Donation
Visitors
Top 52:
Unknown flag 88687 Unknown
United States flag 4036 United States
Ukraine flag 216 Ukraine
Russian Federation flag 106 Russian Federation
India flag 101 India
Myanmar flag 91 Myanmar
France flag 58 France
Israel flag 51 Israel
Japan flag 46 Japan
Germany flag 35 Germany
Romania flag 26 Romania
Netherlands flag 23 Netherlands
Hong Kong flag 22 Hong Kong
Singapore flag 22 Singapore
Thailand flag 20 Thailand
Australia flag 18 Australia
Canada flag 18 Canada
Tokelau flag 17 Tokelau
Bangladesh flag 15 Bangladesh
Malaysia flag 14 Malaysia
Poland flag 11 Poland
United Kingdom flag 11 United Kingdom
Brazil flag 10 Brazil
China flag 10 China
South Africa flag 10 South Africa
Algeria flag 9 Algeria
Indonesia flag 8 Indonesia
Sweden flag 7 Sweden
Belgium flag 4 Belgium
New Zealand flag 4 New Zealand
Serbia flag 4 Serbia
Portugal flag 3 Portugal
Taiwan flag 3 Taiwan
Bosnia Hercegovina flag 2 Bosnia Hercegovina
Ireland flag 2 Ireland
Morocco flag 2 Morocco
Spain flag 2 Spain
Sri Lanka flag 2 Sri Lanka
Vietnam flag 2 Vietnam
Angola flag 1 Angola
Bahrain flag 1 Bahrain
Czech Republic flag 1 Czech Republic
Former Soviet Union flag 1 Former Soviet Union
Hungary flag 1 Hungary
Italy flag 1 Italy
Jersey flag 1 Jersey
Mexico flag 1 Mexico
Montenegro flag 1 Montenegro
Nepal flag 1 Nepal
Norway flag 1 Norway
Philippines flag 1 Philippines
Slovak Republic flag 1 Slovak Republic
93741 visits from 52 countries
Total Hits
Content View Hits : 1530934

♣ဓမ္မစာမျက်နှာ (၃)♣ အပိုင်း ၁

PLEASE CLICK SAYADAW PICTURE FOR DETAIL.

ဓမ္မစာမျက်နှာ (၃) အပိုင်း ၁


ဒုလ္လဘ တရား ၅ ပါး ဆိုတာ သိရင် ကိုယ့်တန်ဖိုးကိုကိုယ်ပိုသိနိုင်တယ်၊

( ရခဲလှသော သဘောတရား ၅ ပါး) ဆိုတာ

၁)ဗုဒ္ဓပ္ပါဒ ဒုလ္လဘ- ဘုရားအဖြစ်ကိုရခဲခြင်း၊

၂)မနုဿတ္တဘာဝ ဒုလ္လဘ - လူ့ ဘဝ လူ့ အဖြစ်ကိုရခဲခြင်း

၃)သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ - ရတနာသုံးပါး၏ဂုဏ်ကျေးဇူးနှင့် ကံ ကံ၏အကျိုးကိုယုံကြည်ခြင်း စိတ်ဓာတ်ကို ရခဲခြင်း၊

၎)ပဗ္ဗဇိဘာဝ ဒုလ္လဘ - ဘုရားသာသနာတော်အတွင်း၌ ရှင်သာမဏေ ရဟန်းပဉ္စင်းအဖြစ် ရခဲခြင်း၊

၅)သဒ္ဓမ္မသဝနအတိ ဒုလ္လဘ - သူတော်ကောင်းတို့ ၏ တရားစစ်တရား မှန်ကို အလွန်တရာ ကြားနာရခဲခြင်း၊ အဘိဓမ္မာတွေကို နာကြားရဘို့ အင်မတန်ခဲယဉ်းလှခြင်း၊

                      

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ကြပါ၊သာသနာနဲ့ ကြုံနေရသူဆိုတာ မမေ့ နဲ့ ၊

 

ဘုရားအဖြစ်ကိုရခဲခြင်း၊

ဘုရားဖြစ်ဘို့ ရာ လေးအင်္သချေနဲ့ ကမ္ဘာတသိန်းပါရမီဖြည့်ရတယ်၊

အင်္သချေဆိုတာ

တစ်ဂဏန်းနောက်မှာ သုံည (၁၄၀) ရှိသည်ဟု သဒ္ဒါဆရာတွေက သတ်မှတ်ကြတယ်၊အဲဒီလို လူတို့ သည် ကပ်ဦး အစ မှာ သက်တမ်းအင်္သချေတမ်းမှ ၁၀-နှစ်သက်တမ်းတိုင်အောင် လောဘ၊ဒေါသစတဲ့ အကုသိုလ်တရား တွေကြောင့် ဆုပ်ကပ်ဖြစ်ပြီးနောက်တဖန်  မေတ္တာဗြဟ္မစိုရ်ကုသိုလ်တရားတွေ ပိုပို များလာပြန်သောအခါ လူတို့ ၏သက်တမ်းသည် ၁၀-နှစ်တမ်းမှ အင်္သချေတမ်းတိုင်အောင်မြင့်တက် သွားပြန်တာကို တက်ကပ် လို့ ခေါ်တယ်၊အဲဒီလို ဆုတ်ကပ်၊ တက်ကပ် တစုံကို အန္တရတစ်ကပ်လို့ ခေါ်တယ်၊ ဆုတ်ကပ်မှာ နှစ် ၁၀၀ ကို ၁ နှစ်နှုန်းယုတ်လျော့ပြီး တက်ကပ်မှာ နှစ် ၁၀၀ မှာ ထက်ဝက် ၂ ဆတက်တယ်၊  အဲလို အန္တရကပ်ပေါင်း ၆၄ ကပ်ကို အင်္သချေယျ (၁) ကပ်ဖြစ်တယ်၊

တစ်ကမ္ဘာဆိုတာ

အင်္သချေယျကပ် (၄)ကပ် ကို မဟာကပ် ၁ ကပ် (သို့ ) တစ်ကမ္ဘာလို့ ခေါ်တယ်၊

ဘုရားတဆူတဆူပွင့်ဘို့ ဘယ်လောက်ခဲယဉ်းသလဲ။

 

             

လူ့ ဘဝ လူ့ အဖြစ်ကိုရခဲခြင်း၊

ဘုရားသာသနာတော်ရှိတုံးလူဖြစ်ရတာလဲ အင်မတန်ကံထူးသူမို့ ပါဘဲ၊အရင်ဘဝတွေက ကုသိုလ်ကံကထောက်ပင့်ပေးတဲ့အခိုက်နှင့်ကြုံကြိုက်နေလို့ သာ လူ့ ဘုံဋ္ဌာန လူ့ ဘဝကို ရောက်လာ ကြရတာ၊ ကိုယ်လုပ်ခဲ့တဲ့ကံကောင်းကုသိုလ်ကောင်းတွေကြောင့် အဖိုးတန်လှတဲ့လူ့ ဘဝကို ရောက်နေကြရပြီ။

လူဖြစ်ဘို့ ဆိုတာလူ့ ပြည်ကအပ်တချောင်းပစ်တင်လိုက်တာနဲ့ နတ် ပြည်ကအပ်တချောင်းပစ်ချ လိုက်လို့ အပ်နှစ်ချောင်းထိဘို့ ထက်ပိုမိုခက်ခဲတယ်တဲ့ ၊ဘဝ များစွာသံသရာမှာ ဒုဂ္ဂတိဘုံ အပယ်ဘုံမှာ ဘဲအနေများခဲ့ ကြတဲ့သူတွေကြီးဘဲ၊ နေ့ စဉ်သေသွား ကြသူများတွင် အပါယ်ဘုံသို့ လားရောက်သူ များသာ များပြားလှကြောင်း ရှင်တော်ဗုဒ္ဓ မိန့် ကြား တော်မူခဲ့ပေသည်။

လူ့ ဘုံမှာကုသိုလ်တွေဖြစ်ဘို့ အခွင့်အလန်းတွေရှိသလို အကုသိုလ်ဖြစ်ဘို့ အခွင့်အလန်းတွေရှိတယ်၊ အခြားဘုံတွေမှာဒီလိုစုံစုံလင်လင်မရှိဘူး၊ လူ့ ပြည်မှာသာ ဘုရားပွင့်နိုင်တယ်၊ လူသားမှသာဘုရား ဖြစ်နိုင်တယ်၊ အလောင်းတော်ကြီးတွေဟာ လူ့ ဘုံမှာသာပါရမီဖြည့်ဆည်းခွင့်ရတယ်၊ ဒါ့ကြောင့်ကုသိုလ် အကုသိုလ်အရားမှာ မြင့်သောစိတ်၊ထက်သောစိတ်၊ ရဲရင့်သောစိတ်၊ ဆန်းကြယ်သောစိတ် ရှိကုန်၏၊ အလွန်မြင့်သော စိတ်နှလုံးရှိတာကြောင့် လူလို့ ခေါ်တာ၊

 

♣ဓမ္မစာမျက်နှာ (၁)♣

သာသနာတော်မှာ ဘုရားပေးတဲ့တာဝန် ၂ ရပ်ရှိတယ်၊

PLEASE CLICK SAYADAW PICTURE FOR PDF FILE

ဓမ္မစာမျက်နှာ (၁)

သာသနာတော်မှာ ဘုရားပေးထားတဲ့တာဝန် ၂ ခုရှိတယ်၊

(၁)မိမိအတွက် ဓမ္မပညာတွေကို သင်ယူရမယ်၊

(၂)ဓမ္မပညာရှိမှ လက်တွေ့ ကျကျနည်းမှန်စွာကျင့်ရမယ်၊

တဦးတယောက်ချင်းသာသနာ့ တာဝန်ထမ်းဆောင်ပါမှသာသနာကြီး ဆက်လက်တည်တန့် 

ပြန့် ပွားနိုင်လိမ့်မယ်။

သာသနာတော် သည်

၁)ပရိယတ္တိ ၂)ပဋိပတ္တိ ၃)ပဋိဝေဒ အားဖြင့် သုံးမျိုးရှိပေသည်။

၁)ပရိယတ္တိ သာသနာအလုပ်ဆိုတာ

ဝိနည်း၊သုတ်တန်၊အဘိဓမ္မာ တရားတော်တွေကို သင်ယူခြင်း၊ပို့ ချခြင်း၊ ရေးသားခြင်း ပြောဟောခြင်း ၊နာယူခြင်း ကိုခေါ်တယ်၊ အခုလို ဓမ္မစာပေတွေကို ဖတ်ရှုလေ့လာနေတာ၊ သင်ယူနေတာ၊ ပရိယတ္တိ အလုပ်ဘဲပေါ့။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ် ဗုဒ္ဓစကားတော် ပရိယတ္တိသာသနာတော် ဟာ အရင်း အမြစ်အကျဆုံး ဖြစ်တယ်၊ ကြီးကျယ်လှတဲ့ရေကန်ကြီး နဲ့ တူတဲ့သာသနာတော်မြတ်ကြီးမှာ ကန်ဘောင်ရိုးဆိုတဲ့ ပရိယတ္တိ ခိုင်ခံ့ဘို့ လိုတယ်၊

၂)ပဋိပတ္တိ သာသနာအလုပ်ဆိုတာ ဘုရားဆုံးမတော်အတိုင်း လက်တွေ့ ကျကျ ကျင့်သုံးနေခြင်း ဖြစ်သည်။ ဒါန၊သီလ၊ဘာဝနာတွေ လုပ်နေတာ ပဋိပတ္တိအလုပ်တွေပါဘဲ။ပဋိပတ္တိ သာသနာအလုပ် ဟာရေနဲ့ တူတယ်၊ ခိုင်ခံ့တဲ့ကန်ဘောင်ရိုး ပရိယတ္တိရှိနေသမျှ ရေဟာ တည်ရှိနေမှာပါ၊

၃)ပဋိဝေဒ သာသနာဆိုတာ မှန်ကန်စွာကျင့်သုံးမှုကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ခြင်း ဖြစ်သည်။

ခိုင်ခံ့တဲ့ကန်ဘောင်ရိုး ပရိယတ္တိရှိနေလို့  ပဋိပတ္တိမှန်သောကျင့်ကြံအားထုတ်မှုဆိုတဲ့ ရေရှိနေသမျှ ကြာပန်းနဲ့ တူတဲ့ အရိယာပုဂ္ဂိုလ်တွေဟာလဲ ဧကန်မလွဲ ရှိနေကြမှာပါဘဲ၊

အရိယာပုဂ္ဂိုလ်တွေ ရှိနေသမျှ ကုသိုလ်မိုးတွေ ရွာသွန်းနေမှာပါဘဲ။

ပရိယတ္တိ ရှိမှသာ အကျင့်လမ်းစဉ် ပဋိပတ္တိမှန်နိုင်မည်။ ပရိယတ္တိ နှင့် ပဋိပတ္တိ နှစ်ခုစလုံး ကို ရဟန်းရှင်လူ မည်သူမဆို နားလည်အောင် ကြိုးစားသင်ယူကာ ဗုဒ္ဓဘာသာသာသနာ မပျောက်မပျက်အောင် ဆက်လက်တည်တန့် ပြန့် ပွားရလေအောင် တဦးတယောက် ချင်း အသိစိတ်များဖြင်တာဝန်ထမ်းဆောင် ကြပါစို့ ။

ပရိယတ္တိရှိနေသမျှ ပဋိပတ္တိ မှန်သောအကျင့်လမ်းစဉ်လည်း တည်ရှိနေမည်၊ မှန်သောအကျင့်လမ်းစဉ် ရှိနေသမျှ ပဋိဝေဒ သာသနာတည်းဟူသော မဂ်ဉာဏ်ဖိုလ် ဉာဏ်လည်းရဖို့ လွယ်ကူပေလိမ့်မည်။

တရားအားထုတ်သူဟာ အချက် ၅ ချက်ပြည့်စုံရမယ်၊

၁)ယုံကြည်ရမယ်၊( မြတ်စွာဘုရားရယ်၊ ဘုရားဟောခဲ့တဲ့တရားတော်တွေအပေါ်မှာ ယုံကြည်မှုရှိရမယ်၊

နောက်ပြီးတော့ မိမိကိုယ်ကိုလည်း တမဂ်တစ်ဖိုလ်ကို ရစေရမယ်လို့ ယုံကြည်မှုမျိုးရှိရမယ်၊

၂) ကျမ်းမာရမယ်၊တရားအားထုတ်ကာစ သီလ၊သမာဓိ နုစဉ်အခါမှာတော့ ကျမ်းကျမ်းမာမာရှိဘို့ သိပ်ပြီးအရေးကြီးပါတယ်၊

၃)ရိုးသားဖြောင့်မတ်ရမယ်၊လိမ်လည်လှည့်ဖျားတတ်တဲ့သူတွေဟာ မွန်မြတ်တဲ့တရားနဲ့  မတန်ဘူး၊

၎)ခိုင်မာတဲ့ မပြတ်မလတ်တဲ့ လုံ့ လဝီရိယ ထက်သန်ရမယ်၊ဒီတရားကို မရမချင်းနောက်မဆုတ်ဘူး၊ သေချင်သေသွားပါစေဆိုတဲ့ ဝီရိယမျိုးရှိနိုင်ရမယ်၊

၅)ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်မှုက်ု သိနိုင်တဲ့ ဉာဏ်ပညာရှိရမယ်၊

(ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ပညာဇောတ)

မိမိအတွက် သင်ပြီး ကျင့်ပြီးရင် အများအတွက် သာသနာပြုရမယ်။ တစ်ကိုယ်ကောင်း ကြောင့်ကြမဲ့ မနေရဘူး၊ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် ဝင်စံသည့်တိုင်အောင် သတ္တဝါများအတွက် အကျိုးဆောင် သွားသလို မိမိတို့ လည်း သေသည့်တိုင်အောင် သာသနာ့အကျိုးကို သည်ပိုးဆောင်ရွက်ကြပါ။

သာသနာအစစ်အမှန်ကို ကြည်ညိုတတ်ကြသော သူတော်ကောင်းများအတွက် လောကီစီးပွားရေး လုပ်ရင်း ဓမ္မရေးရာစာမျက်နှာများကို ဖတ်ရှုသင်ယူခြင်းဖြင့် အချိန်တိုတိုအတွင်းမှာ မိမိတို့ ရရှိထားတဲ့ ခန္ဓာအကြောင်းကို သိရှိနားလည်လာနိုင်ကြပါစေ၊ မိမိခန္ဓာကိုယ်အတွင်းဖြစ်ပျက်သဘောတွေကို ဉာဏ်မျက်စိဖြင့်ကြည့်မြင်နိုင်၍ လက်တွေ့ ကျကျကျင့်ကြံအားထုတ်ကာ သာသနာရဲ့အနှစ်သာရ ဖြစ်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်ကို မျက်မှောက်ပြုသော သူတော်ကောင်းများ ဖြစ်နိုင်ကြ ပါစေ၊

 


ဓမ္မစာမျက်နှာ ( ၄)



PLEASE CLICK SAYADAW PICTURE FOR PDF FILE

ဓမ္မစာမျက်နှာ (၄)

တရားအားထုတ်တော့မယ်ဆိုရင်

(၁)စိတ်ကိုဖြူအောင်ထား

(၂) အကုသိုလ် ကိုရှောင်

(၃) ကုသိုလ်တွေ ဆောင် ရမယ်

 

(၁)စိတ်ကိုဖြူအောင်ထား

ပထမဆုံး စိတ်ကိုဖြူအောင်ထားရမယ်။ ဘယ်လိုဖြူအောင်လုပ်ရမလဲ၊စိတ်ရဲ့အကြောင်း သဘောလက္ခဏာတွေ ကိုနားလည်အောင်သိအောင် လေ့လာပြီး ဝိပဿနာရှုရမယ်။ရှုရင်းရှုရင်းနဲ့ တဖြည်းဖြည်း ကိလေသာတွေ နဲနဲလာကာ သီလ၊သမာဓိ၊ပညာ တွေ ပိုပိုတိုးပွားလာလေလေ စိတ်တွေလဲ ပိုပိုပြီး ဖြူစင်လာလေလေ ဖြစ် လိမ့်မယ်။

အဘိဓမ္မာ တရားတော် တွေမှ စိတ်အကြောင်းကို လေ့လာပြီး ဝိပဿနာ ရှုပွားမယ် ဆိုရင် ပိုမိုလွယ်ကူနိုင်တယ်။

ဥပမာ- တရားစရှုပွားတဲ့ ယောဂီတွေ ပြောလေ့ရှိတာက စိတ်တွေက သိပ်ပြီး ပြန့် လွင့်တယ်ဆိုရင်ဘဲ သူသတိလေးနဲ့ သူ့ စိတ်ကိုသူ ပြန်ကြည့်မိလို့ အဖြစ်မှန်ကို သိတာပါ။စိတ်ကိုချယ်လှယ်နေတဲ့ အကုသိုလ် စေတသိက်ဖြစ်တဲ့ ဥဒ္ဓစ္စကြောင့် စိတ်၏ပျံ့ လွင့်ခြင်းသဘောကို ခံစားမိတာပါ။

(၂) အကုသိုလ် ကိုရှောင်

ဒုတိယ က အကုသိုလ် ကိုရှောင်ရမယ်။ အကုသိုလ်ဆိုတာ ဘာလဲ ဆိုတာအရင်သိသင့်တယ်။ သိမှ ပယ်နိုင် ရှောင်နိုင်မှာ။

အကုသိုလ်တရားတွေဆိုတာ နားလည်ထားဘို့ရာ အင်မတန်မှ သင့်လျော်ပါတယ်။ ဒီလိုမဟုတ်ရင် ကိုယ့်မှာ အကုသိုလ်ဖြစ်နေတာကို ဖြစ်မှန်းမသိဘဲ ရှိနေတတ်ကြတယ်၊ အကုသိုလ်ဖြစ်နေတာကို ကုသိုလ်တွေလို့  ထင်မှတ်နေတာလည်း ရှိတတ်သေးတယ်၊ ဒါတွေကို သိဘို့  အလွန် အရေးကြီး တယ်၊

လောဘ၊ဒေါသ၊မောဟ စိတ် တွေဟာ အကုသိုလ်စိတ်တွေ ဟူအလွယ်မှတ်နိုင်တယ်။

လောဘ၊ ဒေါသ၊ မောဟ စိတ်များ ဖြင့် ဒုစရိုက် (၁၀)ပါး ကို ကျူးလွန်ကြ၏။ (အသေးစိတ်နောက်ပိုင်းတွင် ဖော်ပြသွားပါ မည်။)

(၃) ကုသိုလ်တွေ ဆောင် ရမယ်

တတိယ က ကုသိုလ်တွေ ကိုများများလုပ်ရမယ်။ ကုသိုလ်ဆိုတာဘာလဲဆိုတာ အရင်သိ အောင်လုပ်၊ ကုသိုလ်စိတ်တွေနဲ့ နေ၊ ဒါန၊သီလ၊သမထ ဘာဝနာ နဲ့ ဘဲမကျေနပ်နေပဲ ဝိပဿနာဘာဝနာ ကို ပွားများနိုင်သမျှ ပွားများ၍ နေနိုင် သေနိုင် အောင် အမြဲ ကြိုးစားနေရမယ်။

အဘိဓမ္မာလေ့လာချင်သူများအတွက်၊ ပညာပါရမီရချင်သူများအတွက်

စိတ်ဆိုတာဘာလဲ၊စေတသိတ်ဆိုတာဘာလဲ၊ စိတ်ကို နားလည်သင့်တယ်၊

အကုသိုလ်ဆိုတာဘာလဲ၊အကုသိုလ်စိတ် (၁၂)ပါး နဲ့  အကုသိုလ်စေတသိက် (၁၄)ပါး သိသင့်တယ်၊

ကုသိုလ်ဆိုတာဘာလဲ၊ကာမဝစရကုသိုလ်၊ရူပါဝစရကုသိုလ်၊ အရူပါဝစရကုသိုလ်၊ လောကုတ္တရာကုသိုလ်စိတ်တွေရယ်ကို သိအောင်လေ့လာကြည့် ကြပါ၊

နောက်ဓမ္မစာမျက်နှာမျာတွင်ဖော်ပြပါမည်၊

 

 

 

 

 

♣  ဓမ္မစာမျက်နှာ (၂) ♣

သရဏဂုံ (၃)ပါးကို သိအောင်အရင်လုပ်၊ သိပြီးရင် သရဏဂုံ (၃)ပါးကို တည်နိုင်အောင်ကြိုးစားကြပါ။

တရားမြင်မှ ဘုရားကိုမြင်တယ်။

Please click sayadaw picture FOR PDF FILE

ဓမ္မစာမျက်နှာ (၂)

သရဏဂုံ (၃)ပါးကို သိအောင်အရင်လုပ်၊ သိပြီးရင် သရဏဂုံ (၃)ပါးကို တည်နိုင်အောင်ကြိုးစားကြပါ။ တရားမြင်မှ ဘုရားကိုမြင်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ပထမ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဘုရား ၃ မျိုးရှိတယ်- ပရမတ်ဘုရား၊ သကတ်ဘုရား ၊ ဒြပ်ဘုရား တဲ့။

မိမိသန္တာန်မှာ သစ္စာ ၄ ပါးကိုသိတဲ့ ဉာဏ်ပရမတ်ဘုရား ပေါ်အောင်လုပ်ပြီးတော့ အဲဒီ့ပရမတ်ဘုရားကို ဂစ္စာမိတာကို ပထမ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိလို့ ခေါ်တယ်၊

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

အရဟံ ဂုဏ်တော် ၊ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်၊ ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော် စသော ဂုဏ်တော် ၉ ပါး သကတ်ဘုရား ကို ကြည်ညိုလေးစား၍ ဂုဏ်တော်ကို ပွားများတာ ကို ခေါ်တယ်။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

- ပရမတ်ဘုရား၊ သကတ်ဘုရား တို့ ၏ တည်ရာ ခန္ဓာငါးပါး ဒြပ်တော်ကြီးနှင့် ၎င်း၏အစွယ်အပွား စေတီ လေးပါး ကို ရိုသေလေးစားတာ ကို ခေါ်တယ်။

 

 

ဓမ္မံ သရဏံ ဂစ္ဆာမိ

ပထမ ဓမ္မံ သရဏံ ဂစ္ဆာမိ

တရားကလဲ ၃ မျိုးရှိတယ်၊ ပရိယတ္တိ ၊ ပဋိပတ္တိ ၊ပဋိဝေဓ တဲ့၊

ပဋိဝေဓ ဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပေါ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကို ဆန္ဒာဓိပတိ ပစ္စည်းတပ်နေတာ ပထမ ဓမ္မံ သရဏံ ဂစ္ဆာမိ ပါပဲ။

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ

ဆန္ဒာဓိပတိ ပစ္စည်းတပ်သည့်အတိုင်း ပဋိပတ္တိကို အားထုတ်နေတာ က ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိပေါ့။

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ

ပဋိပတ်ကို အားထုတ်ဖို့  နည်းနာနယ ဖြစ်တဲ့ ပရိယတ္တိ ကို သင်အံမှတ်သား နေတာက တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ပါပဲ၊

 

 

သံဃံ သရဏံ ဂစ္ဆာမိ

ပထမ သံဃံ သရဏံ ဂစ္ဆာမိ

သံဃာ ၂ မျိုးရှိတယ်၊

ပရမတ္ထသံဃာ =အရိယာပုဂ္ဂိုလ် ၈ ယောက်ဆိုယင် လူဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ်၊ မယ်သီလဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ပရမတ္ထသံဃာလို့ ခေါ်တယ်၊

သမ္မုတိသံဃာ =သိမ်ထဲမှာ ကမ္မဝါနှင့် သမုတ်၍ ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ယင် အရိယာဖြစ်ဖြစ်၊ ပုထုဇဉ်ဖြစ်ဖြစ် သမ္မုတိသံဃာ လို့ ခေါ်တယ်၊

ပရမတ္ထသံဃာ (လူသော၊ ဘုန်းကြီး သော၊ မိန်းမ သော၊ ယောက်ျား သော၊လင်ရှိသော၊မယားရှိသော ) သောပေါင်း ခြောက်ဆယ်ရှုတ်မနေနဲ့ တော့၊ ပရမတ္ထသံဃာ ကိုတွေ့ အောင်ရှာပြီး သစ္စာ ၄-ပါးတရားကိုသာ ဒိဋ္ဌိ၊ဝီစိကိစ္ဆာပြုတ်အောင်နာကွဲ့ ၊ အဲဒါ ပထမ သံဃံ သရဏံ ဂစ္ဆာမိ ပဲ၊

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ

ပရမတ္ထသံဃာ မရှိပါက သစ္စာလေးပါးကို ပရမတ္ထသံဃာတွေ သိတာနဲ့ လျော်ညီစွာ ဟောနိုင်သော စူဠသောတာပန် ပုဂ္ဂိုလ် ကိုတွေ့ အောင်ရှာ၍ မှီဝဲဆည်းကပ်မေးမြန်း ဆွေးနွေးတရားနာပါ၊့ ၊ အဲဒါ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ပဲ၊

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ

စူဠသောတာပန် ပုဂ္ဂိုလ် မရှိပြန်ရင် ၂၂၇ သွယ်သော သိက္ခာပုဒ်ကို ထိန်းသိမ်းစောင့်ရှောက်၍နေသော သမ္မုတိသံဃာကို ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ လဲ ဤအသွင်ပဲဟု အောက်မေ့သောအားဖြင့်၎င်း၊ မြတ်စွာဘုရား ပညတ်တော်မူသော သိက္ခာပုဒ်တွေကို ထိန်းသိမ်းရှာပေတယ် ဟု သီလကို ကြည်ညိုသောအားဖြင့်၎င်း၊ သင်္ကန်း ဆွမ်း ကျောင်း ဆေး တို့ ဖြင့် ချီးမြှင့် ထောက်ပံ့ရမယ်၊ အဲဒါ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ပဲ၊

 

နမား ဆရာတော် အရှင်ဉာဏ ၏ နိဗ္ဗန်ကိုသွား ဉာဏ်ရထား စာအုပ် မှ ကောက်နှုတ်ဖော်ပြပါသည်၊

သရဏဂုံ ၃ ပါး ကိုတည်ရင် အပါယ်ဘေးက အေးပါတယ်၊ဒါတင်မက ခပ်သိမ်းသောဒုက္ခမှ အေးရပါတယ်၊သရဏဂုံ ၃ ပါးဟာ ဘယ်လောက်အားထားစရာ ကောင်းသလဲဆိုရင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဘေးတွေ ပျောက်ပြီး နိဗ္ဗာန်ကို ရောက်စေနိုင်တယ်။ သရဏဂုံ အစစ်တည်ချင်ရင် သစ္စာ ၄ ပါးကို ပြနိုင်တဲ့သူ သပ္ပုရိသကို ရအောင်ရှာ၊ ရရင် တရားကိုနာ၊ ရိုရိုသေသေဆင်ခြင်၊ သစ္စာ ၄ ပါးကိုသိအောင် ပွားများ၊ ပွားများလို့ မြင်လာရင် မိမိသန္တာန်မှာ သစ္စာ ၄ ပါးသိတဲ့ ဉာဏ်ဘုရားပွင့်လာလိမ့်မယ်။

 


 

ယော ဟိ ပဿတိ သဒ္ဓမ္မံ ၊သောမံ ပဿတိ ပဏ္ဍိတော။

အပဿမာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။

ယော ပဏ္ဍိတော = သစ္စာ မြင်ငြား အကြင် ချစ်သားသည်

သဒ္ဓမ္မံ = သစ္စာ ၄ ပါးမြတ်တရားကို

ပဿတိ =ကောင်းစွာ ပိုင်နိုင်စွာ သိမြင်၏

သော ပဏ္ဍိတော = ထိုသစ္စာ မြင်သိ ပညာရှိသည်

မံ = ငါဘုရား မြတ်စွာ သင်တို့ ဆရာကို

ပဿတိ = ယူဇနာ (၁၀၀) ဝေးကွာသော်လဲ အမြဲမြင် သည်မည်၏။

ယောဗာလော = အကြင်သစ္စာမသိ လူဒိဋ္ဌိသည်

သဒ္ဓမ္မံ = သစ္စာ ၄ ပါးမြတ်တရားကို

န ပဿတိ =အဝိဇ္ဇာ တိမ်လုံးပိတ်ဖုံးကာ လုံးလုံးမထင် မသိမြင်

သောဗာလော = ထိုသစ္စာမသိ လူငတိ သည်

မံ = ငါဘုရားကို

ပဿမာနော =မျက်လုံးနှစ်လုံးဖြင့် တစ်သက်လုံးထွက်အောင် ကြည့်သော်လည်း

န ပဿတိ = ကောင်းစွာ ထင်ထင်မြင်မြင် မသိမြင်နိုင်ပါတကား။

ကဲ -- မြတ်စွာဘုရားက တရားကိုမြင်မှ ဘုရားကိုမြင်မယ်တဲ့။ ဘုရားကလဲ မိမိကိုယ်သာ မိမိ အားထား ကြရ မယ်ဆိုတာ ဟောတော်မူတယ်၊

အတ္တာ ဟိ အတ္တနော နာထော၊

ကော ဟိ နာထော ပရော သိယာ၊

အတ္တနာ ဟိ သုဒန္တေန၊

နာထံ လဘတိ ဒုလ္လဘံ။

အတ္တာ ဟိ= မိမိသာလျှင် အတ္တနော = မိမိ၏ နာထော= ကိုးကွယ်အားထားလေးစားရာတည်း။

ကော ဟိ = ဘယ်လူဘယ်နတ်ဘယ်ဗြဟ္မာ သည် နာထော = ကိုးကွယ်အားထားလေးစားလောက်သော ပရော=မိမိမှတပါး သိယာ=မုချမှန်ကန်စွာရှိချေပါအံ့နည်း။

အတ္တနာဟိ= မိမိသာလျှင် သုဒန္တေန =ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ဆုံးမပဲ့ပြင်သွန်သင်ခြင်းဖြင့်

ဒုလ္လဘံ = ကမ္ဘာကုဋေ သင်္ချေ ကုန်ဆုံးပါလည်း အလွန်တရာ ရနိုင်ခဲသော၊ နာထံ= ကိုးစားလောက်ရာ မဂ် သစ္စာကို၊ လဘတိ = ကောင်းစွာမသွေ ရရှိနိုင်လေသတည်း

 

 

 

 

ပူလောင်နေသော သောကမီးများကို တရားရေအေးတိုက်ကျွေးမှုကြောင့် အေးချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေ၊

 

နန္ဒသစ္စာ၏ ဖိတ်ခေါ်သံ

ကျေးဇူးရှင် ကျောက်တလုံးဆရာတော် ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ အားဦးထိပ်ထား၍ ပူဇော်ကတော့ပါ၏၊

ကျေးဇူးရှင် သံဃာတော်များ အားလုံးကို ဦးထိပ်ထား၍ ပူဇော်ကတော့ပါ၏၊

နိဗ္ဗာန်ဆုတောင်း

အောင်ခြင်းဆုတောင်း

နန္ဒသစ္စာမှ ကြွေးကြော်သံ

နန္ဒာ့ သစ္စာ အလှုရှင်

နန္ဒသစ္စာမှ ဖိတ်ကြားစာ


အမှောင်ထဲမှာ မနေဝင့်တာမို့ 

သာသနာ့အလင်းရောင် ပေးဆောင်ကာ

ကိုယ်ရောစိတ်ခွာ တောမှာလိုနေထိုင်ကျင့်စေဘို့ 

နန္ဒသစ္စာ သိမ်နေရာဝယ်

မနှေးအမြန် ပြေးကာကြွလာကြပါတော့

အို အရိယာ အရှင်သူတော်မြတ်တို့ ဘုရား။

 

 

ကျောက်တလုံးတောရဆရာတော် ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ ၏ ကျေးဇူးတော်ကို ဦးထိပ်ထားလျက်ဤ nandathitsa web site ကို ဓမ္မဒါန အဖြစ်လူဒါန်းပါသည်၊

ဓမ္မစာမျက်နှာများကို မဟာစည်ဆရာတော်၊လယ်တီဆရာတော်၊ သဲအင်းဂူဆရာတော်၊ စွန်းလွန်းဆရာတော်၊ နမားဆရာတော်၊ရွှေဥမင်ဆရာတော်၊ မဟာဗောဓိမြိုင် ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသ ဆရာတော်၊ ကျောက်တလုံး တောရဆရာတော် ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ ၊ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသ ဘိဝံသ ဆရာတော်များ၏ စာအုပ်များ၊ အဘိဓမ္မာစာအုပ်များမှ ထုတ်နူတ်ဖော်ပြထားပါသည်၊ video နှင့် MP3 များကို ကျေးဇူးကြီးလှစွာသောသံဃာတော်ဆရာမြတ်များထံမှဖော်ပြထားပါသည်။

ကျောက်တလုံးတောရဆရာတော် ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ ၏သင်ကြားဆုံးမမူများခံယူ၍ ဘုရား၊တရား၊သံဃာ တို့ ၏ ကျေးဇူးတော် အနန္တ ကို ပူဇော်ကတော့သော အားဖြင့် ဓမ္မစာပေများကို လေ့လာသင်ယူကျင့်သုံးရင်း ဓမ္မမိတ်ဆွေများကို ပါသိနိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်၊

ယခုလိုဗုဒ္ဓမြတ်စွာဘုရားသာသနာတော်နှင့် ကြုံတွေ့ ခိုက်၊ ဆရာသမားကောင်းများရဲ့ အဆုံးအမများနှင့် ဆုံတွေ့ ရခိုက်မှာ ကိုယ့်ရဲ့ စိတ်ထားတွေကို ဖြူသထက်ဖြူအောင် ပြုပြင်သွားရင် အကြောင်း ကုသိုလ်ကံတွေ ကောင်းလာပြီး လောကီမှာ တိုးတက်အောင်မြင်လာသလို လောကုတ္တရာမှာရော အကျိုးများကြရမှာ မလွဲဧကန်ဖြစ်ပါသည်။

(ကျေးဇူးတော်ရှင် ဆားတောင်ဆရာတော်ဘုရား ဦးပညာဏိက)

ဝိပဿနာတရားအားထုတ်ရတာ အလွန်ကောင်းပါတယ်၊အဝတ်လဲပြောင်းစရာမလိုဘူး၊ ဂူလဲအောင်းစရာမလိုဘူး၊  ပုထုစဉ်စရိုက်ဘဲပြောင်းဘို့ လိုပါတယ်၊

ဤဓမ္မစာကြောင်းများကိုဖတ်ရှုရာမှ သံဝေဂဥာဏ်များမြန်မြန်ရ ၍ သဒ္ဓါ၊သတိ၊ဝီရိယ စိတ်များထက်သန်ကာ သတိပဋ္ဌာန်တရားများကို ပွားများအားထုတ်နိုင်ကြပါစေ၊ တဦးတယောက်ချင်း မဂ္ဂင်တရားများ ပွားများ၍ မြတ်စွာဘုရား လိုလားသော မဂ္ဂင်တရားများပွားများခြင်းဖြင့် ဘုရားကို ပူဇော်ကာ သာသနာတော်ကြီး တည်တံ့ခိုင်မြဲအောင် ကြီုးစားဆောင်ရွက်နိုင်ပါစေ၊

ဓမ္မစာမျက်နှာများတွင် မေးသောမေးခွန်းပုစ္စာများကို အမြဲဖြေကြားသူများအား ဓမ္မတရားများကိုစိတ်ဝင်စားသူ သဒ္ဓါတရားထူးထူးခြားခြားရှိသူများ တရားကိုမြတ်နိုးသူများကို နန္ဒသစ္စာမှဒါနပြုလိုပါသည်၊


နိဗ္ဗာန် ဆုတောင်း

ဘုန်းတော် အနန္တ၊ ကံတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ စင်္ကြာဝဋ္ဌာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော် အနန္တ တို့ နှင့်ပြည့်စုံတော်မူသော ဘုရားရှင်အနန္တ၊ တရားတော် အနန္တ၊ သံဃာတော် အနန္တ၊ ပစ္စေကာ ဗုဒ္ဓါ အနန္တ၊ ဓာတ်တော်မွေတော် အနန္တ၊ စေတီပုထိုးတော် အနန္တ၊ ကုဋေကိုးထောင်ကျော် သိက္ခာ ပုဒ်တော်အားလုံး၊ ပိဋိကတ်သုံးပုံ၊ နိကယ်ငါးဖြာ၊ အင်္ဂါကိုးတန်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် အားဖြင့် တဆယ့်သုံး ဋ္ဌါန အားလုံးတို့ သည် ယနေ့ မှစ၍ သီတာ ခုနှစ်တန်၊ တောင်စဉ်ခုနှစ်ထပ် အသင်္ချေ အနန္တ ဆီ ကာဆီး၍စည်းချ ပါ၏။ ထိုစည်းများအတွင်းသို့  ဘုရားမကြိုက်၊ တရားမကြိုက်၊ သံဃာမကြိုက်၊မဂ်မကြိုက်၊ဖိုလ်မကြိုက်သော အကုသိုလ် ကိလေသာ ဝိပက်မှန်သမျှ အနန္တ တို့ သည်ဝင်ခွင့်မရ၊ လာခွင့်မရ၊ သီခွင့်မရ နှိပ်စက်ခွင့်မရကြဘဲ ပါလာသမျှ ဈာပနပြာကျပါစေ သတည်း၊ ရုပ်နာမ်ဓမ္မ သခါင်္ရကို ဘုရားရှင် တိုင်းမြင်ရသလိုမြင်ရပါစေသတည်း၊ အရိယာတိုင်း မြင်ရသလိုမြင်ရပါစေသတည်း၊ ပစ္စေကဗုဒ္ဓါတိုင်း မြင်ရသလိုမြင်ရပါစေသတည်း၊ တွေ့ ရပါစေ မြင်ရသလိုမြင်ရပါစေသတည်း၊ အရှင်မြတ်ကြီးတို့ ဘုရား။

----------------------------------------------------------------------------------------

အတွင်းအောင်ခြင်း၊အပြင်အောင်ခြင်း ဆုတောင်း

မြတ်စွာဘုရား၊မြတ်စွာဘုရား၊မြတ်စွာဘုရား၊

ကြီးမားတေဇာ၊ အာဏာစက်ရှင်၊ ဝရဇိန်သို့ ၊

တောက်ထိန်လျှံညည်း၊ဗျည်းဆီမီးရောင်၊

မှောင်အဝိဇ္ဇာ၊ တဏှာဖုံးပိတ်၊

ဒိဋ္ဌိယူမှား၊မသမာသောသူများ၊

ဝေးစွာပယ်ပ၊ (အဝေရာဟောတု၊အဝေရာဟောတု )

ဘုန်းရှိထွဋ်ထားမြတ်စွာဘုရား၊

ထိပ်မှာခြေတော်ထား၊နားမှာကိုယ်တော်ကျိန်း၊

ခပ်သိမ်းလိုရာရ၊ ကာယဝဇံ မနောချီ ၊

သုံးလီသြကာဿ၊ ယုံကြည်မြတ်နိုး၊

ဘုရားတပည့်တော်၊ ရှိခိုးတန်ခိုးကိုယ်တော်ပြ။



နန္ဒာ့သစ္စာမှ ကြွေးကြော်သံ

ငယ်သာငယ် ကယ်တင်မဲ့သူ့ စကား၊

အများစေတနာ ပယ်မထားပါဘူး၊

တကယ်တရားပြမဲ့ ဆရာသမားများနဲ့ ၊

နန္ဒာ့သစ္စာ တရားဋ္ဌာနေ၊

အများသူငါလေ အမြင်မှန်ရစေဘို့ ၊

တရားအမြင်သန်ကာ ရှင်ပြန်ထလာမှာမို၊့ 

သာသနာ့အလင်းရောင် သတင်းဆောင်၊

ကမ္ဘာလွင့်ပါလို့ တရားသံမစဲရအောင်၊

ဆောင်ရွက်ကြပါစို့ လေး။