Donation
Visitors
Top 52:
Unknown flag 88687 Unknown
United States flag 4036 United States
Ukraine flag 216 Ukraine
Russian Federation flag 106 Russian Federation
India flag 101 India
Myanmar flag 91 Myanmar
France flag 58 France
Israel flag 51 Israel
Japan flag 46 Japan
Germany flag 35 Germany
Romania flag 26 Romania
Netherlands flag 23 Netherlands
Hong Kong flag 22 Hong Kong
Singapore flag 22 Singapore
Thailand flag 20 Thailand
Australia flag 18 Australia
Canada flag 18 Canada
Tokelau flag 17 Tokelau
Bangladesh flag 15 Bangladesh
Malaysia flag 14 Malaysia
Poland flag 11 Poland
United Kingdom flag 11 United Kingdom
Brazil flag 10 Brazil
China flag 10 China
South Africa flag 10 South Africa
Algeria flag 9 Algeria
Indonesia flag 8 Indonesia
Sweden flag 7 Sweden
Belgium flag 4 Belgium
New Zealand flag 4 New Zealand
Serbia flag 4 Serbia
Portugal flag 3 Portugal
Taiwan flag 3 Taiwan
Bosnia Hercegovina flag 2 Bosnia Hercegovina
Ireland flag 2 Ireland
Morocco flag 2 Morocco
Spain flag 2 Spain
Sri Lanka flag 2 Sri Lanka
Vietnam flag 2 Vietnam
Angola flag 1 Angola
Bahrain flag 1 Bahrain
Czech Republic flag 1 Czech Republic
Former Soviet Union flag 1 Former Soviet Union
Hungary flag 1 Hungary
Italy flag 1 Italy
Jersey flag 1 Jersey
Mexico flag 1 Mexico
Montenegro flag 1 Montenegro
Nepal flag 1 Nepal
Norway flag 1 Norway
Philippines flag 1 Philippines
Slovak Republic flag 1 Slovak Republic
93741 visits from 52 countries
Total Hits
Content View Hits : 1530928
♣ဓမ္မစာမျက်နှာ (၈)♣
PLEASE CLICK SAYADAW PICTURE for detail
စိတ်ပိုင်း
စိတ်၏သဘာဝသတ္တိများ
စေတသိက်ပိုင်း
စေတသိက်၏သဘာဝသတ္တိများ
ခန္ဓာ ၅ ပါး
ပရမတ္တတရား ၄ ပါး
ဓမ္မစာမျက်နှာ(၇)
ရေခဲအချစ်နဲ့  နှောင်ကြိုးဖြေ အပိုင်း (၃)
PLEASE CLICK SAYADAW PICTURE.
(USE ZAWGYI ONE FONTS)
ခွေးသည်မစင်ကိုမရွံမုန်းခြင်းသည်ကြိုက်စိတ် ပြင်းသောကြောင့်၊ ပိုးဖလံသည်မီးကိုမကြောက် ခြင်းသည်မီးကိုကြိုက်စိတ်မွှန်နေသောကြောင့်ပင်၊ ကြိုက်စိတ်တဏှာသည်အလွန်အဆိတ်ပြင်းလောက်အောင် သင်၏ဘဝကို ရူးစေတတ်သည်။
    မစင်ကြိုက်သောခွေးမိုက်       မီးမှကြိုက်သောပိုးဖလံမိုက်
ကြီးမားသောမြေထုကြီးကိုတသွင်သွင်စီးသောရေအားဖြင့်တိုက်စားနိုင်ပေ၏၊ မေတ္တာရေယဉ်တသွင် သွင်စီးစေခြင်းဖြင့်ကိလေသာရန်သူများကိုတိုက်စားပစ်နိုင်သည်၊
  မေတ္တာစစ်သည်       အေးမြစေသည်
မေတ္တာသည် ရန်သူလည်းကြိုက်၊ မိတ်ဆွေလည်းကြိုက်၊ မိမိကိုယ်တိုင်လည်း နှစ်ခြိုက်သောတရားတည်း၊
မိခင်ဝမ်းဗိုက်မှကျွတ်ကတည်းကနို့ တောင်း၍ကာမဖြင့်ထွက်လာကာ သေသည်အထိသူ့  အရွယ်နှင့်သူ ကာမတလျက်သာ အသက်ငင် သေသွားရသော သူကသာ များချေ၏၊
       ကာမထောင်မှထွက်ရန်                    ဘုရားစကားလိုက်နာရ
ကာမနွံဗွက်မှ ကျော်ထွက်ရန် ကာမထောင်ထဲမှလွတ်မြောက်ရန် ဘာလုပ်ကြမလဲ၊
ကာမဂုဏ်ကိုအာရုံမပြုဘဲ ဓမ္မဂုဏ်ကိုအာရုံလွှတ်တတ်ရန်သာအရေးကြီး၏၊
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြင့် ရာဂစရိုက်ကိုနှိမ်၍ မေတ္တာကမ္မဋ္ဌာန်းဖြင့်ဒေါသစရိုက် ကိုချိုးထားခဲ့ပါလေ၊ သွားသွားလာလာ စားစားသောက်သောက် ထိုင်ထိုင်ထထ ရပ်ရပ်လျောင်းလျောင်း ဘယ်လိုဘဲနေနေ စိတ်ကိုသတိတင်း၍ရုပ်ပေါ်မေးတင်ကာ အထိ၊အသိ၊သတိ နှင့်အမြဲနေရင် လူရှုတ်ရှုတ်အလုပ်များများပေမဲ့ တည်စိတ်တွေပွား လာလိမ့်မယ်၊တည်ငြိမ်စိတ်ကို မပြတ်စေ ဒလစပ်သာရှုမှတ်ပေတော့၊
အရှုပ်မှရသော အငြိမ်သည်တန်ဖိုးအကြီးဆုံး၊ အရှုပ်ထဲမှရသော အငြိမ်သည် အရှင်းထဲ ကရသည်ထက် တန်ဖိုးကြီးသည်ဆို၏၊
လူရှုတ်ရှုတ်အလုပ်များတယ်လို့ ငြီးမနေနဲ့ တော့၊ ရှုတ်ချင်သလောက်ရှုတ်၊ များချင်သလောက်များ တရားစလုပ်ဖို့  အဓိကဘဲ၊
ကိလေသာတွေ၊သံယောဇဉ်တွေဆိုတာ ပူလောင်လွန်းလှပါတယ်၊
        ငိုတလှည့်        ရီတလှည့်   
မိမိချစ်ရသူများကိုနှောင်ကြိုးဖြေလိုက်ကြပါစို့ ၊ ပိုပိုပြီးတုတ်နှောင်မဲ့ ကိလေသာကြိုးတွေနဲ့  အပယ်သို့ ကျမဲ့  အစား အတူတူလက်တွဲရင်း ပထမ ဒုတိယ မဂ်ဖိုလ်နိဗ္ဗာန်ရောက်စေနိုင်မဲ့ သီလသမာဓိပညာကြိုး များဖြင့်သာ တက်လမ်းရှာသင့်ပါပြီ၊
        မေတ္တာစစ်နှင့်ချစ်တတ်သူ သည် နှောင်ကြိုးဖြေကာ အပယ်မကျသောနည်းလမ်းကိုအရင်ရှာ၊ တရားအားထုတ်ရင်း ချစ်တဲ့သူတွေကို အထက်သို့ တက်ရန် လက်တွဲခေါ်သင့်သည်။
အတူနေပြီး ကြိုးဖြေမှ အတူတူရှေ့ လှမ်းလို့ အထက်သို့ တက်နိုင်မှာမို့ ၊သူလဲသူကံနဲ့ သူ ကိုယ်လဲကိုယ့်ကံ နဲ့ ကိုယ်၊
     သူသေလဲကိုယ်မလိုက်နိုင်၊ကိုယ်သေလဲသူမလိုက်နိုင်၊
        နေ့ စဉ် လဲရှင်ရက်နဲ့ ကွဲနေရ၊၊လိုချင်တာ တွေ မရ၊ ရနေတာတွေမကျေနပ်သေး၊
            ပြီးတာတွေမမေ့နိုင်၊ အံတကြိတ်ကြိတ်နဲ့ မျက်ရည်ကဝဲ  မပြီးနိုင်မဆုံးနိုင်ပါဘဲ၊ ဘာတွေဘဲဖြစ်ဖြစ်
”ကံကြုံလို့ ဆုံ၊ကံကုန်လို့ ကွဲ ဘာဝမ်းနည်းစရာရှိသလဲ၊”
မေတ္တာစစ်နဲ့ နှောင်ကြိုးဖြေ
မဆိုင်မပိုင်တဲ့ဘဝ ငါပိုင်သူပိုင်လုပ်မနေတော့၊
ပူလောင်တဲ့ ဘဝ သူပြောငါပြောငြင်းမနေတော့၊
မင်းလဲမင်းကံ ငါလဲငါ့ကံ ကိလေသာကင်းဘို့ အချစ်စစ်ြဖစ်လို့ 
ရေခဲအချစ်နဲ့  လိုရာသွားစေ  မေတ္တာဝေ
ချည်နှောင်တဲ့ကြိုးတွေ ဖြေကာပေးလိုက်မယ် မင်းအတွက်ဘဲ။
 နှောင်ကြိုးမဖြေက အပယ်သို့ သာအားလုံး ကျရချေမည်။
အငိုတိတ်ကာ ပြုံးနိုင်ကြပါစေ
အနီးနေ မိတ်ဆွေများအတွက် အားပေးသံ
လမ်းခွဲခါနီးမင်းကိုမချစ်ချင်တော့ဘူး၊သံယောဇဉ်တော့ရှိပါတယ်လို့ ချစ်သူတွေရဲ့  စကားတွေနဲ့  ကြုံတိုင်း ဆုံတိုင်းဒေါသစိတ်နဲ့ မငိုမိဘို့ ၊ မင်းကိုသာအချစ်ဆုံးတသက်လုံးမကနောက်ဘဝပါဆုံချင်သေးရဲ့ လို့ စကား တွေ နဲ့  ကြုံတိုင်းဆုံတိုင်း သတိလက်လွတ်မနေမိဘို့ ၊
သူ့ လမ်းသူ ကိုယ့်လမ်းကိုယ်သွားနေကြရတဲ့ဘဝသံသရာလမ်းပေါ်မှာကံကြုံလို့  ခဏလေး ဆုံတွေ့ ရခိုက်မှာမေတ္တာနဲ့ ဘဲသူလိုတာ ဖေးကူညီ ထောက်မပြီးအကုသိုလ်တွေရှောင်  ကုသိုလ်တွေသာ ဆောင်ကြရင်း ကိုယ့်အတွက်ရော သူ့ အတွက်ပါ ပါရမီဖြည့်ဘို့ 
ဉာဏ်လက်နက်နဲ့ နှောင်ကြိုးကိုဖြည်ထား၊ ကာမဂုဏ်ခံစားအစွဲမထားမိစေဘို့ နဲ့  နှောင်ကြိုးလွတ်စိတ်သို့  သာဦးတည်၍ထားရင်း
သန္ဓိဋ္ဌာန်
 ( ကျောက်တလုံးတောရဆရာတော်ဘုရား၏ )အဆုံးအမစကားကို ရင်ဝယ်စွဲကာ ဆရာ့စကားဘုရားစကားမို့ ဆရာ့စကား ရင်ဝယ်ထားလျှက် နာခံလျှက်၊  လုပ်ရင်းကိုင်ရင်း ကျင့်ကြံရင်း၊  တရားနှင့်အဖော်၊ ချစ်သူအပေါ် မေတ္တာစစ် နှင့် ကိလေသာရမက် အခက်မဝေချင်တော့ ပါရမီဖြည့်ကာ ကုသိုလ်လက်ဖြင့်သာ တွဲခေါ်မဲ့ရက် မရောက်မချင်း မတုန်မလှုပ် လောကဓံရှုတ်ကို ကာမအိုင်ဗွက် ရွှ့ံနွံထက်ဝယ် နေသော်ငြားလဲ ငါးရံ့ပမာရွှံထဲနေ ရွှ့ံမပေစေဘဲ ကူးကာခတ်ခါ လွတ်မြောက်ရာ နိဗ္ဗာန် လမ်းသို့ သာ မရောက်မချင်း အားအင်တင်းမည် ငါ၏သန္ဓိဋ္ဌာန်ပေတည်း၊
သံယောဇဉ် ၁၀ ပါး
သတ္တဝါတို့ ကိုထိုထိုဘဝမှမလွတ်ရအောင်(သို့ ) သံသရာစက်မှမရုန်းထွက်နိုင်အောင် ကြိုးဖြင့်တုတ်နှောင် ထားသကဲ့သို့ ချည်နှောင်တတ်သောတရားကို သံယောဇဉ်ဟုခေါ်၏၊
သုတ္တန်နည်းသံယောဇဉ်
(၁)ကာမရာဂ သံယောဇဉ်
(၂)ရူပရာဂ သံယောဇဉ်
(၃)အရူပရာဂ သံယောဇဉ်
(၄)ပဋိဃ သံယောဇဉ်
(၅)မာန သံယောဇဉ်
(၆)ဒိဋ္ဌိ သံယောဇဉ်
(၇)သီလဗ္ဗတပရာမာသ သံယောဇဉ်
(၈)ဝိစိကိစ္ဆာ သံယောဇဉ်
(၉)ဥဒ္ဓစ္စ သံယောဇဉ်
(၁၀)အဝိဇ္ဇာ သံယောဇဉ်
(တရားကိုယ်မှာ လောဘ၊ဒေါသ၊မာန၊ဒိဋ္ဌိ၊ဝိစိကိစ္ဆာ၊ဥဒ္ဓစ္စ၊အဝိဇ္ဇာ ဟူ၍ ၇ပါးသာရှိ၏၊   စေတသိက်များဖြစ်၏)  နောက်ပိုင်းမှာစိတ်တွေစေတသိက်တွေပိုရှင်းပြပေးမယ်၊
အဘိဓမ္မာနည်းသံယောဇဉ်
(၁)ကာမရာဂ သံယောဇဉ်
(၂)ဘဝသံယောဇဉ် (ရူပရာဂ သံယောဇဉ် နှင့် အရူပရာဂ သံယောဇဉ်)
(၃)ပဋိဃ သံယောဇဉ်
(၄)မာန သံယောဇဉ်
(၅)ဒိဋ္ဌိ သံယောဇဉ်
(၆)သီလဗ္ဗတပရာမာသ သံယောဇဉ်
(၇)ဝိစိကိစ္ဆာ သံယောဇဉ်
(၈)ဣသာ သံယောဇဉ် (ဥဒ္ဓစ္စ သံယောဇဉ် ကိုလျော့၍ ဣသာနှင့် မစ္ဆာရိယ အစားထိုး၏)
(၉) မစ္ဆာရိယ သံယောဇဉ်
(၁၀)အဝိဇ္ဇာ သံယောဇဉ်
ကိလေသာ ၁၀ ပါး
စိတ်ကိုညစ်နွမ်းစေတတ်သော တရားကိုကိလေသာဟုခေါ်၏၊
(၁)လောဘ (၂) ဒေါသ (၃)မောဟ (၄)မာန (၅)ဒိဋ္ဌိ (၆) ဝိစိကိစ္ဆာ (၇)ထိန (၈) ဥဒ္ဓစ္စ (၉)အဟိရိက   (၁၀) အနောတ္တပ္ပ
တရားကိုယ်များမှာ ဤအမည်ရှိသော စေတသိက်များတည်း၊
ဗြဟ္မစိုလ်တရား မေတ္တာပွား
(၁)မေတ္တာ = အဒေါသ=မကြမ်းတမ်းမခက်ထန်ခြင်းသဘော၊
(၂)ကရုဏာ = ဒုက္ခိတသတ္တဝါပညတ်ကိုအာရုံပြု၍ သနားကြင်နာခြင်းသဘော၊
(၃)မုဒိတာ= သုခိတသတ္တဝါ ပညတ်ကိုအာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော၊
(၄)ဥပေက္ခာ= တတြမဇ္ဈတ္တတာ= ယှဉ်ဘက်စေတသိက်တို့ အားမိမိတို့ ၏ဆိုင်ရာကိစ္စများကို မယုတ်မလွန်မျှတစွာ ဆောင်ရွက်ကြရန် တည့်မတ်ထိန်းသိမ်းပေးခြင်းသဘော၊
အဘိဓမ္မာသင်လိုသူများလေ့လာရန်
(၁) သံယောဇဉ် ၁၀ ပါးကိုရေးပါ၊
(၂) ကိလေသာ ၁၀ ပါးကို တရားကိုယ်များဖြင့်ရေးပြပါ၊
(၃) ဗြဟ္မစိုလ်တရား ၄ ပါးကိုဖော်ပြပါ၊
ပြုသမျှကုသိုလ်အစုစုကို အနန္တစကြဝဠာအတွင်း၌ ရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့  ကို ကုသိုလ် အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့၊
နန္ဒသစ္စာအလှုရှင်
ဓမ္မစာမျက်နှာ(၇)
ရေခဲအချစ်နဲ့  နှောင်ကြိုးဖြေ အပိုင်း (၂)
PLEASE CLICK SAYADAW PICTURE for detail
(USE ZAWGYI ONE FONTS)
ရေခဲလိုအေးမြသောနှလုံးသားဖြင့်တဏှာကင်းသောမေတ္တာဖြင့်သာ၊
ရစ်ပတ်ချည်နှောင်နေသောသံယောဇဉ်နှောင်ကြိုးများဖြေကြရမည်၊ မဖြေက အပယ်သို့ သာလားရပေမည်။
တဏှာ ၊ ရာဂ၊ ကိလေသာ၊ သံယောဇဉ်သည် မီးကဲ့သို့ ပူလောင်၏၊ ဖြတ်ရန် သံကြိုးကဲ့သို့ ခိုင် မာခက်ခဲလေ၏
လူ့ ပြည်ဒုက္ခ နတ်ဒုက္ခ
လူ့ ဘဝမွေးသည်မှသေသည်အထိကာမတဏှာ၊ဘဝတဏှာသည်ကိုယ်နှင့်မကွာလိုက်ပါနေတတ် သဖြင့် ကင်းပရန် ခဲယဉ်းပေ၏၊
မယားအချစ်သားအနှစ်ဆိုရင်
မယားယူသည်မှာ ငါ့ ကိုယ်ကိုချစ်၍ယူသည်သာ၊ဒင်းလေးကိုရရင် ငါမဆိုးဘူးဟူသော ဆုံးဖြတ်ချက် ဖြင့်သာ၊ သို့ သော်ရစမယားထမင်းဝါးခွ့ံပေးသည်မရှိ၊ ကိုယ့်ကိုယ်ကိုကားနေ့ တိုင်းပင်၊ ရစမယား ရေချိုး၊ချေးတိုက်၊ချေးပွတ်ပေးသည်မရှိ၊ ကိုယ့်ကိုယ်ကိုကား နေ့ တိုင်းတည်း၊မယားမှသားမွေးသော် အဖေ၏ကျောထောက်နောက်ခံ အဖြစ်မျှော်လင့်ကြပြီး သမီးမွေးသော် အမေ၏ကျောထောက်နောက် ခံအဖြစ်မျှော်လင့်ကြ၏၊ သားမို့ သမီးမို့ ချစ် ကြစတမ်းသာဆိုရင် မိမိဝမ်းတွင်းရှိ သန်ကောင်၊တုတ်ကောင် စသည့် ပိုးမျိုးရှစ်ဆယ်တို့ သည်မိမိသွေးနှင့် မိမိအစာများကိုနေ့ တိုင်းကျွေးနေရသော သားစစ်၊သမီးစစ် များပင်ဖြစ်ချေ၏၊
ထိုသန်ကောင်၊တုတ်ပိုးများမတော်မဆထွက်ကျလာသော် လိုလိုလားလားမိမိသားလေးဟူ၍ ဆီးကြိုပြေးကောက် ယူသူဟူ၍မတွေ့ မိချေ၊ သားစစ်မို့ သာချစ်ရမည်ဆိုသော်သန်ကောင် သည်သာ မိမိဝမ်းနှင့်လွယ်မွေးထား ရသူဖြစ်ချေ၏၊ မယားဝမ်းမှထွက်လာသောသားဝမ်းကွဲ၊သမီးဝမ်းကွဲကို ကိုယ့်ဝမ်းမှာလွယ်၍ထွက်လာသော သန်ကောင်သား၊သန်ကောင်သမီး ထက်ပိုချစ်သည်ကို ထောက်ရင်မိမိအားကိုးရမည့် သား၊ အားကိုးရမည့်သမီး ဖြစ်၍သာ ချစ်နေကြောင်းခိုင်လုံနေချေပြီ၊
ဤလူ့ ပြည်မှာ မယားတစ်ယောက်၊ သားတစ်ယောက် ဒုက္ခသည်ပင် ဒီလောက်အဖျက်စီး ခံနေရလျှင် မယားပြောင်းဆန် သားပေါင်းလန်နေသော နတ်ပြည်၊ကာမအလုပ်မှတစ်ပါး ဘာအလုပ်မျှမရှိသော နတ်ပြည်ကားစဉ်းစားစရာမလိုတော့၊
မဂ်ရ ပုဂ္ဂိုလ်ဖြစ်ဘို့ ရာ နှောင်ကြိုးဖြေပြီး ကျင့်ရမှာ
အဲဒါကြောင့် ရစ်ပတ်ထားမိခဲ့ တဲ့ နှောင်ကြိုးကိုချစ်ရတဲ့သူအတွက်တကယ်ချစ်တတ်ရင်        သူ့ ကိုအပယ် မကျစေအောင် ကိုယ်လဲအောက်မကျရအောင် အေးမြတဲ့ မေတ္တာဂရုဏာတွေ   နဲ့ နှောင်ကြိုးဖြေပေး သင့်ပါတယ်၊သံယောဇဉ်နှောင်ကြိုးတွေ ဖြေပြီးမှ ကျင့်ရမှာ၊ အနာဂါမ်ဖြစ်ရင်တော့ နှောင်ကြိုးတွေ ဖြတ်နိုင်သွားပြီပေါ့၊
ရုပ်နာမ်ကွဲ၊ ကြောင်းကျိုးသိ၊ ဖြစ်ပျက်မြင်၊ သီလစင်၊ စူးစူးစိုက်စိုက်မပြတ်မလတ်ဒလစပ်၊ အကျင့်မှန်က မဂ်ဆိုက်ရတဲ့၊
ပထမမဂ် ငါစွဲဒိဋ္ဌိ၊ ဝီစိကိစ္စ ( ရတနာသုံးပါးအပေါ်မယုံကြည်မှု) ပယ်သတ်၍ထိုရန်မှ အေးသဖြင့်ခံစားရသော အငြိမ်းဓာတ်၊အအေးဓာတ်၊(သောတပန်)
ဒုတိယမဂ် ကြိုက်စွဲ၊မကြိုက်စွဲနှစ်ပါးအခြေယိုင်စေ၍ထိုရန်မှဝေးသဖြင့်ခံစားရသော အငြိမ်း ဓာတ်၊အအေး ဓာတ်၊(သကဒါဂါမ်)
တတိယမဂ်-ဒေါသပယ်၍ ထိုရန်မှအေးသဖြင့်ခံစားရသော အငြိမ်းဓာတ်၊အအေး ဓာတ်၊ (အနာဂါမ်)
စတုတ္ထမဂ်- ကိလေသာအားလုံးပယ်သတ်၍ထိုရန်မှဝေးသဖြင့်ခံစားရသော အငြိမ်းဓာတ်၊ အအေး ဓာတ်၊
သောတပန်လဲ ဒုက္ခနှင့်ဘဲ
ကာမာနံမာ ဒိနပဋိသံယုတ္တကထာ
(ကာမပြစ်မှုနှင့်စပ်ဆိုင်သောစကား)
သောတပန်၏အဖြစ်ကားမိမိကသူတစ်ပါးအပေါ်စော်ကားလိုစိတ်မရှိသော်လည်းသူတပါးတက်ရောက် စော်ကားသည်ကို အသာတကြည်လက်သင့်ခံနေရဆဲ ဖြစ်၏၊
မိမိသာအပယ်သို့ ကျစေတတ်သော အကုသိုလ်စေတနာမျိုးမရှိသော်လည်း မိမိနှင့်ပေါင်းသင်း လေသူကို အပါယ်ဘေးမှလွတ်အောင် မစည်းရုံးနိုင်သေး၊သောတပန်သည် လေးဘက်သွား လွတ်သော်လည်း နှပ်ချေးမစင်သေး၊
ပုံပြောပြမယ်၊
ရာဇဂြိုလ်သူဋ္ဌေးသမီးသည် အပျိုစင်ဘဝနှင့်ပင် သောတပန်တည်လာခဲ့ချေ၏၊ ကဿဖဘုရား လက်ထက် ကခင်ပွန်းတော်ခဲ့ဘူးသော တောလိုက်မုဆိုးကိုမြင်ကာမျှဖြင့် တန်းတန်းစွဲဖြစ်ကာ မယားအဖြစ်လက်ခံရန် တောင်းပန်ပြီး လင်၏ဖျက်စီးမှုကိုခံရရှာသည်။ထိုဖျက်စီးမှုကြောင့် စိတ်နွမ်း၍ ကိုယ်ကျေဘဝရောက်ရ၏၊ သားသုံးယောက်အထိမွေးဖွားပေးရချေသေး၏၊ လင်သွားလျှင်အဆင်သင့်စေရန်အဆိပ်လူးမြှား၊ လေးနှင့်ဓားတို့ ကိုလည်းအဆင်သင့်ထား ပေးရချေ၏၊ လင်ရှာသဖြင့်ရရှိလာသောသမင်စသည့်သား ကောင်သေများကိုလည်းဖျက်စီး ရောင်းချပေးရသေး၏၊
စင်စစ်သောတပန်၏အဖြစ်သည်ကာမရမ္မက်၏ထိုးနှက်ဖျက်စီးခြင်းကိုအာခံအံတု၍မတော်လှန်နိုင်သေး ချေ၊ ကာမတစ်ကွက်မက်မက်မောမောသဘောကျဆဲသာဖြစ်သဖြင့် လင်ပုထုဇဉ် ၏ကြီးမားသော ရမ္မက် ဒဏ်ကိုအလူးအလိမ့်ခံရဆဲပင်ရှိချေ၏၊ လင်၌ ရစ်ပတ်ဖွဲ့ နှောင်ထား သော မိမိ၏နှောင်ကြိုးကိုလည်းဖြုတ် ပယ်၍ မပေးနိုင်သေး၊
ပင့်ကူပမာ နှောင်ကြိုးမှာ
ပင့်ကူကြီးသည် ကွန်ရက်ကိုဖန်ဆင်းကာ သားကောင်ကိုထောင်ဖမ်းသကဲ့သို့ သောတ ပန်သည်လည်း တဖက်သားကိုမိမိအာရုံကြိုးများစွာတို့ ဖြင့်ထောင်ဖမ်းတတ်သေး၏၊
ပင့်ကူကြီးသည်မိလာသောသားကောင်တို့ ကိုနှောင်ကြိုးများတို့ ဖြင့်ရစ်ပတ်နှောင်ကာ အစာကို မိန်မိန်ယှက်ယှက်စားသုံးယူတတ်၏၊
သောတပန်လည်း သံယောဇဉ်နှင့်ဘဲ၊
ကာမတစ်ကွက်ဖြင့်ပင် မိမိဘဝကိုအဖျက်စီးခံရခြင်း၊ လူမှုဒုက္ခအဝဝတို့ ကိုခါးစည်းခံစားရခြင်း၊ သားကျွန် လင်ကျွန်ဘဝဖြင့် အနင်းခြေခံရခြင်းမှမကင်းတတ်သေး၊
တဖန်သောတပန်၏အဖြစ်သည်မိမိသာ အပါယ်မှအလွတ်ရုန်းနိုင်သော်လည်း မိမိအားစပ်ယှက်နေသော လင်သားကိုကားအပါယ်မှလွတ်ကင်းရာမကယ်တင်နိုင်၊
ဝိသာခါတုဿီတာသွားသော်လည်းမောင်ပုညကား တုဿီတာ ပါမသွားပြီ၊၎င်းနှင့်ရသော သားဆယ် ယောက်၊ သမီးဆယ်ယောက်၊ မြေးလေးရာ၊ မြစ်ရှစ်ထောင်တို့ သည်အသင်းလိုက်၊ အဖွဲ့ လိုက်တုဿီတာ သို့ လိုက်ပါခြင်းမရှိ၊
တဖန်အနာထပိဏ် တုဿီတာတက်သော်လည်းဇနီးသည်ပုညလက္ခဏာဒေဝီကား တုဿီတာသို့ လိုက် ပါသွား သည်မကြားမိ၊သို့ သော်မိမိသာသက်သာရာရသော်လည်း အတူနေတို့ ကိုကားမသက် သာစေ တတ်၊ ဒဏ်ရာဒဏ်ချက်တို့ ဖြင့် ကျန်နေရစ်တတ်၏၊
သောတပန်၏ကာမစိတ်ပူးနေချိန်ဖျက်စီးမိကတော်သေး၏၊ သောတပန်၏အရိယာစိတ်ဝင်နေ ချိန်မှာဖျက်ဆီးမှုကြောင့် အထိနာဦးမည်၊ ထိုအရိယာတို့ ဉာဏ်ကျက်စားချိန် မိမိအလိုသို့ ပါ ရန်မြှူဆွယ်ခြင်း၊ ထိတွေ့  ပွတ်သပ်ခြင်း စသည်ဖြင့် ပြစ်မှားသော်မှ အကျင့်ပျက်စီးမှု (သီလညှိုးနွမ်းမှုကား)မနေပြီ၊ထို့ ကြောင့် အရိယာကိုလင်တော်၊မယားတော်သူများအဖို့  အရိယူပဝါဒအန္တရာယ်မှလွတ်ကင်း ရန်ချက်ကောင်း စောင့်နိုင်မှတော်ကာကျချေမည်၊
ပုထုဇဉ်အချင်းချင်းသူလိုကိုယ်လို အတူတူအနူနူချင်းကဲ့သို့ နသိုးကြိုးပြတ်ကားမဖြစ်သင့်ချေ၊ အရိယူပဝါဒအန္တရာယ်ဟူသည် အရိယာဇာတ်ဝင်သူတို့ ကိုမတော်မတရားစော်ကား ပုတ်ခတ်ခြင်း ကိုဆို၏၊ ထိုသို့ ပုတ်ခတ်လေသူဈာန်မဂ်တို့ သို့ မရောက်စေ၊မရစေနိုင်ဆို၏၊ နှုတ်ဖြင့်စော်ကားရုံမျှဖြင့် ဤမျှကြီး လေးသေးလျှင်ကိုယ်ထိလက်ရောက်ကား မေးမနေသင့်ပြီ၊
ကာမပြစ်ချက် လွတ်အောင်ထွက်၊
တဖန်ဗိမ္မသာရမင်းကြီးသည်သောတပန်ဖြစ်သော်လည်း သားတော်ကိုချစ်မိသော ကာမအပြစ် ကြောင့်ပြင်ပ၏တိုက်ခိုက်မှုဒဏ် ခြေဖဝါးကိုခွဲခံ နှိပ်စက်ခံရခြင်းသည်ဘာမျှမပြောပလောက် သော်လည်း မင်းကြီးအတွင်းရှိကာမစိတ်၏ ထိုးနှက်မှုဒဏ်သည်ကား တစ်ကိုယ်လုံးသွက် သွက်ခါစေခဲ့သည်၊ စိတ်မှာလဲစွဲကျန်ရစ်နေ၏၊ ဘဝကူးချိန် တွင်အာရုံယူမှားသဖြင့်အစေခံ ဇဝနနတ်သား ဘဝသို့ သာရောက်ခဲ့ ရသည်၊ ကာမ၏ပြစ်ချက်တွေးသလောက်ကြောက်စရာကောင်းလှ၏၊
အရိယာတို့ ၏ကာမအပြစ်ကြောင့်ဤမျှခံချက်နာရသေးလျှင် သင်တို့ ၏ကာမအပြစ်ကား တွေးဝံ့စရာမရှိပြီ၊
အပိုင်း( ၃ ) သို့ ဆက်ဖတ်ပါရန်   
ဓမ္မစာမျက်နှာ(၇)
ရေခဲအချစ်နဲ့  နှောင်ကြိုးဖြေ အပိုင်း (၁)
PLEASE CLICK SAYADAW PICTURE FOR DETAIL.
(USE ZAWGYI ONE FONTS)
ရေခဲလိုအေးမြသောမေတ္တာရေအေးဖြင့်
မမြင်စမ်းဝါးအကန်းသမားတို့ အတွက်
ကာမအိုင်ဗွက် ရွှ့ံ နွံထက်ဝယ်နေရသော်လည်း လွတ်မြောက်စေရန်
ဘုရားရှင် မိန့် ကြားခဲ့သော စကား၆ချက်မှာ -------
ရစ်ပတ်ချည်နှောင်နေသောသံယောဇဉ်နှောင်ကြိုးများဖြေကြရမည်၊
အေးမြသောမေတ္တာရေအေးဖြင့်
ရစ်ပတ်ချည်နှောင်နေသောသံယောဇဉ်နှောင်ကြိုးများဖြေကာ
ကာမအိုင်ဗွက် ရွှ့ံ နွံထက်ဝယ်
မြင်ရာအကြိုက်၊ကြားရာကြိုက်နှင့် နမ်းကြိုက်၊စားကြိုက်၊တွေ့ ကြိုက်တွေးစုံ အဖုံဖုံနှင့် ပက်လက်တစ်ခါ မှောက်ကာတလှည့်ကြည့်ရင်း၊ကြားရင်း၊နမ်းရှုပ်ရင်းနှင့်ခံတွင်းလွေ့ လွေ့  အတွေ့ မော့မော့အတွေးကြော ၌မျောပါနေရရှာသော မမြင်စမ်းဝါးအကန်းသမားတို့ အတွက်
ဘုရားရှင် မိန့် ကြားခဲ့သော စကား၆ချက်မှာ
(၁)ပေးလိုကမ်းလို၊ပေးစွန့် လှုဒန်းခြင်းသည် ကာမစိတ်ကိုနှိုးဆွစေသောကာမ ကုသိုလ်သက်သက် မျှသာ၊ ဘဝ၏ဘောဂသမ္ပတ္တိဟူသော(ရုပ်ချမ်းသာ) ကောင်းစားရေး မျှသာရှိချေသေး၏၊
(၂)ရမ္မက်ကိုသတိပါသော သရဏဂုံဖြင့်ချိုးဖျက်၍တည်သော သီလသည် အသက်တစ်ရာ ပြည့်သောဒါန ထက် ပို၍အကျိုးများ၏၊
(၃)ဒါနအကျိုးကြောင့် (ဘောကသမ္ပတ္တိပစ္စည်း)ဥစ္စာပြည့်စုံလာသော်လည်း၊ သီလအကျိုးကြောင့် (ဘဝသမ္ပတ္တိ ) လူချမ်းသာ နတ်ချမ်းသာရလာသော်လည်း၊ ခင်မင်တွယ်တာမြတ်နိုးမှုမာနအားကြီးလာ သော်ယုတ်ညံ့ သော အပါယ်လေးဘုံသား ဘဝသို့  ရုတ်တရက် ကျရောက်နိုင်ချေသေး၏၊
(၄)ဆင်းရဲတခါ၊ချမ်းသာတလှည့် နဲ့ အပြန်ပြန်အလှန်လှန်ဖြစ်ရင်းဘောဂသမ္ပတ္တိ၊ ဘဝသမ္ပိတ္တိတွေ ကြောင့်ဖြစ်လာရတဲ့ အာရုံငါးပါးမှာခင်မင်ခြင်း မြတ်နိုးခြင်း အထင်ကြီးခြင်းဆိုတဲ့ ကာမဂုဏ်ရဲ့ အပြစ်တွေ ကို မြင်နေခြင်းထက် ထိုအာရုံတို့ မှ မိမိစိတ်လွတ်ကင်းလျက် ချမ်းသာသက်သက်ကြီးကိုသာ ရွေးစစ်၍ ခံစားနေ ကသာ၍အကျိုး ပေးထူးပေ၏၊
(၅)လူ့ ဘဝရလာသော်ပစ္စည်းဥစ္စာချမ်းသာခြင်းရဲ့ ဒုက္ခ၊လျော့မှာကြောက်လို့ ဖြည့်ရဒုက္ခ၊ ငါပိုင်ငါဆိုင်ဟု သိမ်းပိုက်ထားလိုသော ရာဂအပူ၊ငါ့ဟာဟုစွဲလမ်း၊စွဲလမ်းလို့ သိမ်းဆည်း၊ သူများမပေးလို၊ မပေးလိုတော့ စောင့်ရှောက်၊စောင့်ရှောက်ရင်းရန်ဖြစ် ဒုက္ခမကင်းပေါ့၊ ကာမအပြစ်ကိုမြင်တဲ့ ဉာဏ်ယှဉ်ဒါနဖြစ်ခဲ့ပါမူ၊ ကာမအပြစ်မှလွတ်မြောက်လိုတဲ့ ဉာဏ်ယှဉ် သီလ ဖြစ်ခဲ့ ပါမူ၊ကုသိုလ်အကျိုးသက်သက် အကုသိုလ်ဆိုးမဖက်၊ကုသိုလ်သန့် သန့်  အကျိုးသာခံစား ရှာမှီးစရာမလို၊ ဝန်တိုစရာမရှိ၊စောင့်ရှောက်ရန် အစုအပုံမျှပင် မရှိသော နတ်ဘဝ နတ်စည်းစိမ်ကို ခံစားရပါမူ ထိုလူ့ ဘဝထက်သာလွန်ပေ၏၊
(၆)တစ်ဖန် နတ်ဘဝသည် မကြောင့်မကြ မတောင့်မတဖြစ်သော်လည်း ယနေ့ နတ်မင်း နက်ဖြန် တွင်လူတို့ ၏မစင်တွင်းဝယ် ပိုးလောက်မင်းဖြစ်နိုင်ချေသေး၏၊
တစ်လောကလုံးကိုပိုင်ကျုံးအစိုးရသော ဗြဟ္မမင်းသည်ပင် ယနေ့ ဗြဟ္မပြည်မှာတဝင်းဝင်း၊ နက်ဖြန်တွင် ဝက်စားကျင်းမှာ တရှုတ်ရှုတ်ဖြစ်နိုင်ချေရှိသေးသဖြင့် အပယ်ဘေးက မအေးရသေး၊
”ငါ ” တစ်ချက်ကို သွက်သွက်ကျိုးအောင် ဖျက်ချိုးလွှင့်ပစ်ပြီးသော သောတပန်သည်ကား
-အောက်သို့ မကျ အထက်သို့ တက်ရန်သာကိန်းသေဖြစ်၏၊
-ဒုက္ခကို စုဆောင်းရန်မလို၊ သုခစစ်ကိုရှာမှီးရန်သာကိန်းသေဖြစ်၏၊
-ကာမ၌ ငြိတွယ်ရန်မရှိ လက်ရှိကာမကို ဘယ်နေ့ အပြီးစွန့် လွှတ်ပစ်ရမလဲဟူသောအတွေး သာ ကိန်းသေဖြစ်၏၊
သို့ ကြောင့် နတ်ဘဝ နတ်စည်းစိမ်ရခြင်းထက် မဂ်ရဘဝဖြင့် မဂ်စည်းစိမ်ခံစားရခြင်းကသာ၍ သာ၍အကျိုးများရခြင်းရှိ၏၊
ဘုရားရှင်သွားစေလိုသောလမ်း
လောကီစည်းစိမ်ခံစားရင်းက စိတ်သည်ထိုစည်းစိမ်မှလွတ်မြောက်နေခြင်း၊ ကိုယ်သည်ဒုက္ခနှင့်ရင်ဆိုင် နေရရင်း စိတ်သည်ထိုဒုက္ခမှ လွန်မြောက်နေခြင်းဟူသော အရိယာဇာတ်၊သောတာပတ္တိမဂ်မြတ် သို့ ကပ်ရောက်စေခြင်းသည် ဘုရားရှင်သွားတော်မူခဲ့  သောလမ်း၊ဤသည်မှာ ဘုရားရှင်သွားစေလိုသော လမ်းပင်တည်း၊
အေးချမ်းသောမေတ္တာလက်နဲ့ ကိုယ့်ဘဝနဲ့  မင်းအတွက် သံယောဇဉ်ကြိုး ဖြေကြစို့ 
နှောင်ကြိုးမဖြေက အပယ်သို့ သာကျချေမည်၊         
မကောင်းကျင့်ဟူသည် မိမိ၏ ကာမအတွက်သူတစ်ပါးသို့ သံယောဇဉ်များဖြင့်ချည်နှောင်ပတ် ဖွဲ့ ကာဖျက်စီးနှိပ်စက်ခြင်းပင်၊
ကောင်းကျင့်ကားထိုမှပြန်လှန်၍ မိမိကာမအတွက်နှင့် သူတစ်ပါးသို့ သံယောဇဉ်များဖြင့် ချည်နှောင် တုပ်ဖွဲ့ ထားရာမှ မိမိရစ်ပတ်ထားသော သံယောဇဉ်ကြိုးကို ဖြေချပေးကာ သွားလိုရာသွားပါစေ ဆန္ဒဖြင့်ခွင့်လွှတ်ခြင်းပင်၊
တစ်ဦးနှင့်တစ်ဦးရစ်ပတ်ထားသောချစ်ခင်တတ်မက်စိတ်ပြင်းထန်မှုများ၊ အလိုမကျစိတ် ပျင်းထန်မှုများ၊ ငါပြီးငါပိုင်စိတ်အားကြီးသူများတို့ အထပ်ထပ်အလိမ်လိမ် ဖြစ်နေကြသဖြင့် သူသည်ကိုယ့်အောက်မှ ရုန်းမထွက်သာဘိသကဲ့သို့ ကိုယ်သည်လည်း သူအထက်မှမဆင်း သောအခြေသို့ ဆိုက်လာခဲ့ချေ၏၊
စားစား၊သွားသွား၊နားနား၊နေနေ သူသည်ကိုယ့်စိတ်နှင့်သာနေနေရပြီး၊ ကိုယ်သည်လည်းသူ့  စိတ်နှင့်သာ အသက်ရှင်ရချေ၏၊ ထိုရစ်ပတ်မှုတို့ တင်းကြပ်လာသော် နှစ်ဦးစလုံးပင် အလုံး လိုက်အထွေးလိုက်ကြီး အောက်သို့ ပင် အပယ်သို့ ပင်ကျရမှာ သေချာပေါက်ဖြစ်ချေ၏၊ ကျလည်းကျခဲ့ ဘူးပေါင်းများလှချေ၏၊ မိမိ၏အစွဲကြီးသလောက်အကျနာပေမည်၊
လက်ရှိဘဝမှာ စိတ်ပူ၊စိတ်ညစ်၊စိတ်ဆိုး၊စိတ်ပျံ့ လွင့်ဖြစ်ရ၊ နောင်မှာကား ရာဂကြောင့် ပြိတ္တာ၊ ဒေါသကြောင့် ငရဲ၊ မောဟကြောင့် တိရစ္ဆာန် ခံရမှာဘဲ၊
အပိုင်း ( ၂ ) သို့ ဆက်ဖတ်ပါရန်  
ဓမ္မစာမျက်နှာ (၆)
PLEASE CLICK SAYADAW PICTURE FOR DETAIL.
(USE ZAWGYI ONE FONTS)
အမြဲသတိရှိ နေမယ် ဓမ္မပညာတွေလေ့လာကျင့်သုံးပြီး နှလုံးသွင်းမှန်နေမယ် ဆိုရင် အကုသိုလ်အလုပ်တွေကို ရှောင်နိုင်ပြီး ကုသိုလ်အလုပ်တွေပိုလုပ်မိလာလိမ့်မယ်၊
လောဘစိတ်၊ဒေါသစိတ်၊မောဟစိတ် ဆိုတဲ့ အကုသိုလ်စိတ်တွေ က ကိုယ်မှာရှိတဲ့ ဒွါရ ၆ ပါး ( မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနောဓာတ်) နဲ့  အပြင်ကဆိုင်ရာ အာရုံ ၆ ပါး ( အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အထိအတွေ့ ၊ ကြံစည်တွေးတောသောဓမ္မဓာတ်) အကြောင်းတိုက်ဆိုင်လိုက်လို့  ဖြစ်ပေါ်လာတဲ့  အသိဝိဥာဏ်စိတ်တွေ အပေါ်မှာ
(၁) သတိမရှိလို့ 
(၂) ဓမ္မ ပညာ မရှိလို့ 
နှလုံးသွင်း မမှန်လို့  အကုသိုလ်စိတ်တွေ  ဖြစ်ရတာ၊
ဥပမာ-လောကီ ကာမဂုဏ်ကို အားပေးတဲ့  ရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်ရှုရင် -
(၁)မျက်စိအကြည်ဓာတ် (စက္ခုပသာဒ) နဲ့ 
(၂)မြင်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကား အဆင်း (ရူပါရုံ) ကို
(၃) မြင်နိုင်တဲ့ အလင်းရောင်ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ ရုပ်ရှင်ကားကို မြင်ရတယ်ဆိုပါစို့ ၊
အဲဒီ့ ရုပ်ရှင်ကားကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့ရုပ်ရှင်ကားကို ကြည့်ပြီးဝမ်းနဲမိ ၊ ငိုမိရင် ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ ကြိုက်လဲမကြိုက်၊ဒေါသစိတ်လဲ မဖြစ်ဘဲငိုလဲမငို၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
အဲဒီလိုဘဲ သီချင်းသံကို နားထောင်မိတဲ့အခါ
(၁) နားအကြည်ဓာတ် ( သောတပသာဒ) ရယ်
(၂) ကြားနိုင်တဲ့ သီချင်းသံ ( သဒ္ဒါရုံ) ရယ်
(၃) လေဖြတ်သန်းသွားနိုင်တဲ့ ဟင်းလင်းနယ် ( အာကာသဓာတ် ) ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ သီချင်းသံကို ကြားရတယ်ဆိုပါစို့ ၊
အဲဒီ သီချင်းသံကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့သီချင်းသံကို ကြားပြီးဝမ်းနဲမိ ၊ ငိုမိရင် ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ ကြိုက်လဲမကြိုက်၊ဒေါသစိတ်လဲ မဖြစ်ဘဲငိုလဲမငို၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
အဲဒီလိုဘဲ မွှေးကြိုင် တဲ့ အနံ့ ကို ရှုမိတဲ့အခါ
(၁) နားခေါင်းအကြည်ဓာတ် ( ဃာနပသာဒ) ရယ်
(၂) မွှေးတဲ့အနံ့  (ဂန္ဓာရုံ) ရယ်
(၃) အနံ့ ကိုဆောင်သော လေ ( ဝါတ ) ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ အမွှေးနံ့ ကို ရှုရတယ်ဆိုပါစို့ ၊
အဲဒီ အမွှေးနံ့ ကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့အမွှေးနံ့ ကို ရပြီးမကြိုက်ရင်   ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ မစွဲလန်း၊ ဒေါသစိတ်လဲ မဖြစ်၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
အဲဒီလိုဘဲ အလွန်ကောင်းတယ်ဆို တဲ့ အစာတခုကို စားမိတဲ့အခါ
(၁)လျှာအကြည်ဓာတ် ( ဇိဝှာပသာဒ) ရယ်
(၂) အရသာရှိ    တဲ့ အစာ (ရသာရုံ) ရယ်
(၃) လျှာရည်ဆိုတဲ့ ( အာပ)ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ အရသာကို သိရတယ်ဆိုပါစို့ ၊
အဲဒီ အရသာကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့အရသာကို မကြိုက်ရင်   ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ မစွဲလန်း၊ ဒေါသစိတ်လဲ မဖြစ်၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
အဲဒီလိုဘဲ အလွန်နူးညံ့တယ်ဆို တဲ့ အရာတခုကို ထိမိတဲ့အခါ
(၁)ကိုယ်အကြည်ဓာတ် ( ကာယပသာဒ) ရယ်
(၂) နူးညံ့တဲ့အထိအတွေ့  (ဖောဋ္ဌဗ္ဗာရုံ) ရယ်
(၃) ခက်မာတဲ့ ပထဝီ (ထဒ္ဓ ပထဝီ)ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ အထိအတွေ့ ကို သိရတယ်ဆိုပါစို့ ၊
အဲဒီ အထိအတွေ့ ကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီလိုဘဲ မြင်ဘူးကြားဘူးသိဘူးတာတွေကို ပြန်တွေးမိတဲ့အခါ
(၁)ဘဝင်စိတ် (အိပ်နေရင်ဖြစ်နေတဲ့စိတ်) ဆိုတဲ့ မနောဒွါရ ရယ်
(၂)မြင်ဘူးကြားဘူးသိဘူးတာတွေကို ပြန်တွေးတဲ့ ပဉ္စာရုံ (သို့ ) ဓမ္မာရုံ  ရယ်
(၃)စိတ်ရဲ့ မှီရာဝတ္ထု ဖြစ်တဲ့ ဟဒယဝတ္ထု ရယ်
(၄)မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ရယ်
ဆိုတဲ့ အကြောင်း ၄ ခု တိုက်ဆိုင် လိုက်လို့ တွေးမှု ကြံ မှု တွေဖြစ်ရတယ်ဆိုပါစို့ ၊
အဲဒီ တွေးမှု ကြံမှုတွေကို စွဲလန်းနှစ်သက်မိရင် ဒါ လောဘစိတ်ဘဲ။
အဲဒီ့တွေးမှု ကြံမှုတွေကို မကြိုက်ပြန်ရင်   ဒါ ဒေါသစိတ်ဘဲ၊
လောဘစိတ်နဲ့ မစွဲလန်း၊ ဒေါသစိတ်လဲ မဖြစ်၊ ဒါပေမဲ့ တရားအသိမရှိဘဲ ပျံ့ လွင့်တဲ့ စိတ်တွေဖြစ်နေရင် ဒါလဲ အကုသိုလ်မောဟစိတ်ဘဲ။
သိပ္ပံပညာမှာ ပထမ  ၃ ချက်ကို ဖော်ပြနိုင်ပေမဲ့  ၄ အချက်ဖြစ်တဲ့ မနသိကာရ ခေါ်တဲ့ အာရုံစိုက်နှလုံးသွင်းမှု ကို သိပ္ပံပညာမှာမဖော်ပြနိုင်ဘူး။ အဘိဓမ္မာပညာမှာသာ ဖော်မြနိုင်တာ အဘိဓမ္မာရဲ့ ထူးခြားချက်ပါဘဲ။
သတိမမူ ဂူမမြင်ဆိုတာ နှလုံးသွင်းမှု မရှိလို့ ပါဘဲ။
အဲဒါကြောင့်
(၁) သတိရှိမယ်
(၂) ဓမ္မ ပညာ ရှိမယ်
(၃) နှလုံးသွင်း မှန်မယ် ဆိုရင် အကုသိုလ်စိတ်တွေ မဖြစ်အောင် လုပ်နိုင်ပြီပေါ့၊
ဘယ်လို လုပ်နိုင် မလဲ ဆို တာ သတိပဋ္ဌာန် အပိုင်း ကျရင် အသေးစိတ် ရှင်းပြပေးမယ်၊
အကုသိုလ်စိတ်တွေ နဲနိုင်သမျှ နဲပြီး ကုသိုလ်စိတ်တွေနဲ့  အမြဲ နေနိုင်ကြပါစေ၊
ဒွါရ-၆(အခံဓာတ်) အာရုံ -၆(အတိုက်ဓာတ်) ဝိညာဏ်-၆(အပွင့်ဓာတ်)
စက္ခု ဓာတ်     ရူပဓာတ်     စက္ခု ဝိညာဏဓာတ်
သောတဓာတ်         သဒ္ဒဓာတ်   သောတ ဝိညာဏဓာတ်
ဃာနဓာတ်    ဂန္ဓဓာတ်    ဃာန ဝိညာဏဓာတ်
ဇိဝှာ ဓာတ်          ရသဓာတ်   ဇိဝှာ ဝိညာဏဓာတ်
ကာယ ဓာတ်    ဖောဋ္ဌဗ္ဗဓာတ်    ကာယ ဝိညာဏဓာတ်
မနောဓာတ်         ဓမ္မဓာတ်     မနော ဝိညာဏဓာတ်
ဤဓမ္မစာမျက်နှာမှ အဘိဓမ္မာဆိုင်ရာမေးခွန်းများအတွက်လေ့လာထားရန်၊
ဒီအပိုင်းက နောက်သတိပဋ္ဌာန်ကျင့်ရင် အရမ်းအကျိုးရလိမ့်မယ်၊
(၁) သတိမမူဂူမမြင်ဆိုတဲ့ စကားကို ရှင်းပြပါ၊
(၂) မြင်သိစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၃)ကြားသိစိတ် ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၄) ရသာသိစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၅)အနံ့ သိစိတ် ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၆)ထိသိစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၇)တွေးကြံစိတ်ကူးစိတ်ဖြစ်ရန်လိုအပ်ချက် ၄ ချက်ဖော်ပြပါ၊
(၈)လောဘ၊ဒေါသစိတ်များ နဲနိုင်သမျှနည်းအောင် ဘာလုပ်ကြရမလဲ၊
More Articles...