Donation
Visitors
Top 52:
Unknown flag 88687 Unknown
United States flag 4036 United States
Ukraine flag 216 Ukraine
Russian Federation flag 106 Russian Federation
India flag 101 India
Myanmar flag 91 Myanmar
France flag 58 France
Israel flag 51 Israel
Japan flag 46 Japan
Germany flag 35 Germany
Romania flag 26 Romania
Netherlands flag 23 Netherlands
Hong Kong flag 22 Hong Kong
Singapore flag 22 Singapore
Thailand flag 20 Thailand
Australia flag 18 Australia
Canada flag 18 Canada
Tokelau flag 17 Tokelau
Bangladesh flag 15 Bangladesh
Malaysia flag 14 Malaysia
Poland flag 11 Poland
United Kingdom flag 11 United Kingdom
Brazil flag 10 Brazil
China flag 10 China
South Africa flag 10 South Africa
Algeria flag 9 Algeria
Indonesia flag 8 Indonesia
Sweden flag 7 Sweden
Belgium flag 4 Belgium
New Zealand flag 4 New Zealand
Serbia flag 4 Serbia
Portugal flag 3 Portugal
Taiwan flag 3 Taiwan
Bosnia Hercegovina flag 2 Bosnia Hercegovina
Ireland flag 2 Ireland
Morocco flag 2 Morocco
Spain flag 2 Spain
Sri Lanka flag 2 Sri Lanka
Vietnam flag 2 Vietnam
Angola flag 1 Angola
Bahrain flag 1 Bahrain
Czech Republic flag 1 Czech Republic
Former Soviet Union flag 1 Former Soviet Union
Hungary flag 1 Hungary
Italy flag 1 Italy
Jersey flag 1 Jersey
Mexico flag 1 Mexico
Montenegro flag 1 Montenegro
Nepal flag 1 Nepal
Norway flag 1 Norway
Philippines flag 1 Philippines
Slovak Republic flag 1 Slovak Republic
93741 visits from 52 countries
Total Hits
Content View Hits : 1530936
ဓမ္မစာမျက်နှာ (၂၈)
ပါရမီဆယ်ပါး သော့ချက်များ ( အပိုင်း ၂) သီလပါရမီ
PLEASE CLIKE THIS PICTURE TO READ PDF FILE
၁- ဒါန ပါရမီ
ဒါန သော့ဖြင့် နိဗ္ဗာန် တံခါးဖွင့်နိုင်သည်။
ဖွင့်တတ်ရန် သော့ရှိရမည်။
ဒါနတိုင်း ပါရမီ မဖြစ်၊
ဒါန ဆိုသည်မှာ - ပေးကမ်းစွန့် လှုမှု။
ဒါနတွင် ငါပိုင် ငါဆိုင် အထင်ပစ္စည်းမစွန့် လှုက ပါရမီမရ၊ လိုချင်စွဲလန်းမှုကင်းသော စွန့် လွှတ်ခြင်း ဒါနသည်သာ ပါရမီမြောက်၏၊
ဒါနပါရမီ= ကိုယ်မှအပ ဥစ္စာဓနများကို စွန့် လွှတ်၍ ဖြည့်ကျင့်ခြင်း၊
( ရိုးရိုးဒါန သည် ငါပိုင် ဒိဋ္ဌိကို ဖြိုချနိုင်သည်)
ဒါနဥပ ပါရမီ = ကိုယ်မှာပေါင်းစွက် အင်္ဂါခြေလက်များအထိ စွန့် လွှတ်၍ ဖြည့်ကျင့်ခြင်း၊(ဤ်ဒါနသည် ငါမာန ကိုဖြိုချနိုင်သည်)
ဒါန ပရမ္မတ္တ ပါရမီ = ကိုယ်၏သော့ချက် အသက်ကိုပါ စွန့် လွှတ်၍ ဖြည့်ကျင့်ခြင်း၊ (အသက်ပေးဒါနသည် ငါတဏှာကို ဖြိုချနိုင်သည်)။
ဒါနသည်အခက်ဆုံးနှင့် အထက်ဆုံး
ဒါနသည် ပါရမီတော်များအားလုံးတွင် ခက်လဲခက်ခဲ၏၊ ထက်လည်းထက်မြက်၏၊ ကိုယ့်ဥစ္စာဟုတဏှာစွဲကို ပယ်ကာ သူတပါးကိုပေးစွန့် လွှတ်စေရာတွင် ပယ်ရာ၌ ခက်၊ ပယ်ပြီးက အစွမ်းထက်သော ဒါနပါရမီ ၊ သူမပါပွဲမပြီး၊ အလောဘသည် အရေးကြီးသော ပါရမီတပါးပင်၊
ဒါနဖြင့် ပြင်ပကာမ ဥစ္စာငွေကြေးစွန့် ရသည်။ ဒါနဖြင့် အသက်အင်္ဂါ စွန့် လွှတ်ရသည်၊ ဒါနဖြင့်ပင် ဇနီး၊ မယား၊ သား၊ သမီးတို့ စွန့် ချသွားရသည်။
ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘဝ တွင်ဒါနပါရမီ အထွဋ်အထိတ်ဖြစ်ခဲ့၏။
ဒါနဖြင့် တဏှာ သုံးမျိုးဖြတ်နိုင်ခြင်း
၁- ကာမတဏှာ - ကို ဒါနပါရမီအကူဖြင့် ပြင်ပပိုင် ဥစ္စာငွေကြေးများကိုစွန့် လွှတ် ခြင်းဖြင့် သတ်နိုင်သည်။
၂-ဘဝတဏှာ - ကို ဒါနဥပပါရမီအကူဖြင့် မိမိဘဝစိုပြည်လှပနေသော အင်္ဂါခြေလက်များကို စွန့် လွှတ်ခြင်းဖြင့် ဖြတ်တောက်ပစ်နိုင်ရာ၏၊
၃-ဝိဘဝတဏှာ - ကို ဒါနပရမတ္တပါရမီဖြင့် ဤဘဝ၊ နောင်ဘဝသည့်ထက်ကောင်း လိုသည့် အစွဲများကို အရင်းမှလှဲပြစ်နိုင်သည်။
ဒါနဖြင့်  ပပဉ္စ သုံး ပါး ဖြတ်နိုင်ခြင်း
၁- ဒိဋ္ဌိ ငါ- ကို ဒါနပါရမီဖြင့် ငါပိုင်ပစ္စည်းအပေါ်အထင်ကပ်မှု ပြုတ်စေရာသည်။
၂- တဏှာ ငါ - ကို ဒါနဥပပါရမီအကူဖြင့် ငါပိုင်ငါဆိုင်ငါဥစ္စာဟု စွဲလန်းမှု ရာဂတဏှာစိတ်များပြေစေနိုင်သည်။
၃-မာန ငါ - ကို ဒါနပရမတ္တပါရမီဖြင့် ဤခန္ဓာကြီးကိုစွန့် လွှတ်ကာဖြတ်တောက် ပစ်နိုင်သည်။
ဒါနသည် မစ္ဆရိယသံယောဇဉ်အမျှင်ကို ဖြတ်နိုင်သောလက်နက်မည်၏။
ဒါနပါရမီသည် ပြင်ပဥစ္စာ ကာမတဏှာကို ပယ်သတ်သကဲ့သို့  ပြင်ပဝတ္ထုအပေါ် ငါပိုင်ထင် ခင်ရာမှဖြစ်လာသော မစ္ဆရိယ ဝန်တိုမှုသံယောဇဉ် အမျှင်ကိုလဲ ပယ်သတ်နိုင်သည်၊
ရခဲလှသော လူ့ ဘဝမှာပင် ဒါနမှု ၊ သီလမှု၊ ကုသိုလ်များစုဆောင်းသိုမှီးရန် အလှုခံသံဃာ များရှိသော်ကြောင့် စိတ်အာရုံ သဒ္ဓါကြုံစဉ် မြန်မြန်လှုစေချင် ပါသည်၊
ဒေါသကိုစွန့် လွှတ်၍ တဖက်သားလိုချင်သော သည်းခံကျေအေးခြင်းဖြင့်လည်း စိတ်အေးဒါန ပြုနိုင်သေးသည်။
မိမိနှင့်တန်းတူထား ဆက်ဆံတတ်သော တဖက်သားအေးချမ်းစေဘို့ မေတ္တာရေ အေး ဒါနပေးနိုင်သေးသည်။
ခန္တီမေတ္တာ အဖြာဖြာဖြင့် အနားနေအရိပ်ခိုနေသူများ အတွက် အေးသထက်အေးစေ ဒါနပေးဝေ လှုနေနိုင်သော လူ့ ဘဝတွင် ဒါနပါရမီ ဖြည့်နိုင်ကြပါစေ။
၂- သီလပါရမီ
ရေကြောင့်ဖြစ်သော ရွှံနွံတို့  ပေကျန်လျှင် ရေဖြင့်သာ ဆေးကြောသုတ်သင်ရာ၏၊
စိတ်ကြောင့်ဖြစ်သော ကိလေသာ အညစ်အကြေးတို့ ကို စိတ်ဖြင့်သာ ဆေးကြောသုတ်သင်ရာ၏၊
စိတ်လေ့ကျင့်ခဏ်း အလုပ်သည် သီလ၏တာဝန်သာ၊
သီလဆိုတိုင်း ပါရမီ မဖြစ်သည်ကို သဘောပေါက်သင့်သည်၊
သီလဖြင့် ကိုယ်နှုတ်စောင့်စည်းစေခြင်း ကိုယ်ကျင့်ကောင်းအောင် စိတ်စင်ကြယ်စေခြင်း စိတ်ကျင့်ကောင်းအောင် သတိဥာဏ်ဖြင့် ကျင့်ရသည်၊
ပါရမီတော် သီလ ဟူသည် ကျင့်လည်းကျင့် သိလည်းသိရမည်
ရိုးရိုးသီလ= အာရုံနှင့်စိတ် မချိတ်မငြိ စေရန် သတိဖြင့် ထိန်းကျောင်းပေးရသော သီလ၊ ( သီလပါရမီ )
အင်္ဂါခြေလက်စွန့် သီလ= အင်္ဂါခြေလက်များနှင့် သီလပြိုင်တူ အန္တရာယ်ကျရောက်လာစဉ်ကာလ အင်္ဂါခြေလက်စွန့် သောသီလ၊ (သီလဥပ ပါရမီ)
အသက်စွန့် ရသောသီလ=ကိုယ်ခန္ဓာအသက်နှင့် သီလ ပြိုင်တူ အန္တရာယ်ကျရောက်လာစဉ် ကာလ အသက်စွန့် ရသော သီလ၊    ( သီလ ပရမတ္တ ပါရမီ)
အာရုံနှင့် ဒွါရ ထိတိုက်ရာမှ ဖြစ်ပေါ်လာသော ဝိဥာဏ်စိတ်များ အပေါ်တွင် သဘောမျှသာပေါ်လာသည်ဟု မှတ်စိတ်ကသိ နေရမည်၊ ရှေ့ စိတ်က လှစ်ကနဲပေါ် လှစ်ကနဲပျောက် သည်ကို နောက်စိတ်က အသိပေါ် အသိထပ၊် အဆက်မပြတ် စွဲစိတ်ကို မှတ်စိတ်နှင့် အစားထိုးဖျောက်ဖျက်ပစ်နေခြင်းဖြင့် အစွဲဝေးသဖြင့် စိတ်အေးလာမည်။ စိတ်အေးရာမှ စိတ်တည်လာမည်။ မစွဲလန်းလို့ စိတ်စင်ကြယ်လာမည်။ စိတ်ဖြူစင်ကြယ်လာ၍ ကိုယ်နှုတ်စိတ်များ မသောင်းကျန်းတော့ဘဲ ပါရမီသီလ ဖြည့်ကျင့်ရာရောက်တော့သည်၊
သီလသည် မကောင်းမှုတို့ ကို ရှောင်ကျဉ်စေသည်၊
ကောင်းမှုမှန်သမျှတို့ ကို ဆောင်ထားစေသည်၊
စိတ်ကို ဖြူစင် ကြည်လင်စေသည်၊
သီလကြောင့် အကြံမှန်၊ အပြောမှန်၊ အကျင့်မှန် အမှန်သုံးချက်ပြည့်ကာ အမှားမဝင် အမှန်မြင်ကာ သစ္စာလေးပါး သို့ ဆိုက်စေ သည်၊
ပါရမီဖြည့်ကျင့်နေဆဲကာလ အတား နိဝရဏ များကို သီလဖြင့်နိုင်စေရာသည်။
အတား နိဝရဏ ငါးပါးဆိုသည်မှာ
၁-   ကာမစ္ဆန္ဒ - တရားလိုချင်၊ မယား၊ယောက်ျား၊ကလေးလိုချင်၊ ပစ္စည်းဥစ္စာလိုချင် ရချင်သောစိတ်များသည် နိဗ္ဗာန်၏အတားများပင်။
၂-   ဗျာပါဒ--  လိုချင်ရာမရမချင်း စိတ်ထဲမခံသာအောင်ဆွပေးနေသောစိတ်များသည် နိဗ္ဗာန်နှင့်ဆန့် ကျင်ဘက်ပင်။
၃-  ဝီစိကိစ္ဆာ --မိမိလမ်း တန်းမတန်း ယုံမှားသံသယဝင်နေခြင်းသည် အနှောင့်အတားတခု။
၎-  ဥဒ္ဓစ္စ- ကုက္ကစ္စ -- စိတ်ပြန့် လွင့် စိတ်ပူပန်မှု များသည် နိဗ္ဗာန်သို့ ဝေးစေသည့်အကြောင်းတခု။
၅-  ထိနမိဒ္ဓ -စိတ်မပါ၊ ထိုင်းမှိုင်းပျင်းရိ စေသည့်အဝိဇ္ဇာမှိုင်းဝင်နေခြင်းသည်ကြောက်စရာအတားတခု။
စိတ်စင်ကြယ်စေဘို့ မပြတ်မလတ်သတိကပ်ကာ မြင်သည်ကိုမြင်ရုံသာ၊ ဘာလဲဘဲမစုံစမ်းနှင့်တော့၊
ကြားသည်ကို ကြားရုံသာ၊ ဘာလေလဲ အကဲမဖမ်းနှင့်တော့၊
ရုပ်နှစ်ခုထိ အသိတစ်ချက်ပေါ် ၊ ပေါ်တဲ့ အသိ ချက်ချင်းပျက်တာ ကွင်းကွင်းကွက်ကွက်မြင်စေပါ၊ မြင်သမျှ၊ ကြားသမျှ အရိပ်ပမာ၊ အငွေ့ ပမာ၊ သိပြီးပျောက် သဘောမျှလောက်ဆိုသည်ကို မြင်သိတတ်လျှင် စိတ်စင်ကြယ်ပေမည်။
ဤသီလပါရမီအရာတွင် နေမိမင်းကြီးသည် သာဓကအရာဝင်သည်။
အပိုင်း ( ၃ ) သို့ ဆက်ဖတ်ရန်
ဓမ္မစာမျက်နှာ (၂၇)
ပါရမီဆယ်ပါး သော့ချက်များ ( အပိုင်း ၁)
PLEASE CLICK SAYADAW PICTURE TO READ PDF FILE
မဟာဗောဓိမြိုင် ဆရာတော် ဝနဝါသီဥေယျဓမ္မသာမိထေရ် ၏ သော့ စာအုပ်မှ ကောက်နှုတ်တင်ပြလိုက်ပါသည်၊ အဖိုးတန်လှသောတရားစကားများကို မသိလျှင်မသုံးတတ်၊ သိမှသာ သုံးလိုက သုံးတတ် သုံးနိုင်ကြသဖြင့် အရေးကြီး လှသော သော့ချက်များဖြင့် နိဗ္ဗာန်တံခါးဖွင့်နိုင်ကြပါစေရန် ရည်သန်၍ကောက်နှုတ် ရေးသားဖော်ပြလိုက်ပါသည်။
ခြကောင်များတောင်ပို့ကြီးပြုလုပ်သကဲ့သို့ပါရမီဖြည့်ရ၏၊
မိုးပေါက်များ တစက်ချင်းစုရသကဲ့သို့ ပါရမီဖြည့်ရ၏၊
ခြလျှင် တစ်အုပ် တောင်ပို့ ကြီဲးပြုလုပ်နိုင်သည့်ပမာ၊ တစ်စက်မိုးပေါက် စုဆောင်း ခံက ပြည့်မောက်နိုင်သည့်ပမာ ပါရမီဆိုသည် ဘဝများစွာ ကမ္ဘာများစွာ ဖြည့်ရင်း ဖြည့်ရင်း ပြည့်စေနိုင်ခြင်း၊ကို သိစေအပ်ပါသည်။
တရားကိုသိခြင်းလေ့လာဆည်းပူးနေခြင်းသည် မိမိလက်ဝယ် သော့ရှိနေခြင်းပင်။
မသိအဝိဇ္ဇာ ကြောက်စရာ
မသိအဝိဇ္ဇာဟူသည် အလွန်ကြောက်စရာကောင်းလှသည်။
ကိုယ်မသိတိုင်း မမှန်ဟူ၍ မဝေဖန်သင့်၊
ကိုယ်မကြိုက်တိုင်းလည်း မကောင်းဟူ၍ မဝေဖန်သင့်။
မသိခြင်းသည် ကိုယ်၊ နှုတ် ၊ စိတ် ( ကာယကံ၊ ဝစီကံ၊ မနောကံ) သုံးပါးစလုံး ဖြင့်ဝေဖန်မိခြင်း၊ ပုတ်ခတ်ခြင်းပြုမိလေကာ အလကား အခြောက်တိုက် မစားရ၊ မသောက်ရပါဘဲနှင့် အကုသိုလ် အပယ်တွင်းထဲနေ့ စဉ် ယက်ဆင်းသွားနေကြ သကဲ့သို့ ဖြစ်နေချေသည်။
မှန်ကန်စွာကျင့်ကြံအားထုတ်နေခြင်းသည် ပါရမီဖြည့်နေခြင်း၊ သော့ဖြင့်နိဗ္ဗာန်တံခါး ဖွင့်နေခြင်းပင်။
ပါရမီ ၁၀ ပါး ဆိုသည်မှာ-
ဒါန သီလ နေက္ခမ္မ
ခန္ဓီ သစ္စာ မေတ္တာ ဥပေက္ခာ
အဓိဋ္ဌာန် ဝီရိယ ပညာ
၁-ဒါနပါရမီ
၂-သီလပါရမီ
၃-နေက္ခမ္မပါရမီ
၎-ခန္တီပါရမီ
၅-သစ္စာပါရမီ
၆-မေတ္တာပါရမီ
၇-ဥပေက္ခာပါရမီ
၈-အဓိဋ္ဌာန်ပါရမီ
၉-ဝီရိယပါရမီ
၁၀-ပညာပါရမီ
တကယ်အဟုတ် ပါရမီဖြည့်တော့မည်ဆိုလျှင် ၁ မှ ၁၀ အထိ ဂဏန်းစဉ်အတိုင်း ၁ ပြီး၂၊ ၂ ပြီး၃ ဟူ၍ တရားသေဖြည့်နေရမည်ကားမဟုတ်ပေ။ ပါရမီတစ်ချက်ဖြည့်ခြင်းသည်၊ ပါရမီတစ်ကွက်ဖြည့်ခြင်း သည်လူမိုက်ခေါင်းဆောင် ဖမ်းမိသကဲ့သို့ ကိလေသာအားလုံးကို တပြိုင်နက်မြှပ်သတ်ပေးနိုင်စွမ်းရှိသည်။
ပါရမီတော်တစ်ခုသည် သံယောဇဉ်နွယ် တစ်ခုကို တာဝန်ခံ ဖြတ်တောက်ရ၏။ပါရမီ ဆယ်ပါးသည် သိက္ခာ သုံးပါး ( သီလ၊ သမာဓိ၊ ပညာ) တို့ ၏တရားကိုယ်များပင် ဖြစ်သည်။
အကျဉ်းဆိုသော် - သီလ၊ သမာဓိ၊ ပညာ ပါရမီ
ဒါန၊ သီလ ပါရမီခန်းသည် စိတ်လေ့ကျင့်မှု- သီလပါရမီတော်။
နေက္ခမ္မ၊ ခန္တီ၊ သစ္စာ၊ မေတ္တာ၊ ဥပေက္ခာ တိုင်သည့်ပါရမီများသည် စိတ်တည်မှုအလေးပြုသော- သမာဓိပါရမီတော်၊
အဓိဋ္ဌာန်၊ ဝီရိယ၊ ပညာ ပါရမီ များသည်သိပိုင်မှုကို အလေးပြုရသော - ပညာပါရမီတော်။
သီ လ = ဒါန၊ သီလ ပါရမီ သည် စိတ်လေ့ကျင့်မှု သီလ
သမာဓိ = နေက္ခမ္မ မှ ဥပေက္ခာ ပါရမီတိုင်ထိ သည် စိတ်တည်မှုအလေးပြုရသော သမာဓိ
ပညာ = အဓိဋ္ဌာန် မှ ပညာ ပါရမီတိုင်အောင် သည် သိပိုင်မှုသို့ အလေးပြုရသော ပညာ
ပါရမီဟူသည် ဖြည့်ကျင့်နေခြင်းဟု အဓိပ္ပါယ်ရသည်၊
ပါရမီသည် အကျင့် ဖြင့် တဏှာဖြတ်၊ အသိဖြင့် တဏှာသတ်ရသည်ကို မမေ့သင့်၊
လက်ထဲရောက်နေသော အခွင့်အရေးများ
နိဗ္ဗာန်ရောက်ကြောင်း အလုပ်ကို ကြိုးစားအားထုတ်သောသူဖြစ်လျှင်၊ ဟုတ်မှန်သော နိဗ္ဗာန်နှင့် တနေ့တခြား နီး၍ သွားသောသူမည်၏၊
ရခဲလှသောလူ့ ဘဝ ၊ သာသနာတော်အတွင်းမှာလဲ လူဖြစ်ရ၊ ခက်ခဲနက်နဲသော တရားများကိုလည်း သင်ယူနားကြားနေရသော ယခုဘဝသည် နိဗ္ဗာန်၏ အနီးအပါးသို့ ဆိုက်၍နေသော ဘဝပေတည်း၊
၁- အလွန်ကျင့်၍ အလွန်ရင့်မှ ပွင့်လေသော ဗုဒ္ဓ နှင့် ဗုဒ္ဓခောတ်တို့ လည်းလက် ဝယ်ရှိနေ၏။  ယခုလူ့ ဘဝ တွင်ပါရမီတော်အဆင့်ဆင့်ကိုကောင်းစွာအဆင့် ဆင့်ဖြည့်ကျင့်ခွင့်ရနေသည်၊
၂-ဘုရားနှင့် အရိယာတို့ သာသိနိုင်သော သစ္စာတရားကို သိခွင့်ရနေသော လူ့ ဘဝ သည်လည်း လက်ဝယ်ရှိနေပြီ။
၃-ရတနာ ၃ ပါးနှင့် သာသနာအပေါ် ယုံကြည်အားကိုးမှု သဒ္ဓါကလည်း ပြည့်ဝစွာ လက်ဝယ်ရှိနေပေသည်။
၎- ယနေ့ ထွက်ခွါရန် ကြိုးစားသော် ယနေ့ ပင်ထွက်လမ်းကြီးသာနေသည်ကိုလည်း လက်တွေ့ မြင်နေရ၏၊
၅-ကိုယ်တိုင်သိ လမ်းပြပေးနေသော အရိယာသူတော်ကောင်းတို့ ၏ ကူညီအား ကလည်း မိမိအနား စောင့်စားလျက် အခွင့်အရေးကောင်းကြီးများပင်၊ လမ်းသိပြီးသူ ဆရာမှန်ကို ဆရာတင်က သံသရာလွတ်လမ်းနိဗ္ဗာန်လမ်း ကို ရာနှုန်း ပြည့်ရောက်မည်သေချာသည်။ လူလည်းသက်သာ၊ ပါရမီလည်း အမြန်ဖြည့်ရာ ရောက်စေသည်။
ထိုမျှအဖိုးတန်လှသော လက်ပေါ်ရောက်အခွင့်အရေးများကို မယူတတ်လျှင် အသုံးမချတတ်လျှင် အသုံးချလိုစိတ်မရှိခဲ့လျှင် သင်သည်ထီပေါက်လျက်က ထီလက်မှတ်ပျောက်နေသူ နှင့်မခြားနား၊ သင်လောက်မိုက်ကန်းသူ လောကတွင် မရှိတော့ပြီ။ သင်ပိုင်ဆိုင်သောသာသနာသည် ဒီနေ့ တရက်ထည်းသာ၊ မနက်ဖန်သင်သေခဲ့သော် တရားအသိအကျင့်မရှိခဲ့သော်သာသနာသည် သင် အတွက်မဟုတ်တော့၊ သင်နှင့်မဆိုင် အပယ်သာရောက်ရချေမည်၊
မျောက်ရယ်၊ကလေးရယ်၊ ပတ္တမြားရယ်
မျောက်သည် ပတ္တမြားနှင့် သစ်သီးပေးသော် သစ်သီးသာမက်၏၊
ကလေးကို အစားနှင့် ပတ္တမြားပေးသော် အစားသာမက်၏၊
မျောက်နှင့်ကလေးသည် ပတ္တမြားကို ကောက်ကြည့်၊ မြှောက်ကြည့်၊ ပြီးတော့ ပြန်ချ ပစ်ချထား၏၊
ငုံ့ ကြည့်၊ မော့ကြည့်၊ ပြီးတော့မျက်နှာလွှဲထားမည်။ တခါတရံ ထိုမျောက် ထိုကလေးတို့ သည် ပတ္တမြားကို ပစ်လဲမပစ်၊ သို့ သော် သုံးလဲမသုံးချေ၊
လက်ပေါ်သို့ ရောက်နေသော ပတ္တမြားကို မသုံးတတ်သဖြင့် အလွန်ကံကောင်းနေပါသော်လည်း မျောက်အသိ၊ ကလေးအသိလောက်သာ ရှိနေသည်ကို အပြစ်မပြောလို၊ မမာန်မဲလို၊ မိုက်မဲလိုက်သည်ဟုလဲပြောမထွက်၊ မသိ၍ မသုံးတတ်ပါတကားဟူသော ဂရုဏာ စကားဖြင့်သာ အသိဥာဏ်ပိုပို ရင့်သန်သောသူ ပါရမီရှုင်များဖြစ်လာဖို့ သာ မေတ္တာပို့ သလျက်
မသိလျှင် မကြောက်တတ် ၊ ခြောက်လှန့် ပြောလည်းအပိုဘဲ။
ရမ္မက်ဖက်လျှင် မရှက်တတ်၊ ရှက်အောင်ပြောလည်း အချည်းနှီးဘဲ၊
ကာမအဆိပ်သင့်ကာ မေ့လျော့နေသူများအတွက် ရင်ထဲမှနှစ်နှစ်ကာကာ ဆုတောင်းကာနေနေရတော့မှာမို့ 
ယခုဘဝမှာ
သံသရာမှလွတ်မြောက်ဖို့ ရာ ပါရမီ ၁၀ ပါး သော့ချက်များကို ဖတ်ရသော သူတော်ကောင်းအားလုံး ပါရမီမျိုးစေ့များရကာ နိဗ္ဗာန်လမ်းကို တနေ့ တခြားနီး၍သာ သွားသောသူများဖြစ်ကြပါစေ၊
အပိုင်း ( ၂ ) သို့ ဆက်ဖတ်ရန်  
ဓမ္မစာမျက်နှာ (၂၆)
ဓမ္မအနှစ် ဓမ္မစကား- သဘောခန္ဓာ ရှုရမှာ-
ဆရာတော်ဘုရားများ၏ ဆိုဆုံးမမှုများကိုဓမ္မ အနှစ်စကားများအဖြစ်တင်ပြလိုက်ပါသည်။
PLECK CLICK SAYADAW PICTURE TO READ PDF.
မြင်အောင်ရှု- မုန်းအောင်ရှု-ဆုံးအောင်ရှု
၁)သဘာဝ နှင့် သာမည လက္ခဏာ ဝိပဿနာဉာဏ်ကူသုံးရမည်။
ပထဝီ၊အာပေါ၊ တေဇော၊ ဝါယော မဟာဘုတ် ၄ ပါး
သဘာဝ လက္ခဏာ ဖြစ်သော ရုပ် ဓာတ် ၄ ပါး  ( ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ) တို့ ၏ ဖောက်ပြန်မှု ( တင်းမာမှု၊ ပျော့ ပြောင်းမှု၊ ပူမှု ၊ အေးမှု ၊ ထုံမှု ၊ ကျင်မှု၊ ကြမ်းတမ်းမှု၊ နူးညံ့ မှု၊ လေးမှု၊ ပေါ့ မှု) နှင့် နာမ် တရားတို့ ၏ သိမှု၊ စိတ်ကူး ၊ စိတ်ပျက် ၊ ပျော်ရွှင် ၊ ငြီးငွေ့  ၊ တွေးကြံ ၊ ပျံ့ လွင့် ၊ တက်ကြွ ၊ ဆုတ်နစ် ၊ ပျင်းရိ ၊ မနာလို ၊ ဝန်တို မှုအစရှိသည် တို့ ကိုသိရမည်။
သာမည လက္ခဏာ ဖြစ်သော ရုပ်တရား ၊ နာမ်တရားများသည်  ဖြစ်ပေါ်ရန် အကြောင်းရှိလျှင် ဖြစ်ပေါ်လာကာ ချက်ခြင်းပင် ချုပ်ပျောက်သွားသည့် အနိစ္စ (အမြဲမရှိ)
ထို ဖြစ်မှု ပျက်မှု သဘောများသည် တရစပ် အဖန်ဖန် နှိပ်စက်နေသည့် အတွက်ကြောင့်  ဒုက္ခ ( ဆင်းရဲခြင်းအစစ်)၊
ပျက်စီးမှု ၊ နှိပ်စက်မှု များကို မိမိသဘောအတိုင်း တားဆီး မရသဖြင့် အနတ္တ ( အစိုးမရ) ဟူ၍ လက္ခဏာ ၃ ပါးဖြင့်အကြိမ်ကြိမ် အဖန်ဖန်ဉာဏ်ဖြင့်ဆင်ခြင်ပွားများရမည်၊
သတိ နှင့် ဥာဏ် တွဲ ရမည်။ ခန္ဓာ့ ဖြစ်စဉ်ကို  ဥာဏ်နှင့် ယှဉ်၍ သတိဖြင့်ကြည့်ပါ။
ဘူတံ ဘူတတော ပဿတိ၊ (ဟုတ်မှန်သော သဘောကို အဟုတ်အမှန် အတိုင်း သိအောင်သတိထားပြီး ရှုမြင်ရမည်)
ဝိပဿနာဉာဏ် အမြင်မှန် လျှင်မြန်စွာရရန် သိသင့်သောအချက်များ
အဘိဓမ္မာကျကျရှင်းပြရလျှင်
အာရုံနှင့် ဒွါရ တိုက်ချိန် - ခန္ဒာ ၅ ပါး ဖြစ်ရသည် ။
အာရုံ ၆ ပါး ရှိသည်၊ ( အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ တွေ့ ထိမှု၊ တွေးတောကြံစည်မှု)
ဒွါရ ၆ ပါး  ရှိသည်၊ ( မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနော)
ခန္ဒာ ၅ ပါး =ခန္ဓာအပေါင်းအစုဖြင့် ပြောရလျှင် - ရူပက္ခန္ဓာ(ရုပ်)၊ ဝိညာနက္ခန္ဓာ  ( စိတ်) ၊ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ( စေတသိက်)
အတိုဆုံးရှင်းပြရလျှင်-  ရုပ် နဲ့ နာမ် ဖြစ်ရသည်။(ပရမတ်သက်သက်မျှသာ)
ရုပ် ( ဟဒယဝတ္ထု) ကိုမှီပြီး ဝိညာဉ် ( စိတ်အာရုံကိုသိခြင်း ) ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ( စေတသိတ် ၅၂ ပါး) ဖြစ်၏
ပို၍ ရှင်းအောင်ပြောရလျှင် အာရုံနဲ့ ဒွါရ တိုက်ချိန်- ပရမတ္တတရားဖြစ်သော ရုပ်၊ စိတ်၊ စေတသိတ် များသာဖြစ်နေကြသည်၊
ရိုးရိုးလေးလက်တွေ့  ကျကျရှင်းပြရလျှင်
အာရုံနဲ့ ဒွါရ တိုက်ချိန် - အာရုံကိုသိသောသဘောဖြစ်ပေါ်ရသည်။ တနည်း -အပွင့်ဓာတ် ( သို့ )ဝိဥာဏ်စိတ် ( သို့ ) အသိစိတ်ကလေးဖြစ်လာသည်၊
မျက်စိ            အဆင်း               အလင်း               မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ   မြင်သိစိတ် ဖြစ်သည်။
နား               အသံ            အာကာသဓာတ်               မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ  ကြားသိစိတ် ဖြစ်သည်၊
နှာခေါင်း          အနံ့           လေ ( ဝါတ ) ဓာတ်     မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ   နံသိစိတ် ဖြစ်သည်။
လျှာ          အရသာရှိသောအစာ         ( အာပ)လျှာရည်       မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ အရသာသိစိတ် ဖြစ်သည်။
ကိုယ်အကြည်    ထိတွေ့ မှု       ပထဝီဓာတ်          မနသီကာယ အာရုံစိုက် နှလုံးသွင်းမှု ဆုံသောအခါ ထိသိစိတ် ဖြစ်သည်။
စိတ် ဝိဥာဏ်စိတ် ၆ ပါး အကြောင်းဆုံက ပေါ်လာကြ
အဆင်းနှင့် မျက်စိ တိုက်၍ - မြင်သိစိတ်ဖြစ်ရသည်၊( အကြောင်း ၄ ခုဆုံရမည်- အဆင်း၊ မျက်စိ၊  အလင်း၊နှလုံးသွင်းမှု၊)
ထို့ နည်းတူ အသံ  နှင့် နား တိုက်၍  - ကြားသိစိတ်ဖြစ်ရသည်၊( အကြောင်း ၄ ခုဆုံရမည် -အသံ၊ နား၊ အာကာသဓာတ်၊ နှလုံးသွင်းမှု)
နှာခေါင်း နှင့် အနံ့ တိုက်၍ နံသိစိတ်ဖြစ်ရသည်။(အကြောင်း ၄ ခုဆုံရမည်-အနံ့ ၊ နှာခေါင်း၊ လေ(ဝါတ) ဓာတ်၊ နှလုံးသွင်းမှု၊)
လျှာနှင့် အရသာ ထိတွေ့ ၍  ရသာသိစိတ်ဖြစ်ရသည်။ (အကြောင်း ၄ ခုဆုံရမည်-အရသာ၊ လျှာ၊ (အာပ) လျှာရည်၊ နှလုံးသွင်းမှု၊)
ကိုယ်နှင့်ထိတွေ့ မှုကြောင့် ထိသိစိတ်ဖြစ်ရသည်။ (အကြောင်း ၄ ခုဆုံရမည်- တွေ့ ထိစရာ၊ကိုယ်အကြည်၊ ပထဝီဓာတ်၊နှလုံးသွင်းမှု၊)
မနောဘဝင်နှင့်  ဓမ္မာရုံ ကြောင့် တွေးတောကြံစည်စိတ်ဖြစ်ရသည်၊ (အကြောင်း၎ခုဆုံရမည်-နှလုံး-မန- ဓမ္မ-နှလုံးသွင်းမှု)
( အခံဓာတ်)        (အတိုက်ဓာတ်)          ( အပွင့် ဓာတ်)
ဒွါရ ၆ --------------အာရုံ ၆ ---------------ဝိညာဏ်  ၆
စက္ခုဓာတ်           ရူပ ဓာတ်               စက္ခုဝိညာဏ ဓာတ်
သောတဓာတ်      သဒ္ဒဓာတ်              သောတဝိညာဏ ဓာတ်
ဃာနဓာတ်         ဂန္ဒဓာတ်                ဃာန ဝိညာဏ ဓာတ်
ဇီဝှာ ဓာတ်          ရသ ဓာတ်             ဇီဝှာ ဝိညာဏ ဓာတ်
ကာယ ဓာတ်       ဖောဋ္ဌဗ္ဗဓာတ်          ကာယ ဝိညာဏ ဓာတ်
မနော ဓာတ်         ဓမ္မ ဓာတ်             မနော ဝိညာဏ ဓာတ်
၂)အကြောင်းအကျိုးဆင်ခြင်
အကြောင်းတိုက်ဆိုင်မှသာလျှင် အကျိုးဖြစ်ပေါ်ရသည်၊ အလကားသူ့ အလိုလို ပေါ်လာခြင်းမဟုတ်၊မည်သူတဦး တယောက်ကမှ ဖန်ဆင်းလိုက်ခြင်းမဟုတ်၊ အကြောင်းကင်း၍ ဖြစ်သောအကျိုးမရှိဟုသိထားရမည်၊
အကြောင်းတရားမရှိဘဲ အကျိုးတရားမဖြစ်၊ အကျိုးတရားသည်လည်း အကြောင်းနှင့် ကင်း၍မဖြစ်နိုင် ဟုအဖန်ဖန် သတိချပ်ပါလေ၊
စိတ်နောက်ရုပ်လိုက်၊ ရုပ်ကြောင့် စိတ်ဖြစ်၊
စိတ်နောက် ရုပ်လိုက်ဆိုရာတွင်
သွားချင်စိတ်ကြောင့် သွားရသည်၊ ထိုင်ချင်စိတ်ကြောင့် ထိုင်ရသည်၊ ဝမ်းနဲ စိတ်ကြောင့် ရုပ်မှာမျက်ရည်ကျငိုကြွေးရသည်၊
စိတ်ကြောင့်ဖြစ်သော လျောင်း၊ထိုင်၊ ရပ်၊ သွား ရုပ်များ
စိတ် ကြောင့်ပြုံးရယ်သောရုပ်
် စိတ်ကြောင့် ငိုကြွေးစေသောရုပ်
ရုပ်ကြောင့် စိတ်ဖြစ်
ရုပ်၏ဖောက်ပြန်မှုကို စိတ်ကခံစားသိရသည်၊ ရုပ်၏နာကျင်ကိုက်ခဲမှုကို စိတ်ကခံစားနေရသည်၊
ရုပ်နှင့် နာမ် အချင်းချင်းအမှီပြုလျက် ဖြစ်ကြရသည်ဟုဆင်ခြင်ပါ၊ ရုပ် ၂ ခုတိုက်၍ စိတ်ဖြစ်လာရသည်ကို မြင်အောင်ကြည့်ပါ၊
ရုပ် ×   ရုပ်   ------      စိတ်
မျက်စိ-အဆင်း-အလင်းရောင်-နှလုံးသွင်းတို့  ပေါင်းဆုံမိခြင်းကြောင့် မြင်သိစိတ်။ မြင်သိသဘောသက်သက်မျှသာ၊
နား-အသံ-ဟင်းလင်း-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ကြားသိစိတ်၊ ကြားသိသဘောသက်သက်မျှသာ၊
နှာခေါင်း-အနံ့ -လေဓာတ်-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့် နံသိစိတ်။ နံသိ သဘောသက်သက်သာ၊
လျှာ-အရသာ-ရေဓာတ်-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ရသာသိစိတ်၊ ရသာသိ သဘောသက်သက်လေးသာ၊
ကိုယ်-အတွေ့ - မြေဓာတ်-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့် ထိသိစိတ်၊ ထိသိ သဘောသက်သက်လေးသာ၊
နှလုံး-မန-ဓမ္မ-နှလုံးသွင်း ပေါင်းဆုံမိခြင်းကြောင့်  ကြံသိစိတ်၊ ကြံတွေးသိ သဘောသက်သက်မျှသာ၊
၃)သဘောသက်သက် ပရမတ်ကိုမြင်- အရှိကိုသာ သိနေပါ
ထိုဖြစ်ပေါ်လာသော အသိစိတ်ကလေးသည် သဘောသက်သက်သာဖြစ်သည်၊ သဘောခန္ဓာ သာဖြစ်သည်၊ ဓာတ်သဘောမျှသာဖြစ်သည်။
ကိုင်တွယ်ပြ၍မရ၊ ပုံသဏ္ဍာန်မရှိ၊ အရောင်မရှိ၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဟုလဲမဆို၊  စကားလဲမပြော၊ သိသဘောသက်သက်လေးသာ ခဏပေါ်ကာ ချက်ခြင်းချုပ်ပျက်သွားလေသည်၊
ဥပမာ- အချိုမုန့် တခုကိုစားလိုက်လျှင်- ချိုသောအရသာသိစိတ်ဖြစ်လာမည်၊ ဥာဏ်ဖြင့်စမ်းစစ်လိုက်ပါက- ချိုသဘောလေးကို လက်ဖြင့်လဲ ကိုင်ပြ၍မရ၊ မည်သည့် ပုံသဏ္ဍာန်ရှိသည်ကိုလဲမဖြေနိုင်၊ မည်သည့်အရောင်ရသည်ကိုမမြင်ရ၊ ၊ ပုဂ္ဂိုလ်သတ္တဝါလဲမဟုတ်၊ ငါ၊ သူတပါး၊ယောက်ျား၊မိန်းမဟုလဲမဆို၊ စကားလဲမပြော၊ ချိုမှုကိုသိသောသဘောဓာတ်ကလေးသာပင်၊
ပရမတ်ကိုမြင်နေခြင်းပင်၊ ပရမတ်တို့ သည် ကိုင်တွယ်ပြ၍မရ၊ သဘောသက်သက်မျှသာဟု သိနိုင်သည်၊ သို့ သော် အမှန်တကယ်ရှိ၏၊
သမ္မုတိသစ္စာနယ် တွင် ပညတ်သမုတ် အခေါ်အဝေါ် အမည်နာမအများသုံးသော်လည်း ဝိပဿနာအားထုတ်ရာမှာ ပညတ်ကို ပယ်ခွာရှုနိုင်မှ သက္ကာယဒိဋ္ဌိ ဖြုတ်နိုင်မှာ၊
မြင်မှု၊ ကြားမှု။ နမ်းရှုမှု ၊ စားမှု၊ ထိမှု ၊ တွေးကြံမှု တို့ သည် သဘောသက်သက် ပရမတ်တရားများသာဖြစ်သည်၊ ကိုင်ပြ၍မရ၊ အလုံးအပြားကဲ့သို့ ပုံသဏ္ဍာန် မရှိ၊ သတ်မှတ်ပြရန်  အရောင်လဲမရှိ၊ စကားလည်းမပြောတတ်၊  ပုဂ္ဂိုလ်သတ္တဝါမရှိ ၊ငါ၊ သူတပါး၊ယောက်ျား၊မိန်းမလည်းမဟုတ်၊ သဘောသက်သက် ဓာတ်သဘောမျှသာဖြစ်ကြောင်း ဥာဏ်ဖြင့် ရအောင် ကြိုးစားကာ ဥာဏ်ကူ၍ ရှုမှတ်ကြပါ၊
၎) အဖြစ်ရှိ၍ အပျက်ကိုမြင်နေ
ထိုအာရုံဒွါရတိုက်၍ ဖြစ်ပေါ်လာသော -ခန္ဒာ ၅ ပါး သည် ဖြစ်ပြီးသည်နှင့် ချက်ချင်းပင် ပျက်ချုပ်သွားသည်။ နောက်စိတ်ဖြင့်ရှေ့ စိတ်ကိုပြန်ကြည့်လိုက်သော် - ရှေ့ စိတ်များချုပ်ချုပ်သွားသည်ကိုသိရမည်၊ နောက်စိတ် ဉာဏ်ဖြင့် ကြည့်လိုက်သည်နှင့် ရှေ့ စိတ်များ ဒလစပ်ချုပ်ပျောက်နေသည်ကို စူးစိုက်(သမထ)အားကောင်းလျှင် ကောင်းသလောက်မြင်နိုင်သည်၊
ရှေ့ စိတ် ချုပ်ပျောက်မှုကို နောက်ဥာဏ်က သိနေသည်၊
ရှေ့ ကရုပ်နာမ် ဖြစ်ပျက်နေသည်ကို နောက်ရုပ်နာမ် ကသိ သိနေခြင်းသည် တရားရှုမှတ် နေခြင်းပင်၊
၅)မြင်မှုသိမှု မပြတ်ရှု - အိပ်စဉ် နိုးစဉ် သတိယှဉ် - မပြတ်မလတ် သတိချပ်
ဝိပဿနာဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ဆင်ခြင်နေပါ။
ထိုသို့ အာရုံ နှင့်ဒွါရတိုက်ချိန် ပေါ်လာသော သဘောခန္ဓာ ( အသိဓာတ်လေးမျှသက်သက်) သည် ခဏပေါ် ချက်ခြင်းချုပ်၊ ခုပေါ် ခုချုပ်၊
ထို့ ကြောင့် မမြဲသော အနိစ္စလက္ခဏာ
မမြဲ ဆင်းရဲခြင်းသည် ဒုက္ခလက္ခဏာ
မခေါ်ဘဲနှင့်လာ မနှင်ဘဲနှင့်ပြန်သွားကြသော သူ့ သဘောသူဆောင် ကိုယ်မပိုင်ကိုယ်မဆိုင်သော အနတ္တလက္ခဏာ ပေတည်း။
အဆက်မပြတ် ဖြစ်ပေါ်လာလိုက် ချုပ်ပျောက်သွားလိုက် နှင့် တကယ်အရှိ အသိစိတ်သက်သက်မျှ သဘောလေးသက်သက်မျှသော ခန္ဓာ  အပေါ်တွင်  မပြတ်မလတ် သတိချပ်ကာ
ပစ္စုပန်တည့်တည့် ဥာဏ်ဖြင့်လှည့်ကာ အမှန်အတိုင်းမြင်အောင် အသာထိုင် ကြည့်နေရုံသာ၊
၆) လမ်းပေါ်မှ လမ်းမချော်ပါစေနဲ့ 
ပေါ်လာသော ခံစားသိစိတ်အပေါ်တွင် ကြိုက်မှု သာယာမှုရှိသွားလျှင် လောဘစိတ်၊ လမ်းပေါ်မှ လမ်းချော်သွားသည်ကို ချက်ချင်းသိလိုက်ပါ။
ပေါ်လာသော ခံစားသိစိတ်အပေါ်မှာ မကြိုက်မှု မလိုချင်မှုရှိသွားလျှင် ဒေါသစိတ်၊ လမ်းပေါ်မှ လမ်းလွဲသွားပြန်သည်ကို သတိဖြင့်ပြန်မှတ်ရှုလိုက်ပါ၊
ဖြစ်သမျှ၊ ပေါ်သမျှ ဖြစ်ဆဲ ရုပ်နာမ်အာရုံတို့ ကို သိသိနေ၊ သိသောရှေ့ စိတ်ကိုနောက်စိတ်နှင့်မရှိ ပျောက်ချုပ်မှုကို မပြတ်သိမှတ်နေခြင်းသည် ဝိပဿနာဘာဝနာကိစ္စပင်။
ချုပ်ပျောက်ခြင်းကို တွေ့ ခြင်းဖြင့် -ဘာမှမရှိတာသိနေခြင်းမည်၏၊  ဘာကိုမှစွဲလန်းစရာမရှိ၊ ထိုသို့ သိနေသော အေးချမ်းမှုအစစ်သည် အနှစ်သာရပင်၊ နိဗ္ဗာန်အမြင်ပေတည်း၊
၇) ပစ္စုပ္ပန်တည့်တည့် - ဖြစ်ဆဲကိုကြည့်
အတိတ်ကို ပြန်မတွေးနှင့်၊ အနာဂတ်ကိုလဲ ကြိုမတွေးနှင့်၊
ပစ္စုပ္ပန်တည့်တည့်တွင် အာရုံ နှင့် ဒွါရတိုက်၍ ဖြစ်လာသော ချက်ခြင်း ချုပ်ပျောက်သွားသော သဘောသက်သက်မျှသာရှိသည့် အသိစိတ်များ  (သို့ ) သဘော ခန္ဓာများကို အဖန်ဖန် အကြီမ်ကြီမ် ဝိပဿနာဉာဏ်ဖြင့် မပြတ်မလပ် တရစပ် သွားဆဲသွားစဉ်၊ ရပ်ဆဲရပ်စဉ်၊ ထိုင်ဆဲထိုင်စဉ် ၊လှုပ်ရှား နေစဉ် နှင့် နေ့ စဉ် ဝိရိယစွမ်းအားကြီးစွာဖြင့်  ရှုမှတ်ခြင်းသည် နိဗ္ဗာန်သို့ တိုး၍တိုး၍ သွားနေ သော နိဗ္ဗာန်နှင့် နီး၍နီး၍ သွားနေသော ခြေလှမ်းများပင်၊
နေစဉ် နှင့် နေ့ စဉ် ကျင့် ကြံ ရှုမှတ်ပါ က-နိဗ္ဗာန်သည် ခရီးမဝေး အနီးလေးပါ၊ -တနေ့ တစ်လံ ပုဂံဘယ်ရွှေ့ ဆို သကဲ့ သို့ လိုရာပန်းတိုင်ရောက်မည်သာ၊ လမ်းဆုံးလျှင် ရွာရောက်မည်သာ၊ နိဗ္ဗာန်ချမ်းသာကို မမြဲဧကန် တွေ့ ကြုံရပေမည်၊
၈)ငါ - ကို မချစ်နဲ့ ၊ဝိဥာဏ်စိတ် နှင့် ငါ မရောစေနဲ့ ၊သူဘဲ ငါဘဲ အထင်မလွဲ ပါနဲ့ ။
ပေါ်လာသည့်စိတ်များကို ” ငါ ” နှင့် မရောစေနှင့်၊ ရောမိလိုက်လျှင် ငါကြိုက် လောဘ၊ ငါမကြိုက် ဒေါသ၊ ငါ ငါ့ဥစ္စာ ငါပိုင် ငါဆိုင် ဒိဋ္ဌိစွဲများပေါ်ကာလမ်းပျောက်ရပေမည်၊
သမာဓိ၊ ပညာ နှစ်ပါးစုံလင်ပြည့်စုံလာချိန် - ဥာဏ်အမြင်ပေါ်ကာ အမှန်ကိုသိ၍ အမှားကိုပယ်ပေမည်။
မြတ်စွာဘုရားသည် ဗာဟိယသုတ္တန်၌ အာရုံ ၆ ပါး တို့ နှင့် ဒွါရ ၆ ခုတို့ ဆုံခိုက် ဖြစ်ပေါ်လာသော စိတ်ဝိဥာဏ် ၆ မျိုးတို့ ဖြင့်
-  မြင်သိစိတ် ဖြစ်ခိုက် ” မြင်သည် ” ဟု မြင်ကာမျှကို သိမှတ်ရန်၊
- ကြားသိစိတ် ဖြစ်ခိုက် ” ကြားသည် ”
- နံသိစိတ် ဖြစ်ခိုက် ” နံ သည် ”
-  စားသိစိတ် ဖြစ်ခိုက် ” စားသည် ”
-  ထိသိစိတ် ဖြစ်ခိုက် ” ထိသည် ”
-  သိစိတ် ဖြစ်ခိုက် ” သိသည် ” ဟုသိမှတ်ရန် ညွှန်ပြတော်မူခဲ့သည်၊
ထိုသို့ မြင်ကာမျှ၊ ကြားကာမျှကို သိမှတ်နေမှုကြောင့်
အာရုံ ၆ ပါး အပေါ်တွင် ( အဆင်း၊ အသံ ၊ အနံ့ ၊ အရသာ၊ အတွေ့ ၊ အသိ )  အတ္တ ” ငါ ” ကို မမြင်နိုင်တော့ပေ၊
ဒွါရ ၆ ပါး အပေါ်တွင် လည်း ( မျက်စိ၊ နား ၊ နှာ၊ လျှာ ၊ ကိုယ်၊ စိတ် ) အတ္တ အနေဖြင့် ” ငါ ” ကို မမြင်ရပေ၊
ဝိဥာဏ်စိတ် ၆ ပါး အပေါ်တွင် လည်း (မြင်သိမှု၊ ကြားသိမှု၊ နံသိမှု၊ စားသိမှု ၊ ထိသိမှု၊ ကြံစည်သိမှု ) အတ္တအထင် ” ငါ ” မမြင်ရနိုင်တော့ပေ၊
ဒွါရ၊ အာရုံ၊ ဝိဥာဏ် လောကတို့ ၌ ” ငါ ” မမြင်သကဲ့သို့  ” သင် ” လည်း မရှိတော့ခြင်း သဘောသည်ပင်၊
” ငါ ” ဟူသည် အတ္တဒိဋ္ဌိ ၊ သက္ကာယ ဒိဋ္ဌိတို့ ကို ဆိုခြင်းဖြစ်၏၊
” ငါ ” ကို မမြင်တော့ခြင်းသည် အတ္တဒိဋ္ဌိ ၊ သက္ကာယ ဒိဋ္ဌိ ကွာခြင်း မည်၏၊
” ငါ ” မရှိ၊ အတ္တဒိဋ္ဌိ ၊ သက္ကာယ ဒိဋ္ဌိကွာ၍ ခန္ဓာမျှသာ မြင်သူသည် သောတပန်ဖြစ်တော့သည်၊
” ငါ ” ဟူသောအတ္တ ကို မမြင်တော့ခြင်းသည် ” ငါ ကိုကျောခိုင်းခြင်း ” ” ငါကို စွန့် ခွါခြင်း” ပင်၊
” ငါ မပါ၊ ငါ မရှိ၊ ငါမဖြစ်သည့် အနတ္တကို မြင်ခြင်းပင်၊ ” ငါဟူသော အတ္တကို တဒင်္ဂ၊ တဒင်္ဂ ပယ်သတ်နေခြင်းသည် တဒင်္ဂ အနတ္တထင်ခြင်း၊ တဒင်္ဂ နိဗ္ဗာန်ကိုမြင်မှုသဘောပင်၊
ပုထုဇဉ်တို့  သတ္တဝါတို့ သည် ခန္ဓာ ၅ ပါးကို  တဏှာ၊ မာန၊ ဒိဋ္ဌိ၊ တို့ ဖြင့်စွဲသူထားသောကြောင့် သံသရာတွင်ကျင်လည်ရသည်၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊တို့ မရှိသော် သံသရာပြတ်၏။
သတိနှင့် ဥာဏ်ယှဉ်တွဲ ရှုမှတ်နေခဲ့ သော်ကြောင့် ဖြစ်ပေါ်နေသောရုပ်သက်သက် (မပြတ်မလတ်ဖောက်ပြန်နေမှု) နာမ်သက်သက်(မပြတ်မလတ်ခံစားသိမှု) တို့ အပေါ်မှာ ငါမပါ၊ သူမပါ၊ ယောက်ျား၊မိန်းမ မပါ၊ အတ္တဒိဋ္ဌိမှ ကင်းပြတ်နေမှုကြောင့် ငါဟု မစွဲလမ်း၊ ငါဟု မတပ်မက် မချစ်ခင်တော့၊ ငါ၏ ကိုယ်စိတ်ဆင်းရဲခြင်း စိုးရိမ်ပူဆွေး ငိုကြွေးလောင်မြိုက်ခြင်းမှ ကင်းလာပေမည်၊
ငါ့ ကိုယ်ငါ အချစ်ဆုံးဟုထင်ခဲ့ ရာမှ၊ အချစ်ဆုံး ငါကိုမုန်းချင်လာမည်၊ စက်ဆုတ်ရွံရှာလောက် အောင်တစက္ကန့် မပြတ်မလတ် ဖောက်ပြန်နှိပ်စက်နေသော မိမိ၏ခန္ဓာကြီးကိုစွန့့်ပြစ်ချင် လောက်အောင်မုန်းလာမည်၊ မိမိခန္ဓာကြီးကိုစွန့် ပစ်ကာထွက်ပြေး ချင်စိတ်ဖြစ်လာမည်၊ ထိုသို့ စက်ဆုတ်ရွံရှာမုန်းတီးလာအောင်ထိ ရှုရမည်၊၊
တဖန် ထိုသို့ မုန်းတီးစွန့် ပြစ်ချင်သောစိတ်များကို ပြန်လည်၍ အေးချမ်းသောစိတ်ကလေးဖြင့် ချစ်ခြင်း မုန်းခြင်းကင်းသော ဥပက္ခောစိတ်ဖြင့် ရုပ် ဖြစ်ပျက်၊ နာမ် ဖြစ်ပျက်များကိုဆက်၍ ရှုပါလေ၊
ငါဆိုတဲ့  အချစ်ဆုံးကိုမုန်းပြီဆို - အဆုံးနိဗ္ဗာန်မြင်မည်သာ။ 
ပါရမီအရ အနှေးနှင့် အမြန် နိဗာန်မြင်သွားမည်သာတည်း၊
အမြင်မှန်အသိမှန်ရစေရန် သံသရာအတွက် အဖိုးတန်လွန်းသောအဆုံးအမများ
ကိလေသာတောထဲတွင် နေနေကြရသော်လည်း မိမိ၏စိတ်ထဲတွင် ကိလေသာမကပ်စေရန် ဥာဏ်ဖြင့်ဆင်ခြင်ရှုမှတ်၍ နေနိုင်ရမည်။
ရွှံ့ ထဲနေ ရွှံ့ မပေသော ငါးရံ့ ကဲ့သို့ နေ၊
အရှုတ်ထဲမှာ ရှင်းအောင်နေ၊
လောကဓံဘယ်လောက်ဘဲ တိုက်ခိုက်ပါစေ၊  ပြုံးပြီးခံ၊ ပါရမီဖြည့်၊ ကျင့်ကြံအားထုတ်၊ဝိရိယနဲ့ လုပ်။
နေကောင်းတယ်ဆိုတာမရှိ၊ ဤခန္ဓာကြီးကို ပြုပြင်လို့ သာအသက်ရှင်ခိုက် နေကြရမှာ၊
ကိုယ်သာနာ၊ စိတ်မနာစေနဲ့ 
သွားရင်းလာရင်း ကျင့်ကြံခြင်း သည် ဘုန်းဘုန်းတို့ နောက်လိုက်နေခြင်း၊ သူတော်ကောင်းများနောက်လိုက်နေသောလမ်းစဉ်ပင်၊
မေတ္တာထားကာ စိတ်ကလေးကို အမြဲဆုံးမနေ၊ သတိတလုံးမမေ့ဆုံးဖြစ်ပါစေ။
သတိတလုံးကိုင်ထားရင် အားလုံးကျင့်စဉ်ပြီးပါသည်။
မာနတွေလျော့၊ ခန္ဒာဥာဏ်စိုက်၊ သူများကိုဂရုမစိုက်နေနဲ့ ၊ လောကကြီးကိုစိတ်နာလိုက်၊ ကိုယ်ဖြစ်ချင်သလိုမဖြစ်ဘူး၊ သူဖြစ်ချင်သလိုဖြစ်နေတာ၊ စိတ်တလုံးနိုင်ရင် နိဗ္ဗာန်ရောက်နိုင်၊
ကြည့်တတ်ရင် လောကမှာ အရာအားလုံး တရားတွေကြီးဘဲ၊ ကုသိုလ်စိတ်တွေနဲ့ နေ၊ အကုသိုလ်ဆိုစိတ်နဲ့တောင်မတွေးနဲ့၊
ဓမ္မစာမျက်နှာ (၂၅)
PLEASE CLICK SAYADAW PICTURE TO READ PDF.
ဒိဋ္ဌိ ဖြုတ်ရန် အရေးကြီးသောအချက်  သောတာပန်တည်ရန် အဂါင်္ ၄ ပါး
၁)သစ္စာတရားဟောပြနိုင်သောဆရာကောင်းကိုရှာဖွေရမည်။ (သပ္ပုရိသ သံသေဝ )
၂)တရားများကို နာယူရမည်၊ (သဒ္ဓမ္မသဝန )
၃)နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည်။ ( ယောနိသော မနသီကာရ )
၎) လောကုတ္တရာ တရား ၉ ပါး အားလျော်သောအကျင့် ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )
၁)သစ္စာတရားဟောပြနိုင်သောဆရာကောင်းကိုရှာဖွေရမည်။ (သပ္ပုရိသ သံသေဝ )
သစ္စာတရားဟောတတ်သောဆရာသမားကောင်းရှိခြင်း၊ တွေ့ ခြင်းသည် အလွန်အရေးကြီးလှသည်၊
သစ္စာတရားများကို ခန္ဓာဥာဏ်ရောက်အောင် သင်ပြပေးနိုင်သောဆရာကောင်း အရိယာသူတော်ကောင်းများ ထံမှ အဖိုးမဖြတ်နိုင်သည့် အဆုံးအမစကားများသည် သိမ်မွေ့ နက်ရှိုင်း ခက်ခဲလှသော ငါ ယောင်ယောင်အယူမှား အမှတ်မှား အထင်မှား အစွဲမှား များကို အချိန်တိုတိုအတွင်းမှာ အမြင်မှန် လမ်းမှန်သို့ လျှောက်စေ ရောက်စေနိုင်သည်၊
ယထာဘူတံ ဥာဏာယ သတ္တာ ပရိယေသိတဗ္ဗာ - ယထာဘူတဥာဏ်ရနိုင်ဘို့ ရန် ဆရာမှန်ရှာအပ်သည်ဟု မြတ်စွာဘုရားသည် ၄၄-ကြိမ်တိုင်တိုင် သတိပေးတော်မူခဲ့ သည်၊
ဆရာသမားကောင်း၊ မိတ်ဆွေကောင်းရှိခြင်း၊ ထိုထိုဆရာသမားတို့ ၏စောင့်ရှောက်မှုကိုခံရခြင်း၊ အဆုံးအမစကားများနာကြားရခြင်းသည် အရိယာမဂ်ဆိုက်ဘို့ ရန် နိဗ္ဗာန်ရောက်ဘို့ ရန်  ၁၀၀% ရာနှုန်းပြည့်သေချာသည်ဟု မြတ်စွာဘုရားမိန့် ကြားခဲ့ သည်၊
ဘဝသံသရာကြီးမှ လွတ်မြောက်ဘို့ ရန် ဆရာကောင်းရှိရမည်၊ဆရာကောင်း၏အဆုံးအမများသည် နိဗ္ဗာန်အမြင်ရနိုင်ဘို့ ရာဦးတည်လျက် သုတမယဥာဏ် ( သုတ = ကြားခြင်း မယ = ပြီးမြောက်ခြင်း) အကြားအမြင်နှင့် ပြီးမြောက်သော ဥာဏ်ကို အချိန်တိုတိုအတွင်း၌ပင်ဖြစ်စေနိုင်သည်၊
ဥပမာ- အာရုံ ဒွါရတိုက်၍ ပေါ်လာသမျှသော စိတ် (သဘောခန္ဓာများ) သည် ချက်ခြင်းပင်ပျက်စီးသွားသဖြင့် ( အနိစ္စ) မမြဲ၊ ( ဒုက္ခ) ဆင်းရဲမှုသက်သက် ၊ ဒုက္ခသစ္စာ၊ သူ့ သဘောသူဆောင်ကိုယ်မပိုင်သော (အနတ္တ) ဓာတ်သဘောမျှသာဖြစ်သည်ဟု အဖိုးမဖြတ်နိုင်သောသစ္စာဆိုက်တရား ပြောပြ ဟောပြသော ဆရာ့စကားများကို မှတ်သားလိုက်ရုံနှင့် ကိလေသာများ တစတစ ခန်းခြောက်ရတော့မည့် ပါရမီရှင်ဖြစ်ကြရပေမည်၊
သပ္ပုရိသသံသေဝ (ဒိဋ္ဌိပြုတ်၊သစ္စာဆိုက်ခန္ဓာဥာဏ်ရောက်တရားများကိုဟောပြောပေးနိုင်သောဆရာ)ရှိပါက သံသရာမှ ၁၀၀ % လွတ်မြောက်ရန်သေချာပေသည်ဟု မှတ်ချက်ချလိုက်ပါ၊
၂)တရားများကို နာယူရမည်၊ (သဒ္ဓမ္မသဝန )
ဒိဋ္ဌိ ဖြုတ်တရားများ၊ သစ္စာဆိုက်တရားများကို နာကြားခြင်းသည်အဖိုးမဖြတ်နိုင်သောတရားထူးရရန် အလွန်အရေးကြီးပေသည်။
၊အဘိဓမ္မာကိုသင်ယူလေ့လာခြင်း၊ တရားနာခြင်းသည်လွန်စွာအကျိုးများပေသည်၊ ပညာဉာဏ်ကို ပို၍ ထက်သန်စေသည်၊
တရားနာ တရားအားထုတ်သည် ဆိုသည်မှာ အစာစားသကဲ့ သို့ ၊ ခန္ဓာကိုယ်အတွက် အာဟာရသည်အထောက်အပံ့ တခုဖြစ်သဖြင့် ဆာလည်းစား ၊ မဆာလဲစား ၊ ကြိုက်လည်းစား ၊ မကြိုက်လည်းစား၊ စားချင်လည်းစား၊ မစားချင်လည်းစား ရမည်သာ၊ ထို့ အတူ တရားနာခြင်းအလုပ်ကို နာချင်လည်းနာ၊ မနာချင်လည်းနာ သင့်သည်၊ တရားအားထုတ်ခြင်းကိုလည်း အားထုတ်ချင်လည်းထုတ်၊ အားမထုတ်ချင်လည်းထုတ်သင့်ပေသည်။
ဘုရားစကားများအဆုံးအမ များကို နားလည်အောင်ကြိုးစားသင်ယူရမည်၊ ဘုရားစကား အဆုံးအမများကို တရားနာယူ ကျင့်သုံးမှသာ သိနိုင် နားလည်နိုင်သည်၊ လောကစကားတွေအားလုံးနားလည်လာမည်၊
အရိယာသူတော်ကောင်းများသည် ရုပ် ရယ်၊ နာမ် ရယ် ၊ တရားရယ် ထို သုံးဦးနှင့်သာ ပျင်းရိခြင်းမရှိ အဖော်ပြုနေ ကြသည်၊
ပုထုဇဉ်များ မကောင်မှုများလုပ်၊ မကောင်းသည်များပြော၊ မကောင်းမှုများကြံစည် နေကြခြင်းသည်မှာ အဆန်းမဟုတ်ပါ၊ သူတို့ မကောင်းသည်မှာ ကိုယ်နှင့်မဆိုင်၊
ကိုယ့်အလုပ်သည် တရားရဘို့ ၊ တရားရှုမှတ်ဘို့ သက်သက်သာ၊ တရားနှင့် နေကာ တရားနှင့်ဖြေကာ လူ့ ဘဝခဏလေးမှာ ခန္ဓာအတွက် စီးပွားရှာရင်း၊ တရားရအောင်တရား နာ၊ တရားရှိအောင် တရား ရှုမှတ်ကြရမည်သာ၊
၃)နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည်။ ( ယောနိသော မနသီကာရ )
တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့် နိုးထခြင်း၊ တရားနှင့်နေ့ စဉ် နေစဉ် မွေ့ ပျော်ခြင်း သည် အပ္ပမာဒတရား မမေ့မလျော့တရားနှင့် နေခြင်းမည်၏၊
မည်သည့် ပုဂ္ဂိုလ်မဆို အဖိုးတန်လှသော သာသနာတွင်းကာလနှင့် ဆုံခိုက်၊ ကြုံခိုက် တရားအားထုတ်သင့်သည်။ တရားအားထုတ်ဘို့ ရန် အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ ကြိုးစားရှုမှတ်သင့်သည်၊ သေချင်သည်ဖြစ်စေ၊ မသေချင်သည်ဖြစ်စေ မုချမသွေ သေကြရမည်သာ၊ သေချိန်ရောက်သော် မအားသေး ဟုပြော၍ မရ၊
ဝိပဿနာတရားအားထုတ်သည် ဆိုသည်မှာ တရားကို အချိန်တိုင်းနှလုံးသွင်းနေရမည့် ”စိတ် ”အလုပ်သာဖြစ်သည်၊
သတိသည်အရေးအကြီးဆုံး၊ ထိတိုင်းထိတိုင်း သိသိနေ၊ သိတိုင်းသိတိုင်း ဖြစ် ချုပ်ကာ မမြဲ ၊ ဆင်းရဲ၊ မခေါ်ဘဲ ပေါ်လာသောအာရုံများ မနှင်ဘဲ ပျောက်ပျောက်ကာ သွားကြသည်ကို မြင်အောင်ကြည့်ပါ၊
ဖြစ်လာကာ ပျောက်သွားသော အာရုံအားလုံးကို သိ သိ သိ သိ နေမှုသည် တရားရှုမှတ်ခြင်းမည်၏၊ တခြားလူသိစရာမလို ။ ကိုယ်၏စိတ်အလုပ်ကိုယ်သာသိနေစေ၊  သတိမြဲစေ၊ ကြာကြာရှုနိုင်လေ ကိလေသာကြားမခိုလေပါဘဲ၊
( Be a passive observer to all uninvited senses )
ပေါ်တိုင်းပေါ်တိုင်း သိသိနေ၊ သိသိစိတ်ကို ဥာဏ်နဲ့ ကြည့်၊ မရှိတာတွေ့ တာဥာဏ်ကူတာ၊ သိတဲ့ စိတ်ကို  ” ငါ ” မရောစေနဲ့ ၊
ဝိပဿနာတရားအားထုတ်ခြင်းသည် စိတ်ကိုပြု ပြင်သောအလုပ်၊ အဝတ်ပြောင်းစရာ၊ ဂူအောင်းစရာ မလို၊သွားရင်း၊ လာရင်း၊ ထိုင်ရင်း၊ ထရင်း၊ စကားပြောရင်း၊ အလုပ်လုပ်ရင်း ရသမျှအချိန် ရသလို သတိရှိကာ နှလုံးသွင်းနေရန်သာ။
မြင်သည့်အပေါ် ကြားသည့်အပေါ် အနံ့ ရသည့်အပေါ် စားသည့်အရသာအပေါ် ထိသည့်အပေါ် တွေးကြံသည့်အပေါ် သတိထား၊ သတိထားလျှင် တရားမြင်မည်၊ သတိမထားရင် အမှားဝင်မည်၊
၎) လောကုတ္တရာ တရား ၉ ပါး (မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ) အားလျော်သောအကျင့် ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )
သီလ၊ သမာဓိ၊ ပညာကိုလက်ကိုင်စွဲ၍  ဝိပဿနာဘာဝနာ ကို နေစဉ်ရော၊ နေ့ စဉ်ပါ  ရှုပွား ကျင့် သုံးရမည်၊
ခန္ဓာကသူ့ တရားသူပြမည်၊ ကြည့်တတ်ဘို့ ကအဓိက၊ တရားအားထုတ်ရာ နည်းမှန် လမ်းမှန် အားထုတ်ပါက အတော်သက်သာသောအလုပ်ဖြစ်သည်။ အလွန်အေးချမ်းသောအလုပ်၊ အလွန်ငြိမ်းချမ်းသောအလုပ်ဟုမှတ်ယူ၍ ကျင့်သုံးသင့်ကြပေသည်၊
ခန္ဓာကပြသော အရှိ ( ရုပ်သဘော၊ နာမ်သဘော ) ကို အသိ ( ပညာဥာဏ် ) ဖြင့် ပစ္စုပ္ပန် တည့်တည့်တွင် သတိထားကြည့်နေရုံသာ၊
အပြင်မှာ လောကဓံများ မည်သို့ ပင်တိုက်ခိုက်ပါစေ၊ အတွင်း၌ တရားရှုမှတ်ရင်း အေးချမ်းအောင်နေတတ်ရမည်၊၊ တရားသိအောင် တရားနာ၊ တရားရှိအောင် တရားရှု၊ တရားအားထုတ်ရင်းနေတတ်သူ သည် အရှုတ်ထဲမှာ ရှင်းအောင်နေတတ်သူမည်၏၊
တရားသိမှ တရားမြင်မှ တရားရှိမှ တရားကျင့်မှ  အကုသိုလ်ပယ်၊ ကုသိုလ်နှင့် ကယ်နိုင် ဆယ်နိုင်မည်၊ အရှုံးထဲမှ အမြတ်များရလာမည်၊ လောကီတဘဝချမ်းသာထက် လောကုတ္တရာ တသံသရာလုံးမှာ ချမ်းသာမည့် ဝိပဿနာအလုပ်လုပ်ရခြင်းသည် သေချာပေါက်အကျိုးရှိမည်ကို တရားရှိ၊ တရားသိမှသာ အမှန်မြင်လာနိုင်သည်၊
စိန္တာမယဥာဏ် (စိန္တာ =ကြံခြင်း၊ မယ = ပြီးမြောက်ခြင်း) ကိုယ့်ခန္တာကိုယ်ကိုဥာဏ်ဖြင့်ကြည့်ကာ အကြံနှင့် အပြီးအစီးသို့ ရောက်သောဥာဏ်၊  ထိုဥာဏ်သည် ကိလေသာခန်းခြောက်ရုံသာမက ကိလေသာ ပျောက်စေသည်။ တရားနာလျှင် ကိလေသာ ခန်းခြောက်စေကာ ကိုယ်တိုင် တရားရှုမှတ်ပွား များလျှင် ကိလေသာတစတစ ပျောက်ကာ ဒိဋ္ဌိ၊ ဝိစိကိစ္စပယ်သတ်က အရိယာ သောတပန်ဖြစ်ပေမည်၊
ဆရာကောင်း၏သစ္စာဆိုက်တရားများလိုအပ်၍ အရေးကြီးသကဲ့သို့ မိမိကိုယ်လဲ ကောင်းအောင် ကိလေသာပျောက်တရားများ ရှုမှတ်ပွားများ နှလုံးသွင်းမှန်ဘို့ ရာအရေးကြီးပေသည်၊
အရေးကြီးသော ဆရာ ရော၊ ဒကာ ရော နှစ်ဦးစလုံးကောင်းပါက သာသနာကြီးဆိပ်ကွယ်ပျက်သုံး လိမ့်မည်မဟုတ်ပါ၊ ဆရာ့စကားတသွေမသိမ်းလိုက်နာသော ဒကာ၊ဒကာမ များသည် သာသနာကြီးမပျက်စီး၊ မညစ်နွမ်းရလေအောင် သာသနာကို စောင့်ရှောက်သောသူများ အဖြစ်အမြဲ ရပ်တည်နေနိုင်မည်သာ၊
ကိလေသာများကို စိတ်ဖြင့် ဖြတ်ရမည်၊ စိတ်ကို တရားဖြင့် ပြုပြင်ရမည်၊ တရားရှိအောင် တရားအားထုတ်ကြရမည်၊ တရားကသာ ကိလေသာကို ဖြတ်နိုင်၊ ပြတ်နိုင်အောင် လုပ်ပေးမည်သာ၊ အကုသိုလ်ကို ပယ်သတ်မည်သာ၊
ဓမ္မစာမျက်နှာ (၂၄)
မြုတ်-မျော-ပေါ်-လွတ် တရားများ
PLEASE CLICK SAYADAW PICTURE FOR  PDF file.
နမားဆရာတော်ရေးသားခဲ့သော စာအုပ်များမှရေးသားတင်ပြထားပါသည်။
မဂ္ဂင်လမ်းသို့ 
မျောတရား = သမထလုပ်သူများ သွားရာ
မြုတ်တရား= အာရုံ ၆ပါး လိုက်စား အကုသိုလ်များသာလုပ်သူ
ပေါ်တရား= ဒါန၊ သီလကုသိုလ်များလုပ်သူ
လွတ်တရား= မဂ္ဂင်လမ်း (ရုပ်ကို လှေကဲ့သို့ သုံး၊ စိတ်အားဉာဏ်အားနဲ့ အဆက်မပြတ်လှော်)
နံပါတ် ၅ ပုဂ္ဂိုလ်
မဂ္ဂင်လမ်းသို့ သာ
သကဒါဂါမ် ပုဂ္ဂိုလ်
ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူး၏၊
ဤလောက၌ တချို့ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့ ၌ သဒ္ဓါသည်ကောင်း၏၊ ဟီရိ၊သြတ္တပ္ပ၊သုတ၊စာဂ၊ဝီရိယ၊ပညာသည်ကောင်းမြတ်ကြ၏၊ထို့ ကြောင့်ပေါ်လာသည်၊
ထိုပုဂ္ဂိုလ်သည် ၃ ပါးသောသံယောဇဉ်အနှောင်အဖွဲ့ တို့ မှအကြွင်းမဲ့ကုန်ခြင်းကြောင့် ရာဂ၊ဒေါသ၊ မောဟတို့ ခေါင်းပါးခြင်းကြောင့် တကြိမ်သာလျှင်ကာမဘုံသို့ လာ၍ ဝဋ်ဒုက္ခ တို့ ၏ အဆုံးကိုပြုသော သကဒါဂါမ်ဖြစ်၏၊
အသိဥာဏ်ဖြင့်         ပညာကိုလေ့လာကာ       နှလုံးသွင်းကျင့်ကြံရမည်
သံဝေဂဉာဏ်ဖြစ်အောင် ကိလေသာများခေါင်းပါးစေရန်- မြင်ပြီးသိပြီးသားအနိစ္စအကြမ်းစားများကို အနုစားဖြစ်အောင် ဆင်ခြင်ပွားများရသည်၊ ရေလှုပ်လျှင် ရေပေါ်မှ အမှိုက်သရိုက်များ လှုပ်ရသကဲ့သို့  ဤခန္ဓာကိုယ်ကြီးသည်လည်း လေဝင်လေထွက် ဝါယောဓာတ်ကိုမှီ၍ နေနေရ၏၊ ဤဝါယောဓာတ်ရှိမှသာ ခန္ဓာကိုယ်ကြီးအသက်ရှင်နိုင်သည်၊ ဤဝါယောဓာတ်ဖြစ်လိုက် ပျက် လိုက်ဖြစ်နေသကဲ့ သို့ ခန္ဓာကိုယ်ရှိ ရုပ်နှင့်နာမ်တို့ သည် တသွင်သွင် စီးနေသောမြစ်ရေသည် သမုဒ္ဒရာပင်လယ်သို့ ရှေ့ ရှုပြီးစီးနေသကဲ့သို့ ဖြစ်လိုက် ပျက်လိုက်နှင့်နေသော ဤရုပ်စဉ် နာမ်စဉ် သည်လည်း သေဖို့ ရာရှေ့ ရှုပြီး အမြဲတမ်းဖောက်ပြန်နေသည်ပါကလားဟု သံဝေဂဉာဏ် ရင့်အောင် ပွားများပေးရမည်၊
ခြေတလှမ်းလှမ်းတိုင်း သေဘို့ ရာနီးနီးလာပြီဟုသတိချပ်၍အမှတ်ဆက်ဆင်ခြင်နိုင်ရမည်။
သတ်ဖို့ ရာအတွက် နွားသတ်ရုံသို့ ဆွဲငင်သွားသောနွားသည် ပထမခြေလှမ်းထက် ဒုတိယခြေလှမ်းက သေဖို့ ရာနီးသကဲ့ သို့ ဖြစ်မှု ပျက်မှုများသည် ခြေလှမ်းနှင့်တူသည်၊
တနေ့ ထက်တနေ့ ၊တနာရီထက်တနာရီ၊ တမိနစ်ထက်တမိနစ် သေဖို့ ရာ နီးနီးလာသည်ဟု ရှု
တနေ့ ထက်တနေ့ ၊ တနာရီထက်တနာရီ၊ တမိနစ်ထက်တမိနစ် သေဖို့ ရာ နီးနီးလာပါကလားဟု သံဝေဂဉာဏ်ရရန် ဆင်ခြင်ပေးရမည်၊
သစ်ပင်လေးများသည် ထွက်ခါစတွင် နီနီ၊ ၎င်းမှ စိမ်းဝါဝါ၊ ၎င်းမှ အစိမ်းနု၊ ၎င်းမှ အစိမ်းရင့်၊၎င်းမှ ဝါပြီးကြွေကျသကဲ့သို့  ငါ၏ခန္ဓာကိုယ်သည်လည်းမွေးခါစကနီနီလေး၊ ၎င်းမှ ကြီးစ-ကြီးလာ၊ ရင့်စ-ရင်လာ၊ အိုစ-အိုလာကာ သေရမှာပါကလားဟု ဆင်ခြင်ပေးရမည်၊
ဝိပဿနာရှုသည်မှာ ဉာဏ်ရှင်ထား၍ ဖလားအရောင်တင်လျှင်ပွတ်သကဲ့သို့ ဖလားကိုဘယ်လက်ဖြင့် မြဲမြဲကိုင်ပြီး ညာလက်ကဖလားကို အတွင်းအပြင်နှံ့ အောင်ပွတ်ရသလို
အသိနှင့်သတိက ရုပ်နာမ်ကို မြဲမြဲအာရုံပြု ထားပြီး
ဉာဏ်က မမြဲပုံကို ဥပမာအမျိုးမျိုးတင်စားပြီးရှုရသည်၊
ဤကဲ့သို့ ရှုပါများလျှင် ကာမရာဂနှင့် ဗျာပါဒတရားများခေါင်းပါးလာမည်၊
ခေါင်းပါးသည်ဆိုသည်မှာ ဤသို့ တည်း၊ ပုထုဇဉ်ဘဝတုံးကဒေါသဖြစ်လာလျှင်သတ်ချင်သည်၊
သကဒါဂါမ်ဖြစ်ပြီးသော် ဒေါသဖြစ်က မသတ်ချင်ပါ၊ စိတ်တော့ဆိုးသေးသည်၊
ပုထုဇဉ်၏ဒေါသ
သကဒါဂါမ်၏ဒေါသ
ပုထုဇဉ်ဘဝတုံးက ဒီအာရုံကို မရလျှင်သေရမလောက်ပင်ပန်းသည်၊
သကဒါဂါမ်ဖြစ်ပြီးသော် ရလျှင်လဲယူမည်၊ မရလျှင်လည်းအရေးမကြီးဖြစ်သွားသည်၊ဤသည်ကို ကာမရာဂနှင့် ဗျာပါဒတရားများခေါင်းပါးလာသည်၊လောဘ၊ ဒေါသတို့ လျော့နည်းလာသည်ဟုဆို၏၊
ပုထုဇဉ်လိုတာမရလျှင်
သကဒါဂါမ်လိုတာမရလျှင်
ဤသည်ကား ချမ်းသာမှုကိုပို၍ခံစားရစေတော့သည်၊
နံပါတ် ၆ ပုဂ္ဂိုလ်
အနာဂါမ် ပုဂ္ဂိုလ်
ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်မိသောနေရာသို့ ရောက်၏၊
ဤလောက၌ တချို့ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့ ၌ သဒ္ဓါသည်ကောင်း၏၊ ဟီရိ၊သြတ္တပ္ပ၊သုတ၊ စာဂ၊ဝီရိယ၊ပညာ သည်ကောင်းမြတ်ကြ၏၊ထို့ ကြောင့်ရေပေါ်ပေါ်လာရသည်၊
ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်အနှောင်အဖွဲ့ ငါးပါးတို့ ၌အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုမည်၊ ထိုဘုံမှပြန်လည်ခြင်းသဘောမရှိသူ အနာဂါမ်ဖြစ်၏၊
အနာဂါမ်မဂ်ဖြင့် ကာမရာဂနှင့် ဗျာပါဒတရားနှစ်ပါးစလုံးကို အကြွင်းအကျန်မရှိအောင် သတ်သောမဂ်ဖြစ်သည်၊
သောတပတ္တိမဂ်ဖြင့်မြင်ခဲ့ပြီးသော အနိစ္စကိုမဏ္ဍိုင်ထားပြီး မတင့်တယ်မှုနှင့် ဂရုဏာတရားကိုတွဲဖက်၍ ပွားပေးရသည်၊ သောတပတ္တိမဂ်ဖြင့်မြင်ခဲ့ပြီးသော အနိစ္စကိုအရင်ပွား၊ ဆင်ခြင်ရှုပွားပုံက
ဤခန္ဓာသည် ဘီလူးကလူယောင်ဖန်ဆင်းထားသကဲ့သို့ ၊
အပြင်မှအမြင်                          အတွင်းကျကျသိနေလျှင် ဘာတခုမှ နှစ်သက်စရာမရှိပါ၊
အပြင်ကတင့်တယ်လှပသယောင်ထင်ရသော်လည်း အတွင်းတွင် ကြောက်စရာကောင်းလှ၏၊ အမြဲတမ်းဖောက်ပြန်ပျက်စီးနေ၏၊ အလွန်ရွံစရာကောင်းလှ၏ ၊ ဟူ၍ အနိစ္စနှင့်မတင့်တယ်မှုကို တွဲပြီးရှုပါလေ၊(ဤသည် ကာမရာဂကိုသတ်ခြင်းဖြစ်၏)
တဖန် ငါ၏ရုပ်တရားကြီးသည် အမြဲတမ်းဖောက်ပြန်ပျက်စီးနေသကဲ့သို့  သတ္တဝါတိုင်း၏ ရုပ်တရားသည်လည်း ဖောက်ပြန်ပျက်စီးနေသဖြင့် သနားစရာသတ္တဝါများပါကလား ဟူ၍ အနိစ္စနှင့် ဂရုဏာကိုတွဲ၍ရှုပါလေ။(ဤသည် ဗျာပါဒ ခေါ် ဒေါသကိုသတ်ခြင်းဖြစ်၏)
အနိစ္စနှင့်မတင့်တယ်မှုကိုတလှည့်ရှုလိုက်၊အနိစ္စနှင့် ဂရုဏာကိုတလှည့်ရှုလိုက် နှင့် ရှုဖန်များလာလျှင် သံဝေဂဉာဏ်များရင့်လာကာ ကာမရာဂ ဗျာပါဒတရားတို့ သည် အကြွင်းမဲ့ချုပ်သွားလိမ့်မည်၊
ယခင်တုန်းက ကာမရာဂ၊ ဒေါသမီးများသည် ယခုတွင် ထိုမီးများမလောင်တော့သဖြင့် သက်သာရာ သန္တိသုခ ချမ်းသာကို ရရလေတော့သည်၊
နံပါတ် ၇ ပုဂ္ဂိုလ်
ရဟန္တာ ပုဂ္ဂိုလ်
ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူးမြောက်၏၊ ကမ်းတဘက်သို့ ရောက်၏၊ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ တည်၏၊ မကောင်းမှုကို မပြုပြီဖြစ်၏၊
ဤလောက၌ တချို့ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့ ၌ သဒ္ဓါသည်ကောင်း၏၊ ဟီရိ၊သြတ္တပ္ပ၊သုတ၊စာဂ၊ဝီရိယ၊ပညာသည်ကောင်းမြတ်ကြ၏၊ထို့ ကြောင့်ပေါ်လာသည်၊
ထိုပုဂ္ဂိုလ်သည် အာသဝေါတရားတို့ ၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို အခုဘဝ၌ ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍နေ၏၊
အရဟတ္တမဂ်သည် ဘဝရာဂနှင့်တကွ ကိလေသာအားလုံးကိုသတ်သောမဂ်ဖြစ်သည်၊ သို့ အတွက် သောတပတ္တိမဂ်တုန်းက မြင်ခဲ့သော အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့ ကို တလှည့်စီဆင်ခြင်ကာ ခန္ဓာကိုယ်ကိုနောက်ထပ်မရချင်အောင် သူနာကိုဥပမာထား၍ ရှုရမည်၊
သူနာကဲ့သို့ ရှု
ဤခန္ဓာကိုယ်ကြီးသည် အနှစ်မရှိသောကြောင့် မခိုင်မာ၊ မခိုင်မာသောကြောင့်မမြဲ၊ မမြဲသောကြောင့်ဆင်းရဲ၏၊ မမြဲသောကြောင့် အိုရ၏၊ နာရ၏၊ သေရ၏၊ ချစ်သူနှင့်ကွဲရ၏၊ စင်စစ်မှာမမြဲမှုသည်ပင် အိုအောင်၊ နာအောင်၊ သေအောင် နှိပ်စက်၍နေသည်မည်၏၊ သူသတ်ယောကျား အမြဲတမ်းဓားမိုးစံနေရသော သူနှင့်တူ၏၊
ယနေ့ မနက်ဖန်သေရတော့မည်ဟု အထင်ရောက်အောင်ရှုရမည်၊ ခန္ဓာကိုယ်ကိုပြုပြင်တိုင်း သူနာကိုဥပမာထား၍ ပြုပြင်ရမည်၊
ထမင်းစားသောအခါ သူနာဆေးစားသည်နှင့်တူပါကလားဟုလည်းကောင်း၊
ရေချိုးသောအခါ သူနာကိုဖန်ဆေးသည်နှင့် တူပါကလားဟုလည်းကောင်း၊
အဝတ်ဝတ်သောအခါ သူနာကို ပတ်တီးစီးသည်နှင့် တူပါကလားဟုလည်းကောင်း၊
အိမ် - ကျောင်းများကိုလည်းဆေးရုံ နှင့်တူပါကလားဟုလည်းကောင်း၊
ခန္ဓာကိုယ်ကို ငြီးငွေ့ ၍ နောက်ထပ်မရချင်အောင် ဆင်ခြင်ရမည်၊
မီးလောင်နေသောအိမ်ကြီးကဲ့သို့ ရှု
ဤခန္ဓာကိုယ်ကြီးသည် ဇရာမီး အမြဲလောင်နေသောကြောင့် မီးလောင်နေသောအိမ်ကြီးနှင့်တူပါကလား ဟူ၍ ရှုဖန်များလတ်သော် သံဝေဂဉာဏ် ရင့်သန် လာသောအခါ ထိုမီးလောင်သောအိမ်ကိုလဲ မလိုချင်တော့၊ ထိုအိမ်ထဲသို့ လဲ မဝင်ချင်တော့ သလို ခန္ဓာကိုယ်ကြီးကို မလိုချင်သောစိတ်၊ မရချင်သောစိတ် ဖြစ်၍လာလေတော့သည်၊
ဘဝရာဂမီးချုပ်၍ ကိလေသာအားလုံးပယ်သတ်ကာ အပူများချုပ်၍ အပူ၏ဆန့် ကျင်ဖက် အငြီမ်းပရမတ် အအေးဓာတ် နိဗ္ဗာန်သို့ ရောက် ရလေသည်၊
ညစ်နောက်ပူဆွေးခြင်းကင်းသောမြတ်စွာဘုရား၏ သန့် ရှင်းကြည်လင်သော နှလုံးရေကြည်တော်ကို ရိုသေစွာဖြင့် လက်စုံမိုး ဦးထိပ်ထား၍ ရှစ်ခိုးကတော့လိုက်ပါ၏ အရှင်ဘုရား၊
အဖိုးမဖြတ်နိုင် အကျိုးမြတ်များအောင် ဘုံမျိုးမြင့်ကာ ဉာဏ်ပွင့်ပြီးနိဗ္ဗာန်သို့ ရောက်စေတတ်သော တရားတော်မြတ်များကို ရိုသေစွာဖြင့် လက်စုံမိုး ဦးထိပ်ထား၍ ရှစ်ခိုးကတော့လိုက်ပါ၏
ကျောက်တလုံးတောရဆရာတော်ဘုရား အရှင်ဝါသေဋ္ဌာဘိဝံသမြောက်ဦးဆရာတော် အရှင်ဝါယမိန္ဒ နှင့်တကွ အားလုံးသောသံဃာ တော်အရှင်မြတ်များကို ရိုသေစွာဖြင့် လက်စုံမိုး ဦးထိပ်ထား၍ ရှစ်ခိုးကတော့လိုက်ပါ၏
အရိယာအရှင်မြတ်တို့ တွေ့ သော အပူငြီမ်းရာ နိဗ္ဗာန်သို့ သာရောက်ရပါစေဘုရား၊
ကျေးဇူးရှင် ကျောက်တလုံးတောရဆရာတော်ဘုရား အရှင်ဝါသေဋ္ဌာဘိဝံသ၏
ဓမ္မလက်ဆောင်စကား( ဒီဇင်ဘာ ၂၄ ရက် ၂ဝဝ၉)
ဒီလောကအမှောင်တွင်းတော့ - ရှောင်ကွင်းလို့ ပယ်ပြီ
ရောင်ကင်းတဲ့ ကေသီနယ် - အေကသီ ဆင်မြန်း
သမုဒယ ဝဋ်ကျိုးနှောင်ကို - ဇွတ်မတိုးပေါင်အခုတော့ ရွယ်မှန်း။
More Articles...