Donation
Visitors
Top 52:
Unknown flag 88687 Unknown
United States flag 4036 United States
Ukraine flag 216 Ukraine
Russian Federation flag 106 Russian Federation
India flag 101 India
Myanmar flag 91 Myanmar
France flag 58 France
Israel flag 51 Israel
Japan flag 46 Japan
Germany flag 35 Germany
Romania flag 26 Romania
Netherlands flag 23 Netherlands
Hong Kong flag 22 Hong Kong
Singapore flag 22 Singapore
Thailand flag 20 Thailand
Australia flag 18 Australia
Canada flag 18 Canada
Tokelau flag 17 Tokelau
Bangladesh flag 15 Bangladesh
Malaysia flag 14 Malaysia
Poland flag 11 Poland
United Kingdom flag 11 United Kingdom
Brazil flag 10 Brazil
China flag 10 China
South Africa flag 10 South Africa
Algeria flag 9 Algeria
Indonesia flag 8 Indonesia
Sweden flag 7 Sweden
Belgium flag 4 Belgium
New Zealand flag 4 New Zealand
Serbia flag 4 Serbia
Portugal flag 3 Portugal
Taiwan flag 3 Taiwan
Bosnia Hercegovina flag 2 Bosnia Hercegovina
Ireland flag 2 Ireland
Morocco flag 2 Morocco
Spain flag 2 Spain
Sri Lanka flag 2 Sri Lanka
Vietnam flag 2 Vietnam
Angola flag 1 Angola
Bahrain flag 1 Bahrain
Czech Republic flag 1 Czech Republic
Former Soviet Union flag 1 Former Soviet Union
Hungary flag 1 Hungary
Italy flag 1 Italy
Jersey flag 1 Jersey
Mexico flag 1 Mexico
Montenegro flag 1 Montenegro
Nepal flag 1 Nepal
Norway flag 1 Norway
Philippines flag 1 Philippines
Slovak Republic flag 1 Slovak Republic
93741 visits from 52 countries
Total Hits
Content View Hits : 1530936
ဓမ္မစာမျက်နှာ (၅) အပိုင်း၂
PLEASE CLICK SAYADAW PICTURE FOR DETAIL.
သီလ နဲ့ သီလမဂ္ဂင် ၃ ပါး
သီလ
သတ္တဝါတို့ ၏သန္တာန်မှာ ကိလေသာ အပူမီးဟူသမျှ ငြိမ်းအေးစေတတ်သောကြောင့် သီလဟုခေါ်ဆို၏၊
ငါးပါးသီလဆောက်တည်ခြင်း
(အမြဲရှိအပ်၊မကျိုးအောင်အလေးပြုအပ်၊အရိယာတို့ နှစ်သက်သော၊အိမ်ထောင်ရှင် လူတိုင်းစောင်းထိန်းအပ်သောသီလဖြစ်တယ်)
(၁) ပါဏာတိပါတ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂)အဒိန္နာဒါန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃)ကာမေသုမိစ္ဆာစာရ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၄)မုသာဝါဒ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၅)သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အနက်အဓိပ္ပါယ်
ပါဏာတိပါတ = သူများအသက်ကိုသတ်ခြင်း၊
အဒိန္နာဒါန = သူ့ ဥစ္စာကို ခိုးယူခြင်း၊
ကာမေသုမိစ္ဆာစာရ = မိမိမပိုင်သော ဝတ္ထုကာမတို့ ၌မှားယွင်းဖောက်ပြန်စွာ ကျင့်ခြင်း၊
မုသာဝါဒ =မဟုတ်မမှန် ပြောဆိုခြင်း
ပိသုဏဝါစာ = ကုန်းတိုက်စကားပြောဆိုခြင်း၊
ဖရုသဝါစာ = ကြမ်းတမ်း ယုတ်မာတိုင်းထွာ ဆဲရေးခြင်း၊
သမ္ဖပ္ပလာပဝါစာ= အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသောစကားကိုပြောဆိုခြင်း၊
သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးရစ်စေတတ်သော သေရည်ကိုသောက်စားခြင်း
ဝေရမဏိသိက္ခာပဒံ = ရှောင်ကြည်ရကြောင်းကောင်းမြတ်သောသိက္ခာပုဒ်ကို
သမာဒိယာမိ၊=ကောင်းစွာကျင့်သုံး ခံယူဆောက်တည်ပါ၏၊
အာဇီဝဋ္ဌမကသီလ
အသက်မွေးစီးပွားရှာမှုတွင် ရှစ်ခုမြောက်ရှိသောသီလ
အာဇီဝ+ အဋ္ဌမ + က = အသက်မွေးမှု + ရှစ်ခုမြောက် + ရှိသော
(၄) ဝါစာ ၄ မျိုးစလုံးစောင့်စည်းခြင်း၊
ဒီသီလကို တကြိမ်ဆောက်တည်ပြီးလျှင် သီလမပျက်သမျှ တည်၏၊
သီလဆောက်တည်ဆိုတာ သီလမဂ္ဂင် ၃ ပါး အကျင့်ပါဘဲ
ကာယဒုစရိုက် ၃ ပါးကို ရှောင်ကြဉ်ခြင်း အသက်မွေးမှုနှင့်ပတ်သက်ခြင်းမရှိလျှင် သမ္မာ ကမ္မန္က ( သမ္မာ = ကောင်းသော ကမ္မန္က= အလုပ်အကိုင်)
(၁) ပါဏာတိပါတ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂)အဒိန္နာဒါန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃)ကာမေသုမိစ္ဆာစာရ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
နှင့် (၅) သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ဝစီဒုစရိုက် ၄ ပါးကိုရှောင်ကြဉ်ခြင်း အသက်မွေးမှုနှင့်ပတ်သက်ခြင်းမရှိလျှင် သမ္မာဝါစာ ( သမ္မာ= ကောင်းသော ဝါစာ= စကား)
(၄)မုသာဝါဒ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
ကာယဒုစရိုက်၃ပါး နှင့် ဝစီဒုစရိုက်၎ပါး ကို ရှောင်ကြဉ်ခြင်း အသက်မွေးမှုနှင့် ပတ်သက်ခြင်းရှိလျှင် သမ္မာအာဇီဝ
သမ္မာ ကမ္မန္က သမ္မာဝါစာ သမ္မာအာဇီဝ
ရှစ်ပါးသီလဆောက်တည်ပုံ
(၁) ပါဏာတိပါတ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၂)အဒိန္နာဒါန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၃)အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၄)မုသာဝါဒ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၅)သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၆) ဝိကာလဘောဇန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(ရ) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(၈) ဥစ္စာသယနမဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အနက်အဓိပ္ပါယ်
(၁)(၂)(၄)(၅) တို့ သည် ငါးပါးသီလနှင့် အတူတူပင်ဖြစ်သည်၊
(၃) အဗြဟ္မစရိယာ=မမြတ်သောအကျင့်= မေထုန်အကျင့်= မိန်းမယောက်ျား နှစ်ဦးသားတို့ ၏ ပျော်မြူးပေါင်းဆက်ဆက်ဆံခြင်း၊
မေထုန်အကျင့် သည်လူ့ ဘဝ၊နတ်ပြည်၊တိရိစ္ဆာန်များတွင်ရှိ၏၊ ဤအကျင့်ကိုမစွန့် နိုင်သရွေ့ သံသရာဆင်းရဲ၌ သဝဲလည်လည်ခံစားနေရမည်သာဖြစ်ပါသည်၊ ဆင်းရဲခြင်းဟူသမျှသည် ဤအကျင့်ကို မရှောင်နိုင်မှုမှစ၍ဖြစ်လေသည်၊
အဗြဟ္မစရိယာငါးပါးသီလကိုစောင့်ထိမ်း၍လည်းရ၏၊
(၆) ဝိကာလဘောဇန =နေလွဲညစာစားခြင်း
(ရ) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ = ကခြင်း၊သီဆိုခြင်း၊တီးမှုတ်ခြင်း၊သာသနာ၏ဆန့် ကျင်ဖက်ဖြစ်သော ကြည့်ရှုခြင်း၊နားထောင်ခြင်း၊ပန်းပန်ခြင်း၊နံ့ သာလိမ်းခြယ်ခြင်း၊
(၈) ဥစ္စာသယနမဟာသယနာ = မြင့်မြတ်သောနေရာတွင် အိပ်ခြင်း၊နေထိုင်ခြင်း၊
ဝေရမဏိသိက္ခာပဒံ = ရှောင်ကြည်ရကြောင်းကောင်းမြတ်သောသိက္ခာပုဒ်ကို
သမာဒိယာမိ၊=ကောင်းစွာကျင့်သုံး ခံယူဆောက်တည်ပါ၏၊
ကိုးပါးသီလ
(၁) မှ (၈) အထိ ၈ ပါးသီလနှင့်တူသည်၊
(၉) ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္ကံ လောကံ ဖရိတွာဝိဟရာမိ၊
အနက်
စွမ်းနိုင်သလောက် မေတ္တာနှင့် စိတ်ဖြင့် အလုံးစုံသော သတ္တဝါ အပေါင်းရှိသော သတ္တလောကကို ပျံ့ နှံ့ စေ၍ နေပါအံ့၊
ဆယ်ပါးသီလ
(၁) မှ (၉) အထိ ၉ ပါးသီလနှင့်တူသည်၊
(၁၀)ဇာတရူပရဇတပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
အနက်
ရွှေငွေကို ကိုင်ခြင်း၊ခံယူခြင်း၊ စီမံခြင်းမှ ရှောင်ကြဉ်ပါ၏၊
သီလကိုဆင်ခြင်ပါ
သီလယူပြီးရင် မိမိသန္ကာန်၌ရှိသော သူတော်ကောင်းတရား ခုနစ်ပါးဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ (အရှက်)၊ သြတ္တပ္ပ (အကြောက်) နဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အောင့်မေ့ဆင်ခြင်ပါ၊
ရခဲလှသောလူ့ ဘဝ၊ကြုံခဲလှတဲ့ သာသနာတော်ကြီးနဲ့ ကြုံနေခိုက်မှာ သီလပါရမီဖြည့်ကြစမ်းပါ၊စောင့်နိုင်သမျှ တမိနစ်ရရ၊ တရက်ရရ အကျိုးများပါတယ်၊
သီလသည်အဆင်းမရှိသော်လည်း သီလရှိသူကို လှပစေသည်၊
သီလသည် အနံ့ မရှိသော်လည်း သီလ၏ရနံ့ သည်ပန်းရနံ့ အမျိုးမျိုးတို့ ထက်ပိုမို မွှေးကြိုင်၍နတ်ပြည်တို့ ၌ ပြန့် နှံ့သည်၊
သီလရှိသောသူတော်ကောင်းတို့ ၏ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးကို မွှေးကြိုင်စေ၏၊
အဗြဟ္မစရိယ သီလပါရမီဖြည့်ခဲ့ သူများ
ဘုရားလောင်းနှင့်ယသောဓရာ အလောင်းတို့ သည် ဥဒယဘဒ္ဒမင်းသားနှင့် ဥဒယ ဘဒ္ဒမင်းသမီးဘဝကကာမဂုဏ်၌စိတ်မညွတ်ဘဲ အဗြဟ္မစရိယကို ပကတိဖြူစင်သော မေတ္တာဖြင့်သာ အသက်ထက်ဆုံးစောင့်စည်းနေထိုင်ခဲ့ကြတယ်။
ဘဒ္ဒါကာပိလာနီ နှင့်ရှင်မဟာကဿပ အလောင်း ပိပ္ပလိလုလင်သည် ဇနီးမောင်နှံဘဝရောက်သော်လည်း ကာမဂုဏ်ဆက်ဆံမှုဖြင့် မပေါင်းသင်းဘဲ သန့် ရှင်းသော မောင်နှမစိတ်ဖြင့် နေထိုင်ခဲ့ ကြတယ်၊
ကဿပဘုရားရှင်လက်ထက်တော်က ကီကီမင်းကြီးရဲ့ သမီးတော် ( ၇ ) ပါး ဖြစ်တဲ့
ခေမာထေရီအလောင်း
ဥပ္ပလဝဏ်အလောင်း
ပဋာစာရီ အလောင်း
ကုဏ္ဍလကေသာအလောင်း
ကိသာဂေါတမီအလောင်း
ဓမ္မဒိန္နာအလောင်း
ဝိသာခါအလောင်း တို့ သည် ငယ်ရွယ်စဉ်ကပင် အဗြဟ္မစရိယသိက္ခာပုဒ်ကို စောင့်သုံးလျက်အသက်ထက်ဆုံးနေထိုင်ခဲ့ကြသည်၊
အဗြဟ္မစရိယအကျင့်သည် သူတော်ကောင်းတို့ မြင့်မြတ်သူတို့ ၏အကျင့်သာဖြစ်သည်၊
သိကြားမင်းကရှစ်ခိုးရသူ
သိကြားမင်းက အရပ်ရှစ်မျက်နှာလှည့်လည်ရှိခိုးနေသည်ကိုမြင်သောအခါ မာတလိ နတ်သားက ”အရှင်သိကြားမင်း- အဘယ်သူကိုရှိခိုးပါသနည်း”လို့ မေးမြန်းရာ သိကြား မင်းက” အကြင်လူတို့ သည်ကုသိုလ်ကောင်းမှုကို ပြုလေ့ရှိကုန်၏၊ သီလနှင့်လည်း ပြည့်စုံကြကုန်၏၊ ရတနာသုံးရပ်ကိုလည်း ကိုးကွယ်ဆည်းကပ်ကြကုန်၏၊ တရားသဖြင့် သားမယားကိုမွေးမြူကြကုန်၏၊ ထိုသူတို့ ကိုငါရှိခိုးပါ၏” ဟုဖြေကြားသတဲ့ ၊
ဒုစရိုက် ၁၀ ပါး
ကာယကံဒုစရိုက် ၃ ပါး
ပါဏာတိပါတ
သူများအသက်ကိုသတ်ခြင်း၊
ဒေါသ
အဒိန္နာဒါန
သူ့ ဥစ္စာကို ခိုးယူခြင်း၊
လောဘ+ဒေါသ
ကာမေသုမိစ္ဆာစာရ
မိမိမပိုင်သော ဝတ္ထုကာမတို့ ၌ မှားယွင်းဖောက်ပြန်ကျုးလွန်ခြင်း၊
လောဘ
ဝစီကံ ဒုစရိုက် ၄ ပါး
မုသာဝါဒ
လိမ်ညာပြောဆိုခြင်း
လောဘ+ဒေါသ
ပိသုဏဝါစာ
ကုန်းတိုက်စကားပြောဆိုခြင်း၊
လောဘ+ဒေါသ
ဖရုသဝါစာ
ကြမ်းတမ်းယုတ်မာတိုင်းထွာ ဆဲခြင်း၊
ဒေါသ
သမ္ဖပ္ပလာပဝါစာ
အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသော စကားကိုပြောဆိုခြင်း၊
လောဘ+ဒေါသ
သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးရစ်စေတတ်သော သေရည်ကိုသောက်စားခြင်း
မနောကံ ဒုစရိုက်၃ ပါး
အဘိဇ္ဈာ
သူတပါး၏စည်းစိမ်ကို မတရားရယူလိုမှု၊
လောဘ
ဗျာပါဒ
သူတစ်ပါးပျက်စီးသေကြေရန် ကြံစည်မှု၊
ဒေါသ
၁၀
မိစ္ဆာဒိဋ္ဌိ
အယူမှားမှု၊
လောဘ
(သုစရိုက် ၁၀ ပါး)
ဒုစရိုက် ၁၀ ပါးကို ဝိရတိ ရှောင်ကြဉ်ရင် သုစရိုက် ၁၀ ပါးဘဲပေါ့ ၊
ကာယကံ သုစရိုက် ၃ ပါး
ပါဏာတိပါတဝိရတိ
သူများအသက်ကိုသတ်ခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
အဒိန္နာဒါနဝိရတိ
သူ့ ဥစ္စာကို ခိုးယူခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ကာမေသုမိစ္ဆာစာရဝိရတိ
မိမိမပိုင်သော ဝတ္ထုကာမတို့ ၌ မှားယွင်း ဖောက်ပြန်ကျုးလွန်ခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ဝစီကံ သုစရိုက် ၄ ပါး
မုသာဝါဒဝိရတိ
လိမ်ညာပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ပိသုဏဝါစာဝိရတိ
ကုန်းတိုက်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
ဖရုသဝါစာဝိရတိ
ကြမ်းတမ်းယုတ်မာဆဲခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
သမ္ဖပ္ပလာပဝါစာဝိရတိ
အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသော စကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
သီလသိက္ခာ
မနောကံ သုစရိုက် ၃ ပါး
အနဘိဇ္ဈာ
သူတပါး၏စည်းစိမ်ကို မတ ရားရယူလိုမှုမှရှောင်ကြဉ်ခြင်း
သမာဓိသိက္ခာ(အလောဘ)
အဗျာပါဒ
သူတစ်ပါးပျက်စီးသေကြေရန် ကြံစည်မှု မှရှောင်ကြဉ်ခြင်း
သမာဓိသိက္ခာ (အဒေါသ)
၁၀
သမာဒိဋ္ဌိ
အယူမှန်ခြင်း၊
ပညာသိက္ခာ (အမောဟ)
ပုညကြိယ ဝတ္ထု (၁၀) ပါး
အကျဉ်းချူံးရင် ဒါန၊သီလ၊ဘာဝနာ ပါပဲ။
ဒါနမှာ ၃ မျိုး
(၁) ဒါန= မိမိ၏ပစ္စည်းဥစ္စာကို လှုဒန်းပေးကမ်းမှု၊
(၂)ပတ္တိဒါန= မိမိရသော ကုသိုလ်ကို အမျှပေးဝေမှု၊
(၃)ပတ္တာနုမောဒန=သူတပါးပေးဝေသော ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု၊
သီလ မှာ ၃ မျိုး
(၄) သီလ= ၅ ပါး၊၈ ပါး၊၁၀ ပါး စသော သီလတို့ ကို ဆောက်တည်မှု၊
(၅) အပစာယန= အသက်၊သိက္ခာ၊ဂုဏ်ကြီးမြင့်သောသူတို့ အား ရိုသေမှု၊
(၆)ဝေယျာဝစ္စ= ရတနာသုံးပါး၊မိဘဆရာ တို့ ၏ အမှုကိစ္စများနှင့် ကုသိုလ်ရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှု၊
ဘာဝနာ မှာ ၄ မျိုး
(၇)ဘာဝနာ= သမထ နှင့် ဝိပဿနာ ဘာဝနာ စီးဖြန်းမှု၊
(၈) ဓမ္မဿဝန=သူတော်ကောင်းတရားကိုနာကြားခြင်း၊
(၉)ဓမ္မဒေသနာ=လာဘ်လာဘကို မငဲ့ဘဲ သူတော်ကောင်းတရားကို ဟောကြားမှု၊
(၁၀) ဒိဋ္ဌိဇုကမ္မ= အယူဖြောင့်မှန်စွာ ယူမှု၊
ဤဓမ္မစာမျက်နှာမှ အဘိဓမ္မာဆိုင်ရာမေးခွန်းများအတွက်လေ့လာထားရန်၊
၁)၅ ပါးသီလ၊၈ ပါးသီလ၊၁၀ ပါးသီလကိုရှင်းပြပါ၊
၂)သီလမဂ္ဂင် ၃ ပါး ကို ရှင်းပြပါ၊
၃)ဒုစရိုက် ၁၀ ပါး ရေးပြ၍ အဘယ်ကြောင့်ထိုဒုစရိုက်များကို ကျုးလွန်မိရပါသနည်း၊
၎)သုစရိုက် ၁၀ ပါး ကို ကာယ၊ဝစီ၊မနောကံသုစရိုက်များဖြင့်ခွဲခြားရေးပြပါ၊
၅)ပုညကြိယာ ဝတ္ထု ၁၀ ပါးကို ဒါန၊သီလ၊ဘာဝနာ ဖြင့် တွဲ၍ခွဲ၍ရှင်းပြပါ၊
ဓမ္မစာမျက်နှာ (၅) အပိုင်း ၁
PLEASE CLICK SAYADAW PICTURE FOR DETAIL.
ရခဲဒုလ္လဘာ ကြုံကြိုက်ခါဝယ် အိုနာသေဘေးမရောက်သေးမှီ မနှေးလျင်စွာ ကိုယ့်နောက်ပါမည့် ဆယ်ဖြာပုည ပြုလုပ်ကြဖို့ ဗုဒ္ဓဘုရားဆုံးမသွားသည် တို့ များသံဝေယူဖို့ တည်း၊
ဝနဝါသီအရှင်ဝါသေဋ္ဌာဘိဝံသ
ဝနဝါသီ ဥေယျဓမ္မသာမိထေရ်(မဟာဗောဓိမြိုင်ဆရာတော်ဘုရား)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊သံဃံ သရဏံ ဂစ္ဆာမိ ဆိုရုံနဲ့ အောင်မြင်ပြီလား လို့ မေးကြတယ်၊
ဗိုလ် ၅ ပါးနဲ့ သရဏဂုံ ပွားရမယ်၊
(၁)သဒ္ဓါဗိုလ်၊ (၂)ဝီရိယဗိုလ်၊  (၃)သတိဗိုလ် (၄)သမာဓိဗိုလ်၊ (၅) ပညာဗိုလ်
သဒ္ဓါ၊-- ဝီရိယ -- -သတိ----- သမာဓိ  -- ပညာ
        (သရဏဂုံ)          သတိ
                 ဝီရိယ                   သမာဓိ
 သဒ္ဓါ၊                                                 ပညာ
သရဏဂုံပွားတာနဲ့ ကမ္မဋ္ဌာန်း ထိုင်တာအတူတူပေါ့၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ပွားတော့ဘုရားဂုဏ်၊ တစ်ဂုဏ်ဂုဏ်နဲ့ စိတ်နှစ်ထားရမှာ၊ ကမ္မဋ္ဌာန်းကျတော့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပေါ့၊
ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ပွားတော့တရားဂုဏ်၊ ကမ္မဋ္ဌာန်းနည်း ၄၀၊ ဘာဘဲပွားပွားဓမ္မနယ်ကမလွတ်ပါဘူး၊ စားတော့စားတယ်၊သွားတော့သွားတယ်၊လာတော့လာတယ်၊အိမ်ထောင်သားမွေးရင်းကမှတ်ရတဲ့ ကိုယ်လုပ်တာကိုယ်သိအောင်၊ သတိနဲ့ ကြည့်နေရတဲ့တရားနှလုံးသွင်း  ဆင်ခြင်ပြီး အပ္ပမာဒသတိနဲ့ နေတာကိုခေါ်တယ်၊
သံဃံသရဏံ ဂစ္ဆာမိ ၊ပွားတော့သံဃာဂုဏ်၊ တစ်ဂုဏ်ဂုဏ်ထဲ  စိတ်နှစ်စိတ်ပစ်သွင်းထားရမှာ၊ ကမ္မဋ္ဌာန်းကျတော့ သံဃာနုဿတိ ကမ္မဋ္ဌာန်းပေါ့၊
ရှင်းရှင်းပြောပြရရင်
 တခြားအာရုံထဲသွားနေတဲ့စိတ်ကို ဘုရားအာရုံ၊တရားအာရုံ၊ သံဃာအာရုံထဲပြောင်း   ပို့ ထားဘို့ ဘဲ၊
စိတ်နဲ့ ကိုယ်ပစ္စုပ္ပန် တည့်တည့်မှာချိန်ပေးပြီးစုံတွဲအလုပ်လုပ်နေစေဘို့ ဘဲ၊
 သဒ္ဓါ၊                                                 ပညာ
သဒ္ဓါ နဲ့ ပညာ ညီရတယ်၊ သဒ္ဓါလွန်တော့ ရာဂ၊ပညာလွန်တော့ မာန တဲ့၊ဒါ့ ကြောင့် သဒ္ဓါ နဲ့ ပညာချိန်ခွင်လျှာညီစေရမယ်၊
သဒ္ဓါရှိပေမယ့် ပညာရှိဘို့ ကျတော့ ဖြည့်မှပြည့်တာမျိုး၊ ဒါ့ကြောင့် သဒ္ဓါ ပါရမီရယ် လို့ မဆို၊ ပညာပါရမီလို့ သာ ဆိုထားတယ်။ ကျင့်မှဖြည့်မှ ပြည့်လို့ ပါရမီလို့ ဆိုတာ၊
ပညာရှိလျှင်တော့ သတိလေးနဲ့ လမ်းရှင်းပေးလိုက်ရုံနဲ့ ရှေ့ မြင်ကွင်းလင်းသွားရောပေါ့၊ ရှင်းတော့ ထင်းထင်းကြီးပေါ်လာလို့ မာန်မဝင်သာ၊သဒ္ဓါပါရမှာကိုး၊
ပညာဆိုတာအားလုံးသိသင့်တာကြီးဘဲ၊မသိသင့်တာမရှိဘူး၊မလုပ်သင့်တာဘဲရှိတာ၊
ပညာသိနဲ့ သညာသိ ဘယ်လိုခွဲလဲ၊
ပညာဆိုတာက အရာဝတ္ထုတစ်ခုကို ရှေ့ မှာကိုင်ပြီးထိုင်ကြည့်နေသလို၊ သညာဆိုတာက ကိုယ်တိုင်မမြင်ဘူးဘဲနဲ့  သူပြောလူပြောအတိုင်းလိုက်ပြောနေတာမျိုး၊
ပညာ ဆိုတာ ကွဲကွဲပြားပြားသိတာ၊ သုံးမျိုးရှိတယ်။
သုတသိ = အကြားသိ = သူများပြောလို့ သိတာ၊ ကိုယ်ပိုင်ပညာမဟုတ်ဘူး၊
စိန္တသိ = သုတကိုကိုင် ကိုယ်တိုင်ဉာဏ်နဲ့ နှိုက်တွေးလှိုက်တွေးတာမျိုးမို့ ဖက် စပ်ကိုယ်ပိုင်ဉာဏ် ဘဲရှိသေးတယ်၊ တစ်ကိုယ်တည်းပိုင်မဆိုနိုင်သေးဘူး၊
ဘာဝနမယသိ = ကိုယ်ခန္ဓာအရင်းတည်၊ ဓမ္မသရဏံဂုံကို သတိနဲ့ တွဲပြီး ရှုကြည့်ရာကပေါ်ထွက်လာတဲ့ ဘာဝနမယ အသိမျိုးကျမှ ကိုယ်ပိုင်ပညာဆိုရတယ်၊
တရားဉာဏ်ပွင့်တာနဲ့ ဘုရားဉာဏ်၊သံဃာဉာဏ် ပါ ပွင့်လိုက်လာလို့  မိမိခန္ဓာကြား ဉာဏ်ကျက်စား မိတာနဲ့ ကိုယ်ပိုင်သိတဲ့ပညာအစစ်ဆိုရတယ်၊
ပညာ သုံးမျိုးထဲမှာ အမြတ်ဆုံးဖြစ်တဲ့ ပညာစစ်ရှိသွားရင် သဒ္ဓါစစ်ရသွားတာဘဲ။
ပုံပြင်လေးတခုပြောပြမယ်၊
သီဟိုဠ်(သီရိလင်္ကာ)ခေတ်က၊ ရဟန်းတော်တစ်ပါးအမြဲဝတ်အဖြစ်နဲ့ ဘုရားရင်ပြင် တော်မှာ တံမြက်စည်းလှည်းတယ်၊လှည်းပြီးတိုင်းလည်းသူလှည်းထားလို့ သန့် ပြန့် နေ တဲ့ရင်ပြင်တော်ကြည့် ပီတိ တဖွားဖွားနဲ့ ဘုရားရှေ့ ခြေစုံရပ်ပြီး၊ဂုဏ်တော်ပွားလေ့ ရှိ တယ်၊
သူဒီလိုဈာန်ကုသိုလ်လုပ်နေတာကြည့်ပြီး၊ မာရ်နတ်ကမျက်စိနောက်လာတယ်၊ သူက တံမြက်စည်း လှည်းပြီးတိုင်း မျောက်ယောင်ဆောင်ပြီးသန့် နေတဲ့ ရင်ပြင်တော်ပေါ် အမှိုက်တွေပြန့် နေအောင်လိုက် နှောက်ယှက်၊ ရဟန်းကစိတ်မဆိုး၊တိုးပြီဘဲလှည်းသတဲ့၊ နောက်ရက်ကျတော့ နွားယောင်ဆောင်ချေး ပါ၊နောက်ရက်ကျတော့ လူယောင်ဆောင်ပြီးဖင်တွန်းသွားပြန်၊ ရဟန်းရဲ့ သတိဈာန် ဉာဏ်ဝင်နေတဲ့ စိတ်ကလေး မခံချင်လာအောင်ပေါ့၊ ရဟန်းကလဲစိတ်မဆိုး၊စိတ်မဆိုးလို့ သတိ မပျက်၊ သတိမပျက်တော့ ဒါအဖျက်ဆိုတာရိပ်မိသွား၊ စစ်တော့ပေါ်၊ ပေါ်တော့ မာရ်နတ်ဆိုတာ ဘုရားရှင် ကိုသက်ရှိမှီထားတာ၊မမြင်ဘူးလို့ ဖန်ဆင်းပြပါပေါ့ ၊ သည်တော့မာရ်နတ်က ဖန်ဆင်းပြ၊ ဘုရားအသွင်မြင်ရတာနဲ့ ရဟန်းမှာ ပီတိတွေတိုး၊ ဂုဏ်တော်အပေါ် အသိနဲ့ တိုးတိုးပြီး အာရုံပွားလိုက် တာ ရုပ်နာမ်ကွဲ၊ ကြောင်းကျိုးသိ၊ ဖြစ်ပျက်မြင်နှုန်းနဲ့ ဗြုန်းဆို ရဟန်းကိစ္စပြီးသွားဆိုဘဲ၊
သိစေလိုရင်းက အသိနဲ့ အရှိအပေါ်မှာ တင်ပွားနေဖို့ ကိုပြောပြနေတာ၊ တံမြက်စည်း လှည်းတာကို သိစေချင်တာမဟုတ်ဘူး၊
ဘာမဆို ယုတ်တာဘဲဖြစ်ဖြစ်၊ မြတ်တာဘဲဖြစ်ဖြစ်၊ ကိုယ်လုပ်သမျှ အရှိ ကိုယ်ပိုင်စိတ်နဲ့ သိခွင့်ရအောင် အထိပေါ် သတိတင် ဆင်ခြင်စိတ်နဲ့ ခံစားကြည့် နေဘို့ ဘဲ၊ သူ့ ဟာသူ ယုတ်ချင်ယုတ်၊မြတ်ချင်မြတ် သတိမျက်ခြေပြတ်မခံဘဲ မြင်တိုင်း၊ကြားတိုင်း၊ သရဏဂုံ ပွားကြည့်၊တချက်မဟုတ်၊ အချက်ချက်ပွား ရမယ်၊သရဏဂုံသတ္တိက အာသဝေါတရား လေးပါးကိုကုန်ခန်းခြောက်သွေ့ စေတယ်၊ တချက်ပွားရင်ရှိသမျှ ကိလေသာ နေစရာမရှိဖြစ်ရတယ်၊ သရဏဂုံတချက်ကိုင်ရင် ကိုယ့်စိတ်လည်း တစ်ချက်ပိုင်သွားပြီ၊ သရဏဂုံတချက်ထိရော စိတ်ကလည်းတစ်ချက်သိနေရော၊ နောက်ဆုံးသီလ၊သမာဓိ၊ပညာတွေပြည့်စုံပြီး ဘာကိုမှမလိုချင်တော့တဲ့ ရဟန္တာ လိုလေသေး မရှိပြည့်စုံနေတဲ့ ဘဝကို ရောက်နိုင်တယ်၊
သရဏဂုံက ပဲခူးဆားဘဲ၊ သူမပါရင် ဘာမှခရီးမရောက်ဘူး၊ရတနာ ၃ ပါးကိုသာရိုသေ၊စေလိုရာစေလို့ ရတယ်၊
သရဏဂုံ နဲ့ လေ့ကျင့်ပေးနေတာက သီလ၊
အကယ်၍များအသက်နဲ့ သီလပျက်စရာ နှစ်မျိုးပြိုင်လာမယ်ဆိုရင် အသက်ကိုသာ ဇွတ်မှိတ် လွှတ်လိုက်၊ သီလကိုတော့မရရအောင်တွယ်ထား၊ဘာကြောင့်လဲဆို လူဖြစ်တုံးသာ ကျင့်ခွင့်ရတဲ့အကျင့်မျိုးမို့ ဒီအကျင့်ပျက်သွားရင် ဆယ်သက်မက ဆုံးရှုံးရတတ်လွန်းလို့ ပါ၊
လူကျင့်ကိုတာဝန်ခံတာကသီလ၊ သီလကိုတာဝန်ခံတာက သရဏဂုံ၊ သရဏဂုံ သတိ ကင်းနေရင် လူစိတ်ကင်းပြီး ကာယကံ၊ဝစီကံ၊မနောကံအမှားတွေ စော်ကားမိမှာ အမှန်ဘဲ၊ လူပြည်ရောက်ရက်နဲ့ လူစိတ်ကင်းရင် လူဖြစ်ရှုံးပြန်ရမှာပေါ့၊
သရဏဂုံနဲ့ သီလကို အသက်ထက်အရေးထားပြီးသတိနဲ့ စောင့်ထိမ်းရင်မဂ်တံခါး၊ ဖိုလ်တံခါး၊နိဗ္ဗာန် တံခါး  ရောက်နိုင်တယ်၊သီလ၊သမာဓိ၊ပညာဆိုတဲ့ သိက္ခာသုံးရပ်ကို သရဏဂုံနဲ့ ပိုင်းပိုင်းပြီးတက်သွား၊
ဂုဏ်တော်များ
ဘုရားဂုဏ်တော်
(၁) အရဟ = ကိလေသာကင်းစင်တော်မူသော၊
ဆိတ်ကွယ်ရာတွင်မကောင်းမှုကိုပြုတော်မမူသော၊
လူနတ်ဗြဟ္မာသတ္တဝါတို့ ၏ပူဇော်အထူးကိုခံတော်မူထိုက်သောမြတ်စွာဘုရား
(၂) သမ္မာသမ္ဗုဒ္ဓော= သိစရာအားလုံးတို့ ကိုအမှန်အတိုင်းကိုယ်ပိုင်ဉာဏ် ဖြင့်သိတော် မူသောမြတ်စွာဘုရား
(၃) ဝိဇ္ဇာစရဏသမ္ပန္နော= အသိဉာဏ်ရော၊အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား၊ (ဝိဇ္ဇာ ၃ ပါး၊ ဝိဇ္ဇာ ၈ ပါး၊ စရဏ ၁၅ ပါးနှင့်ပြည့်စုံတော်မူ သောမြတ်စွာဘုရား၊
(၄) သုဂတော= ကောင်းသောစကားကိုသာ ဆိုတော်မူသောမြတ်စွာဘုရား၊
(၅) လောကဝိဓူ= လောက ၃ ပါးကို သိတော်မူသေမြတ်စွာဘုရား၊
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ = ဆုံးမထိုက်သောသတ္တဝါတို့ ကိုအတုမရှိ ဆုံးမ တော်မူတတ်သောမြတ်စွာဘုရား၊
(၇)သတ္တာဒေဝမနုဿနံ = နတ်လူတို့ ၏ဆရာတဆူဖြစ်တော်မူသောမြတ်စွာဘုရား၊
(၈) ဗုဒ္ဓေါ= သစ္စာ ၄ ပါး(ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာ)ကို ကိုယ်တိုင်လည်းသိတော်မူ၊သူတစ်ပါးကိုလဲ သိအောင်ဟော တော်မူသော မြတ်စွာဘုရား၊
(၉) ဘဂဝါ= ဘုန်းတော် ၆ ပါးနှင့်ပြည့် စုံတော်မူသော မြတ်စွာဘုရား၊
(ဘုန်းတော် ၆ ပါးဆိုတာ
ဣဿရယ = မိမိစိတ်ကိုရော၊တစ်လောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရား၊
ဓမ္မ =မဂ်၊ဖိုလ် နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ယသ = များပြားသော အခြံအရံ၊ပြန့် နှံ့သောအကျော်အစောနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
သီရိ=အတုမရှိသော ကျက်သရေတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ကာမ= လိုအင်ဆန္ဒတောင့်တမှုမှန်သမျှ ခဏချက်ခြင်းပြည့်တော်မူသောမြတ်စွာဘုရား၊
ပယတ္တ= အတုမရှိသော လုံ့ လဝိရိယနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
တရားဂုဏ်တော်
(၁) သွာက္ခာတော=ကောင်းစွာဟောကြားထားသောတရား၊
(၂)သန္ဒိဋ္ဌိကော=ကိုယ်တိုင်ကျင့်၍ သိမြင်နိုင်သောတရား၊
(၃)အကာလိကော=ချက်ချင်းအကျိုးပေးတတ်သော တရား၊
(၄)ဧဟိပဿိကော=စမ်းသပ်အစစ်ဆေးခံနိုင်သောတရား၊
(၅)သြပနေယျိကော=ဆောင်ယူကျင့်သုံးထိုက်သောတရား၊
(၆) ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ= ပညာရှင်တို့ သာလက်ခံသိမြင်နိုင်သောတရား၊
သံဃံဂုဏ်တော်
(၁) သုပ္ပဋ္ဋိပန္နော=စိတ်အညစ်အကြေးကင်းရန် ကောင်းစွာကျင့်ကြံ၏၊
(၂) ဥဇုပ္ပဋ္ဋပန္နော=ဖြောင့်မှန်စွာကျင့်ကြံ၏၊
(၃) ဉာယပ္ပဋ္ဋိပန္နော=နိဗ္ဗာန်ကိုရရန် ရည်သန်၍ကျင့်ကြံ၏၊
(၄) သာမိစိပ္ပဋ္ဋပန္နော=ရိုသေထိုက်အောင်ကျင့်ကြံ၏၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော = အစုံအားဖြင့် လေးပါး၊ သီးခြားအားဖြင့် ရှစ်ယောက် ရှိသော အရိယာသံဃာတော်သည်
(၅) အာဟုနေယျော= အဝေးမှယူဆောင်လာသောပစ္စည်းကို ပေးလှုထိုက်၏၊
(၆) ပါဟုနေယျော=ဧည့်သည်အတွက် ရည်ရွယ်ထားသော ပစ္စည်းကို ပေးလှုထိုက်၏၊
(၇)ဒက္ခိဏေယျော=ကောင်းကျိုးရရန်စိတ်ရည်သန်၍ လှုရန်ထိုက်တန်၏၊
(၈) အဉ္စလိကရဏီယော=အရိုအသေပေးခြင်းငှါ ထိုက်တန်၏၊
(၉)အနုတ္တရပုညက္ခေတ္တံ လောကဿ= ကောင်းမှုပြုလုပ်ရန်ဋ္ဌာနကောင်းအဖြစ်တည် ရှိ၏၊
ဤဓမ္မစာမျက်နှာမှ အဘိဓမ္မာဆိုင်ရာမေးခွန်းများအတွက်လေ့လာထားရန်၊
၁)ဗိုလ်၅ပါးကိုရေးပြ၍ သဒ္ဓါ နှင့် ပညာညီရန် ဘာလုပ်ရမည်နည်း၊
၂)ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊သံဃာဂုဏ်တော်များကို အဓိပ္ပါယ်နှင့်တကွရေးပြပါ၊
၃) သရဏဂုံ နှင့် သီလ အရေးပါဆက်စပ်ပုံကိုဖော်ပြပါ၊
၎) ပညာသိ နဲ့ သညာသိ ဘယ်လိုကွဲပြားသနည်း၊ရှင်းပြပါ၊
၅) သဒ္ဓါစစ်၊ပညာစစ်ရအောင် ဘာလုပ်ရမလဲ၊
ဓမ္မစာမျက်နှာ (၃) အပိုင်း ၎
PLEASE CLICK SAYADAW PICTURE FOR DETAIL.
ဓမ္မစာမျက်နှာ (၃) အပိုင်း ၎
ကြိုတင် မသိနိုင်သော အရာ
အကန်း ပုထုစဉ်များအတွက် မသိနိုင်သော အရာ ၅ မျိုးမှာ
၁) ဇီဝိတ၊ဘယ်အသက်အရွယ် တွင် သေဆုံးမည်၊
၂) ဗျာဓိ၊ဘယ်အနာရောဂါ ဖြင့် သေဆုံးရမည်၊
၃)ကာလ၊ဘယ်အချိန်မှာ သေဆုံးမည်၊
၎) ဒေဟနိက္ခေပန၊ဘယ်နေရာမှာ ဘယ်သုဿန်မှာ ကိုယ့်ရဲ့ လူသေအလောင်းကြီးကို စွန့် ပြစ်ခံရမည်၊
၅)ဂတိ၊သေဆုံးပြီးသော် ဘယ်အရပ် ဘယ်ဘုံဌာန ဘယ်ဘဝဘယ်ဂတိသို့ ရောက်ကြရ မည်ကို ကြိုတင်၍ မသိနိုင်ပါ၊
လင်္ကာ
အသက်အနာ ချိန်အခါ စွန့် ရာလားဂတိ
ရေတွက်ပိုင်းခြား ဤ ၅ ပါးအများလူမသိ၊
မှန်သောတရား ၄ ပါးကို မြတ်စွာဘုရားဟောကြားခဲ့တယ်၊
(၁)ဧကန်မလွဲ ကြုံရမြဲ သေခြင်း တရား
မွေးဖွားလာတဲ့ပုဂ္ဂိုလ်တိုင်း မလွဲမသွေ ဧကန်မုချ ကြုံတွေ့ ကြရ မည် မှာ သေခြင်း တရားပေတည်း၊
(၂)ပြေး၍ မလွတ် ရှောင်၍ မလွယ် ရုန်း၍မရ ပုန်း၍မလွတ် တဲ့  ဒီခန္ဓာကိုယ်ကြီးရဲ့ နှိပ်စက်မှုဒုက္ခတွေကို နာကျဉ်မှုတွေကို မိမိသာခံစားရမှာဘဲ၊ ချစ်သောခင်ပွန်း၊ဇနီးမယား၊ သားသမီးများလဲမျှဝေခံစားပေးလို့ မရဘူး၊ဒီဒုက္ခခန္ဓာကိုယ်ကို ကိုယ်တဏှာတွေနဲ့ စွဲခဲ့လို့ တောင်းခဲ့လို့  ရခဲ့ကြပြီးပြီ။
(၃)ကိုယ်သေရင်ကိုယ့်နဲ့ အတူ  ယူသွားလို့ ရတာဘာမှမရှိဘူး၊ အပ်ကလေးတချောင်းတောင်ယူသွားလို့ မရတာသိရက်နဲ့ မေ့မေ့ကြီးနေ၊ ဇနီးခင်ပွန်းသည်အတွက်၊ သားအတွက်၊သမီးအတွက်နဲ့ နွားထက်ဆိုးတဲ့ ရုန်းခြင်းမျိုးနဲ့ ရုန်းနေလိုက်ကြရတာ ကိုယ်ဘယ်လောက် မိုက်နေသလဲသတိမထားမိကြဘူး၊ ကိုယ်သေရင်ယူသွားနိုင်တဲ့ကိုယ်ပိုင်ဥစ္စာဆိုတာ ကိုယ်ပြုခဲ့တဲ့ကံ တရားတွေ ဘဲဆိုတာ သိစေချင်တယ်၊
(၄)လူတွေဟာ ကာမဂုဏ်အာရုံများတွင် မူးရစ်ပျော်မွှေ့ နေတတ်သည်၊ကာမစည်းစိမ် ပစ္စည်းဥစ္စာ များကို ပို၍ပို၍ ရချင်ကြတယ်၊မပြီးနိုင်မဆုံးနိုင်သော လိုချင်တောင့်တဲ့ လောဘ၊စိတ်ညစ်ဝမ်းနည်း ပူဆွေးရသော ဒေါသ၊ အမှောင်ဖုန်းသော မောဟစိတ် များဖြင့်သာ နေရင်းနဲ့ အပယ်ကျကြရ သူ တွေကြီး များတာပါဘဲ၊
သို့ သော် ဤရထားပြီးတဲ့ ဒီခန္ဓာကိုဘဲ အရင်းပြုပြီး ခန္ဓာရဲ့ အဖြစ်အပျက် ရုပ်တွေစိတ် တွေ မွေးလိုက်သေလိုက် ဖြစ်စဉ်တွေကို အသိနဲ့ သတိနဲ့ ဝိပဿနာတရား များကို မှန်မှန်ကန်ကန် နှလုံးသွင်းရင်းနဲ့ လောကထဲမှာ အဆင်ပြေသလို လောဘဒေါသ နဲနိုင်သမျှ နဲအောင် နေရင်းနဲ့ အသေ တတ်ဘို့ အတွက် ပြင်ဆင်ကြရအောင်။
ဓမ္မစာမျက်နှာ (၃) အပိုင်း ၃
 PLEASE CLICK SAYADAW PICTURE FOR PDF FILE
သူတော်ကောင်းတို့ ၏ တရားစစ်တရား မှန်ကို အလွန်တရာ ကြားနာရခဲခြင်း၊
ဘုရားသာသနာနဲ့ကြုံမှ ရှင်တော်ဗုဒ္ဓဟောကြားထားတဲ့ ပရမတ္ထတရားတော်တွေ ဟာ အပြည့်အစုံ ရှိနိုင်တယ်။ ဘုရားမပွင့်တဲ့ကာလ သာသနာအပြင်ပမှာ ပြည့်ပြည့်စုံစုံ မရှိနိုင်ဘူး၊
ဂေါတမမြတ်စွာဘုရားဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်သာသနာတော်ကြီးရှိတဲ့ သင်္ဘောကြီး တွေ့ နေ ရပြီ။ သင်္ဘောကြီးထွက်တော့မယ်။ နိဗ္ဗာန်ဆိုတဲ့တဖက်ကမ်းကို ရောက်ဘို့ ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ကုသိုလ် တွေရှိမှ သင်္ဘောပေါ်တက်ခွင့်ရလိမ့်မယ်။သာသနာတော်ကြီးကွယ်တော့မယ်၊့ ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ကုသိုလ်တွေအချိန်ရှိတုံးသာသနာတော်နဲ့ ဆုံတုံးရအောင်ကြိုးစားကြပါ၊
အဘိဓမ္မာ ဟူသည်
ဘုရားတရားနဲ့ ပတ်သက်လာရင် သေသေချာချာသိမှကောင်းတယ်။
မြတ်စွာဘုရားဟာ (၇)ဝါမြောက်မှာ တိတ္ထိတွေ ရဲ့ မာန်စွယ်ကိုချိုးဖို့ ဆိုပြီး လူ့ ပြည်မှာရေမီးအစုံ အစုံတန်ခိုး ပြာဋိဟာ ပြတော်မူပြီးတော့ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ မှာ တာဝတိံသာနတ်ပြည်မှာ ကြွရောက်ပြီး ဝါဆိုပါ တယ်။ သိကြားမင်းရဲ့ ပဏ္ဍုကမလာ မြကျောက်ဖျာကြီးပေါ်မှာ သီတင်းသုံးပြီးတော့  တစ်သောင်းသော စကြဝဋ္ဌာ တိုက်ကနေ ရောက်ရှိလာကြတဲ့ နတ်ဗြဟ္မာတွေကို အဘိဓမ္မာတရား ဟောကြား တော်မူပါတယ်။
 ဝါတွင်း (၃)လပတ်လုံး အသံမစဲ တနေ့ မှမနားဘဲ အသေးစိတ်အကျယ်ဝန်းဆုံးနည်းဖြင့် ဟောကြားခဲ့ပါတယ်၊ ဆွမ်းခံချိန်မှာ မြောက်ကျွန်းကိုကြွပြီး ဆွမ်းခံတယ်။ ဘုရားကိုယ်တော်မြတ်ဆွမ်း ခံကြွတော်မူတဲ့အချိန်မှာ ကိုယ်တော်မြတ်နဲ့ ပုံတော်တူ နိမ္မိတမြတ်စွာဘုရားကို ဖန်ဆင်းပေးပြီး စိတ် တော်နဲ့  ဤကိုယ်ပွားဘုရားသည် အဘိဓမ္မာတရားတော်ကို ဒီအပိုင်း ဒီကဏ္ဍမှ ဒီအပိုင်း ဒီကဏ္ဍ တိုင်အောင် ဟောစေသတည်းလို့  အဓိဋ္ဌာန်ထား ခဲ့တယ်။  မြောက်ကျွန်းမှာဆွမ်းဘုန်းပေးရာတွင် အရှင်သာရိပုတ္ထ သည်ဝတ်ကြီးဝတ်ငယ်ပြုစုပေးခဲ့၏။ ဆွမ်းကိစ္စပြီးတော့ လူ့ ပြည်မှာပဲ စန္ဒကူးတော ထဲမှာ အရှင်သာရိပုတ္ထထံ အား
“သာရိပုတ္ထ ငါဘုရားဟာ တာဝတိံသာနတ်ပြည်မှာ ဒီတရားကို ဒီလိုဟောခဲ့တယ်လို့  အကျဉ်းချုပ် ဟောပြ လိုက် တယ်။ အရှင်သာရိပုတ္ထက အကျယ်ချဲ့ ပြီး သိတော်မူတဲ့ ဥာဏ်ရှိပါတယ်။
အရှင်သာရိပုတ္ထ ကိုဟောပေးပြီးတော့ မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်ကို ပြန်ကြွတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရားတော်တွေဟာ သိမ်မွေ့ လွန်းတဲ့အတွက်ကြောင့် လူ့ ပြည်မှာမဟောဘဲ နတ်ပြည်မှာ သာ ဟောတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္ထသည် သူ၏တပည့် ရဟန်း (၅၀၀)တို့ အားမကျဉ်း မကျယ် နည်းဖြင့် ပြန်လည်ဟောကြားပေးခဲ့တယ်။ ရဟန်း တပည့်အစဉ်အဆက်ကိုဟောပြောပေးခဲ့လို့  ဘုန်းကြီးတို့ ကလဲ တစ်ဆင့်ပြန်လည် သင်ကြားပို့ ချနိုင်တာပေါ့။
အဘိဓမ္မာ ဆိုတာ လွန်ကဲထူးမြတ်တဲ့ သဘော။
မြတ်စွာဘုရား ပရိနိဗာန်စံတော်မူပြီးတဲ့နောက်မှာ့ မြတ်စွာဘုရားဟောထားပြီးတဲ့တရားတော်တွေကို အရှင်မဟာကဿပ အမှူးရှိတဲ့ ရဟန္တာ အရှင်မြတ်တွေက သံဂါယနာတင် (စုပေါင်းရွတ်ဆိုမှု) ပြုကြ တယ်။ အဲဒီလို စုပေါင်းရွတ်ဆိုမှုပြုခဲ့တဲ့ တရားတော်တွေကို မပျောက်မပျက်သွားရအောင် စုပေါင်းပြီး ထည့်ထားတဲ့ ခြင်းတောင်းနဲ့ တူတယ့် ( ပါဋ္ဌိလို) ပိဋကတ်လို့ ခေါ်တယ်။ အဲဒီလို ခြင်းတောင်းနဲ့ တူတဲ့အတွက်ကြောင့် သံဂါယနာတင်ထားတဲ့ တရားတော်တွေကိုလည်း ပိဋကလို့  ခေါ်လာကြတယ်။ အဲဒီ ပိဋကတ်တွေကို သဘောတူရာအုပ်စုလိုက် သုံးစု သုံးပုံ ခွဲထားခဲ့တယ်။
ပိဋကတ် (၃) ပုံ
(၁)ဝိနည်းပိဋကတ်= ရှင်ရဟန်းများလိုက်နာကျင့်သုံးရမယ့်၊ရှောင်ကြဉ်ရမယ့်အရာတွေကို စည်းကမ်း တကျသတ်မှတ်ပြီး ပညတ်ဟောကြားထားတဲ့တရားများ၊
ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ တရားစကားစုကလေးတွေ (ဓမ္မက္ခန္ဓာ )နှစ်သောင်းနဲ့ တစ်ထောင် ရှိတယ်၊
(၂)သုတ္တန်ပိဋကတ်=ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ အတိုင်း လိုက်နာကျင့်သုံးသူတို့  ကောင်းကျိုး ချမ်းသာရပုံ၊ မလိုက်နာ မကျင့်သုံးသူတို့ ဆင်းရဲဒုက္ခရောက်ပုံတွေကို အကျယ်တဝင့် ဖော်ပြထားတဲ့ တရားများ၊
သုတ္တန်ပိဋကတ် ထဲမှာလဲ ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ တရားစကားစုကလေးတွေ နှစ်သောင်းနဲ့ တစ်ထောင် ရှိတယ်၊
(၃)အဘိဓမ္မာ ပိဋကတ်= လောကလူသားတွေရဲ့ အခေါ်အဝေါ် အမည်ပညတ်တွေကို အဓိကမထားဘဲ မဖောက်မပြန် အဟုတ်အမှန်တည်ရှိတဲ့ အနက်သဘောတွေကို ဖော်ပြထားတဲ့ တရားများ၊
အဘိဓမ္မာ ပိဋကတ် ထဲမှာတော့ ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ တရားစကားစုကလေးတွေ လေးသောင်း နဲ့ နှစ်ထောင် ရှိတယ်၊
ဓမ္မက္ခန္ဓာ ရှစ်သောင်းနဲ့ လေးထောင် ဆိုတာ ကြားဘူးတယ်မဟုတ်လား၊
အဘိဓမ္မာ ဟူသည်     =  လွန်ကဲတဲ့သဘော
 အဘိဓမ္မာ ပိဋကတ်မှာ ဓမ္မက္ခန္ဓာ အရေအတွက် အများဆုံး ပါရှိလို့ ၊လွန်ကဲတဲ့ အဓိပ္ပါယ် ရတယ်။
အဘိဓမ္မာ ဟူသည်     =  ထူးမြတ်တဲ့ သဘော။
(၁)အဘိဓမ္မာ ပိဋကတ်တော်မှာ ဘုရားသာသနာနဲ့ကြုံမှ ရှင်တော်ဗုဒ္ဓဟောကြားထားတဲ့ ပရမတ္ထတရားတော်တွေ ဟာ အပြည့်အစုံ ရှိနိုင်တယ်။ ဘုရားမပွင့်တဲ့ကာလ သာသနာအပြင်ပမှာ ပြည့်ပြည့်စုံစုံ မရှိနိုင်ဘူး၊ ဒါဟာ အဘိဓမ္မာရဲ့  ထူးမြတ်တဲ့အနက်ပါပဲ။
(၂)အဘိဓမ္မာ ပိဋကတ်တော်မှာ အမည်ဝေါဟာရသုံးနှုန်းပုံဟာ သုတ္တန်တို့ဝိနည်းတို့မှာ နဲ့မတူဘူး၊ သူ့လက္ခဏာ သဘောကိုစိစစ်ပြီးမှ အမည်ပေးထားတာဖြစ်တယ်။ အဲဒါကိုက သုတ္တန်ဝိနည်းတို့နဲ့မတူတဲ့ ထူးခြားမှု ထူးမြတ်မှု တစ်ခုပါဘဲ။
ဥပမာ- အဘိဓမ္မာမှာ- အာရုံကိုလိုချင်မှု ကပ်ငြိတွယ်တာမှုရှိတဲ့တရားကို “လောဘ” လို့ ခေါ်တယ်။ကံနဲ့ကံရဲ့  အကျိုးရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေအပေါ်ယုံကြည်သက်ဝင်ခြင်း ကို “သဒ္ဓါ”လို့ ခေါ်တယ်။
ဝိနည်းသုတ်တန်တို့မှာ အဲဒီ့လိုမဟုတ်ဘူး၊ သုပ္ပိယ ဆိုတာ သိပ်ပြီးချစ်စရာကောင်းသူ လို့ အဓိပ္ပါယ် ရှိပေမဲ့ ကိုယ်ရောနှုတ်ရောစိတ်ရော ကြမ်းတမ်းသူ ချစ်ဖွယ်မကောင်းသူကို သုပ္ပိယ လို့ အမည်ပေးထားတာတွေ ကို ဝိနည်းသုတ္တန်တွေမှာတွေ့ ရလိမ့်မယ်။
(၃)အဘိဓမ္မာ တရားတော်တွေဟာ  ရှင်တော်ဗုဒ္ဓကိုယ်တော်မြတ် သိထားသမျှ တရားတွေကို သဗ္ဗညုတဥာဏ် (အလုံးစုံကိုသိသောဥာဏ်) အစွမ်းကို အကုန်ထုတ်ပြီး ဟောထားသော တရား ဖြစ်တယ်။ ဒါဟာ အဘိဓမ္မာရဲ့  ထူးမြတ်တဲ့အနက်တခုပါပဲ။
သုတ္တန်တရားတော်တွေကျတော့ ရှင်တော်ဗုဒ္ဓကိုယ်တော်မြတ်  သဗ္ဗညုတဥာဏ် (အလုံးစုံကိုသိသောဥာဏ်) အစွမ်းကို အကုန်ထုတ်ပြီး ဟောထားသောတရားမဟုတ်ဘူး။ တရားနာနေကြတဲ့ ဝေနေယျသတ္တဝါတွေရဲ့  ဝါသနာစရိုက်တွေနဲ့  ကိုက်ညှိချိန်ဆပြီး သုတ္တန်မှာဟောထားတာ။
-----------------------------------------------------------------------------------------------------------
ကိုယ့်ရဲ့ ရှေးရှေးသောဘဝ ရှေးရှေးသောကာလတွေက ရှိခဲ့ တဲ့ ပြုခဲ့တဲ့သဒ္ဓါ၊ဝီရိယ၊သတိ၊သမာဓိ၊ ပညာတွေ ကြောင့်ရခဲလှတဲ့ လူ့ ဘဝရောက်နေရပြီး သာသနာနဲ့ ကြုံနေရတဲ့အပြင် သူတော်ကောင်း တရားတွေနာကြားနေရတဲ့ အခွင့်ကောင်းတွေ ရှိနေတုံးမှာ ဘုရားနဲ့ တရားနဲ့ မဝေးကြပါစေနဲ့ လို့ သတိပေးချင်ပါတယ်၊
ဒါနပြုခြင်းဖြင့် ဦးစွာကောင်းကံကို ဆယ်ယူကြပါ၊
သီလစောင့်ထိန်းခြင်းဖြင့် ဆိုးကံများကို ဖယ်ထုတ်ပြစ်ကြပါ၊
ဉာဏ်ကောင်းအောင် တရားဓမ္မတွေလေ့လာရင်းပါရမီဖြည့်ကြစမ်းပါ၊
ဒါ့ ကြောင့် ဘုရားနှင့်ဝေးသူ၊ တရားနှင့်ဝေးသူ မဖြစ်သင့် ကြပါ၊
တရားမြင်မှ ဘုရားကိုမြင်တယ်၊ တရားကိုမြင်မှ သဒ္ဓါတရားတွေလဲ ပိုမိုခိုင်မြဲလာမယ်၊
ဓမ္မစာမျက်နှာ (၃) အပိုင်း ၂
သဒ္ဓါ ရှိဘို့ ခဲယဉ်းခြင်း
သဒ္ဓါတရားဆိုတဲ့ အဖိုးတန် ဥစ္စာရတနာကြီးရှိသူဟာ အဲဒီ့ရတနာနဲ့ ရင်းပြီးတော့ ဒါန၊သီလ၊ဘာဝနာ အစရှိတဲ့ ပါရမီကုသိုလ်တွေလုပ်နိုင်တယ်၊ သဒ္ဓါတရားဟာကြည်လင်ခြင်း သဘောလက္ခဏာ ရှိတယ်၊ သဒ္ဓါတရားစိတ်ထဲမှာ ဖြစ်ပေါ်လာပြီဆိုရင် လောဘ၊ဒေါသ၊ဣဿာ၊မစ္ဆရိယ အစရှိတဲ့  ကိလေသာတွေဟာ ငြိမ်သက်ပြီး အားနည်းပြီး စိတ်ဓာတ်တွေ ကြည်လင်လာပါတယ်၊
သဒ္ဓါတရားဟာပုထုဇဉ်တို့ အတွက် မခိုင်မြဲဘူး၊ ပုထုဇဉ်တို့ ရဲ့ စိတ်ဟာ သတိ၊သမာဓိ၊ ပညာအားနည်း တာ ကြောင့်အပြောင်းအလဲ မြန်ဆန်လွန်းပါတယ်၊ ထိုင်နေစဉ် စိတ်ကတမျိုး၊ ထသွားစဉ်မှာ စိတ်ကတမျိုး ဖြစ်တတ် ပါတယ်၊မိမိရဲ့ စိတ်အစဉ်မှာ သဒ္ဓါတရားတွေဖြစ်ပေါ်နေတုံး ကုသိုလ်ကောင်းမှုတွေကို ကြိုးစားပြီးပြုလုပ်ထား ရမယ်၊
သဒ္ဓါတရားတွေ ပိုပိုတိုးပွားအောင်လဲ တရားတွေနာကြား၊ ဖတ်ရှုမှတ်သားလေ့လာသင့်တယ်၊
သဒ္ဓါတရားတွေ မမြဲဘဲပျက်စီးတတ်တာမို့  မပျက်စီးသွားရလေအောင်ကိုယ့်ဟာကိုယ်ဘဲ စိတ်ကိုသတိနဲ့ ထိမ်း ပေးကြပါ၊
သဒ္ဓါ၎ မျိုးရှိတယ်၊
၁) ပသာဒသဒ္ဓါ (သာမန်ပုထုစဉ်တို့ ရဲ့ သဒ္ဓါမျိုး)
ရတနာမြတ်သုံးပါးအပေါ် အပေါ်ယံသာ နှစ်နှစ်ကာကာမရှိတဲ့ကြည်ညိုတယ်ဆိုရုံလေးလောက် ပဲရှိတဲ့ သဒ္ဓါ မျိုးပါဘဲ။ပုထုစဉ်ပုဂ္ဂိုလ်တို့ ရဲ့ သန္တာန်မှာဖြစ်တယ်။
၂) သြကပ္ပနသဒ္ဓါ
ရတနာမြတ်သုံးပါးအပေါ် နှစ်နှစ်ခြိုက်ခြိုက်သက်ဝင်ယုံကြည်မှုမျိုးပါဘဲ။ပုထုစဉ်ပုဂ္ဂိုလ်တို့ ရဲ့ သန္တာန်မှာဖြစ်တယ်။
ဒီ သဒ္ဓါ ၂ မျိုးဟာအကြောင်းအားလျှော်စွာ ပျက်စီးတတ်တယ်၊
၃)အာဂမသဒ္ဓါ (ဘုရားအဖြစ်ကိုပြင်းပြင်းထန်ထန် လိုလားတောင့်တတော်မူနေကြတဲ့ ဘုရားအလောင်း တော်များရဲ့ သဒ္ဓါမျိုး)
ဘုရားလောင်းတွေကလဲ ပုထုဇဉ်ဘဲဖြစ်တာမို့ ပါရမီနုစဉ်မှာအကြောင်းအားလျှော်စွာ ပျက်စီးသွားတတ် ပါသေးတယ်၊ စိတ်မချရသေးပါဘူး၊
၎)အဓိဂမသဒ္ဓါ (အရိယာပုဂ္ဂိုလ်တွေရဲ့ စိတ်အစဉ်မှာသာဖြစ်တဲ့သဒ္ဓါမျိုး)
အရိယာမဂ်တရားဖြစ်ပေါ်လာတဲ့အခိုက်မှာဘဲ အဓိဂမသဒ္ဓါတရားဟာလည်း ခိုင်မြဲစွာပါလာပါတယ်၊ ရတနာသုံးပါးနဲ့ ကံ ကံရဲ့ အကျိုးကို မတုန်မလှုပ် ဘယ်သူဖျက်ဖျက် ဘယ်လိုဘဲသွေးဆောင်ဖြားယောင်း သော်လည်း မပျက်စီးနိုင်တော့ဘူး၊ အရိယာဖြစ်မှသာ သဒ္ဓါတရားဟာ ခိုင်မြဲတည်တံ့တယ်လို့ မှတ်ထားကြပါ။
More Articles...