျောက်ကြ၏၊ သို့ သော် တခြားနာမ်စေတသိတ် များနှင့် မတူသောအချက်မှာ ထိုစေတနာစေတသိက် ချုပ်ပျောက်သောအခါ စွမ်းရည်သတ္တိဓါတ်များကျန်ရစ်ခဲ့သည်။
ထိုစွမ်းရည်သတ္တိဓါတ်ကို ဘယ်နေရာတွင်သိမ်းထားလိုက်သည်ကို မသိနိုင် မပြောနိုင်၊ သို့ သော်အကျိုးပေးရန် အခွင့်သာလာသောအခါ ထိုကံစေတနာ၏ စွမ်းရည်သတ္တိ သည် အကျိုးအဖြစ်ပေါ်ပေါက်လာတော့သည်။ ကောင်းသောစေတနာကံသည် ကောင်းကျိုးပေး၍ မကောင်းစေတနာကံသည် မကောင်းကျိုးရစေသည်။
ကံထိုက်သော စေတနာ
ပြုလုပ်မှုအရာတွင် စေတနာစေတသိတ် သည်သာလိုရင်းပဓာဏဖြစ်သည်။ စေတနာပါရှိမှသာလျှင်အထ မြောက်ကံမြောက်သည်။
ဥပမာ- မိမိလမ်းလျောက်သွားသော် ခြေဖဝါးအောက်တွင် ဖိမိ၍အသက်သေသွားကြရသော ပိုးကောင် ပေါင်းများစွာရှိသော်လည်း သေစေလိုသော စေတနာနှင့်သတ်ခြင်းမဟုတ်၍ ပါဏာတိပါတ အသက်သတ်ခြင်း
ကံမမြောက်၊သို့ သော်ခြင်တကောင်ထဲကို သေစေလိုသောစေတနာဖြင့် သတ်လိုက်၍သေသွားသော် ပါဏာတိပါတသူများအသက်သတ်ခြင်းကံထိုက်သွားသည်။
ထို့ ကြောင့် ” စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” = စေတနာကို ကံဟု ငါဘုရားဟောတော်မူ၏ ဟုမြတ်စွာ ဘုရားဟောကြားခဲ့သည်။
ကံ၏သဘောသည် သိမ်မွေ့ ၏၊ အင်အားသတ္တိလည်းကြီးမားသည်။ ကမ္ဘာများစွာခြားသော်လည်းအကြောင်း တိုက်ဆိုင်လာသောအခါ ထိုကံမျိုးစေ့မှ အကျိုးပေးသဖြင့် ပဋ္ဌာန်းဒေသနာအရ ” နာနာက္ခဏိကကံ” ဟုခေါ်သည်။
အဘိဓမ္မာအရပြောရလျှင် ဝီထိစိတ်အစဉ်တွင် ၂၉ ပါးသောဇောစိတ်တို့ ၌ယှဉ်သည့် စေတနာသာလျှင် နောင်ဘဝ အတွက်အကျိုးပေးနိုင်စွမ်းရှိသော ကံသတ္တိဖြစ်သည်။ ထိုဇောစိတ်များသည် ပုထုဇဉ်၊ အရိယာအားလျော်စွာ
ဇောစိတ်( ၅၅ ) ပါးမှ လောကီကုသိုလ်ဇော (၁၇ ) ပါး - ( မဟာကုသိုလ် ၈ပါး နှင့် မဟဂ္ဂုတ်ကုသိုလ် ၉ ပါး)
နှင့် အကုသိုလ်ဇော (၁၂) ပါး ပေါင်း ၂၉ ပါးသည်သာ ကံဆိုသော စေတနာဖြစ်စေသည်။
အမှားဝါဒ ပယ်လိုက်ကြ
ကံသက်သက်ယုံသောအမှား ဝါဒ
ကံတခုတည်းကိုသာ လုံးလုံးယုံကာ မကောင်းလည်းကံ၊ ကောင်းလည်းကံ ဟုအတိတ်ကံကိုသာလုံးဝပုံချ လျှင်လည်းဒိဋ္ဌိအယူမှားပင် ( ပုဗ္ဗေကတဟေတုဒိဋ္ဌိ)
အတိတ်ကံတခုတည်းကိုသာ အားကိုးကာ ပစ္စုပ္ပန် ကံ၊ ဥာဏ်၊ ဝီရိယတို့ ကို လျစ်လျုရှုလိုက်ပါကမိမိကိုယ်
ကိုအားကိုး လိုစိတ်မရှိတော့ဘဲအတိတ်၏ကံအပြစ်များဟုသာဆိုနေရာ၏။ ကံကိုယုံ၍ ဆူးပုံမနင်းသင့်၊
ကျားရဲရာ ကြမ္မာမယိုးသာ ဟူသောစကားပုံများရှိခဲ့သည်၊  အယူမှားက (သို့ ) ကံအကြောင်းကိုနားမလည်
လျှင် လူကောင်းကို လူဆိုးလူညံ့ဟု၊ လူဆိုးကို လူတော်လူကောင်းဟု ထင်ယောင်မှားသွားတတ်သည်။
ဖန်ဆင်းရှင်ယုံသော အမှားဝါဒ
သတ္တဝါတွေတွေ့ ကြုံနေရသည့် ခံစားမှုအားလုံးသည် အစိုးရသော တန်ခိုးရှင် ( creater  ) ကဖန်ဆင်း ထား၍သာဖြစ်သည်ဟုယူဆ ယုံကြည်လျှင် ဒိဋ္ဌိအယူမှားပင် ( ဣဿနိမ္မာန ဝါဒ)
ဖန်ဆင်းရှင် တန်ခိုးရှင်သည် သတ္တဝါများ ကို မတူအောင်အဘယ်ကြောင့်ဖန်ဆင်းရသနည်းဟုမတွေးတော့၊
မိမိကိုသူ့ အသက်သတ်သောသူ၊ သူ့ ဥစ္စာခိုးသူများ ဖြစ်အောင်အဘယ်ကြောင့် ဖန်ဆင်းရသနည်းဟုမစဉ်း စားတော့။ချမ်းသာသူနှင့်ဆင်းရဲသူ အဘယ်ကြောင့်ကွဲပြား၍ ဖန်ဆင်းရသနည်းဟုမမေးချင်တော့၊ တန်ခိုးရှင်၏ဖန်ဆင်းမှုတခုတည်းကိုယုံကြည်စွဲမှတ်ထားသူသည် အမှုတခုကို ကောင်းသည်၊ မကောင်းသည်၊
ပြုသင့် သည် မပြုသင့်သည် မစဉ်းစား ဥာဏ်နှင့် ဝီရိယကို မသုံးတော့ချေ။ ဖန်ဆင်းရှင် အလိုအတိုင်းဟုသာ
သတိလက်လွတ်မကောင်းမှု မှန်သမျှ ဆက်လုပ်နေမည်သာ။
ကျိုးကြောင်း မဲ့ ယုံသော အမှားဝါဒ
သတ္တဝါများ တွေ့ ကြုံခံစားနေရသော ဆင်းရဲမှု၊ ချမ်းသာမှုအားလုံးသည် အကြောင်းအထောက် အပံ့ မရှိဘဲ
သူ့ အလိုလို ဖြစ်ပေါ်လာသည်ဟု ယုံကြည်သော ဒိဋ္ဌိအယူမှား ( အဟေတု အပ္ပစ္စယ - ဝါဒ)
အယူမှန်မှ ကံကောင်းရ ၊ ကံ၊ဥာဏ်၊ဝီရိယ ယုံလိုက်ကြ။
ကောင်းကံလုပ်လျှင်-  ကောင်းကျိုးပေးမည်။
မကောင်းကံလုပ်လျှင် - မကောင်းကျိုးပေးမည်။
ကံအကြောင်းကို သိလိုလျှင် ကမ္မနိယာမကို သိရမည်။
ကံ၏အကျိုးကို ယုံ၊ ဥာဏ်ဖြင့် ချင့်ချိန်၊ ကောင်းကံဖြစ်အောင် ဝီရိယစိုက်၊
မင်းကြောင့်၊ မင်းအပြစ်၊ မင်းအမှား ဟုသာပြောတတ်ကြသည်၊
အမှန်စင်စစ် ကိုယ့်အပြစ် ဝိပါက် ကံဆိုးများသာ၊      
ဆိုးကံကြုံက သူတစ်ပါး အပြစ်မတင်ရ ၊ အမှန်စင်စစ် ကိုယ့်အပြစ်
ကံဆိုသည် အကျိုးပေးတတ်သည့်အရာဟုနားလည်ထားပါက ကံဆိုးကြုံက သူတစ်ပါးကို အပြစ်ပုံချ နေစရာ
မလို။ ဤဘဝဆင်းရဲရခြင်း၊ အဆိုးကံနှင့်သာကြုံနေရခြင်း၊ အရှုံးနှင့်သာရင်ဆိုင်နေရခြင်း၊ ရောဂါဝေဒနာ
ဆိုးများခံစားနေရခြင်းသည် အမှန်စင်စစ် လွန်ခဲ့သောအချိန်များက မိမိသာပြုခဲ့မိသော ကံစေတနာအဆိုး
များကြောင့်ပင်။ အမှန်စင်စစ် မိမိအပြစ်များသာ၊
ကောင်းမှုလုပ်သော်လည်း ဘာကြောင့် ဆင်းရဲဒုက္ခရောက်ရသလဲဟူ၍ မေးခွန်းများစွာ ထုတ်တတ်ကြသည်။
ယခုဘဝတွင် ကောင်းမှုများလုပ်နေသော်လည်း အကုသိုလ်ဆိုးကံဆိုးများနှင့်သာကြုံတွေ့ နေရသူသည်
်အတိတ်က ဝိပါက်ကံဆိုးများအလှည့်ကျနေချိန်ကြောင့်ဟုဖြေရမည်။
မကောင်းမှုလုပ်သော်လည်း ဘာကြောင့် ချမ်းသာအောင်မြင်မှုတွေ ရနေရသလဲဟုမေးသော်
ယခုအချိန် အကုသိုလ်အလုပ်များဖြင့်အသက်မွေးမှုပြုနေသော်လည်း အတိတ်ကံကောင်း၏အကျိုးက
ရနေချိန်ကြောင့် ယခုချမ်းသာနေသေးသည်ဟု ယုံရမည်။ယခုလုပ်နေသော မကောင်းမှုတို့ ၏အကျိုး
ပေးချိန် ရောက်လာသော် မကောင်းမှုကံဆိုးများကြုံရမည်မှာ မလွဲပင်။
ကံကောင်းချင်လျှင်
ကံကောင်းချင်သည်ဟု အော်ဟစ်ကာ ဆုတောင်းနေရုံနှင့်မရ။
ကံကောင်းအောင် ဘယ်သို့ လုပ်ရမည်ကို ဥာဏ်ဖြင့်စဉ်းစားကာကောင်းကံကို ဝီရိယသုံးကာကြိုးစားပါ။
ဥပမာ- တောင်ပေါ်သို့ တက်ချင်လျှင် တက်ချင်သည်ဟု ဟစ်အော်ငိုကျွေးနေ၍ တောင်ပေါ်သို့ မရောက်။
ဥာဏ်ဖြင့် သက်သာသောလမ်းကို ရွေးကာ ဝီရိယအားထုတ်ပြီး တောင်ပေါ်သို့ တက်ရပေမည်။
ကံ၏အကျိုးပေးပုံလေ့လာလျှင် ပို၍အမြင်မှန်လာပေမည်။
ကံကိုယုံကြည်ရမည်။ကံအကျိုးပေးကိုယုံကြည်ရမည်။ ကံကျိုး၊ ဥာဏ်ကျိုးများကို ကွဲကွဲပြားပြား ခွဲခြားမြင်တတ်သည့် မှန်သောအယူရှိရမည်။
ကံစေတနာ အကျိုးပေးပုံ ဥပမာ
နေ + ရေ + မြေ တို့ ထောက်ပန့် မှုကြောင့်  သရက်သီးများသီးရသည်။
သရက်ပင်တွင်အသီးမသီးခင်ကြည့်ကြစို့ ၊ အသီးတွေကို အဘယ်အရပ်တွင်သိမ်းဆည်းထားသည်ကို မပြောနိုင်၊
နေရောင်၊စိုထိုင်းမှု၊ ရေအစရှိသည့် အခြေအနေများ ပေါင်းဆုံမိကြသောအခါ သရက်သီးများ သီးပွင့်လာကြသည်။
ထိုနည်းအတိုင်းပင် မိမိပြုလုပ်သမျှ ကံစေတနာသည် နောင်ကာလတွင် အကျိုးတရားများ ပေးမည်ဟု ယုံကြည်လက်ခံ ထားရမည်။
ဖန်ဆင်းရှင်သည် ကံသာလျှင်
ငယ်ရွယ်စဉ်သေဆုံးခြင်း  အသက်ကြီးမှသေဆုံးခြင်း
အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(သူတပါးအသက်သတ်ခဲ့၊ကြမ်းကြုတ်ရက်စက် ၊ သွေးစွန်းလက်များကအသက်တို၍ နဲက အသက်ရှည်ရသည်။)
ကျမ်းမာရခြင်း   ရောဂါများခြင်း
အနာရောဂါများခြင်း၊ နည်းခြင်း၊
(သတ္တဝါများကိုညှင်းပန်းနှိပ်စက် ရက်စက်မှုများများခဲ့လျှင် အနာရောဂါများ၍ မများခဲ့လျှင်ကျမ်းမာ၏။)
ရုပ်ချောသူ    ရုပ်ဆိုးသူ
အဆင်းချောလှသူ၊  ရုပ်ဆိုးသူဖြစ်ရခြင်း၊
(အမျက်ဒေါသ မကြီးက မေတ္တာစိတ်အားများခဲ့က ချောလှရသလို အမျက်ဒေါသများ စိတ်တိုစိတ်မချမ်း
သာမှုများသူရုပ်ဆိုးရပေသည်၊)
ဆင်းရဲခြင်း  ချမ်းသာခြင်း
ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊
(ရဟန်း၊သူတော်ကောင်း ကိုအစားအစာ၊ အဝတ်အထည်၊ ယာဉ်ရထားပေးလှုခဲ့မှုကြောင့် ချမ်းသာရ၊
မပေးလှုခဲ့သူ ဆင်းရဲရ၏)
အမျိုးမြင့်သူ အမျိုးညံ့သူ
အမျိုးညံ့ ခြင်း၊ အမျိုးမြတ်ခြင်း၊
(ခက်ထန်မာနကြီးမားက အမျိုးညံ့ရာမွေးဖွားကာ မာန်မာနမကြီး ရိုသေသူကိုရိုသေတတ်သူ
အမျိုးမြတ် ဘဝမွေးဖွားရ၏)
ဥာဏ်ကောင်းသူ  ဥာဏ်ထိုင်းသူ
ဥာဏ်ထိုင်းခြင်း ၊ ဥာဏ်ကောင်းခြင်း၊
(ပညာရှိသူတော်ကောင်းများထံ မသိသည်များ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိတရားများ၊ ပြုသင့်
မပြုသင့်အရာများကို လေ့လာချည်းကပ် မေးမြန်းစုံစမ်းမှုမပြုခဲ့က ဥာဏ်ထိုင်းရ၊ပြုခဲ့က ဥာဏ်ကောင်းရ၏)
ကံကောင်းလိုလျှင် ကံကိုပြင် ဖန်ဆင်းရှင်သည် ကံသာလျှင်
မိမိဘဝသံသရာတွင် သုခနှင့် ဒုက္ခကို စံစား ခံစားဘို့ ရာ မိမိတစ်ဦးတည်းသာလျှင် တာဝန်ရှိသည်ကို
နားလည်လာပါက---မကောင်းမှုမှန်သမျှကိုရှောင်ကာ---- ကောင်းမှုမှန်သမျှဆောင်စေရန် ကြိုးစားရ
ပေမည်၊
မိမိ၏အနာဂတ် ကောင်းမွန်ရေးအတွက် မိမိသည်သာစွမ်းဆောင်ရှင်။ မိမိတစ်ဦးတည်းသာ ဖန်ဆင်းရှင်ဖြစ်
တော့သည်။ သူတစ်ပါး မည်သူ အခြားသူတစ်ဦးဦးကိုမှ မှီခိုအားထားအားပြုစရာမလိုကြောင်းသိလာရသည်။
ကမ္မနိယာမသဘောတရားကို သိရှိနားလည်လာသူသည် မိမိဘဝကို မိမိကိုယ်တိုင် ရေးဆွဲနိုင်၊ ပုံသွင်းနိုင်စွမ်းရှိ
လာမည်။
ကံအကျိုးပေး ကာလ ၃ ပါး
ယခုမျက်မှောက်ဘဝ တွင် အကျိုးပေးသောကံ
နောက်ဒုတိယဘဝ တွင် အကျိုးပေးသောကံ
နောက် တတိယဘဝမှစ၍ သံသရာမှလွတ်မြောက်သွားသောကာလအထိ အကျိုးပေးတတ်သော ကံ
ကံကို ဥာဏ်ဖြင့်ပြင်
ကိလေသာမှန်သမျှသည် ကံကိုဖြစ်စေသည်။ ဥာဏ်ရှိက ဥာဏ်ကိုသုံးက ကံကိုပြတ်စေသည်။
ကာယကံ၊ ဝစီကံ၊ မနောကံ များကို ဖြစ်စေမည့်ကံစေတနာမှန်သမျှကို မနောထဲမှာဥာဏ် ထဲ့ ထဲ့သုံး၍
( သမာဒိဋ္ဌိဥာဏ်) ဖြင့် ကံကိုဖြတ်ဖြတ်သွားရမည်။
စေတနာကောင်းမှ ကံကောင်းမည်။ စေတနာဆိုးက ကံဆိုးပေမည်။ စေတနာမွဲလျှင် ကံမွဲပေမည်။
မည်သို့ ဥာဏ်ဖြင့်ဖြတ်ရမည်နည်း။
မြင်လျှင်မြင်သည်ဟု၊ ကြားလျှင်ကြားသည်၊ နံလျှင်နံသည်၊ စားလျှင်စားသည်၊ ထိလျှင်ထိသည်၊
တွေးလျှင် တွေးသည် ဟု မနောထဲတွင်ဥာဏ်ဖြင့် သိသိနေခြင်းသည် ကိလေသာဒုက္ခများကို မှန်ကန်သော
အသိရှိလိုက်တိုင်း ပယ်၍ပယ်၍ နေနေခြင်းမည်၏၊ ထိုသို့ သိတိုင်းသိတိုင်း မှတ်တိုင်းမှတ်တိုင်း မှတ်စရာ၊
သိစရာရုပ်ကတမျိုး၊ မှတ်သိနေသည့်နာမ်က တမျိုးဖြင့် ဒီရုပ်၊ ဒီနာမ် ဒီနှစ်ခုသာရှိပါလားဟု ကိုယ်ပိုင်ဥာဏ်
ဖြင့် ရှင်းရှင်းသိလာမည်။
ဥာဏ်ဖြင့်ရှုမှတ်ဖန်များလာသောအခါ သမာဓိအားကောင်းလာသည်နှင့်အမျှ ဤရုပ် ဤစိတ် မျက်စိ
တမှိတ်ခန့် မှာ တရိပ်ရိပ်နှင့်ဖြစ်ဖြစ်ပြီး တခဏချင်း ပျောက်ပျောက်သွားသည်ကို ဥာဏ်ယှဉ်ကာ
မြင်အောင်သိ၊ မြင်အောင်ကြည့် တတ် လာမည်။ မမြဲခြင်းကို သိနေသောဥာဏ်မရရအောင် အသိကို
သတိနှင့်ယူကြရမည်။
ကိုယ်ထဲ စိတ်ထဲတွင် အခံရခက်မှုများ ပိုပိုသိသိလာလေ ဥာဏ်ဖြင့်ဤသည်ကားဒုက္ခများပါတကား ဟု
သိမြင်တတ်ရမည်။
မှတ်သိသမျှ ရုပ်နာမ်များသည် ငါမပိုင်၊ငါ့အလိုအတိုင်းမဖြစ်ကြ၊ သူ့ သဘောအတိုင်းသူ ဖြစ်ပျက်နေကြပါ
ကလား ဟုဥာဏ်ဖြင့် သိသိလိုက်ခြင်းသည် ကိလေသာမဝင် ငါစွဲ ဒိဋ္ဌိစွဲ ပြုတ်မည့်လမ်းစဉ်ပင်။
အတိုချုန်းပြောရလျှင် ဝိပဿနာဥာဏ်ဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ နုပဿနာဥာဏ်များဖြင့် နေနေခြင်း
သည် ကံကို ဥာဏ်ဖြင့်ဖြတ်နေခြင်းပင်။
အချိန်ကောင်းကို ကုသိုလ်ဖြစ်ဘို့ အသုံးချ
ယခုရရှိနေသော အချိန်ကောင်း၊ ဘဝကောင်း၊ ကာလကောင်းတွင် အကောင်းဆုံးကျင့်စဉ်များကိုကျင့်နေ
ခြင်း၊ လောဘ၊ဒေါသ၊ မောဟ၊ မာန မခြံရံသော ကုသိုလ်ကာယကံ၊ ကုသိုလ်ဝစီကံ၊ ကုသိုလ်မနောကံများ
သဒ္ဓါ တရားရှိသောအခါ ပြုလုပ်အားထုတ်နေခြင်းသည် ကံမဦးခင် ဥာဏ်ဦးနေခြင်းပင်၊
ကံကောင်းချင်သောကြောင့် ကံကိုပြင်သည်တော့လက်ခံပါပြီ၊
အဘယ်ကြောင့် ကောင်းကံကိုပါ ဥာဏ်ဖြင့် ဖြတ်ရမည်နည်း၊
ကုသိုလ်ကောင်းမှုများကြောင့် နောက်ဘဝ ကောင်းသော လူ၊ နတ်၊ ဗြဟ္မဘဝရချင်သေးသည်။ ပါရမီ
ဖြည့်ဆဲပုဂ္ဂိုလ်များသည် မကောင်းသော အကုသိုလ်စေတနာကံများကို ရှောင်ကာ ကုသိုလ်ကောင်းမှု
လုပ်တိုင်းလုပ်တိုင်း ဥာဏ်ဖြင့်ယှဉ်ထားရမည်။
ကံပြုလုပ်နေသမျှ အိုနာသေ ထပ်ရအုံးမည်။ ၃၁ ဘုံတွင် ဒုက္ခပင်လယ်ဝေရပေအုံးမည်။
အဘိဓမ္မာအရပြောရလျှင် မဟာကုသိုလ်စိတ်များ ၊ မဟဂ္ဂုတ်စိတ်များ ဈာန်စိတ်များဖြင့်နေခြင်းသည်
ကောင်းပေသည်။သို့ သော် ခန္ဓာရခြင်းသည် ဆင်းရဲခြင်းပင်။ ဒုက္ခကိုတောင်းနေခြင်းပင်။
သံသရာမလွတ်သမျှ ဒုက္ခ
ဒုက္ခခန္ဓာကို မည်သည့်အတွက်ကြောင့်တောင်းတချင်ရသနည်း၊
ဒုက္ခခန္ဓာကို သုခထင်နေသူများ၊ ဒုက္ခခန္ဓာကိုဒုက္ခဟုမသိသူများအတွက် ဘဝကိုတောင့်တနေနေအုံးမည်သာ၊
ခလေးအသိမျှသာရှိသေးသူ၊ နားလေးနေသေးသူ၊ပါရမီအခွင့်လမ်း အမိမဖမ်းချင်သေးသူ၊ ကိလေသာကို
အဖော်လုပ်ကာ သုဿန်ပေါင်းများစွာသွားချင်နေသူဟုသာယူဆ၍ မသိသူကျော်သွား၊ သိသူဖော်စားဟု
သော စကားအရ  ဘုရား၏ အဆုံးအမ တရားများအနားမှာရှိနေပါလျက် မမြင်သူ၊ မကြားသူ၊ မသိသူများ
မဖြစ်စေရန်ကြိုးစားသင့်သည်။
အရိယာတို့ သွားသောလမ်းနှင့်ပြုသောကံ
အရိယာသူတော်ကောင်းများ၊ စူဠသောတပန်များ၊ ကလျာဏပုထုစဉ်များသည် မိမိအတွက်ရော သူတပါး
အတွက်ပါ သံဝေဂဥာဏ်၊ တရားအသိ ဝိပဿနာအသိများ လူအားလုံးတွင်ကိန်းကြစေရန် ဘုရားစကား
တရားများကို  ဆက်၍ဆက်၍ လေ့လာသင်ယူ မှတ်သားကာ ကျင့်ရင်းကြံရင်း အားထုတ်ရင်း၊ ပြောရင်း
ဟောရင်းရှေ့ ဆက်၍ သာ တကြောင်းတည်းသော မဂ္ဂင်လမ်းသို့ လျောက်ကြစေရန် တိုက်တွန်းနေမည်သာ။
ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ကံကိုယ်ရေး၊ သံသရာ့ဘေးမှ လွတ်အောင်ပြေး
သူတော်ကောင်းများဖြစ်က ကောင်းသောမဂ္ဂင်လမ်းကိုသာအချင်းချင်းကူညီအားပေးတိုက်တွန်းကြရ
မည်သာ ။
သင်သည်သူတော်ကောင်းဖြစ်ခဲ့သော် သူတော်မကောင်းများတွေ့ က တတ်နိုင်သမျှလမ်းညွှန်ပြပေးကာ တရား
စကား လက်မခံ မိမိအားရန် ပြုပြောဆိုမှုလုပ်လာလျှင် ဆိတ်ဆိတ်နေ သည်းငြီးခံ၍ အခွင့်သာကဆက်ဟော
ကြရင်းနေနေရမည်၊
ကိုယ့်ပိုင်ဥစ္စာသည် မိမိပြုသောကံသည်သာ။
ထိုကံသည်သာ သံသရာသို့ လိုက်မည်ဆိုသည့်အတွက်ကြောင့် မိမိကံကို မိမိပြင်၊ အသိဥာဏ်ဖြင့်ယှဉ်။
ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ကံကိုယ်ရေး၊ သံသရာဘေးမှ ပြေးထွက်မရသေးခင် တရားကို ဥာဏ်နှင့်
သာဆင်ခြင် နေကြပေတော့၊
ကံကိုဥာဏ်ဖြင့်ဖြတ်နေသူများ - အရိယာပုဂ္ဂိုလ် ၄ ဦး
သောတပန်၊ သကဒါဂမ်၊ အနာဂါမ်၊ ရဟန်းတာဟူသော အရိယာပုဂ္ဂိုလ် ၄ ဦးတို့ သည် ဤဘဝတွင် ဤ
ဒုက္ခခန္ဓာကြီးကို အသုံးချကာ ကံစေတနာကို အကုသိုလ်ဘက်မရောက်အောင်၊ ကိလေသာများဝင်ခွင့်
မရလေ အောင် ဥာဏ်ဖြင့်အသိကို ဥာဏ်ယှဉ်ထားကာ ကံဖြတ်နေသူများပင်ဖြစ်သည်။
ရဟန်းတာပုဂ္ဂိုလ် ကာယကံ၊ ဝစီကံ၊မနောကံများကို မနောဥာဏ်ဖြင့် အပြီးပယ်သတ်ဖြတ်ထားသူဖြစ်
သည်။ကိလေသာများဝင်ခွင့်မရတော့ချေ။ ကိလေသာအားလုံး၊ သံယောဇဉ်အားလုံး၊ အာသဝေါ
အားလုံး ကုန်ဆုံးအောင် ပယ်သတ် ထားနိုင်သူဖြစ်သည်။
အနာဂမ် ပုဂ္ဂိုလ်သည် ထို့ အတူပင် မနောတွင်ဥာဏ်စိုက်ကာထား၍ ဒေါသကို အပြီးတိုင်ပယ်သတ်ထား
သူ ဖြစ်သည်။
သကဒါဂမ် ပုဂ္ဂိုလ်သည် ကာမရာဂစိတ်များနဲသထက်နဲစေရန် သမာဒိဋ္ဌိဥာဏ်ကို မနောတွင်ဆင်ခြင်ကာ
ကိလေသာ ကြောင့်ဖြစ်မည့်အကုသိုလ်ကံများကို ပယ်သတ်နေသူဖြစ်သည်။
သောတာပန်ပုဂ္ဂိုလ်သည် သမာဒိဋ္ဌိဥာဏ်ကို မနောဥာဏ်အဖြစ်ဆင်ခြင်ကာ ကိလေသာအကုသိုလ်ကြောင့်
အပယ်ရောက်ရမည့် ကာယကံ၊ဝစီကံ၊မနောကံများကို ရှောင်ကြဉ်နေသူဖြစ်သည်။
သိ-ပယ်-ဆိုက်-ပွား၊ သိပွားပယ်ဆိုက်
သမာဒိဋ္ဌိဥာဏ်ကို ကာယဥာဏ်၊ ဝစီဥာဏ်၊ မနောဥာဏ်ထဲတွင် အသိဖြင့်အမြဲထည့်ထား ပွားများကျင့်သုံး
ပါက သမုဒယဆိုသော ဒုက္ခခန္ဓာဖြစ်ကြောင်းကို ပယ်ရာမည်၏၊  ဤသည်ကို ဝိဇ္ဖာဥာဏ်၊ ပညာဥာဏ်
ရသည်ဟုဆိုသည်။ထိုဥာဏ်ကြောင့်ကိလေသာမှလွတ်မြောက်ကြောင်းသိခြင်းကို ပညာဝိမုတ္တိ၊ သမာဓိဖြင့်
ကိလေသာမှ လွတ်မြောက်ခြင်း ကို စိတ္တဝိမုတ္တိ၊ ဟုဆိုသည်။
မကောင်းကံ ဒုစရိုက်ရှောင် ကောင်းကံ သုစရိုက်ဆောင်
ဒုစရိုက် ၁၀ ပါး
ကာယကံဒုစရိုက် ၃ ပါး
ပါဏာတိပါတ
သူများအသက်ကိုသတ်ခြင်း၊
ဒေါသစိတ်
အဒိန္နာဒါန
သူ့ ဥစ္စာကို ခိုးယူခြင်း၊
လောဘ+ဒေါသ
ကာမေသုမိစ္ဆာစာရ
မိမိမပိုင်သော ဝတ္ထုကာမတို့ ၌ မှားယွင်းဖောက်ပြန်ကျုးလွန်ခြင်း၊
လောဘစိတ်
ဝစီကံ ဒုစရိုက် ၄ ပါး
မုသာဝါဒ
လိမ်ညာပြောဆိုခြင်း
လောဘ+ဒေါသ
ပိသုဏဝါစာ
ကုန်းတိုက်စကားပြောဆိုခြင်း၊
လောဘ+ဒေါသ
ဖရုသဝါစာ
ကြမ်းတမ်းယုတ်မာတိုင်းထွာ ဆဲခြင်း၊
ဒေါသစိတ်
သမ္ဖပ္ပလာပဝါစာ
အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသော စကားကိုပြောဆိုခြင်း၊
လောဘ+ဒေါသ
သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးရစ်စေတတ်သော သေရည်ကိုသောက်စားခြင်း
မနောကံ ဒုစရိုက်၃ ပါး
အဘိဇ္ဈာ
သူတပါး၏စည်းစိမ်ကို မတရားရယူလိုမှု၊
လောဘစိတ်
ဗျာပါဒ
သူတစ်ပါးပျက်စီးသေကြေရန် ကြံစည်မှု၊
ဒေါသစိတ်
၁၀
မိစ္ဆာဒိဋ္ဌိ
အယူမှားမှု၊
လောဘစိတ်
(သုစရိုက် ၁၀ ပါး)
ဒုစရိုက် ၁၀ ပါးကို ဝိရတိ ရှောင်ကြဉ်လျှင် သုစရိုက် ၁၀ ပါးပင်။
ကာယကံ သုစရိုက် ၃ ပါး
ပါဏာတိပါတဝိရတိ
သူများအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
သီလသိက္ခာ
အဒိန္နာဒါနဝိရတိ
သူ့ ဥစ္စာကို ခိုးယူခြင်းမှ
ရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ကာမေသုမိစ္ဆာစာရဝိရတိ
မိမိမပိုင်သော ဝတ္ထုကာမတို့ ၌
မှားယွင်းဖောက်ပြန်ကျုးလွန်ခြင်း
မှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ဝစီကံ သုစရိုက် ၄ ပါး
မုသာဝါဒဝိရတိ
လိမ်ညာပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ပိသုဏဝါစာဝိရတိ
ကုန်းတိုက်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ဖရုသဝါစာဝိရတိ
ကြမ်းတမ်းယုတ်မာဆဲခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
သမ္ဖပ္ပလာပဝါစာဝိရတိ
အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသော စကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
မနောကံ သုစရိုက် ၃ ပါး
အနဘိဇ္ဈာ
သူတပါး၏စည်းစိမ်ကို မတ ရားရယူလိုမှုမှရှောင်ကြဉ်ခြင်း
သမာဓိသိက္ခာ(အလောဘ)
အဗျာပါဒ
သူတစ်ပါးပျက်စီးသေကြေရန် ကြံစည်မှု မှရှောင်ကြဉ်ခြင်း
သမာဓိသိက္ခာ (အဒေါသ)
၁၀
သမာဒိဋ္ဌိ
အယူမှန်ခြင်း၊
ပညာသိက္ခာ (အမောဟ)
ပုညကြိယ ဝတ္ထု (၁၀) ပါး
အကျဉ်းချူံးရင် ဒါန၊သီလ၊ဘာဝနာ ၃မျိုးသာ။
ဒါနတွင် ၃ မျိုး
(၁) ဒါန= မိမိ၏ပစ္စည်းဥစ္စာကို လှုဒန်းပေးကမ်းမှု၊
(၂)ပတ္တိဒါန= မိမိရသော ကုသိုလ်ကို အမျှပေးဝေမှု၊
(၃)ပတ္တာနုမောဒန=သူတပါးပေးဝေသော ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု၊
သီလ တွင် ၃ မျိုး
(၄) သီလ= ၅ ပါး၊၈ ပါး၊၁၀ ပါး စသော သီလတို့ ကို ဆောက်တည်မှု၊
(၅) အပစာယန= အသက်၊သိက္ခာ၊ဂုဏ်ကြီးမြင့်သောသူတို့ အား ရိုသေမှု၊
(၆)ဝေယျာဝစ္စ=ရတနာသုံးပါး၊မိဘဆရာတို့၏အမှုကိစ္စများနှင့်ကုသိုလ်ရေးကိစ္စများတွင်
ပါဝင်ဆောင်ရွက်မှု၊
ဘာဝနာ တွင် ၄ မျိုး
(၇)ဘာဝနာ= သမထ နှင့် ဝိပဿနာ ဘာဝနာ စီးဖြန်းမှု၊
(၈) ဓမ္မဿဝန=သူတော်ကောင်းတရားကိုနာကြားခြင်း၊
(၉)ဓမ္မဒေသနာ=လာဘ်လာဘကို မငဲ့ဘဲ သူတော်ကောင်းတရားကို ဟောကြားမှု၊
(၁၀) ဒိဋ္ဌိဇုကမ္မ= အယူဖြောင့်မှန်စွာ ယူမှု၊
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့  အရာရာကို ဥာဏ်ဖြင့်ယှဉ်၍ ကောင်းကံဖြစ်ဘို့ ကုသိုလ်စိတ်ဖြင့်သာနေနိုင်ကာ ကံကောင်းကြပါစေ၊
မေတ္တာဖြင့် နန္ဒသစ္စာအလှုရှင်၊
ဓမ္မစာမျက်နှာ (၃၀)
ပါရမီဆယ်ပါး သော့ချက်များ ( အပိုင်း ၄)  ပညာပါရမီ
PLEASE CLICK THIS PICTURE TO READ PDF FILE
၈-အဓိဋ္ဌာန်ပါရမီ
အဓိဋ္ဌာန်ပါရမီဟူသည် အဓိဋ္ဌာန ပါရမီမှလာ၏၊ ပါရမီသည် မိမိပြုကျင့်ရမည့် ကိစ္စတစ်ခုကို ပြောသလိုလုပ်ခြင်း၊ အမှန်တရားကိုရှေ့ ရှု၍ မှန်ကန်ကြောင်း တိုင်တည်ပြောဆိုခြင်းပင်။
အဓိဋ္ဌာန်ပါရမီသည် အောက်ရှိ သစ္စာပါရမီကိုလည်း ထောက်ကူ၍ အထက်ရှိ ဝီရိယ ပါရမီကိုလည်း အားပေးသည်။ ထိုအဓိဋ္ဌာန်ကြောင့် ပျင်းရိမနေသာ၊ စိတ်ပါပါ မပါပါ ပြုကျင့်နေရသည်၊ အမြင်မှား ဒိဋ္ဌိသံယောဇဉ်ကို ဤအဓိဋ္ဌာန်ပါရမီတော် သည် အရင်းထားဖြတ်တောက်ပေး၏၊ အမြင်မှားမှုကြောင့် မိမိကိုယ်မိမိ ချစ်ခင်မှုအားကြီးခြင်း၊ သူတပါးအပေါ် စွဲလန်းမှုအားကြီးခြင်း၊ မိမိသူတပါး အာရုံထားကာ ပျော်ပါးခြင်းဟူသော စိတ်၏အနှောင်အဖွဲ့ များကို ထိုအဓိဋ္ဌာန်ဖြင့် ပိုင်းဖြတ်ကာ ပါရမီဖြစ်စေနိုင်သည်။
အဓိဋ္ဌာန်သာမြောက်ခြင်း မျက်စိမှိတ်အဓိဋ္ဌာန်ဝင်
အလုပ်တစ်ခုကို မည်သည့်အချိန်အထိပြုကျင့်မည်ဟု ဆုံးဖြတ်၊ ဆုံးဖြတ်သည့်အတိုင်းလည်း တကယ်လုပ်၊ ခရီးအတွင်းမှာ ကိလေသာ သံယောဇဉ်အတားများ နှောက်ယှက်လာသော် မျက်စိမှိတ် ခေါင်းရမ်းခါ အောင့်အီးကာဖြင့်ခရီးဆုံးခဲ့သော် အဓိဋ္ဌာန်အောင်သည်။ သို့ သော် ပါရမီစခန်းမရောက်မပေါက်သေး။
ပါရမီလမ်းပေါက်ရုံ     ကိလေသာများဖိ-ခါ-မြုတ် ပါရမီအဟုတ်။
မည်သည့်အလုပ် မည်သည့်အချိန်ဟု မပိုင်းခြား၊ မိလျှင်မိသလောက် ကိလေသာသံယောဇဉ်အတားများကို ဖိကာ ခါကာ မြုတ်နိုင် ဖြုတ်နိုင်သမျှ ဖိထား ခါထား မြုတ်ထား ဖြုတ်ထားနိုင်ခဲ့သော် ပါရမီဖြစ်သော်လည်း အဓိဋ္ဌာန်မမြောက်၊
အဓိဋ္ဌာန်လည်းအောင် ၊ ပါရမီလည်း ပြည့်စေလိုလျှင် ယုံစိတ်ပြင်းပြင်း ရဲစိတ်သွင်း
ငါသည် ဤကျင့်စဉ်ကို ဤနေ့ ၊ ဤအချိန်မှစတင်ရေတွက်၍ မည်မျှအချိန်ကာလသို့ တိုင်အောင် မဆုတ်မနစ် ကြိုးစားအား ထုတ်မည်ဟူ၍လည်းအဓိဋ္ဌာန်တင်၊ အဓိဋ္ဌာန်ကာလ၏ အစ၊ အလယ်အဆုံးထိတိုင်အောင် ဤသို့ ဘုရားစကား နားထောင် လျှက်က သေချင်သေ အဓိဋ္ဌာန်မပျက်စေဘူးရယ်လို့  ယုံစိတ်ပြင်းပြင်း ၊ ရဲစိတ်သွင်းကာ အဓိဋ္ဌာန် ပါရမီအောင်စေရာ၏၊ ထိုအဓိဋ္ဌာန်ကိုအာရုံပြု၍ သစ္စာဆိုသော် အောင်မြင်စေတတ်သည်။
ဂုစာမင်းသမီး (နောင်တွင် အရှင်အာနံန္ဒာအလောင်းလျာဖြစ်မည့်သူ)၏ဖြည့်ကျင့်သီလဂုဏ်ကိုဆိုသော အဓိဋ္ဌာန် စကားကြောင့် အလောင်းတော် နာဒရ (ဘုရားအလောင်းတော်) ဗြဟ္မဘဝမှ ရသေ့အဖြစ်လူ့ ပြည်လာကာ အင်္ဂတိမင်းကြီးအား ဒိဋ္ဌိသံယောဇဉ် ပယ်ခြင်းသည် သိသာထင်ရှားသောဥပမာဖြစ်ပေသည်။
ယင်သည် မစင်ပုံပေါ်၌သာ ကျက်စားလိုလှသည်၊  စိတ်သည်လည်း မကောင်းမှုအပေါ်၌သာ ကျက်စားလိုကြသည်။ ရခဲလှသောလူအခွင့်အရေးကိုရနေစဉ် ကိလေသာသံယောဇဉ် မစင်ပုံများအကြားပျော်မွေ့ နေလိုသောစိတ်ကို အဓိဋ္ဌာန်တင်ကာ ပါရမီဖြစ်အောင် လောကီကုသိုလ် မှအခြေခံ လောကုတ္တရာကုသိုလ်သို့ တက်လှန်းနိုင်အောင် ကြိုးစားကြရာ၏၊
၉-ဝီရိယ ပါရမီ
ဝီရိယဟူသည် ရဲရင့်ခြင်း၊ အတားအဆီးများကို တွန်းလှန်ရန်၊ အစွဲအလန်းများကို စွန့် စား ရန် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ကာကြိုးစားမှုပင်။
ကာမအာရုံများကိုရယူနိုင်အောင်ကြိုးစားခြင်းသည် ဝိရိယမျှသာ၊ ပါရမီမဖြစ်။
ကာမအာရုံတို့ ကို တိုက်ဖျက်တွန်းလှန်ရာတွင် အသုံးပြုသော ဝိရိသာလျှင် ဝီရိယပါရမီ ဆိုရမည်။ ဝိရိယပါရမီတော်သည် ဘဝရာဂသံယောဇဉ်ကို အရင်းထားလျှက် သံယောဇဉ် ၁၀ ချက်ကို ခါထွက်စေနိုင်သည်။ မိမိကိုယ်ကို ခင်တွယ်ရာမှ စတင်လာရသော သူတပါး အပေါ်မြတ်နိုးတွယ်တာရသည့်အဖြစ်၊ထို့ ကြောင့် မိမိဘဝကိုမက်မောခင်တွယ်သူ၊ မိမိအကျိုးမျှော် တွေးကာသူတစ်ပါးကိုတွယ်တာ၊ မိမိသူတပါး အကြားပေါက်ဖွားလာသော အာရုံတို့ အပေါ်မှာ ခင်တွယ်နေခြင်းသည် ဝိရိယဟူသော ရဲရင့်ပြတ်သားမှု များမဖြစ်စေနိုင်။
အာဇာနည်ကဲ့သို့ ဝီရိယ တင်ရမည်။
ပါရမီလမ်းသွား နိဗ္ဗာန်ရှာနေသူတို့ သည် စစ်ထွက်ယောကျားအာဇာနည်ဘွားတို့ ကဲ့သို့  အသက်၊ ရာထူး၊ စည်းစိမ်၊ ကိုယ်အင်္ဂါအစိတ်အပိုင်း တို့ ကိုမငဲ့ကွက်ပဲ မဆုတ်မနစ်သော ဝီရိယဖြင့် ရဲရင့်ပြတ်သားစွန့် စားနိုင်ကြရမည်။
ဆန္ဒကြီးသူ သဒ္ဓါအားကောင်းသူတို့ ၏ ဝီရိယသည် မည်သူတား၍ မှမရတတ်၊ ပင်လယ်သမုဒ္ဒရာကြီး ကျယ်ဝန်းလှပါဘိဟူ၍ လက်မှိုင်မချသင့်၊ အားမာန်တင်းကာ ကြိုးစားကူးကြရာ၏၊ မကူးခတ်ဘဲ တဖက်ကန်းသို့ မရောက်နိုင်။ မကြိုးစားခင်ကပင် အားလျော့မာန်ကျ လက်မှိုင်မချသင့်။ ကံစီမံရာအတိုင်းသာဟုဆိုကာ လူမဟန် ကံပုံချ မဖြစ်သင့်ပါ။
ဝီရိယ မပါ ခြေတလှမ်းပင် လှမ်း၍မရပါ။
ဝိရိယမပါ ခြေလှမ်းတစ်လှမ်းမျှပင်ရှေ့ သို့ ကြွ၍ချ၍ မရပေ။ဤဝီရိယ ပါရမီတော် သည် အောက်ပါရမီများနှင့် အထက်အထက်ပါရမီတို့ ကို ကူးဆက်ပေးရာ၏။
အလောင်းတော် ဇနက္ကမင်းသည် ဝီရိယပါရမီတော်ကိုဖြည့်ကျင့်ခဲ့သောသာဓက ဖြစ်သည်။
သူတော်ကောင်းအပေါင်းတို့ 
-သံသရာနွံဗွက်ထဲမှ နစ်ကာသေပွဲမဝင်ခင် ထက်မြက်ရဲရင့်သော ဝီရိယဖြင့် ရုန်းထွက်ကာ ကြိုးစားကြပါကုန်လော့။
-ကိလေသာ မစင်လူးနေသော အညစ်အကြေးများကို ဝီရိယဟူသော  မဂ္ဂင်ရေစင်ဖြင့် ဆေးကြော ကြပါကုန်လော့။
၁၀-ပညာပါရမီ
သံသရာခရီးသွားလျက် ပစ္စည်းဥစ္စာရှာဖွေရာတွင် မျက်စိနှင့်နားသည် လွန်စွာအရေးပါလှသည်။ သံသရာလည်လျက်က ပါရမီဖြည့်ခွင့်ရ သူတော်ကောင်း များအတွက် သတိနှင့်ပညာသည် မပါမဖြစ် အရေးကြီးလှ၏။
သတိ ရယ်၊ သဒ္ဓါ ရယ်၊ ပညာရယ်
သတိမပါသောအသိသည် သံသရာပို၍ရှည်စေသည်။ အစုန်အဆန်အဖန်ဖန် သံသရာ လည်ရလိမ့်အုံးမည်။သတိပါသော အသိသည်သံသရာကို ဖြတ်တောက်စေရာ၏။ သတိသည် ဗိုလ် ၅ ပါး ( သတိ၊ သဒ္ဓါ ၊ ပညာ၊ ဝီရိယ၊ သမာဓိ)တို့  ၏ခေါင်းဆောင်ဟုဆိုလျှင်မမှား၊ သတိ ဖြင့် သဒ္ဓါ၊ပညာ ဗိုလ်၂ ပါးညီအောင်ညှိပေးရ၏။
သဒ္ဓါ ယုံကြည်မှုရှိသော်လည်း ပညာအသိမပါက အလွဲလွဲ အချော်ချော်ဖြစ်တတ်သည်။ အရုးသဒ္ဓါဖြစ်ပါမူ တွေ့ ရာရှစ်ခိုး၊ ယစ်ပူဇော် ကြုံရာပေးကန်း အရှုံးလမ်းသာဆိုက်တတ်သည်။ တဖန် ပညာအသိရှိလျက်နှင့် သဒ္ဓါ ယုံကြည်မှု မရှိပြန်သော်ကောက်ကျစ်စဉ်းလဲ မာနတွဲကာ အလွဲလွဲ အချော်ချော်ဖြစ်ကြရပြန်သည်။ သဒ္ဓါ နှင့် ပညာအညီအမျှယှဉ်တွဲကာ ရှေ့ ဆောင်ရှေ့ ရွက်သတိ ပါသောအသိသည် ရန်သူကိုရန်သူမှန်း၊ မိတ်ဆွေကိုမိတ်ဆွေမှန်း ခွဲခြားစိတ်ဖြာ ကြည့်တတ်လာပေမည်။
ဤပညာပါရမီတော်သည် အဝိဇ္ဇာသံယောဇဉ်ကို အရင်းထားလျက်ကိလေသာ သံယောဇဉ်ကို ပယ်သတ်ရာ လက်နက်ဖြစ်သည်။
ပညာသည် မြတ်စုအားလုံး၏ခေါင်းဆောင်၊ အဝိဇ္ဇာသည် အယုတ်အားလုံးတို့ ၏ ခေါင်းဆောင်၊
ပညာမရှိ ဥာဏ်အသိ မရှိပါက အရာရာတွင်အကြည့်မှား အမြင်မှား အယူမှားရလေကာ  အလုံးကို အခြမ်းဟုထင်၊ အခြမ်းကို တစိတ်ဟုမြင် အမှားမှားဖြစ်ရချေမည်။
အဝိဇ္ဇာ မောဟ သည် လူတစ်ဦးစီ၌ မွေးကတည်းက သေအထိပါနေ၏၊ လူအိပ်လည်းသူမအိပ်၊ လူအလုပ်များလေ သူအနားမှာ ရှိလေပင်ဖြစ်သည်။ လူအိပ်လျှင် သူ့ အလုပ်ပိုတွင်ကျယ်နေ၏။ မေ့မေ့လျော့လျော့နေခြင်းသည် အဝိဇ္ဇာနှင့်နေနေခြင်းဖြစ်သည်။
အလောင်းတော် မဟောသဓာဘဝသည် ပညာပါရမီဖြည့်ခဲ့သောသာရက တစ်ခုဖြစ်၏။
အကျွန်ုပ် သည် သီလဂုဏ်အာရုံပြု၍ အဓိဋ္ဌာန်ပါ၏၊ သာသနာတော်ကြီးနှင့် သတ္တဝါအားလုံး ပါရမီမျိုးစေ့ ကြီးပွားရေး၊ တိုးတက်ရေး၊ ချမ်းသာရေး တို့ ကို တတ်အားသ၍ ဆောင်နှင်းနိုင်ကာ ဤဘဝ၊ ဤခန္ဓာ၊ ဤသာသနာတော်ကြီးမှာပင် မဂ်ဖိုလ်နိဗ္ဗာန် အဆင့်ဆင့်ကို ကျင့်ကြံအားထုတ်ကာ မြင်နိုင်တွေ့ နိုင် ခံစားနိုင်ရပါစေသား၊
နန္ဒသစ္စာအလှုရှင် 
ဓမ္မစာမျက်နှာ (၂၉)
ပါရမီဆယ်ပါး သော့ချက်များ ( အပိုင်း ၃) သမာဓိ ပါရမီ
PLEASE CLICK THIS PICTURE TO READ PDF FILE
၃-နေက္ခမ္မ ပါရမီ
နေက္ခမ္မ  ဟူသည် အာရုံမှ ထွက်ခွာနိုင်ခြင်းကို ဆို၏၊ နေက္ခမ္မ ပါရမီတော်သည် အဓိကချစ်ခြင်း၊ မုန်းခြင်း နှစ်ပါးတို့ ကိုကျော်လွှားနိုင်ရန် ပင်ဖြစ်သည်။
အာရုံမှ မိမိစိတ်ထွက်ခွာကျောခိုင်းနေနိုင်လျှင်--- စိတ်နေက္ခမ္မ ဆိုရ၏၊
အာရုံလွတ်ရာဆီသို့ မိမိကိုယ်ကို ထွက်ခွါနေစေခြင်းသည်--- ကိုယ်နေက္ခမ္မ ဆိုရ၏၊
အရေးကြီးသည်မှာ ကာယနေက္ခမ္မထက် စိတ္တနေက္ခမ္မဦးစားပေးရန် ပင်တည်း၊
ပါရမီဖြည့်ဆဲမှာ အလွတ်အကျွတ်ထွက်လိုသူကို မလွတ်တလွတ် အဖျက်များဝင်လါတတ်ပေသည်၊
တိတ်ဆိပ်ငြိမ်သက်ရာ တောတောင်သစ်ပင်အရိပ်သို့ ချည်းကပ်လိုခြင်း၊ တစ်ကိုယ်တည်းထည်းနေလိုခြင်း၊ ဆိတ်ငြိမ်မှုကို လိုလားနှစ်သက်ခြင်း သည် နေက္ခမ္မ အဇ္ဈာသယ ဓာတ်အားများကိန်းလာ၍ ဖြစ်သည်၊
တောတောင်အကြားတပါးတည်းနေသော်လည်း စိတ်သည်အာရုံဟောင်းတို့ အကြား ဆော့ကစားနေပါက နေက္ခမ္မပါရမီ မရောက်ပေ၊ ဆိုလိုသည်မှာ ဆိပ်ငြိမ်ရာတောအရပ် တွင်နေသော်လည်း စိတ်သည်အတွေးပေါင်းများစွာဖြင့် ဥာဏ်မကူ ဘဲ အကျင့်မှအသိသို့ မရောက်ပါမူ ပါရမီမဖြစ်၊ စိတ်ရင့်ကျက်မှုမရှိသေးက တောထွက်သော်လည်း စိတ်များထွက်နေမည်ဖြစ်သဖြင့် အကျိုးမရှိ၊
နေက္ခမ္မ ပါရမီ ၊ နေက္ခမ္မဥပ ပါရမီ၊ နေက္ခမ္မ ပရမတ္ထပါရမီ ဟူ၍ သုံးမျိုးရှိသည်၊
နေက္ခမ္မ ပါရမီ ဆိုသည်မှာ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ ဖြင့် အခြေခံဈာန် သမာဓိ ရရုံ ( မျက်စိ နားစသည် ဣနြေ္ဒ များကို နိုင်နင်းခြင်း) ကာယဝိဝေက ကိုဖြစ်စေခြင်းကိုဆိုသည်။
စိတ်ကစားမှု မနောမှ ဖြစ်လာသမျှစိတ် များကို မှတ်စိတ်မှ မှတ်စိတ်သို့ ချည်း အမှတ်ချင်းဆက်စပ်နေအောင် ကျင့်နေခြင်းသည် စိတ္တဝိဝေက ဖြစ်စေသည်၊
နေက္ခမ္မ ဥပပါရမီ ဆိုသည်မှာ စိတ်မကလက် မလှုပ်ယှက်တော့သော စတုတ္ထဈာန်အဆင့်ထိ တက်ရောက်ခြင်းကို ဆိုသည်၊
နေက္ခမ္မ ပရမ္မတ္ထ ပါရမီ ဆိုသည်မှာ ထိုမှတဆင့် အဘိညာဉ်၏ မဟိဒ္ဓိ သိဒ္ဓိ အရာသို့ ဝင်ရောက်ခြင်းကို ဆိုသည်၊
နေက္ခမ္မ ပါရမီတော် သည် အဓိက ချစ်ခြင်း၊ မုန်းခြင်း နှစ်ပါး တို့ ကို ကျော်လွှားနိုင်ရန်ပင် ဖြစ်သည်၊ မြင်ဆဲ ကြားဆဲ တွင်ဖြစ်ပေါ်လာသော စိတ်များအပေါ်တွင် အကောင်းထင်၊ အဆိုးမြင်မှု ၊ အတိတ်ကိုတွေး၍ မနောတွင်ဖြစ်ပေါ် လာသော စိတ်များ အပေါ်တွင် ၊ အကောင်းတွေး အဆိုးတွေးမှု မဖြစ်စေဘဲ သဘောပဲဟု သိနေနိုင်ခြင်း သည် အာရုံ နှင့်စိတ် မချိတ်မိစေသော နိက္ခမ္မပါရမီဓာတ်များပင်၊
ဒါနဖြင့်မနိုင်သောတဏှာကို သီလကဝိုင်းကူ၊ တစ်ဖန် သီလဖြင့် မနိုင်ဝန်ကို နေက္ခမ္မက ဝိုင်းကူ အားဖြင့် အထက်ထိ အဆင့်ဆင့် တက်ရောက်ရချေမည်၊
ဤနေက္ခမ္မ ပါရမီဖြင့် သီလဗ္ဗတ ပရာမာသာ သံယောဇဉ်ကို ပယ်၏၊
ဤပါရမီတော် အရာ၌ တေမိမင်းသားကြီးသည် သာဓကအရာတည်၏။
၎-ခန္တီ ပါရမီ
မကြိုက်၊ အကြိုက် ၊ အတိုက် ဒဏ်များကို သီးခံနိုင်ရမည်၊
မကြိုက်ဒဏ် ခံနိုင်သည်ထက် အကြိုက်ဒဏ် ခံနိုင်ဖို့ အရေးကြီး၏၊
အကြိုက်ဒဏ်ခံနိုင်သည်ထက် အတိုက်ဒဏ်ခံနိုင်ဘို့ က သာ၍ အရေးကြီး၏။
ခန္တီ ပါရမီသည် ကောင်းဆိုး နှစ်တန်လောကဓံ နှင့်ကြုံတိုင်း၊ စိတ်ထားလည်းကြံ့ ခိုင် အမြင်မှန်လည်းပေါ်စေသော ပါရမီမျိုးစေ့ ဖြစ်၏၊
စိတ်ထားကား ကြံ့ ခိုင်သည်၊ အမြင်မှန် မပေါ်လျှင် ပါရမီမပါပေ၊
အမြင်မှန်ကားပေါ်သည်၊ စိတ်ထားက မကြံ့ ခိုင်က ခန္တီမဟုတ်ချေ။
-----အတိတ်နောက်ကြောင်းမှ မိမိ၏မိတ်ကောင်းများ အကောင်းအကြောင်းပြလျက် တားဖျက်ကြခြင်း၊
----- မိမိ၏ရန်ဟောင်း မကောင်းအကြောင်းပြများဖြင့် နှောက်ယှက်လာခြင်း၊
-----မိမိ၏လက်ရှိ အတူနေတို့ ( လင်နှင့် မယား) အကျင့်မတူ မူကွဲကာ အတူမတွဲလိုသဖြင့်လည်း နှောက်ယှက် ဖျက်လာတတ်သောအခါ တွေ့ သမျှကောင်းဆိုးဒဏ်ကို သီးခံခြင်းဖြင့် ပါရမီဖြစ်စေရာ၏၊
ခန္တီ ပါရမီ၊ ခန္တီ ဥပ ပါရမီ၊ ခန္တီ ပရမ္မတ္တ ပါရမီ ဟူ၍ သုံးမျိုးရှိသည်၊
ခန္တီ ပါရမီသည် မာနသံယောဇဉ်ကို ပယ်သည်။
ပါရမီရှင်ဖြစ်က အာရုံနှင့် အကြည်ဓါတ်ခံတို့ သူ့ အာရုံနှင့် သူ့ တံခါး ဝင်ထွက်သွားလာနေကြသော သူမပါ ငါကင်းလေသည့် ဖြစ်ရိပ်ပျက်ရိပ် သဘောသက်သက်များကို အရှိအရှိအတိုင်း မြင်သိသိနေပေမည်၊
အမှန်သိသူ လောကဓံကို ပြုံးကာခံနေနိုင်၏
အမှန်အမှန်အတိုင်း သိနေသူသည် ငရုပ်သီးစား စပ်ရန်ကောဟု ရန်မလုပ်တော့၊ ထန်းလျက်စား ချိုရန်ကောဟု ရန်မမူတော့၊ အကြိုက်တွေ့ တိုင်းလဲမလိုက်တော့၊ မကြိုက်ကြုံတော့လဲ မမုန်းတော့၊ လောကဓံကို ပြုံးကာခံနိုင်အောင် အရှိကို အမှန်မြင် အမှန်သိ အောင်သာ မှတ်စိတ် များဆက်အောင်ခန္တီ  ဖြင့်နေနေတော့သည်၊
ခန္တီ ပါရမီသည် အခြားဒါန စသည်တို့ ကဲ့ သို့ ငွေပေးယူ၍ မရပြီ၊ ခန္တီ ပါရမီသည် သူတစ်ပါးမစော်ကားဘဲလည်း မိမိတပါးတည်း ဖြည့်ကျင့်၍ မရပြီ၊ စော်ကားလာသူကိုပင် ပါရမီဖြည့်ရှင်ဟူ၍ ကျေနပ်စေရာ၏၊
အလောင်းတော်သည် ဘူရိဒတ်ဘဝတွင် သီလကိုမှီ၍ ခန္တီပါရမီတော်ဖြည့်ကျင့်ခဲ့သည်။
၅-သစ္စာ ပါရမီ
မည်သည့်အခါတွင် သစ္စာဆိုရမည်နည်း
---စည်းစိမ်ဥစ္စာ အသက် အင်္ဂါခြေလက်တို့ သို့ အန္တရာယ်ကျရောက်လာသည့်အခါ
----မိမိသွားလမ်း အဆီးအပိတ် အဖျက်များနှင့် ရင်ဆိုင်တိုးမိလေသည့်အခါ
----မိမိ၏သီလ စွမ်းအားစမ်းသပ်လိုသည့်အခါ သစ္စာဆိုရ၏။
----မိမိ၏ အကျင့် ရင့်မရင့် ကိုစီစစ်ရာတွင် သစ္စာ ပါရမီသည် အရေးပါသည်၊
သီလကိုစောင့်ထိမ်းနေသောကြောင့် အကြံမှန်။ အပြောမှန်၊ အကျင့်အလုပ်မှန် နေသည်ကို ဤသစ္စာဖြင့်စမ်းသပ်ရာ၏၊
နိက္ခမ ပါရမီ ဖြည့်ကျင့်ဆဲ အလွတ်အကျွတ်ထွက်လိုသူ ကို အဖျက်ဝင်လာတတ်ချိန်၊ ခန္တီပါရမီ ဖြစ်ဖို့ ရန် တွေ့ သမျှ ကြုံသမျှ ကောင်းဆိုးဒဏ် ကိုခံရင်း ဥာဏ်ရင့်လာရန် ဤသစ္စာဖြင့်ဆက် ရင့်ကျက်စေရာ၏၊
သစ္စာသည် အမှန်ဖြစ်ပြီး၊ ပါရမီသည် ထို အမှန်ကိုမှီလျှက်က စိတ်ရင့်ကျက်စေခြင်းပင်၊ စိတ်မရင့်ကျက်က ပါရမီမဖြစ်နိုင်၊
ထိုသစ္စာပါရမီသည် အောက်အခြေခံ ဒါန၊ သီလ၊ နေက္ခမ္မ ခန္တီတို့ နှင့် အထက်ရှိ အဓိဋ္ဌာန်၊ ဝီရိယ၊ ပညာတို့ ၏ ပေါင်းကူးပင်ဖြစ်သည်။ တနည်းဆိုရသော် အခြေခံ တို့ ကိုခြေကုပ်ယူကာ တဆင့်မြင့် ဖြည့်ကျင့်ရသောပါရမီမျိုး၊ အထက်ပါရမီ တက်ရန်ကူပေးရခြင်းဖြစ်သည်၊  ဒါနသီလ ပါရမီကဲ့ သို့ ပစ္စည်းစွန့် လှု၍ သစ္စာဆိုခြင်းမဟုတ်၊ အင်္ဂါခြေလက်စွန့် လွှတ်၍ သော်၎င်း၊ အသက်စွန့် လွှတ်၍သော်၎င်း သစ္စာဆိုခြင်းမျိုးကားမဟုတ်၊
ဤတွင်လည်း သစ္စာ ပါရမီ၊ သစ္စာဥပ ပါရမီ၊ သစ္စာပရမ္မတ္ထ ပါရမီဟူ၍ သုံးမျိုးခွဲနိုင်သည်၊ သို့ မဟုတ် အခြေပြု၊ အနု၊ အရင့် ဟု သုံးမျိုးခွဲနိုင်သည်။
၁- သစ္စာဖြင့် စိတ်ရင့်ကျက်စေရာ သစ္စာပါရမီ ဖြစ်စေသည်။အန္တရာယ်တစ်စုံတစ်ရာကြုံလာသောအခါ - မိမိဖြည့်ကျင့်ခဲ့ ပြီးသောပါရမီအရှိန်အဟုန် သတ္တိတို့ ကိုအာရုံပြု၍ အမှန်ဆို တိုင်တည်ကာပြုကျင့်ရာ၏၊
( အလောင်းတော် ငါးရန့် မင်းဘဝက ဆွေမျိုးများ ရေနည်းပါးကာ ကျီး၊ လင်းတ တို့ အစားခံရစဉ် အသုံးပြုပုံမျိုးဖြစ်၏၊)
၂-သစ္စာဥပ ပါရမီသည် သစ္စာဖြင့် စိတ်ရင့်ကျက်စေရုံမက စိတ်တံခိုး စိတ်သတ္တိများတက်ကြွစေသည်အထိဖြစ်သည်။
( အလောင်းတော် ငုံးမင်းဘဝ မိမိ၏ အတောင်အလက်အင်္ဂါမစုံသည်ကိုဆို၍ မီးကွင်းစေနိုင်သော အရာသည် သစ္စာဥပ ပါရမီဖြစ်သည်။)
၃-အမှန်ကိုတိုင်တည်ပြောဆိုခြင်း၊ အဓိဋ္ဌာန်ခြင်း၊ ကျင့်ခြင်း ဖြင့် စိတ်တံခိုး စိတ်သတ္တိများတက်ကြွစေရုံမက ပါဒကဈန် အခြေခံဥာဏ်များတိုးတက်စေသည်အထိ သစ္စာပြုခြင်းကို သစ္စာပရမ္မတ္ထပါရမီ ဖြစ်သည်၊
( အလောင်းတော် နေရေဉ္ဇရာ ရွှေခွက်မျှောစဉ်၊ လှုသောမြက်ရှစ်ဆုပ်ကိုကြဲလျက်က ပလ္လင်တော်ပေါက်ရောက်စဉ်၊ မာရ်မင်လာနှောက်ယှက်စဉ်၊ ဘုရားမဖြစ်သမျှ ငါမထ ဟုသစ္စာပြုခဲ့ခြင်းသည် သစ္စာပရမ္မတ္ထပါရမီတော်ပင်ဖြစ်သည်၊ )
သစ္စာလက်နက်သည် အလွန်ထက်စေသည်။ အမှန်ကိုသာ ကျင့်သောသူ၏ မှန်သောစကားသည် ဆောက်သွားဓားသွားများထက် ပင်ထက်မြက်လွန်းလှချေသည်။
အမှန်တရားဆိုသည် အမှန်တရားအတိုင်းသာဖြစ်စေရာ၏၊ အမှန်တရားကို မည်မျှဖုံးအုပ်တားဆီးခံရပါစေ၊ ပတ္တမြားမှန် နွံမနစ်စေရဟူသည့်ပမာ၊
အမှားဟူသည် အမှားအတိုင်းသာပေါ်စေရာ၏။ အမှားသည် မစင်ပုံ မြက်အုပ်ထားသော်လည်း လေသုတ်က အနံ့ ထွက်လာရသည့်ပမာ၊
သစ္စာပါရမီတော်သည် သစ္စာဥာဏ်အမှန်လင်းစေသည်၊
ဤသစ္စာပါရမီတော် အရာတွင် အလောင်းတော် စန္ဒကုမာရမင်းသားဘဝသည် ထင်ရှားသော သာဓကဖြစ်၏။
၆-မေတ္တာ ပါရမီ
သစ္စာဖြင့် မနိုင်သောတဏှာကို မေတ္တာဖြင့် ဆက်၍ ဖျက်စီးပစ်ရသည်။
ဤမေတ္တာ ပါရမီသည်လည်း အထက်နှင့် အောက်ပါရမီများ ပေါင်းကူးပေးသည်။
မိမိထံရှိ ပဋိဃသံယောဇဉ်ကို ဖယ်ရှားပစ်ပြီး ကာမရာဂကိုခေါင်းပါးစေ၏၊
ကိုယ်ချင်းစာစိတ် တန်းတူထားစိတ် မိမိ၏တဦးတည်းသော သားရင်းကဲ့ သို့ အားလုံးကို တပြေးညီစွာ ထား၍ဆက်ဆံစေခြင်းသည် မေတ္တာဓာတ်၏သတ္တိပင်။
လူ့ တိရစ္ဆာန်မဖြစ်စေနဲ့ ၊
မေတ္တာခေါင်းပါးသူ တကိုယ်ကောင်းအဆန်ဆုံး ရာဂဒေါသအများဆုံးသူကိုပြပါဆိုလျှင် တိရစ္ဆာန် ကိုသာလက် ညိုးထိုးပြရချေမည်။
မေတ္တာခေါင်းပါးနေသော လူဖြစ်ပါမူ ရုပ်ကားလူ စိတ်ကားတိရိစ္ဆာန်စာရင်းသွင်းခံရသော
လူ့ တိရ စ္ဆာန်ပင်ဖြစ်ရတော့သည်။
မေတ္တာစစ်၊မေတ္တာရှင်၊မေတ္တာစိတ်၊မေတ္တာစကား
လိုလျှင်ကူ မလိုလျှင် ငြူစူနေလျှင် မေတ္တာအစစ်မဟုတ်။
အတွင်းသဘောကား ကာမများဖုံးနေလျှင် မေတ္တာရှင်မဟုတ်။
တစ်ဖက်ကူသလိုလို နှင့် ကိုယ့်ဘက်အရခြူနေလျှင်လည်း မေတ္တာစိတ်မဟုတ်၊
သာသူတွေ့ ကပို၊ နာသူတွေ့ ကဝန်တိုပြန်လျှင်လည်း မေတ္တာကံမမြောက်၊
လူကျတမျိုး၊ တိရိစ္ဆာန်ကျတဖုံ၊ မိမိ (သို့ ) မိမိသားနှင့် တန်းတူထားပုံခြင်းမတူညီကလည်း မေတ္တာမှန်မရောက်၊
မျှတသောစကား၊  ကုသိုလ်ဖြစ်စေလိုသောစကား မဟုတ်က မေတ္တာစကားမဟုတ်၊
မေတ္တာသည် စမ်းရေပမာအေးမြ၏၊ ရာဂမီး ဒေါသမီးကို ဆီးတား၏၊
တဖက်လူက မိမိအား ရာဂ၊ ဒေါသဖြင့်ရန်မူတိုက်ခိုက်လာသော် လောကဓံကြွေးများ ပေးဆပ်ရသော် တဖက်ရန်သူအာရုံရှင်အား မိမိ၏သားရင်း၊ သမီးရင်းကဲ့သိုဈာန်ဝင်စားလိုက်ရ၏၊ မေတ္တာဈာန်ဝင်စားခြင်းဖြင့် အေးချမ်းမှုကိုရစေရသည်။
မိမိ (သို့ ) မိမိ၏သားသမီးကဲ့သို့  တန်းတူစိတ် အမြဲထား၊ သူတဖက်သားကို ဖေးကူ၊ ကိုယ်ကျိုးစွန့် ကိုယ်ချင်းစာ မုန်းစိတ်မပါ ဂရုဏာဓါတ်လွှမ်းပတ်ကာထားခြင်းသည်၊ မေတ္တာရှင် အစစ်သည်သာ။
လောကဓံကို မေတ္တာဖြင့်ခုခံ၊ လောကဓံကြွေးကို မေတ္တာဖြင့်သာတုန့် ပြန် ခံနိုင်ရည် ရှိစေရသည်။ ဤသည်ကားမေတ္တာပါရမီတော် ဖြည့်ကျင့်ခြင်းမည်၏။
ဤမေတ္တာပါရမီတော်အရာ၌ အလောင်းတော် သုဝဏ္ဏသာမသည် ထင်ရှားသော သာဓကဖြစ်၏။
၇-ဥပေက္ခာ ပါရမီ
ရန်သူ၊ မိတ်ဆွေ နှစ်ဦးစလုံးကို ချစ်ခြင်း၊ မုန်းခြင်းမှ အညီအမျှထားဆက်ဆံခြင်း၊အချစ်နှင့် အမုန်း ချမ်းသာနှင့်ဆင်းရဲတို့ အကြား တစ်လမ်းသွား စိတ်ထားတတ်နိုင်ရမည်။
ကာမရာဂသံယောဇဉ် ကိုဖြတ်တောက်နိုင်ရမည်၊ ဥပေက္ခာစိတ်ဖြင့် အထက်ပါရမီများတက်ရန် သူတော်ကောင်းတို့ ၏စိတ် ခေတ္တနားကာ၊ အထက်တက်ရန် ထောင်လိုက်သော လှေကားကဲ့ သို့ ။
ဈာန်စိတ်အရဆိုလျှင် စတုတ္ထဈာန် (အဘိဓမ္မာအရဆိုလျှင် ပဉ္စမဈာန် ) နှင့်ညီမျှသောစိတ်ထားရှိသည်။ ဘာတွေ့ တွေ့ ဘာမြင်မြင် ဘာကြားကြား သဘောမျှသာဟူသော အမှန်အတိုင်းသိနေလေတော့သည်။
သံယောဇဉ်တရားကိုယ် ၁၀ ပါး၊ ကိလေသာတရားကိုယ် ၁၀ ပါး၊ အာသဝ ၊ သြဃ ၊ ဂန္တစသော အယုတ်တရား ၄ ပါး များကအတွင်းမှ၊ နိဝရဏတရား ၅ ပါးတို့ က အပြင် မှ စည်းချကာ အမျိုးမျိုးလှည့်စားကာ ကိုယ့်ကို ဒုက္ခပေးနေကြသော မဟာရန်သူများပင်။
အလိုရမက်တက်နေချိန် လောဘဖြစ်နေသည်ကို မသိ။ သူ့ အပေါ်မကျေနပ်နေခြင်းသည် ဒေါသဖြစ်နေသည်ဟုမမြင်မိ၊ ရုပ်ရှင်ကြည့်ကာ သတိလက်လွတ် ရယ်မောနေခြင်းသည် မောဟဖြစ်နေသည်ဟုမထင်မိ။
ရန်သူကို ရန်သူမှန်းမသိဖြစ်ရသည်။ ကိုယ့်ကိုယ်တွင်းရန်သူရှိနေခြင်းကို မသိဖြစ်ကြရသည်။ ရန်သူသည် ရန်သူ ဟုအော်ဟစ်ကာဝင်လာသောအရာမဟုတ်။
သိပြန်ပါလည်း ရန်သူ ကိုယ်ထဲဝင်၍ ဝင်မှန်းမသိသူဖြစ်ကြရသည်။ မိတ်ဆွေအယောင်ဆော်ကာ ကိုယ်နှင့်တွဲ၍ အထဲဝင် လာသောရန်သူမျိုးချည်းသာ။ ထို့ ကြောင့် အထက်ခရီး နိဗ္ဗာန်နှင့်နီးအောင် မရောက်နိုင်ဘဲ လမ်းပျောက်ကြ ရသည်။ လမ်းလွဲကြရသည်။ လမ်းချော်ကြရသည်။
ကာမစိတ်မှ ဈာန်စိတ်ဖြင့်နေရာ၏၊
သူ့ ကိုချစ်စိတ်ပျောက်ရန် ကိုယ့်ကိုယ်ကို မခင်မင်မှရသည်။ အရာရာကိုမမှု၊ မိမိစိတ်က တစ်စုတည်း တဝေးတည်းထားနိုင်မှသာ ရသည့် ဥပေက္ခာ၊
မလိုလားသူကို ဥပေက္ခာပြုခြင်းသည် ပါရမီနှင့်မဆိုင်။ မရသေးသော ဝတ္ထုအာရုံများကို ဥပေက္ခာထားနိုင်ခြင်းသည် ပါရမီမဖြစ်။
ဥပေက္ခာပါရမီတော်သည် သံယောဇဉ် ၁၀ ပါးမှ ကာမရာဂသံယောဇဉ်ကို လက်မိလက်ရ ဖြတ်တောက်ချရပြီး ကျန်အကြွင်းတို့ ကို အရှိန်လွှတ်၍ ပျက်ပြယ်စေရာ၏။ အောက်အခြေခံ နေက္ခမ္မပါရမီတော်၏ လက်စသိမ်းကာ အထက် ပညာစခန်းသို့ လှမ်းတက်ရန် ခြေကုပ်ယုခြင်းပင်။
ဥပေက္ခာပါရမီကို ဖြည့်ကျင့်ရန် ဇနီးမယား၊ ခင်ပွန်းယောကျား၊ သားသမီး၊ မြေးမြစ် ၊ ပစ္စည်းဥစ္စာအပေါ်မှာ ဥပက္ခာထားနိုင်ဘို့ ရန်
--  အသက်ပေးချစ်မိထားလေသူများကို အသက်ပေးစတေးထားခဲ့နိုင်ကာမှ၊
--  ဘဝပေးချစ်မိထားလေသူများကို ဘဝနှင့်စတေး ပေးဆပ်ထားခဲ့နိုင်ပါလေမှ၊
--  သူ့ ကိုမြတ်နိုးခြင်းကို ဦးစွာဖြတ်တောက်နိုင်ပါလေမှ၊
--  သူ့ ကိုအာရုံခုံမင်ခြင်းကို နောက်ဆင့်ဆင့်ကာဖြတ်တောက်နိုင်ကာမှ ၊
--  ကိုယ့်ကိုယ်ကို နှစ်သက်ခုံမင်နေခြင်းကို နောက်ဆုံး အဆင့်အဖြစ် စွန့်ခွာမုန်းကာပယ်ပစ်နိုင်ကာမှ
--  ကိလေသာ သံယောဇဉ်ကို  ရန်သူ ဟူသော အမှတ်အသားအစား သူ့ သဘောသူဆောင် ပြနေသည်ဟု မြင်တွေ့ နိုင်ခြင်း ၊
--  ကိလေသာ သံယောဇဉ်ကို မိတ်ဆွေ ဟူသော အမှတ်အသားအစား သူ့ အလုပ် သူလုပ်နေသည် ဟု မြင်သိနိုင်ခြင်း သည် သူတော်စင် သူတော်ကောင်းတို့ ၏ ဥပေက္ခာပါရမီ ပုံစံတည်း။
အလောင်းတော်သည် ဝိဓူရအမတ်ဘဝတွင် ဥပေက္ခာပါရမီကို ဖြည့်ကျင့်ခဲ့လေသည်။
အလွန်ကောင်းသော သာဓုနရတရား သိမှတ်ထား
အလောင်းတော် ဝိဓူရသုခမိန်အမတ်သည် ပုဏ္ဏက နတ်စစ်သူကြီးအားဟောကြားခဲ့သော သာဓုနရ  တရား လေးပါး( သို့ )  သူတော်ကောင်းလူတန်းစားတလေးတစား လိုက်နာသောတရားဆိုသည်မှာ-
၁-မိမိအားနေရာပေးခြင်း၊ ကျွေးမွေးဧည့်ခံ သူကို ကျေးဇူးတုံ့ ပြန်တစ်ဖန် ပြုစုခြင်း - ရှေ့ သွားသွားလေသူ ၏လမ်းကို ဖြောင့်တန်းစွာ လိုက်လေ့ရှိသူ ဆိုရာ၏၊
၂-သူတပါးအိမ်တွင် တညာဥ့်မျှပင်တည်းခိုရသည်ဖြစ်စေ ၊ တလုပ်ထမင်းတလုပ်ဟင်းကိုမျှပင် စားသုံးရဘူး သည်ဖြစ်စေ ထိုသူကိုစိတ်ကူးမျှဖြင့်ပင် မပြစ်မှားစေခြင်း- စိုသောလက်ကိုမခြောက်စေနှင့်ဟုဆိုရာ၏၊ ကျေးဇူးရှင်ကိုပြစ်မှားက စိုသောလက်ကို ခြောက်စေသူ ဖြစ်ကာ လက်ကိုအပူလောင်စေသူဟုဆိုရ၏၊
၃-သက်ရှိ လူမဆိုထားဘိ သက်မဲ့ ဖြစ်သော သစ်ပင်ကိုမျှပင် သူ့ အရိပ်ဝယ် တခဏမျှ နားခို အိပ်ဖူးပါမူ ထိုသစ်ပင်အား အကိုင်းအခက်မချိုးမိစေရ၊ အရိပ်ခိုပြီးမှ အခက်ချိုးသူသည် မိမိအားချမ်းသာမှုကို ပေးတတ်သော အဆွေ ခင်ပွန်းကောင်း (သို့ ) မိတ်ဆွေကောင်း ကို ပြစ်မှားရာရောက်ချေသည်။ - မိတ်ကောင်းကို စောင်းကြည့် မကြည့်နှင့် ဟုဆိုရာ၏၊
၎-မိန်းမကောင်း၊ မိန်းမယုတ် မည်သို့ သိနိုင်မည် ( ထို့ နည်းတူ ယောက်ျားကောင်း၊ ယောက်ျားယုတ် မည်သို့ သိနိုင်မည် တွေးယူပါ)
မသူတော်သဘော သတ်လိုစိတ် မွေးမြူသော မိန်းမတို့ မည်သည် မာယာလည်းစွက်၊ ရမက်လည်းကြီးသောမိန်းမ၊ တနေ့ သင့်ထက်သာသူ တွေ့ ကသင့်ကိုလည်းသတ် ၊ သာသူ့ ထံကပ်မည်သာဖြစ်ချေသည်၊ ထိုမိန်းမမျိုးသည် မိန်းမမြတ်မဟုတ်၊ မိန်းမယုတ်သာ၊ ထိုမိန်းမဆိုးမျိုး၏ အနောက်သို့ သင်မလိုက်သင့်၊ မ-ဘက်လိုက်ကာ မိုက်ဖက်မပါစေနှင့်၊
ထို့ နည်းတူ လူမိုက်ယောက်ျားတွေ့ သော်ငြားလည်း မမိုက်လေနှင့် ရှောင်လေဝေးဝေး ဘေးအေးစေဘို့ ၊
သူတော်ကောင်းနှင့် ပေါင်း၊ သူယုတ်မာကို ရှောင်
သူတော်ကောင်းနှင့်ပေါင်းရမည်။ သူတော်ကောင်းနားနေနေက တရားစကားများ ကြားပါများလျှင် တရားစိတ်မင် သူတော်ကောင်းစိတ်ဝင်ကာ ပါရမီဖြည့်ရာသည်။
သူယုတ်မာကို ရှောင်ပါ။ မသူတော်များနှင့်ပေါင်းက မကောင်းသည်များ ကြားပါများလျှင် နားပါ၍ တရားမကာနိုင်သဖြင့် မကောင်းမှုကို စဉ်းစားစရာ ဖြစ်လာရာမှ ကြိုက်လာကြကာ မကောင်းတာအကုန်လုပ် အကုသိုလ်အထုတ်ထုတ်ကြတတ်လေတော့သည်။
သူတော်ကောင်းအား မပြစ်မှားထိုက်ပါ။ သူယုတ်မာအားရှောင်ရှားကြပါ။
သူတော်ကောင်းနှင့် တကြိမ်မျှပေါင်းသင်းခွင့်ရခြင်းသည် ကမ္ဘာအသင်္ချေ မရေတွက်နိုင်အောင် အကျိုးထူး တရားပွားများစေနိုင်သည်။
အပိုင်း (၄) သို့ ဆက်ဖတ်ရန်
More Articles...