Donation
Visitors
Top 52:
Unknown flag 88687 Unknown
United States flag 4036 United States
Ukraine flag 216 Ukraine
Russian Federation flag 106 Russian Federation
India flag 101 India
Myanmar flag 91 Myanmar
France flag 58 France
Israel flag 51 Israel
Japan flag 46 Japan
Germany flag 35 Germany
Romania flag 26 Romania
Netherlands flag 23 Netherlands
Hong Kong flag 22 Hong Kong
Singapore flag 22 Singapore
Thailand flag 20 Thailand
Australia flag 18 Australia
Canada flag 18 Canada
Tokelau flag 17 Tokelau
Bangladesh flag 15 Bangladesh
Malaysia flag 14 Malaysia
Poland flag 11 Poland
United Kingdom flag 11 United Kingdom
Brazil flag 10 Brazil
China flag 10 China
South Africa flag 10 South Africa
Algeria flag 9 Algeria
Indonesia flag 8 Indonesia
Sweden flag 7 Sweden
Belgium flag 4 Belgium
New Zealand flag 4 New Zealand
Serbia flag 4 Serbia
Portugal flag 3 Portugal
Taiwan flag 3 Taiwan
Bosnia Hercegovina flag 2 Bosnia Hercegovina
Ireland flag 2 Ireland
Morocco flag 2 Morocco
Spain flag 2 Spain
Sri Lanka flag 2 Sri Lanka
Vietnam flag 2 Vietnam
Angola flag 1 Angola
Bahrain flag 1 Bahrain
Czech Republic flag 1 Czech Republic
Former Soviet Union flag 1 Former Soviet Union
Hungary flag 1 Hungary
Italy flag 1 Italy
Jersey flag 1 Jersey
Mexico flag 1 Mexico
Montenegro flag 1 Montenegro
Nepal flag 1 Nepal
Norway flag 1 Norway
Philippines flag 1 Philippines
Slovak Republic flag 1 Slovak Republic
93741 visits from 52 countries
Total Hits
Content View Hits : 1530931
ဓမ္မစာမျက်နှာ (၃၈)
ကံ၏အကျိုးကြောင့် စုတေခြင်း နှင့် ပဋိသန္ဓေနေရခြင်း
- -
ကံနှင့် ကံ၏ ပဋိသန္ဓေအကျိုးပေးမှု သဘာဝ
ကာယကံဖြစ်စေ၊ ဝစီကံဖြစ်စေ၊ မနောကံဖြစ်စေ ကံတခုခုပြုလုပ်လိုက်သောအခါ စေတနာ နှင့်ပြုလုပ်ခဲ့လျှင်
ထိုစေတနာစိတ် သည် ဖြစ်၊တည်၊ပျက် (ဥပါဒ်၊ဌီ၊ဘင်) စိတ်၏အသက် သုံးချက်ပြည့်က ချုပ်ပျောက်သွားသော်လည်း
ထိုစေတနာ၏သတ္တိ အာနိသင် သည် ပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျှောက်ပါရှိနေပေသည်။ အခွင့်
သင့်လျှင်သင့်သလို အကျိုးပေးမည်သာ၊ အားကြီးလျှင်အားကြီးသလောက် ကုသိုလ်ကံ၊ အကုသိုလ်ကံစေတနာများ
သည်သူ၏အခွင့်သင့်က ၊ အထောက်အပံ့ရက သင့်တော်သော အချိန် တွင် အကျိုးပေးမည်သာ။
အားကြီးသောစေတနာကံအကျိုးပေးရန်အခွင့်ရနေခြင်း
သေခါနီးအချိန်တွင် ထိုစေတနာကံသတ္တိများထဲမှ အားကြီးသောစေတနာကံတခုသည် စိတ်ထဲတွင်
ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အဖြစ် အာရုံတစ်ခုခုအနေနှင့်ထင်လာပေမည်။ စိတ်ကထိုအာရုံကိုစွဲလန်းနေလျှင်
ထိုကံစေတနာ အကျိုးပေးရန်အခွင့်ရနေခြင်းဖြစ်သည်။
အကျိုးပေးသည်ဆိုသည်မှာ - ကံပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျောက်လိုက်ပါလာနေသော
ကောင်းမှု၊မကောင်းမှု စေတနာ ကံသတ္တိများသည် စုတိသေခြင်းစိတ် ၏နောက်တွင် အတူဖြစ်ဖက်တရား
များနှင့် ထင်ထင်ရှားရှားပေါ်လာခြင်းကို ဆိုလိုပါသည်။
စုတေခြင်း
စုတေခြင်းဆိုသည်မှာ ပစ္စုပ္ပန်ဘဝမှ ပြောင်းရွှေ့ လျောကျခြင်း၊ ( သို့ ) တစ်ဘဝအတွက် သေဆုံးခြင်းဖြစ်သည်။
ဘာကြောင့်သေကြရတာလဲ ?
သေရခြင်းအကြောင်း ၄ မျိုးမှာ သက်တမ်းကုန်၊ ကံကုန်၊ သက်တမ်းနှင့်ကံ နှစ်ခုစလုံးကုန်၊ ပြင်ပပယောဂကြောင့်
သေကြရသည်။ (မရဏုပ္ပတ္တိစတုက္က )
၁- သက်တမ်းကုန်၍ သေရခြင်း ( အာယုက္ခယ မရဏ)
၂- ကံစွမ်းကုန်၍ သေရခြင်း ( ကမ္မက္ခယ မရဏ)
၃- သက်တမ်း၊ ကံစွမ်း ၂ ပါးကုန်၍ သေရခြင်း ( ဥဘယက္ခယ မရဏ)
၎- သက်တမ်း၊ ကံစွမ်း မကုန်သေးသော်လည်း ရှေးရှေးကပြုခဲ့သော ကံဆိုးကဖြတ်ချ၍ သေချိန်မကျသေးဘဲ
လတ်တလောသေရခြင်း( ဥပစ္ဆေဒက မရဏ )
-- အသက် ၇၅ နှစ်တွင်သေဆုံးခြင်း--
၁- သက်တမ်းကုန်၍ သေရခြင်း ( အာယုက္ခယ မရဏ)-
ဆီရှိသေးသော်လည်း မီးစာကုန်၍ မီးငြိမ်းရသည်နှင့်တူသည်။ ကံအရှိန်ရှိသေးသော်လည်း သက်တမ်းစေ့၍
သက်တမ်းကုန်၍ စုတေရသည်ကများ၏။ ဘုရားလက်ထက်အခါက သက်တမ်းတစ်ရာဖြစ်၏။ အရှင်အာနန္ဒာ၊
အရှင်မဟာကဿဖ၊ဝိသာခါတို့ သည် အသက် ၁၂၀ ရှည်ကြသည်။ ယခုအခါ ၇၅ နှစ်သက်တမ်းဖြစ်သည်။
-- အသက် ၅၀ တွင်သေဆုံးခြင်း---
၂- ကံစွမ်းကုန်၍ သေရခြင်း ( ကမ္မက္ခယ မရဏ)-
မီးစာရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းရသည်နှင့်တူသည်။ ဇနကကံကြောင့်ပဋိသန္ဓေအကျိုးရပြီး ထိုရလာသော
ခန္ဓာကိုတည်တံ့အောင် ထောက်ပံ့ပေးသော ဥပတ္ထက ကံများ၏ အစွမ်းသတ္တိကုန်ခမ်း၍ သေရခြင်းကို ခေါ်သည်။
အချို့ သောနတ်ဗြဟ္မာစုတေခြင်းသည် ကမ္မက္ခယ မရဏ ကို ပုညက္ခယ = ကောင်းမှုကံကုန်ခြင်းကြောင့်စုတေခြင်းဟု
ခေါ်သည်။
--- အသက် ၁၀၀ တွင် သေဆုံးခြင်း ---
၃- သက်တမ်း၊ ကံစွမ်း ၂ ပါးကုန်၍ သေရခြင်း ( ဥဘယက္ခယ မရဏ)-
မီးစာ နှင့် ဆီ နှစ်မျိုးလုံးကုန်၍မီးငြိမ်းရသည်နှင့်တူသည်။
အထက်ပါသေခြင်း ၃ မျိုးသည် အချိန်ကျ၍ သေရခြင်းကြောင့် ကာလမရဏဟုခေါ်သည်။ အသက်ရှည်၊ ကံရှည်၊
အသက် ကံနှစ်ပါးစလုံးရှည်နိုင်သောအကျိုးကို ပုဂ္ဂိုလ်မြတ်တို့ ကိုဆည်း ကပ်ရှိခိုးပူဇော်ပါက ရနိုင်သည်။
အသက်ရှည်လိုလျှင် ကံကိုပြင်
ဒိဃာဝုသတို့ သားကို အကြောင်းပြု၍ ဓမ္မပဒပါဋ္ဌိတော်၌ ဟောတော်မူခဲ့သည်မှာ”အဘိဝါဒန သီလိဿ၊
နိစ္စံ ဝုဎုာပစာယိနော၊စတ္တာရော ဓမ္မာဝဎုန္တိ၊ အာယုဝဏ္ဏောသုခံ ဗလံ။”
ဘုရား အစရှိသော မိဘ၊ ဘိုးဘွားဆရာသမားတို့ ကို အမြဲရိုသေစွာရှိခိုးလေ့ရှိသူ၊ အသက်ကြီးသူ၊ ဂုဏ်ကြီးသူ
ကျေးဇူးအထူးရှိသောပုဂ္ဂိုလ် တို့ ကိုအမြဲမပြတ် ဆည်းကပ် ရိုသေလေ့ရှိသော ပုဂ္ဂိုလ် သည် အသက်ရှည်ခြင်း၊
အဆင်းလှခြင်း၊ ကာယ၊စိတ္တသုခနှစ်ဖြာ -ချမ်းသာခြင်း၊ ကာယ၊ ဥာဏ ဗလနှစ်ဖြာပြည့်ဝခြင်း၊ထိုလေးပါး
ကုန်သောအကျိုးတရား တို့ တိုးပွားလာကြကုန်၏။ပရိတ်ရွတ်ခြင်း၊ ရတနာသုံးပါးကို ကြည်ညိုခြင်း၊ ကုသိုလ်
ကောင်းမှုများပြုလုပ်ခြင်းဖြင့် အားပေးအားယူစစ်ကူကောင်းလျှင်ဥပစ္ဆေဒကကံ ဖြင့်သေခြင်းကိုတားမြစ်နိုင်သည်။
------
၎- သက်တမ်း၊ ကံစွမ်း မကုန်သေးသော်လည်း ရှေးရှေးကပြုခဲ့သော ကံဆိုးကဖြတ်ချ၍ သေချိန်မကျသေးဘဲ
လတ်တလောသေရခြင်း ( ဥပစ္ဆေဒက မရဏ )-
မီးစာနှင့် ဆီနှစ်မျိုးလုံးရှိသော်လည်း ပြင်ပလေပြင်းတိုက်၍ဖြစ်စေ၊ တမင်ငြိမ်းသတ်မှုကြောင့်ဖြစ်စေ
မီးငြိမ်းရသည်နှင့်တူသည်။
ရှေးဘဝကဖြစ်စေ၊ ယခုဘဝကဖြစ်စေ ကျုးလွန်မိသော ကံဆိုးတစ်ခုခုကဝင်၍ ဖြတ်ခြွေခံရလျှင်
ထိုဥပဃာတကံကိုပင် ဥပစ္ဆေဒက ကံဟုခေါ်သည်။ သေချိန်မကျသေးဘဲ သေရသောကြောင့်
အကာလ မရဏဟုခေါ်သည်။
ဥပစ္ဆေဒက ကံကြောင့်သေခြင်း ( ၁၄) မျိုးမှာ
၁) အစာငတ်သေခြင်း ၂) ရေငတ်သေခြင်း
၃)မြွေကိုက်သေခြင်း
၎) အဆိပ်သင့်သေခြင်း
၅) မီးလောင်သေခြင်း ၆) ရေနစ်သေခြင်း
-၊-
၇) လက်နက်ထိသေခြင်း
-
၈)လေနာကြောင့်သေခြင်း ၉) သည်းခြေနာဖြင့်သေခြင်း ၁၀)သလိပ်နာ၊၁၁) လေ ၊သည်းခြေ
၊သလိပ်တို့ ၂ ပါးဖြစ်စေ၃ ပါးဖြစ်စေဖောက်ပြန်သော ငန်းဖမ်းရောဂါ၊
၁၂) ဥတုဖောက်ပြန်၍ဖြစ်သောအနာရောဂါ၊
၁၃ ) မိမိကိုယ်ကိုကျမ်းမာအောင် နေထိုင်စားသောက်မှုမပြုတတ်၍သေခြင်း၊
- လောဘ၊ မောဟစိတ်ဖြင့်အစားလွန်သေခြင်း
၁၄) သူတစ်ပါးအသတ် ( သို့ ) မိမိကိုယ်ကိုမိမိ ဒေါသ၊သောက၊ ပရိဝေဒကြောင့် သတ်သေခြင်း
ကိုယ့်ကိုယ်ကိုသတ်သေခြင်း
ဟူ၍ ဥပစ္ဆေဒက ကံကြောင့် သေခြင်း ၁၄ မျိုးရှိသည်။
ဥပစ္ဆေဒက ကံ ၃ မျိုး တွင်-
ဥပစ္ဆေဒက သည်ဇနကကံထက် အားနည်းပါက - အခွင့်ရမှအကျိုးပေးကာ၊ အခွင့်မရမရကအကျိုးမပေးနိုင်၊
ဥပစ္ဆေဒက သည်ဇနကကံထက် အားအင်တူပါက-ပရိတ်ရွတ်ခြင်း၊ ရတနာသုံးပါးကို ကြည်ညိုခြင်း၊ ကုသိုလ်
ကောင်းမှုများပြုလုပ်ခြင်းဖြင့်အားပေးအားယူစစ်ကူကောင်းလျှင် ဥပစ္ဆေဒကကံ ဖြင့်သေခြင်းကိုတားမြစ်နိုင်သည်။
ရောဟနီမင်းသမီးလေးသည် ကျောင်းဆောက်လှုဒါန်းသော ကုသိုလ်ကောင်းမှုကြောင့်အနာကြီးရောဂါ
ဥပစ္ဆေဒကကံဖြင့်သေခြင်းကိုတားမြစ်နိုင်ခဲ့ သည်။
ဥပစ္ဆေဒက သည်ဇနကကံထက် အလွန်အားအင်ကြီးပါက-ထိုသေခြင်းမှရှောင်ကွင်း၍လွတ်နိုင်သောအခွင့်
မရှိပေ၊အရှင်မောဂ္ဂလာန်သည်ခိုးသားများသတ်ဖြတ်ခြင်းမှ မလွတ်နိုင်သည်မှာ ထိုဥပစ္ဆေဒက ကံ အားကြီး
လွန်းသောကြောင့်ဖြစ်သည်။
စုတိစိတ်-ဘဝတခု၏နောက်ဆုံးစိတ်
စုတေခါနီးတွင်မှီရာဝတ္ထုအားနည်းသောကြောင့် ဇော(၅)ကြိမ်သာစောနိုင်သည်။ထိုသေခါနီးမှာစောသော
ဇောကို”မရဏာသန္နဇော” ဟုခေါ်သည်။ သေခါနီးတွင်ယခုဘဝ သို့ မဟုတ် ယခင်ဘဝများမှပြုလုပ်ခဲ့သော
ကံများ၏စွမ်းအားကြောင့်စိတ်ထဲတွင်အိပ်မက်မက် သကဲ့သို့ အာရုံတခုပေါ်လာမည်။ ကံ၊ကမ္မနိမိတ်၊
ဂတိနိမိတ် အာရုံတခုခုပေါ်လာသည်။
ကံအရှိန်ရှိနေသေးအမျှကာလပတ်လုံး အသက်ရှင်နေစေရန် ဝီထိစိတ်များအကြားတွင် ဘဝင်စိတ်များ
ဆက်ကာဆက်ကာဖြစ်နေရသည်။
ကံအရှိန်ကုန်သောအခါ ဘဝင်စိတ်များ မဖြစ်တော့ဘဲ အဆုံးသတ်သွားသည်။ ထိုသို့ အဆုံးသတ်
သွားသောဘဝင်စိတ်ကိုပင် စုတိစိတ်ဟုခေါ်သည်။ စုတိစိတ်သည် ဘဝတခု၏နောက်ဆုံးစိတ်ဖြစ်သည်။
စုတေခါနီးနိမိတ်အာရုံထင်လာပုံ၊
သေခြင်း ၄မျိုးတွင် တစ်မျိုးမျိုးကြောင့်သေဆုံးကြရသည့် သတ္တဝါတို့ သည်သေခါနီးကာလဝယ် ကံ၊
ကမ္မနိမိတ်၊ဂတိနိမိတ်-အာရုံတစ်ပါးပါးသည် ကံ၏အစွမ်းကြောင့် ဒွါရ ၆ ပါးအနက် တစ်ပါးပါးတွင်
ထိုက်သလောက်ဝင်လာလေ့ရှိသည်။ ထိုနိမိတ်ကို မရဏာသန္န နိမိတ် ခေါ်သည်။
ထိုသို့ နိမိတ်ထင်လာခြင်းသည် ဘဝသစ်၏ ပဋိသန္ဓေအကျိုး ကို  ပေးမည့် ကုသိုလ်ကံ (သို့ )
အကုသိုလ်ကံတစ်ပါးပါး ရှေ့ ရှုထွက်ပေါ်လာခြင်းဖြစ်သည်။ ဘုရား၊ ရဟန္တာမှလွဲ၍ မည်သည့်
သတ္တဝါသေသေ နိမိတ် သုံးပါးအနက် တစ်ပါးပါးကို ထင်ပြီးမှသေရရိုး ထုံးစံရှိသည်။
ကံ အာရုံ
--ကံအာရုံ - --
-                                      -ကုသိုလ်ကံရတနာသုံးပါးဆည်းကပ်ပူဇော်နေပုံ   -   အကုသိုလ်ကံ သားကောင်များပစ်သတ်နေပုံ
ယခုပင်ကုသိုလ်ပြုလုပ်နေသကဲ့သို့ ဘုရားရှစ်ခိုးနေပုံ(သို့ ) ယခုအကုသိုလ်ပြုနေသကဲ့သို့ အမဲလိုက်
နေပုံများထင်လာပေမည်။အတိတ်ကာလဖြစ်သဖြင့်မနောဒွါရ၌သာထင်နိုင်သည်။
ကမ္မနိမိတ်
-ကမ္မနိမိတ်----      --
-                               -ကုသိုလ်ကံ ဘုရားပန်းများအာရုံထဲထင်လာပုံ - အကုသိုလ်ကံ သားသတ်လက်နက်များ မြင်လာပုံ
ကုသိုလ်ကမ္မနိမိတ်အဖြစ်ဘုရားပန်းများထင်လာပုံ(သို့ )အကုသိုလ်ကမ္မနိမိတ်အဖြစ်အမဲလိုက်
လက်နက်များမြင်လာမည်။အတိတ်ကမ္မနိမိတ် သည်မနောဒွါရတွင် ထင်လာမည်၊ ပစ္စုပ္ပန်
ကမ္မနိမိတ်သည် ခြောက်ဒွါရတွင်ထင်နိုင်သည်။
ဂတိနိမိတ်
-ဂတိနိမိတ်- -
-                                           -ကုသိုလ်ကံကြောင့်လူဖြစ်မည့် မိခင်သားအိမ်မြင်လာပုံ    - အကုသိုလ်ကံကြောင့် ငရဲမီးများမြင်လာပုံ
ကုသိုလ်ဂတိနိမိတ်ကြောင့်လူ့ ပြည်ရောက်မည်ဆိုလျှင် နီမြန်းသောကမ္ဗလာအဆင်းနှင့်တူသော
အမိဝမ်းရည်မြင်ပုံ(သို့ )အကုသိုလ် ဂတိနိမိတ်ကြောင့် ငရဲရောက်မည်ဆိုလျှင် ငရဲမီးများမြင်လာမည်။
အနီးသို့ ရောက်လာသောဂတိနိမိတ်သည်ခြောက်ဒွါရလုံး၌ထင်နိုင်သည်။ (နတ်ရထားများမြင်တွေ့ 
သကဲ့သို့ )၊ အဝေးကွယ်ခြားရာ၌တည်သောဂတိနိမိတ်မှာမူ  မနောဒွါရ၌သာထင်လာမည်။
မိုးကုတ်ဆရာတော်ဘုရားကြီး(ရဟန္တာ)
စုတေခါနီး၌နိမိတ်၃ ပါးမထင်သူများ
၁---ရဟန္တာများသည်စုတေပြီးနောက်ဘဝအသစ်မဖြစ်တော့သဖြင့်ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ်များ
မထင်။ ဆင်ခြင်နေကျဖြစ်သောရုပ်နာမ်သာထင်လာ၏။
---- ရဟန္တာဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက်စုတိစိတ်ကျသော သမသီသီ ရဟန္တာပုဂ္ဂိုလ်၏မရဏာ
သန္နဇောသည်အရဟတ္တမဂ်၊အရဟတ္တဖိုလ် တစ်ခုခုကိုအာရုံပြုသည်။
၂--(၁)--ဈာနလာဘီရဟန္တာအချို့ ဈာန်သမာပတ်အဆုံး၌ပရိနိဗ္ဗာန်စံလျှင်ဆိုင်ရာဈာန်၏
အာရုံဖြစ်သောကသိုဏ်းပညတ်ထင်လာ၏။ ထိုဈာန်ဇောသည်ပင်မရဏာသန္နဇောဖြစ်၏၊
၂---(၂)--ဈာန်အင်္ဂါကိုဆင်ခြင်သောပစ္စဝေက္ခဏာဝီထိအဆုံး၌ပရိနိဗ္ဗာန်စံလျှင်ပစ္စဝေက္ခဏာဇော
သည်မရဏာသန္နဇောဖြစ်၏၊ဈာန်အင်္ဂါသည်မရဏာသန္နဇော၏အာရုံဖြစ်၏။
ဂေါတမမြတ်စွာ ဘုရား၏မရဏာသန္နဇောသည်ဈာန်အင်္ဂါကိုအာရုံပြုသည်။
၂---(၃)--အဘိညာဉ်၏အခြားမဲ့၌ပရိနိဗ္ဗာန်စံလျှင် အဘိညာဉ်၏အာရုံဖြစ်သောခန္ခာကိုယ်
ထင်လာ၏။ မိမိကိုယ်တွင်း၌ရှိသောတေဇောဓာတ်ကိုအာရုံပြု၏။
၃---အသညသတ်ဘုံမှဗြဟ္မာများသည်နိမိတ်ထင်ရန်နာမ်မရှိသောကြောင့် စုတေခါနီး၌
နိမိတ်မထင်နိုင်ကြပါ။
ဘဝကူးပုံ
သေခါနီးအခါစိတ်၏မှီရာဟဒယနှစ်လုံးသည် အလွန်အားနဲနေပြီးဖြစ်သဖြင့်စိတ်သည်ပေါ်လာေ
သာနိမိတ်အာရုံပေါ်မှခွါရန်အလွန်ခက်ခဲ၏၊
ထို့ ကြောင့်ကောင်းသောနိမိတ်(သို့ ) မကောင်းသောနိမိတ်ထင်လာလျှင်စိတ်သည်ပေါ်လာသော
ထိုအာရုံပေါ်ကိုင်းညွှတ်တတ်၏။
ကောင်းသောနိမိတ်ကိုကိုင်းညွှတ်၍ သေလျှင်သုဂတိဘုံသို့ ရောက်ရ၍ မကောင်းသောနိမိတ်ကို
ကိုင်းညွှတ်သေလျှင် ဒုဂ္ဂတိဘုံသို့ရောက်ရမည်။
- အမေ တရားမှတ်နော် ကုသိုလ်တွေလုပ်ခဲ့တာသတိရနော်
သို့ သော်ရုတ်တရက်မကွယ်လွန်သေးသောလူနာဖြစ်ပြီးလျှင်ဆွေမျိုးမိတ်ဆွေသူတော်ကောင်းများ
ကသေခါနီးအခါတွင်သတိပေးစောင့် ရှောင့် ကူညီပေးမှုဖြင့်ကောင်းသောအာရုံကိုပြောင်းပေးနိုင်ပါက
သုဂတိသို့ ရောက်နိုင်ခဲ့သော အဖြစ်များရှိခဲ့ဘူးသည်။
ဥပမာ-ရဟန္တာအရှင်သောဏ၏ခမည်းတော်သည်မုဆိုးအလုပ်ဖြင့်အသက်မွေးခဲ့ရာသေခါနီးအခါ၌
ငရဲဂတိနိမိတ်ထင်လာ၏။
ထိုအခါသားတော်ရဟန္တာသည်ကုသိုလ် ကောင်းမှု များပြုပေးပြီးသတိပေးလိုက်သဖြင့်ကောင်းသော
နိမိတ်များထင်လာကာ နတ်ရွာသုဂတိ သို့ ရောက်သွားရ၏။
သေခါနီးနိမိတ်ကောင်းထင်၍ စိတ်ကောင်းဝင်ရန်အသိဥာဏ်ရှိသောမိတ်ဆွေကောင်းရှိရန်လိုအပ်
သည်။
မရဏာသန္နဝီထိ
ဘဝကူးလုခါနီးတွင် မရဏာသန္နဝီထိကျရမြဲဖြစ်သည်။ ယခုဘဝ (သို့ )ယခင်ဘဝများက ပြုလုပ်ခဲ့သော
ကုသိုလ်ကံ၊အကုသိုလ်ကံများ၏ အကျိုးဝိပါက်ကံ၏အစွမ်းကြောင့်ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ် ၃ ပါးအနက်
တစ်ပါးပါးသောနိမိတ်သည်ပဉ္စဒွါရ နှင့် မနောဒွါရတို့ တွင် ထင်လာသည်။
မရဏာသန္နဝီထိ ဖြစ်သောအချိန်တွင်စိတ်များနှင့်ဟဒယဝတ္တုတို့ သည်ခွန်အားလျော့နည်းနေသည့်
အတွက် ဇော ၅ ကြိမ်သာစောနိုင်တော့ သည်။ မရဏာသန္နဇောသည် အာရုံထင်စေသောကိစ္စသာဆောင်
ရွက်နိုင်သည်။ ပဋိသန္ဓေ အကျိုးပေးသောကိစ္စကိုမဆောင်ရွက်နိုင်ပါ။
ပဉ္စဒွါရတွင် မရဏာသန္နဝီထိ ၄မျိုး ဖြစ်ပုံ
တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ရုံ ရုံ ဘဝင်  စုတိ ပဋိသန္ဓေ ဘဝင်၁၅-၁၆  မ  ဘဝနိကန္တိကလောဘဇော
တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ရုံ ရုံ စုတိ ပဋိသန္ဓေ ဘဝင်၁၅-၁၆  မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘဝင်
တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဘဝင် စုတိ ပဋိသန္ဓေ ဘဝင်၁၅-၁၆ မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘဝင်
တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ  စုတိ ပဋိသန္ဓေ ဘဝင်၁၅-၁၆  မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘဝင်
မနောဒွါရ၌ မရဏာသန္နဝီထိ ၄ မျိုး ဖြစ်ပုံ
န ဒ မ ဇ ဇ ဇ ဇ ဇ ရုံ ရုံ ဘဝင် စုတိ ပဋိသန္ဓေ ဘဝင် မ  ဘဝနိကန္တိကလောဘဇော ၇ ကြိမ် ဘဝင်
န ဒ မ ဇ ဇ ဇ ဇ ဇ ရုံ ရုံ စုတိ ပဋိသန္ဓေ ဘဝင် မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘဝင်
န ဒ မ ဇ ဇ ဇ ဇ ဇ ဘဝင် စုတိ ပဋိသန္ဓေ ဘဝင် မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘဝင်
န ဒ မ ဇ ဇ ဇ ဇ ဇ  စုတိ ပဋိသန္ဓေ ဘဝင် မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘဝင်
ဗြဟ္မဘုံသို့ ရောက်မည်ပုဂ္ဂိုလ်၏မရဏာသန္နဝီထိတွင် တဒါရုံမကျနိုင်၊
တီ =အတီတဘဝင် န= ဘဝင်္ဂစလန ဒ= ဘဝင်င်္ဂုပစ္ဆေဒ   ပ =ပဉ္စဒွါရဝဇ္ဇန်း  စ = စက္ခုဝိဥာဏ်  သံ= သမ္ပဋိစ္ဆိုင်း   ဏ=သန္တီရဏ  ဝု=ဝုဋ္ဌော
ဇ = ဇော ရုံ = တဒါရုံ    မ= မနောဒွါရဝဇ္ဇန်း
ဘဝနိကန္တိကလောဘဇော ၇ ကြိမ် ဆိုသည်မှာ
ဘဝသစ်၌ ပဋိသန္ဓေစိတ်တစိတ်ဖြစ်ပြီးဘဝင် ၁၅-၁၆ ကြိမ်ကျ၍မနောဒွါရ၌ ဘဝသစ်၏ ခန္ဓာအာရုံထင်ပြီး
ထိုထင်လာသောခန္ဓာကိုအာရုံပြုလျက် မနောဒွါရာဝဇ္ဇန်းစိတ် ၁ ကြိမ်ဖြစ်ကာ” ငါသည်ဘဝသစ်ခန္ဓာကို
ရပေပြီ” ဟုဝမ်းသာအားရနှစ်သက်သောလောဘဇော၇ ကြိမ်ဖြစ်ခြင်းကိုဆိုလိုသည်။
ထိုဘဝနိကန္တိကလောဘဇော စိတ်လည်းချုပ်ပြီးနောက် ဘဝင်များတစ်ခုပြီးတစ်ခု ကံ၏ အစွမ်းဖြင့်
စုတိစိတ်တိုင်အောင် ဘဝတစ်လျောက် လုံးဖြစ်နေလေတော့သည်။
ပဋိသန္ဓေစိတ်
ပဋိသန္ဓေစိတ်ဆိုသည်မှာဘာလဲ?
အကျိုးဝိပါက်စိတ်များပင်ဖြစ်သည်။
ဘာ့ကြောင့်ပဋိသန္ဓေစိတ်ဟုခေါ်ရတာလဲ?
ဘဝအဟောင်းနှင့်ဘဝအသစ် အကြားကိုပေါင်းစပ်ဆက်သွယ်ပေးသောကြောင့် ပဋိသန္ဓေစိတ်ဟု
ခေါ်ကြသည်။
ဘာ့ကြောင့် ပဋိသန္ဓေစိတ်ဖြစ်ရတာလဲ?
ကာမတဏှာ၊ဘဝတဏှာ၊ဝိဘဝတဏှာ ဟူသောတဏှာ အရင်းခံကာကုသိုလ်၊အကုသိုလ်များပြု
လုပ်ခဲ့သောကံများ၏အကျိုးဝိပါက်စိတ်များသည်ဘဝအသစ်ဖြစ်စေသည်။
ရှေးကမိမိပြုလုပ်ခဲ့သော အဝိဇ္ဇာနှင့် တဏှာမကင်းသော ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော
သင်္ခါရကိုပြုမိခဲ့ခြင်းကြောင့်စုတိပြီးသည်နှင့် ကာလမခြားဘဲ အကျိုးဝိပါက်ကံများ၏အစွမ်းကြောင့်
မရဏသန္နဇောကယူသောကံ၊ကမ္မနိမိတ်၊ ဂတိနိမိတ်တစ်ပါးပါးကို အာရုံပြု၍ဘဝသစ်တွင်
ပဋိသန္ဓေစိတ်ဆက်တိုက်ဖြစ်လာရသည်။
ဘဝဟောင်းချုပ်၍ ဘဝသစ်ကိုကူးပြောင်းသွားသည်ဆိုသည်မှာ - စိတ်ဖြစ်စဉ် (စိတ္တသန္တတိ)
အစဉ်အတန်းမှာမူတစ်ဆက်တည်း တစ်ခု တည်း ဖြစ်၏။
-သေပြီးမွေးရာဒိဋ္ဌိဖြုတ်ပါ
သေပြီးမွေးတာမှာ ဒိဋ္ဌိဖြုတ်ကြပါ
သေပြီးနောက်တွင်ဘဝအသစ်ပြန်ဖြစ်ခြင်းနှင့်ပတ်သက်၍ ရှေးဘဝကနာမ်ဝိဥာဏ်သည် ဘဝအသစ်သို့ 
ဆက်လက်ပါလာသည်ဟုယူဆလျှင် သတ္တဝါသည်မပြတ်မဆဲ အမြဲတည်နေသည်ဆိုသည့်သဘောသက်
ရောက်သွားသည်။ (သဿတဒိဋ္ဌိ)
ဘဝအသစ်သည်ယခင်ဘဝကဖြစ်ခဲ့သည် နာမ်ဝိဥာဏ်နှင့် ဘာမှမဆိုင်ဘူးဟုယူဆလျှင် သတ္တဝါသည်
သေပြီးသည့်နောက်ဘာမှမဖြစ်တော့ ဘူးပြတ်စဲသွားသည်ဆိုသော သဘောသက်ရောက်သွားသည်။
(ဥစ္ဆေဒ ဒိဋ္ဌိ)
ဥပမာ-ဆီမီးတစ်ခုနှင့် ဆီမီးတစ်ခု ကိုကူးသောအခါ ဒုတိယ မီးသည် ပထမ မီးမဟုတ်သလို၊ ပထမမီး
မရှိဘဲနှင့်လည်း ဒုတိယမီးမဖြစ်နိုင်သကဲ့သို့ ။
နောက်ဥပမာ ဆိုရလျှင် တောင်အနားတွင် အော်ဟစ်သောအခါ ထွက်ပေါ်လာသည့်အသံသည်တောင်နံရံ
ကိုထိခိုက်ပြီး ” ပဲ့တင်သံ”ဖြစ်ပေါ်လာသည်။ ထိုပဲ့တင်သံသည်မူလအော်သံမဟုတ်သကဲ့သို့ မူလအော်သံနှင့်
လည်းကင်းပြီး၍မဖြစ်နိုင်ချေ။
ဤကဲ့သို့ ပင် သတ္တဝါတစ်ဦး သေဆုံးသောအခါ ဘဝဟောင်းမှ ရုပ်တရားနာမ်တရားများသည်
ချုပ်ပျောက်ပြီးဖြစ်သောကြောင့်ဘဝအဟောင်းမှရုပ်တရားနာမ်တရားများ သည်ဘဝအသစ်
သို့ တိုက်ရိုက်ကူးပြောင်းလာသည်မဟုတ်။ သို့ သော်ဘဝအသစ်တွင်ဆက်လက်ဖြစ်လာသောရုပ် နာမ်
တရားများသည် ဘဝဟောင်းမှ အဝိဇ္ဇာ၊တဏှာ၊အင်္ခါရစသော အကြောင်း တရားများနှင့်
ကင်း၍လည်းမဖြစ်နိုင်ဆိုသည့်အချက်ကို မှတ်သားထားရမည်။
ပဋိသန္ဓေစိတ်သည်အလိုအလျောက်ဖြစ်ပေါ်လာသည်မဟုတ်။သူတပါးဖန်ဆင်းလိုက်သည်လည်း
မဟုတ်။ ရှေးဘဝ(သို့ ) ယခုဘဝမှပြုလုပ်ခဲ့သောကုသိုလ်ကံ၊ အကုသိုလ်ကံတစ်ခုခု မှအကျိုးပေး
၍ဖြစ်ပေါ်လာသည်ဟုနားလည်သင့်သည်။
ဘဝင်စိတ်-
ပဋိသန္ဓေစိတ်တကြိမ်ဖြစ်ပြီးတဲ့နောက်မှာ ထိုစိတ်နှင့် သဘာဝတူသော ဝိပါက်စိတ်အစဉ်များ ဆက်ပြီးဖြစ်
ကာ အသက်ဆက်လက်ရှင်သန် နေရသည်။ထိုဝိပါက်စိတ်အစဉ်သည် ကံအရှိန်ရှိနေသေးသမျှ ကာလ
ပတ်လုံး ဆက်ကာဆက်ကာဖြစ်လိုက်ပျက်လိုက်ြဖင့်နေသည်။
ပဋိသန္ဓေစိတ်တခု ဖြစ်ပြီးပျက်သွားပြီး နောက်ဒုတိယစိတ်တခုသည်ကံ၏စွမ်းအားဖြင့်ထပ်ပေါ်လာသည်။
ထိုဒုတိယစိတ်သည်ပဋိသန္ဓေစိတ်၏ အာရုံအတိုင်း ကံ၊ကမ္မနိမိတ်၊ ဂတိနိမိတ်တခုခုသောအာရုံကိုယူကာဖြစ်
လာသောထိုစိတ်ကို”ဘဝင်စိတ်” ဟုခေါ်သည်။
ထိုဒုတိယဘဝင်စိတ်ဖြစ်ပြီးပျက်သွားပြန်၊ တဖန်နောက်ဘဝင်စိတ်များထပ်ထပ်ပေါ်လာပြန်သည်။
ထိုဘဝင်စိတ်များသည်မသေမချင်း၊ ဝီထိစိတ်များ မဖြစ်သောအခါ၊ အိပ်နေသောအခါ ကံ၏စွမ်းအားဖြင့်
ထိုဘဝင်စိတ်တစ်ခုဖြစ်ပြီးပျက်သွား လိုက် နောက်တစ်ခုဘဝင် စိတ်ဖြစ်လာလိုက်ပျက်သွားလိုက်နှင့်
ဖစ်ပျက်အစဉ်ကြီးသာသွားနေသည်။
နောက်ဆုံးစုတိကျသည်အထိအောင်မရပ်မနားသွားနေပေသည်။
ထိုဘဝင်စိတ်သည်မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်မှလာသောအာရုံများနှင့်လည်းမဆက်သွယ်၊စိတ်ကူးစိတ်
သန်းများနှင့်လည်းမဆက်သွယ်ပါ။
ပစ္စုပ္ပန်အာရုံတွေရဲ့စွမ်းအားတွေမပါဘဲ အတိတ်ဘဝက ”ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ်”အာရုံတစ်ခုခုကိုသာ
သိနေသည်။
ထိုဘဝင်စိတ်ကိုပင် မနောဒွါရ (mind door) ဟုခေါ်သေးသည်။ ထိုအခြေခံစိတ်-ဘဝင်စိတ်မရှိဘဲနှင့်
ဝီထိစိတ်များ
မဖြစ်နိုင်ပါ၊ဝီထိမုတ်စိတ် Thought free: process free ဟုလည်းခေါ်သေးသည်။
ကံတရားကြောင့်အကျိုးပေါ်သောစိတ် နှစ်နေရာရှိသည်။
ပဋိပန္ဓေတွင်တစ်ခါ၊ ပဝတ္တိတွင်တစ်ခါ ထုတ်လုတ်သည်။ ပဋိပန္ဓေအခါတွင် တစ်ခါသာထုတ်၍၊ ပဝတ္တိ
အခါတွင် ကံကဆက်ပြီးထုတ်လုပ်သောဘဝင်စိတ် တစ်ခုထက်ပို၍ထုတ်သည်။ပစ္စုပ္ပန်အကြောင်းတရား
များနှင့်ပေါင်းပြီးကာမှထုတ်လုပ်သည်။
ပဝတ္တိဆိုသည်မှာ-ပဋိပန္ဓေစိတ်ဖြစ်ပေါ်ချိန်မှစုတိစိတ်မဖြစ်ပေါ်ခင်အထိ အချိန်ကာလကိုဆိုလိုသည်။
ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ် တို့ သည် တစ်မျိုးတည်းဖြစ်၍ တစ်မျိုးတည်းသော အာရုံကိုယူကြ
သည်။ဆောင်ရွက်ပုံကိစ္စအစွမ်းကိုလိုက် ၍သာ  အမည်ကွဲခြင်းဖြစ်သည်။
ဘဝင်စိတ်အစဉ်သည် ဝီထိစိတ်မဖြစ်သောအခါ စုတိစိတ်တိုင်အောင် ဘဝတစ်လျောက်လုံးဖြစ်နေ
သည်။ ဘဝနိဂုံးချုပ်သောအခါ ထိုစိတ်ကိုပင်စုတိစိတ် ဟုခေါ်သည်။
အရှင်းဆုံးပြောရလျှင် - ဘဝင်စိတ်သည် မသိစိတ် (unconscious mind) နှင့်တူ၏၊
ဝီထိသည် သိစိတ်နှင့် (conscious mind) တူ၏၊
တီ =အတီတဘဝင် = လွန်လေပြီးသောဘဝင်
န= ဘဝင်္ဂစလန = လှုပ်ရှားသွားသောဘဝင်
ဒ= ဘဝင်င်္ဂုပစ္ဆေဒ = ပြတ်စဲသောဘဝင်
သံသရာစက်လည်ပုံ
ရဟန္တာမဖြစ်သေး၍ ဘဝဇာတ်မသိမ်းသေးလျှင်  တစ်ဘဝ၏စုတိစိတ်ချုပ်ပြီးသည့်နောက်
အကြားမရှိ အခြားမဲ့ဘဝ၌ အသစ်အသစ်သော ပဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာရသည်။
ဤကဲ့ သို့ စုတိစိတ်ချုပ်ပြီး ပဋိသန္ဓေစိတ်ဟူ၍ ရထားဘီးလည်သကဲ့သို့ စိတ်အစဉ်သည်
ဆက်ကာဆက်ကာဖြစ်နေသည်ကို ”သံသရာစက်လည်သည်”ဟုခေါ်ဆိုသည်။
ပစ္စုပ္ပန်ကာလ ယခုဘဝအစ၌ ပဋိသန္ဓေစိတ်ဖြစ်ပြီးနောက်အသက်ရှင်နေသမျှ ဘဝင်စိတ်နှင့်
ဝီထိစိတ်များအဆက်မပြတ်ဖြစ်ပြီး ယခုဘဝအဆုံး၌ စုတိစိတ်ဖြစ်သည်။  ပဋိသန္ဓေ၊ ဘဝင်၊
ဝီထိ၊ စုတိစိတ်ဟူ၍ အဆက်မပြတ်လည်ပတ်လျှက်နေပေသည်။
အဝိဇ္ဇာ နှင့်တဏှာအရင်းခံ ဘဝအသစ်ဖြစ်ရပြန်
ကောင်းသောအလုပ်(ကုသိုလ်)လုပ်သောအခါဖြစ်စေ၊ မကောင်းသောအလုပ်(အကုသိုလ်)လုပ်သော
အခါဖြစ်စေမျှော်လင့်ချက်တောင့်တ ချက်ဟုဆိုသောတဏှာနှင့် လိုချင်၍ မတောင့်တသင့်သည်ကို
တောင့်တတတ်သောသစ္စာမသိသော အဝိဇ္ဇာ ထို၂ မျိုး ကြောင့်ပြုလုပ် သမျှကံစေတနာတို့ သည်
အကျိုးပေးရန် အရှိန်အဟုန်ဖြင့်ရှိနေခဲ့သည်။ ထိုကံစေတနာတို့ သည် ယခုဘဝတွင်စုတိပြီးသော်
ပဋိသန္ဓေစိတ် ကိုဖြစ်စေသည်။ ထိုပဋိသန္ဓေစိတ်နှင့်အတူ ဖဿစေတသိတ်၊ ဝေဒနာစေတသိတ်
စသောဆိုင်ရာစေတသိက်များနှင့်ကံကြောင့်ဖြစ်သော ရုပ်တရား များပါဝင်ကာဘဝအသစ်တွင်
ရုပ်နှင့်နာမ်ဟူ၍ စတင်ဖြစ်ရပြန်သည်။
ဝိပါက်တရား
ကံစေတနာတို့ ၏အကျိုးပေးဝိပါက်တရားဆိုသည်မှာ ကောင်းသောအလုပ်၊ မကောင်းသောအလုပ်
များ၏အကျိုးဆက်ဖြစ်သောရင့်ကျက်လာသောနာမ်တရား (စိတ်၊ စေတသိက်)များကို”ဝိပါက်”ဟု
ခေါ်သည်။
ကာယကံ၊ဝစီကံ၊မနောကံစေတနာများနှင့်ကံများပြုလုပ်ပြီးသောအခါ ထိုစေတနာ၏ကံသတ္တိသည်
စိတ်အစဉ်တွင်တောက်လျှောက်ပါရှိနေ ကာအကျိုးပေးရန် အခွင့်ကြုံလာသောအခါအကျိုးပေးလေ
တော့သည်။
ရှေးရှေးဘဝတွင်ပြုလုပ်ခဲ့သော ကောင်းမှု၊မကောင်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်စိတ်
များကွာခြားချက်အရ တစ်ခါတရံ ကောင်းသောအာရုံနှင့်တွေ့ ရသော်လည်း မကောင်းမှုအနေနှင့်
ခံစားတတ်သည်၊
ထို့ တူ မကောင်းသောအာရုံကိုတွေ့ သောအခါ ကောင်းမှုအနေနှင့်ခံစားတတ်ရပြန်သည်။
ဝိပါက်အာရုံ-ကောင်းမကောင်း-မဆုံးဖြတ်နှင့်
ဝိပါက်အာရုံကိုတွေ့ ထိခံစားသော ပုဂ္ဂိုလ်၊ အကျိုးပေးစိတ်၊ ဒွါရ၊ အချိန်ကာလ၊ အဆင်း၊အနံ့ အစရှိသော
အရာတွေအပေါ်မူတည်ကာကောင်းသည်မကောင်းသည် ကွဲပြားနိုင်သောကြောင့်ရရှိလာသောဝိပါက်
အာရုံကို ကောင်းသည်မကောင်းသည်အတိအကျဆုံးဖြတ်ရန် အလွန်ခက်ပါသည်။
ဒီငါးပိကောင်စားကောင်းတယ်--ဒီငါးပိကောင်နံလိုက်တာ
ဥပမာ-၁- ပုဂ္ဂိုလ်အလိုက် ကောင်းမှု၊မကောင်းမှုအာရုံကွဲပြားနိုင်ပုံ
ဆင်းရဲသားတယောက်အတွက်ကောင်းသည်ဟုသတ်မှတ်ထားသောအရာဝတ္ထုတခုသည် ချမ်းသာသော
သူအတွက်ကောင်းသော အရာဝတ္ထုဖြစ်ချင်မှဖြစ်ပေမည်။
ice-cream နှင့်အမြင်တူသော်လည်း----ဒီမစင်ပုံကနံလိုက်တာ
ဥပမာ-၂- ဒွါရအလိုက် ကောင်းမှု၊မကောင်းမှုအာရုံကွဲပြားနိုင်ပုံ
မစင်အညစ်အကြေးသည် ပျော့အိနူးညံ့သောအတွေ့ အထိကောင်းဟု ကာယဒွါရမှာတွေ့ 
ထိနိုင်သည်။
သို့ သော်-ထိုမစင်အညစ်အကြေးသည်စက္ခုဒွါရ (မျက်စိ)အတွက်မကောင်းနိုင်ပါ၊ ဃာနဒွါရ
(နှာခေါင်း)အတွက်လည်းမကောင်းသောအာရုံသာဖြစ်ပေမည်။
ဤသည်မှာဒွါရအလိုက် အရာဝတ္ထုတစ်ခုသည်ကောင်းသည်၊ မကောင်းသည်ဟုကွဲပြားနိုင်သည်။
-မီးသည်ဟင်းချက်ရန်ကောင်း၏ များသော်မကောင်းပါ-      
ဥပမာ-၃- အချိန်ကာလ အလိုက်ကောင်းမှု၊မကောင်းမှုအာရုံကွဲပြားနိုင်ပုံ
ဟင်းချက်သောအခါအပူဓာတ်ကိုလိုအပ်၍သုံးရသောမီးသည် ကောင်းသောအရာဖြစ်သော်လည်း
အဆောက်အဦကိုလောင်ကြွမ်းစေသောမလိုအပ်သောမီးသည် မကောင်းသောအရာဖြစ်ရသည်။
အမြင်ဆိုးသောဒူးရင်းသီး တချို့ သူအတွေက်အနံ့ ပြင်းသော်လည်း
တချို့ သူအတွက် စားလို့ အရမ်းအရသာရှိ၏  -
ဥပမာ-၄- အဆင်းအနံ့  အလိုက်ကောင်းမှု၊မကောင်းမှုအာရုံကွဲပြားနိုင်ပုံ
ပန်းအဆင်းလှသော်လည်း အနံ့ မကောင်း၊ အနံ့ကောင်းသော်လည်းအဆင်းမလှ၊
အဆင်းလှသောစားစရာဖြစ်သော်လည်း အရသာမကောင်း၊ အရသာကောင်းသော်လည်း
အဆင်းမလှ၊အနံ့ဆိုးသော်လည်းအရသာကောင်းသောအစာ၊ အနံ့ ကောင်းသော်လည်း
အရသာဆိုးသောအစာ၊
ဝိပါကနိယာမ
ခြောက်ဒွါရတို့ ၌ပေါ်လာသောအာရုံများအလိုက် အကုသလ၊ကုသလဝိပါက်စိတ်များကို
သတ်မှတ်နိုင်သည်။
--အလွန်ကောင်းသော အတိဣဋ္ဌာရုံဖြစ်လျှင်(ဘုရားမြင်ရ၊ တရားသံကြားရ၊ရဟန်းသံဃာ
များဖူးမျှော်ရ)
ကုသလဝိပါက် ပဉ္စဝိဥာဏ်၊ သမ္ပဋိစ္ဆိုင်း၊သောမနဿ သန္တီရဏ၊သောမနဿတဒါရုံတို့ ဖြစ်သည်။
---ဣဋ္ဌာရုံကောင်းသော(လှပသောတိုက်တာဥယျာဉ်၊ပန်း)စသောအလတ်စား ကောင်းသော
အာရုံ ဖြစ်ပါက ကုသလဝိပါက် ပဉ္စဝိဥာဏ်၊ သမ္ပဋိစ္ဆိုင်း၊ဥပေက္ခာသန္တီရဏ၊ ဥပေက္ခ္ခာတဒါရုံ၊
တို့ဖြစ်သည်။
---အနိဋ္ဌာရုံ မကောင်းသောအာရုံများ(မကောင်းသောမစင်၊ခွေးသေကောင်ပုတ်မြင်ရ
၊မကောင်းပြောခံရ)ဖြစ်ပါက အကုသလဝိပါက် ပဉ္စဝိဥာဏ်၊ သမ္ပဋိစ္ဆိုင်း၊သန္တီရဏ၊တဒါရုံ
တို့ ဖြစ်သည်။
ဝိပါက်အမှန် ဇောအပြန်
တွေ့ ဆုံလာသော၊ပေါ်လာသောအာရုံအပေါ်တွင် အသင့်အတင့်နှလုံးသွင်းနိုင်ရန်သာအရေးကြီးသည်။
ဝိပါက်များသည် အထက်တွင်ဆိုပြခဲ့သည့်အတိုင်း ရှေးကုသိုလ်ကံ၊အကုသိုလ်ကံတို့ ၏အကျိုးတရားဖြစ်
သဖြင့် ကံတရား၏အစွမ်းသတ္တိအားလျော်စွာ အကျိုးဝိပါက်စိတ်နှင့် ဝေဒနာတို့ သည်အမှန်အတိုင်းဖြစ်ရ
သောကြောင့် ”ဝိပါက်အမှန်” ဟုခေါ်သည်။
သညာဝိပ္ပလာသတရားများ မကင်းသေးသောပုထုဇဉ်နှင့် သက္ခပုဂ္ဂိုလ်များသည် ထိုဝိပလ္လာသ၏
အဟုန်အစွမ်းကြောင့် ဖောက်ဖောက်ပြန်ပြန်ဖြစ်ကာ အာရုံပင်မှန်သော်လည်း ကုသိုလ်ဇော
အကုသိုလ်ဇောတို့ သည်ဝေဒနာအမှန်နှင့်မယှဉ်နိုင်ကြကုန်၊ ဖောက်ပြန်ကုန်ကြသောကြောင့်
”ဇောအပြန်” ဟုခေါ်သည်။
ဝိပါက်အမှန်-ဇောအမှန်ကို ဝိပ္ပလာသဖောက်ပြန်စွာမြင်တတ်သောတရားများကင်းသည့်ရဟန္တာ
တွင်သာတွေ့ ရ၏၊
--တရားသံကုသိုလ်သံဆိုပေမဲ့ လုံးဝမကြားချင်ဘူး-လာမပြောနဲ့ --   
ဝိပါက်အမှန်ဖြင့် စိတ်၏ဖောက်ပြန်မှုကြောင့်သော်၎င်း၊ အမှတ်မှားမှုကြောင့်သော်၎င်း၊ အယူအဆမှား
မှုကြောင့်သော်၎င်း၊အာရုံတခုကို ခုံမင်နှစ်သက်ရန်အကြောင်းကံပါလာသည့်အတွက်ကြောင့်သော်၎င်း၊
ကောင်းသောအာရုံကိုမြင်ရကြားရသော်လည်းနှစ်သက်မှုမရှိဘဲအမျက်ဒေါသထွက်တတ်သည်။
--ငါ့သားခွေးလေး ဝမ်းကောင်းလာတယ် -
-သူ့ ချီးတွေ့ ရတာဝမ်းသာစရာပါဘဲ
တဖန်မကောင်းသောအာရုံကိုမြင်ရကြားသိရသော်လည်းနှစ်သက်မှုဇောစိတ်များဖြစ်ကာ ဝမ်းမြောက်ဝမ်း
သာဖြစ်တတ်သည်။(သို့ ) ဥပက္ခာ(ဝမ်းသာခြင်းဒေါသထွက်ခြင်းမရှိ)အလယ်အလတ်ခံစားမှုမျိုးခံစားရ
တတ်သည်။
ထိုသို့ ကောင်းအာရုံ၊မကောင်းအာရုံ၏သဘောအမှန်အတိုင်းခံစားမှုမရှိလျှင် ”ဝိပါက်အမှန်ဇောအပြန်”
ဟုခေါ်သည်။
ဇောစိတ်- (၇)ကြိမ် ၊ (၅)ကြိမ် (၄)ကြိမ် (၃)ကြိမ် - ၅၅ စိတ်
ကံ၏စွမ်းအားကြောင့် အရှိန်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာသော ဇောစိတ်သည် စိတ်တမျိုးတည်းဖြစ်သော်
လည်းအများအားဖြင့်(၇)ကြိမ်ထပ်ထပ်၍ဖြစ်သည်။
သို့ သော် သေခါနီးအချိန်၊သစ်ပင်ပေါ်မှကျသောအချိန်၊ ရေနစ်သောအချိန်၊အိပ်မပျော်တပျော်ဖြစ်သော
အချိန် ၊တွေဝေမိန်းမောနေသောအခါများတွင်ဟဒယဝတ္ထုရုပ် အားနည်းမှုကြောင့် ဇောစိတ် (၅)ကြိမ်သာဖြစ်
သည်။ စုတိခါနီးသောအခါ မရဏာသန္နဇော သည် လည်း (၅) ကြိမ်သာစောသည်။
ဈာန်ဝင်စားခြင်းအထွတ်အထိပ်သို့ ရောက်အောင်လေ့ကျင့်ထားသော ပုဂ္ဂိုလ်များတွင် ဈာန်အင်္ဂါဆင်ခြင်
သောပစ္စဝေက္ခဏာဝီထိ ခေါ် ကာမဇောများဖြစ်သောအခါ (၄) ကြိမ်သို့ (၅) ကြိမ် ဖြစ်ကြ၏။
မြတ်စွာဘုရားသည်မိမိခန္ဓာကိုယ်မှ ရေအလျှံ မီးအလျှံ အံ့မခန်းအောင် ထွက်ပေါ်နေရန် တန်ခိုးပြာဋိတော်
ပြသောအခါ ပစ္စဝေက္ခဏာဝီထိများကို အလွန်လျင်မြန်စွာ ဖြစ်ပေါ်စေရသဖြင့် ကာမဇော (၄) ကြိမ်သာစော
စေရသည်။
အပ္ပနာဇော၏ရှေ့ အဖို့ ဥပစာရသမာဓိဇောစောသည့်အခါ ဥာဏ်ပညာနုံ့ သောမန္ဒ ပုဂ္ဂိုလ်သည် ပရိကမ်၊
ဥပစာ၊ အနုလုံ၊ ဂေါတြဘု ဟူသော ဇောလေးကြိမ်ကျ၏၊ ဥာဏ်ပညာထက်မြက်သော တိက္ခပုဂ္ဂိုလ်တို့ သည်
ဥပစာ၊ အနုလုံ၊ ဂေါတြဘု ဟူသော ဇော သုံးကြိမ်သာကျသည်။
ဇောစိတ်ပေါင်း (၅၅) စိတ်ရှိသည်။
အကုသိုလ် ၁၂၊မဟာကုသိုလ် ၈၊ရူပကုသိုလ် ၅၊အရူပကုသိုလ် ၄၊မဂ် ၄၊ဖိုလ် ၄၊မဟာကြိယာ ၈၊ရူပကြိယာ ၅၊
အရူပကြိယာ ၄၊ဟသိတုပ္ပါဒ် ၁
အကုသိုလ် ၁၂၊မဟာကုသိုလ် ၈၊မဟာကြိယာ ၈၊ဟသိတုပ္ပါဒ် ၁= ကာမဇောစိတ် ၂၉ စိတ်
ရူပကုသိုလ် ၅၊အရူပကုသိုလ် ၄၊ရူပကြိယာ ၅၊အရူပကြိယာ ၄၊မဂ် ၄၊ဖိုလ် ၄= အပ္ပနာဇောစိတ် ၂၆ စိတ်
ပဋိသန္ဓေနေခြင်းနှင့်ဘုံအပိုင်း သို့ ဆက်ဖတ်ပါရန်
ဓမ္မစာမျက်နှာ (၃၇ )
အရိယာတို့၏တပည့်ဆိုသည်မှာ
အရိယာတို့၏တပည့်တို့၌ မွန်မြတ်သောဂုဏ်ကျေးဇူးတော်
(၁) ကောင်းစွာ ပြေပြစ်နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊
(၂) ဖျက်ဆီးအပ် ဖျောက်အပ် နှိမ်အပ်သော မာနရှိခြင်း၊
(၃) ရတနာသုံးပါး၏ဂုဏ် ကံ ကံ၏အကျိုးကို မတုန်မလှုပ် အမြဲထိုးထွင်း၌ယုံကြည်ခြင်း သဒ္ဓါတရားရှိခြင်း၊
(၄) ရွှင်မြူးသောစိတ်ကိုပြည့်စုံစွာဆုံးမခြင်းရှိ၌ ငြိမ်သက်ချမ်းမြေ့သောသမာပတ်ကို ရခြင်း၊
(၅) မြတ်သောသီလရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွမ်းခြင်း၊
(၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊
(၇) နှစ်သက်အပ်သောသူဟူ၍အာသ၀ကုန်ပြီးသောသူမြတ်တို့ တောင့်တအပ်ခြင်း၊
(၈) နတ်လူတို့ ရိုသေအပ် ရှိခိုးအပ်ခြင်း၊
(၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊
(၁၀) လူ့ပြည်နတ်ပြည်၌ လူနတ် အပေါင်းနှင့် မရောနှောခြင်း၊
(၁၁) အနည်းငယ်သောအပြစ်၌လည်း ဘေးဟုရှုမြင်ခြင်း၊
(၁၂) သမ္ပတ္တိနှင့်ပြည့်စုံသောသူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊
(၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကိုရနိုင်ခြင်း၊
(၁၄) မြဲသောကျောင်းအိပ်ယာနေရာမရှိခြင်း၊
(၁၅) ဈာန်၌ယှဉ်၍ မြတ်သောနေလေ့ရှိခြင်း၊
(၁၆) ထွေးယှက်သောကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊
(၁၇) မြတ်သောမဂ်ဖိုလ်တရားကို လျှို့ဝှက်ဖုံးလွှမ်းခြင်း၊
(၁၈) လာလတ္တံ့သောဂတိကို တားမြစ်ခြင်း၊
(၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊
(၂၀) နှိမ့်ချစွာနေခြင်း၊
(၂၁) အပြစ်မရှိသောအသုံး အဆောင်ရှိခြင်း၊
(၂၂) ဂတိတရားမှလွတ်ခြင်း၊
(၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊
(၂၄) ၀ိမုတ္တိဈာန်ကို အလိုရှိခြင်း၊
(၂၅) မြင်အပ်သောတရားရှိခြင်း၊
(၂၆) မတုန်မလှုပ်မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏ မှီခိုရာသို့ရောက်ခြင်း၊
(၂၇) ကောင်းစွာပြတ်အပ်သော အနုသယရှိခြင်း၊
(၂၈) အာသဝေါကုန်ခြင်းသို့ ရောက်ခြင်း၊
(၂၉) ငြိမ်သက်ချမ်းမြေ့သောသမာပတ်၌ များစွာနေလေ့ရှိခြင်း၊
(၃၀)ရဟန်းကျေးဇူးဂုဏ်နှင့်အလုံးစုံပြည့်စုံခြင်း။
(sent from MKS Han Australia)
ဓမ္မစာမျက်နှာ (၃၆ )
ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ ထိုနေ့၏ ထူးခြားချက်ကား-
၁။ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူခြင်း။
၂။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူခြင်း။
၃။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း။
၎။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။
ထိုကဲ့သို့ ဘုရားရှင်၏ ဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟူ၍ သတ်မှတ်ကြသည်မှာ အလွန်သင့်မြတ်လှပေသည်။ ထို့ပြင် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူရန် ဗုဒ္ဓဘုရားရှင် အားထုတ်ရာ အမှီသဟဲ ပြုတော်မူသော ဗောဓိပင်ကို ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုကြသည်။
ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လတ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကို လန်းဆန်းစိုပြည်စေရန် ဖြစ်သည်။
ထိုအလေ့အထသည်ဗုဒ္ဓဘာသာဝင်တို့အဖို့ ပျောက်ကွယ်သွားခြင်းမရှိဘဲယခုထက်တိုင်နှစ်စဉ်အမြဲကဆုန်လပြည့်နေ့တွင်ညာင်ရေသွန်းပွဲများပြုလုပ်လျက်ရှိကြသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ကောင်းများ ဖြစ်သည်။
ဤနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘုရားရှင်ကို ဦးထိပ်ထားလျက် ရိုးရာဓလေ့ကောင်းများကို ကျင့်သုံးရာမှ ကျွန်ုပ်တို့သည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ ယင်းကား အခြားမဟုတ်၊ မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၍ စိတ်ကို ဖြူစင်အောင် ထားရှိခြင်းပင် ဖြစ်သည်။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
(မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား)
ဓမ္မစာမျက်နှာ (၃၅ )
ကံစီမံခြင်း မခံရလေအောင်
Ko Myo (Webmaster) AUSTRALIA ၏ အကူအညီဖြင့် Dhammaransi.net မှ တင်ပြလိုက်ပါသည်။
ကြားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်
နေရင်း စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင်း
စီးပွားတွေ ကျပါသတဲ့။
အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်
ကောင်းမှုကိုထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။
ဘယ်လိုနှိပ်စက်လဲဆိုရင်ကောင်းမှုအကျိုးတွေမြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။
ဒါမှ မကောင်းမှုအသစ်ရဲ့အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။
(ပျားရည်သုတ်ထားတဲ့ ဓားသွားကိုလျှက်နေသလို ပျားရည်ကပါးပါးလေးရယ်ပါ။
အဲဒါကို အဟုတ်ထင်ပြီးဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။)
(အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ
ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်ကဟော
တော်မူခဲ့ပါတယ်။)
ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့
ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု
မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။
(အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။ ခဏသာ ခါးပေမယ့် ပြီးရင် နာကျင်
ဆင်းရဲမှုတွေပျောက်ပြီး ချမ်းသာရာ ရောက်ရမှာပါ။)
( ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ရွှေပန်းခိုင်လေးနဲ့ ပူဇော်ဖို့လာတဲ့ရေဝတီဆိုတဲ့ ကလေး
မလေး လူအုပ်ကြီးနင်းခံရလို့ သေသွားသလို၊ ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဥပါသကာကြီး
လူသတ်ခံရလို့ သေသွားသလို မျက်မြင်အားဖြင့် (ကောင်းတာလုပ်ရင်းက) ကံဆိုးရသလို
လိုနဲ့ အမှန်က သူတို့ ဝဋ်ကြွေးမြန်မြန်ကျေပြီး ပိုကောင်းတဲ့ ဘဝကို ရရှိသွားကြတာမျိုးပါ။)
သတ္တဝါတို့ကို စီမံတတ်တဲ့ ကံက (၄) မျိုးရှိပါတယ်။
အဲဒါတွေကတော့-
(၁) ဖြစ်စေတတ်တဲ့ကံ (ဇနကကံ)
(၂) ထောက်ပံ့တတ်တဲ့ကံ (ဥပတ္ထမ္ဘကကံ)
(၃) ညှင်းပန်းနှိပ်စက်တတ်တဲ့ကံ (ဥပပီဠကကံ)
(၄) သတ်ဖြတ်တတ်တဲ့ကံ (ဥပဃာတကကံ) တို့ပါပဲ။
(၁) ဇနကကံ - ကောင်းတဲ့အကျိုးကိုပဲဖြစ်ဖြစ်၊ မကောင်းတဲ့အကျိုးကိုပဲဖြစ်ဖြစ် ဖြစ်စေ
တတ်တဲ့ကံပါ။
(၂) ဥပတ္ထမ္ဘကကံ -ပေးပြီးသားကောင်းကျိုးကိုပိုကောင်းအောင်၊ မကောင်းကျိုးကို ပိုဆိုး
အောင်ထောက်ပံ့တတ်တဲ့ကံပါ။
(၃) ဥပပီဠကကံ -ပေးပြီးသား ကောင်းကျိုးကို အားနည်းအောင်၊ မကောင်းကျိုးကိုလည်း
အားပျော့အောင်နှိပ်စက်တတ်တဲ့ကံပါ။
(၄) ဥပဃာတကကံ -ကောင်းကျိုးကိုပြတ်တောက်စေပြီး မကောင်းကျိုးကိုဖြစ်စေတတ်၊ မကောင်းကျိုးကို ပြတ်တောက်စေပြီး ကောင်းကျိုးကို ဖြစ်စေတတ်တဲ့ကံပါ။
-
ဥပမာ -
(၁) လူဘဝကိုရခြင်းဟာ ကုသိုလ်ဇနကကံကြောင့်ပါ။
(၂) ထိုလူ ကျန်းမာ၊ ချမ်းသာနေခြင်းဟာ ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့
လို့ပါ။
(၃) ထိုလူ ရောဂါထူ၊ ဆင်းရဲနေခြင်းဟာ အကုသိုလ်ဥပပီဠကကံက ညှင်းဆဲလို့ပါ။
(၄) ထိုလူသေဆုံးသွားခြင်း၊ လူ့ဘဝပြတ်သွားခြင်းဟာ အကုသိုလ် ဥပဃာတကကံ
က သတ်ဖြတ်လို့ပါ။
နောက်ဥပမာတစ်ခု -
(၁) ခွေးဘဝရခြင်းဟာ အကုသိုလ် ဇနကကံကြောင့်ပါ။
(၂) ခွေးပိန်၊ ခွေးဝဲစားဖြစ်ခြင်းဟာ အကုသိုလ် ဥပတ္ထမ္ဘကကံက ထောက်ပံ့လို့ပါ။
(၃)ချမ်းသာတဲ့သူက အဲဒီခွေးကို ကောက်ယူမွေးစားပြီး ကောင်းမွန်စွာ စားသောက်
နေထိုင်ရခြင်းဟာ ကုသိုလ်ဥပပီဠကကံက (ခွေးရဲ့အကုသိုလ်ကံကို အားနည်းသွားအောင်)
နှိပ်စက်လို့ပါ။
(၄) ခွေးဘဝ ပြတ်စဲသေဆုံးသွားပြီး ကောင်းရာဘဝရောက်ခြင်းဟာကုသိုလ်ဥပဃာတက
ကံက(အကုသိုလ်ကံကို)ဖြတ်တောက်လိုက်လို့ပါ။
ကုသိုလ်ဇနကကံကြောင့် ထီပေါက်တယ်။
ကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ဆုကြီးကြီး ပေါက်တယ်။
အကုသိုလ်ဥပပီဠကကံကနှိပ်စက်လို့ ဆုသေးသေးလေးပဲ ပေါက်တယ်။
အကုသိုလ်ဥပဃာတကကံကဖြတ်တောက်လိုက်လို့ ထီလက်မှတ်ပျောက်လို့ တစ်ပြားမှမရ
ဖြစ်ရပါတယ်။
အကုသိုလ် ဇနကကံကြောင့် ကားမှောက်တယ်။
အကုသိုလ် ဥပတ္ထ မ္ဘကကံက ထောက်ပံ့လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။
ကုသိုလ် ဥပပီဠကကံက နှိပ်စက်လို့ ဒဏ်ရာအနည်းငယ်သာ ရတယ်။
ကုသိုလ် ဥပဃာတကကံကဖြတ်တောက်လိုက်လို့ ဘာဒဏ်ရာမှ မရဘဲ အနာလွတ်ကင်း
ချမ်းသာရတယ်။
ဒီလိုပါပဲ ကုမ္ပဏီတစ်ခုဖြစ်ပေါ်လာခြင်း၊ တိုးတက်လာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပျက်စီး
သွားခြင်းများ စသည်ဖြင့် အကျိုးတရားတွေကို မိမိဥာဏ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။
ဖြစ်စေတတ်တဲ့ ဇနကကံပေါ် မူတည်ပြီး တိုးတက်မှာလား၊ ဆုတ်ယုတ်မှာလား၊ ပျက်စီးသွားမှာ
လားဆိုပြီး ကျန်တဲ့ကံ(၃)ပါးအနက် တစ်ပါးပါးက လာတွဲမှာပါ။
ဖြစ်စေတတ်တဲ့ကံကို - အမျိုးတူတဲ့ကံက (ကုသိုလ်ကို ကုသိုလ်က) (အကုသိုလ်ကို အကုသိုလ်က)
ထောက်ပံ့ပြီး၊အမျိုးမတူတဲ့ကံက (ကုသိုလ်ကို အကုသိုလ်က) (အကုသိုလ်ကို ကုသိုလ်က) ညှင်း
ဆဲနှိပ်စက်၊သတ်ဖြတ်ကြပါတယ်။
ဖြစ်စေတဲ့ကံရယ်၊ ထောက်ပံ့တဲ့ကံရယ်က တစ်တွဲ
နှိပ်စက်တဲ့ကံရယ်၊ သတ်ဖြတ်တဲ့ကံရယ်က တစ်တွဲ ဆိုပြီး အမျိုးအစားကွဲကြပါတယ်။
ကောင်းကျိုးကို ဆိုရင်-
ကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံတယ်။
အကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။
မကောင်းကျိုးကို ဆိုရင်-
အကုသိုလ်က - ဖြစ်စေတယ်၊ ထောက်ပံ့တယ်။
ကုသိုလ်က - နှိပ်စက်တယ်။ ဖြတ်တောက်တယ်။
အတိတ် ဇနကကုသိုလ်ကံကြောင့် ကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် ကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးအားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် အကုသိုလ်ကံက ကောင်းကျိုးပြတ်သွားအောင် ဖြတ်တောက်မယ်။
အတိတ် ဇနက အကုသိုလ်ကံကြောင့် မကောင်းကျိုးရတာကို-
(၁) ပစ္စုပ္ပန် အကုသိုလ်ကံက ထောက်ပံ့မယ်။
(၂) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး အားနည်းအောင် နှိပ်စက်မယ်။
(၃) ပစ္စုပ္ပန် ကုသိုလ်ကံက မကောင်းကျိုး ပြတ်သွားအောင် ဖြတ်တောက်မယ်။
တစ်နည်းအားဖြင့် -
ဖြစ်စေတတ်တဲ့ ပစ္စုပ္ပန်ဇနကကံကို အတိတ်ကံတို့က ထောက်ပံ့၊ ညှင်းဆဲ၊ သတ်ဖြတ်ကြတယ်။
ပစ္စုပ္ပန် ကောင်းမှု / မကောင်းမှုတို့ကို အတိတ်ကောင်းမှု / မကောင်းမှုတို့က ထောက်ပံ့တဲ့အခါ
ကုသိုလ်/ အကုသိုလ်လေး နည်းနည်းပြုရုံနဲ့ ကောင်းကျိုး / ဆိုးကျိုး များစွာရနိုင်ပါတယ်။
'ရေလာမြောင်းပေး' ဆိုသလိုပဲ အတိတ်ကံ ရေလာချင်ပေမယ့် ပစ္စုပ္ပန်မြောင်း
မဖောက်ရင် လာနိုင်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ...
ကောင်းကျိုးလိုလားရင် ပစ္စုပ္ပန်မှာ ကောင်းမှု လုပ်မှသာ အတိတ်ကောင်းမှုကံတို့
ထောက်ပံ့ခွင့်ကို ရပါမယ်။
မကောင်းကျိုး မလိုလားရင် ပစ္စုပ္ပန်မှာ မကောင်းမှု မလုပ်မှသာ အတိတ်မကောင်းမှု
ကံတွေလည်းအကျိုးပေးခွင့်မသာမှာပါ။
ပစ္စုပ္ပန် ကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်အကုသိုလ်ကံတွေ ဝင်ရောက် နှိပ်စက်ရင် ကောင်းကျိုးတွေ အားနည်းပြီး
မှန်းသလောက် မပေါက်မြောက်ပဲဖြစ်တတ်ပါတယ်။
အတိတ်အကုသိုလ်ကံက ဝင်ရောက်ဖြတ်တောက်ပစ်ရင်တော့ ကောင်းကျိုးတွေ
လုံးလုံးပြတ်တောက်သွားပြီးကောင်းမှုတွေပြုနေပေမယ့်လည်း မကောင်းကျိုးတွေပဲ
ခံစားနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။
ပစ္စုပ္ပန် မကောင်းမှုတွေ ပြုနေပေမယ့်လည်း ...
အတိတ်ကုသိုလ်ကံတွေက အဲဒီ့မကောင်းမှုကံကို နှိပ်စက်ရင် မကောင်းကျိုးတွေ
အားနည်းပြီး ထင်သလောက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ အတိတ်ကုသိုလ်ကံက ဝင်ရောက်
ဖြတ်တောက်ပစ်ရင်တော့ မကောင်းကျိုးတွေ လုံးလုံးပြတ်တောက်သွားပြီး မကောင်းမှုပြု
နေပေမယ့် ကောင်းကျိုးတွေ ခံစားနေကြရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။
အဲဒီတော့ သတ္တဝါတွေကို စီမံနေတာက မိမိတို့ရဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေပါ။
ဒီကံတွေကလည်း အတိတ် နဲ့ ပစ္စုပ္ပန်ပေါင်းပြီး ခြယ်လှယ်နေကြတာပါ။
အတိတ်ကံက အမေနဲ့တူပြီး၊ ပစ္စုပ္ပန်ကံက အဖေနဲ့တူပါတယ်။ တစ်နည်းပြောရရင်... ပစ္စုပ္ပန်
ကံက အမေနဲ့တူပြီး၊ အတိတ်ကံက အဖေနဲ့ တူပါတယ်။ အမေက မွေးထုတ်လိုက်ပြီး တိုးတက်ခြင်း၊
ဆုတ်ယုတ်ခြင်း၊ ပျက်စီးခြင်းဟာ အဖေ့ရဲ့စီမံဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီးမှီ
သလိုပါပဲ။
မိမိတို့က ကံတွေကို ပြုလုပ်စီမံခဲ့တော့ ကံတွေရဲ့ စီမံပြုလုပ်ခြင်းကို မိမိတို့ပဲ ပြန်ခံကြရတာပေါ့။
ကံစီမံတာ မခံချင်ဘူးဆိုရင်တော့ ကံကို မစီမံမှ ဖြစ်မှာပါ။ ကံကို မစီမံ မပြုလုပ်ရဘူး ဆိုတော့
ဘယ်လိုလုပ်ရမှာလဲ။ သတ္တဝါတွေဆိုတာ
အချိန်နဲ့အမျှ ကုသိုလ်ကံမပြုရင် အကုသိုလ်ကံတွေ ပြုနေကြတာပါ။ (ကာယ၊ ဝစီ၊ မနောမှာ
ကုသိုလ်ကံ မဖြစ်သမျှ အကုသိုလ်ကံတွေ ဖြစ်နေတာပါ။)
ကံကို မစီမံချင်ရင်၊ မပြုလုပ်ချင်ရင် ကံကို ဖြတ်တောက်ပစ်ရမှာပါ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ
၂-မျိုးလုံးကိုဖြတ်တောက်ပစ်ရမှာပါ။ ဖိနပ်အကောင်းစားစီးပြီး ပြေးတဲ့လူနဲ့ ဖိနပ်အစုတ်/
ဖိနပ်မပါဘဲပြေးတဲ့လူ
-မောတာချင်းကတော့ အတူတူပါပဲ။ အပြေးရပ်မှကို ချမ်းသာမှာပါ။
အပြေးရပ်သလို ကံဖြတ်ဖို့ဆိုရင် ရဟန္တာဖြစ်မှ ကံကပြတ်မှာပါ။
ရဟန္တာဟာ ကုသိုလ်ကံကိုလည်း ဖြတ်ပြီးပါပြီ။ အကုသိုလ်ကံကိုလည်းဖြတ်ပြီးပါပြီ။
ရဟန္တာကို ကုသိုလ်၊ အကုသိုလ် မပြုသူလို့ ခေါ်ပါတယ်။ ရဟန္တာများပြုတဲ့ ကုသိုလ်များဟာ
ကုသိုလ်မမည်တော့ဘဲ
ပြုကာမတ္တ ကြိယာသာ မည်ပါတော့တယ်။ အဆံမအောင်တဲ့ မျိုးစေ့လို အပင်ကို မဖြစ်စေတော့
တဲ့အတွက် မျိုးစေ့အဖြစ်သုံးလို့ မဖြစ်တော့ပါဘူး။ မျိုးစေ့မဟုတ်တဲ့ သစ်စေ့လို ကုသိုလ်မဟုတ်တဲ့
ကြိယာ ဖြစ်သွားပါတယ်။
အဲဒီတော့ ရဟန္တာတွေလို ကံပြတ်သွားအောင် ကံဖြတ်ရပါမယ်။ ကံကို ဘယ်လိုဖြတ်မလဲဆိုတော့...
ဝိပဿနာကုသိုလ်ကံကိုပြုရင်းနဲ့ပဲဖြတ်ရမှာပါ။ ဝိပဿနာကုသိုလ်ကံတွေပြုပါများတော့ ဝိပဿနာ
ဥာဏ်တွေ ရင့်သန်လာပြီး အဆင့်ဆင့် အရိယာမဂ်၊ ဖိုလ်တို့ရဲ့ နောက်ဆုံး အရဟတ္တမဂ်ဥာဏ်ကိုရပြီး
သံသရာလည်စေတတ်တဲ့ ကံအားလုံး ပြတ်သွားတော့တာပါပဲ။
မရှိတော့တဲ့ကံက ဘာကိုများ စီမံနိုင်ဦးမှာတဲ့လဲ ...။
ဓမ္မစာမျက်နှာ (၃၄ )
ရှေးရေစက် ပါရမီ
၁-ရေမြေခြားသော်လည်း ရှေးရေစက်ကြောင့် ဆရာ၊ဒကာ နေနှင့်ကြာတွေ့ ဆုံသောအခါ
၂-ပါရမီ ဖြည့်ဖို့ 
၃-ဆုတောင်းကောင်းလို့
၎-ဆုတောင်းမှန် သောတာပန်
၅-ကုသိုလ်စေရာ နိဗ္ဗာန်သို့ သာ
အတိတ်ဘဝ ရှေးရေစက်များကြောင့် ရေမြေတွေ အဘယ်လောက်ပင် ခြားနေသော်
လည်း အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား၊စန်ဖရန် စစ်စကို၊ တက်ကဆက်၊ ကင်တာကီ ၊
နယူးယောက်မြို့ များသို့ မေလ၁၁ရက်မှဇူလိုင်၁၂ရက်၂၀၁၁ နှစ်လတာကြာအရောက်
ကြွလာကာရက်(၂၀)တိတိနယူးယောက်Brooklynရှိနန္ဒသစ္စာတရားရိပ်သာတွင်ဝိပဿနာ
အထူးကျင့်စဉ်တရားပွဲ နောက်ဆုံးမပြန်ခင်ရက်နောက်ဆုံးနှုတ်ဆက်တရားလေး
ဟောကြားနေသောမြောက်ဦးဆရာတော်အရှင်ဝါယမိန္ဒ၏တရားအသံများသည်
နယူးယောက်မြို့ ရှိရဟန်းဒကာ ရဟန်းဒကာမများ၏ရင်ဝယ်စွဲနှစ်အောင်ကျန်ခဲ့ရသော
ဓမ္မအနှစ်သာရ အသိဥာဏ်ပွားများစေခဲ့သောတရားများကိုအများသူငါသိစေလိုလွန်းသော
ဆန္ဒ ဖြင့်တရားစကားလုံးများကိုဤ ရှေးရေစက်ပါရမီ ဆောင်းပါးလေးအဖြစ် ရေးသား
တင်ပြလိုက်ရပါသည်၊
----
ရေမြေခြားသော်လည်း ရှေးရေစက်ကြောင့်
ချိုသာအေးငြိမ်းသော ဆရာတော်၏နောက်ဆုံးနေ့ တရားပွဲတွင် နှုတ်ဆက်စကား
တရားသံများမှာ-------------
လောဘကို နှုတ်မည်၊ အလောဘကို ဆက်ရမည်၊
ဒေါသကို နှုတ်မည်၊ အဒေါသကို ဆက်ရမည်၊
မောဟကို နှုတ်မည်၊ အမောဟကို ဆက်ရမည်၊
ဒိဋ္ဌိ မာနကိုဖြုတ်ရမည်၊ ပညာတရားကို ဆက်ရမည်၊
နှုတ်မည်ဆက်မည် နှုတ်ဆက်ခဲ့ပါသည်။
လောဘ၊ဒေါသ၊မောဟ၊မာန နှင့် စည်းစိမ်ဥစ္စာတွေကို အိမ်မှာဘဲထားခဲ့ပါ ရိပ်သာတို့ 
တရားအားထုတ်တဲ့ နေရာတို့ ကို ယူမလာခဲ့ကြနဲ့ ။
ပါရမီဆိုတာ အခုချက်ခြင်းဖြည့်လို့ ရတာမဟုတ်ဘူး၊ ဒီဘဝတခုထဲမှာ ဖြည့်ကျင့်လိုက်
ရတာမဟုတ်ဘူးနော်၊
အတိတ်ဘဝပေါင်းမြောက်မြားစွာ ကဖြည့်ကျင့်လာခဲ့ရတဲ့ပါရမီဓာတ်တို့ သည်
ဘုရားနှင့်တွေ့ လျှင်ချက်ခြင်း ဖူးပွင့်ကြရသည်။
ရေကန်တွင်းရှိ ပဒုံမာကြာပန်းသည်လည်း နေရောင်မထိခင်ကာလ ငုံနေရပြီး
နေရောင်ခြည် ထိတွေ့ ခွင့်ရသော်ပွင့်အာလာကြရဘိသကဲ့သို့ ၊
အတိတ်ကပါရမီများရှိနေခဲ့သော်လည်းတရားအသိဥာဏ်မရှိသေးသူများသည်သူ့ 
ဆရာနှင့်သူ့ ဒကာတွေ့ ခွင့်မရသေးလျှင်တရားအသိများငုံ့လျိုးနေရချေသည်။
သူ့ ဆရာ နှင့် သူ့ ဒကာ တွေ့ သည်နှင့် ချက်ခြင်း ပဒုံမာကြာငုံ နေနှင့်ထိတွေ့ ကပွင့်အာလာ
ရသကဲ့သို့ အတိတ်ဘဝပါရမီဆက် ရှေးရေစက်ရှိခဲ့ကြသောဆရာနှင့် ဒကာဆုံတွေ့ 
သည်ရှိသော်ဘာတွေပွင့် လါရသလဲ၊ သစ္စာ၎ပါးဟူသောသစ္စာပန်းတွေပွင့်လါရတာပေါ့ ၊
နေလည်း ကွယ်သွားရော- ကြာပန်းလေးပြန်ငုံသွားတတ်သလိုတချို့ လည်းပွင့်
အာသွားတတ်ကြတယ်။
ကုမုဒြာကြာတွေ ညအခါ လရောင်မှာ ပွင့်လါကာအလွန်လှကြသော်လည်း နေ့ လည်
ကျညိုးနွမ်းပျက်စီး သွားတတ်ကြသည်၊ ထို့ နည်းအတူ ဆရာနှင့် ဒကာဆိုတာ ဘယ်
တုံးကပါလာတာလဲ၊လွန်လေပြီးသောဘဝအဆက်ဆက်သံသရာအဆက်ဆက်က
ကုသိုလ်ကံတရားတွေကြောင့်ပေါ့။
ပဋ္ဌာန်းထဲမှာဘုရားဟောကြားထားတာကြည့်လေ။“ပုရိမာ ပုရိမာ ကုသလာဓမ္မာ၊
ပစ္စိမာနံ ပစ္စိမာနံကုသလာနံ ဓမ္မာနံ”။အနန္တရ၊ဥပါနိဿယ၊နိဿယပစ္စည်းများဖြင့်ကျေးဇူးပြု
ကြသလိုဘဲ
ဆရာ ဒကာ နေနှင့်ကြာ တွေ့ ဆုံသောအခါ
အတိတ်မှကုသိုလ်ရှိသူမှသာကုသိုလ်ရှိသောသူများနှင့်ဆုံစည်းကြရသည်။
အတိတ်ကံကြောင့်ဆုံစည်းလာပါကအံ့မခန်းလောက်သောကုသိုလ်စိတ်များတိုးပွား
ခွင့်ရရခြင်းသည်အခုဒကာ၊ဒကာမတို့ ရဲ့ အတိတ်ဘဝပေါင်းများစွာက ဖြည့်ဆည်းကြခဲ့
တဲ့ကုသိုလ်ပါရမီ ဖြည့်ဖက်၊ရှေးကရေစက်တွေကြောင့်ပေါ့ ။
အခုလို့ပြန်လည်ပြီးဘယ်လောက်ဘဲပင်လယ်သမုဒ္ဒရာကန္တာရခရီးတွေကြမ်း တမ်းပြီးဝေးကွာနေပင်ငြား သော်လည်း ပြန်လည်ဆုံဆည်းကြရသောခဏလေးအချိန်
အတွင်းမှာခဏလေးအသံကြားလိုက်ရရုံနှင့်တရားနာချင်၊တရားအားထုတ်ချင်၊တရားတွေ
ရှုမှတ်ချင်လာသောစိတ်များတဖွားဖွားဖြစ်ပေါ်လာရတာဟာအတိတ်ရှေးရေစက်
ပါရမီကြောင့်ပါ။အဲလိုဆုံတွေ့ လိုက်ကြရလို့ တရားတွေနာ၊တရားတွေရှုမှတ်ရင်း
ထူးခြားသောအသိဥာဏ်လေးတွေသိခွင့် ရခဲ့ကြတယ်မဟုတ်လား၊
ဒီလိုထူးခြားသော ဓမ္မအသိ၊သစ္စာတရားအသိ၊ရုပ်နာမ်သင်္ခါရဓမ္မတွေကိုထိုးထိုးထွင်းထွင်း
သိလာသောအသိ၊အနိစ္စ၊ဒုက္ခ၊အနတ္တကိုသိမြင်နိုင်သောအသိတွေ ဖြစ်ပေါ်လာရခြင်းဟာ
အတိတ်ကံတရားများကြောင့်ပါဘဲ။ ဒီအတိတ်ကံတရားတွေက ကျေးဇူးပြုလိုက်လို့ ပစ္စုပ္ပန်
မှာအကျိုးဖြစ်ရတာပါ။အကြောင်းမရှိဘဲအကျိုးမရှိနိုင်ဘူးနော်၊ဘဝပေါင်းများစွာသော
ဘဝတွေမှာဒီဘုန်းကြီးကြောင့်လည်းဒကာ၊ဒကာမတွေ သောကပရိဒေဝ တွေဖြစ်ခဲ့ရသလို
ဒီဒကာ၊ဒကာမတွေကိုအကြောင်းပြုပြီးဒီဘုန်းကြီးတို့ လည်း သောကတွေအများကြီးရခဲ့
ပြီးပါပြီ။
ဘဝဆိုတာတိုတောင်းသလား၊ အရှည်ကြီးလား၊( တိုတိုလေးပါဘုရား)ဟုတ်တယ်၊
ဘဝဆိုတာတိုတိုလေး နော်။အမေ၊အဖေအဖြစ်၊အကိုအမညီအကိုမောင်နှမအဖြစ်၊
မိသားစုအသိုင်းအဝိုင်းအဖြစ်နဲ့  ဒါနသီလဘာဝနာပါရမီစသည့် ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ကြရတာ၊ ဖြည့်ကျင့်ခဲ့ကြရတာ၊
ဒီနေ့ ဒီနေရာမှာ ပြန်လည်ဆုံစည်းကြချိန်ကုသိုလ်တွေလုပ်ခွင့်ပါရမီတွေ ဖြည့်ခွင့်ရကြ
ရတာပေါ့ ။
ပါရမီဆိုတာ -ဖြည့်ဖို့ 
ဆရာတော်ဘုရား၏ဂရုဏာဖြင့်တိုက်တွန်းချက်များသည်ပါရမီဖြည့်ရန်တွန်းအားပေးနေ
သကဲ့သို့ ။
အရာရာတိုင်းမှာကောင်းသောအာရုံနှင့် မကောင်းသောအာရုံ၂ ခုရှိသော်လည်း
ကောင်းသောအာရုံကိုသာလက်ခံထား၊ ကောင်းသောမနောကံ၊ ကောင်းသောဝစီကံ၊
ကာယကံများကိုဘဲလုပ်သင့်တယ်နော်၊အကုသိုလ်စကားဆို ခုလဲမပြောနဲ့ ၊ နောက်လည်း
မပြောနဲ့ ၊
တရားထိုင်စဉ်မှာသီးခံမှတ်ပါ။သည်းငြီးခံပါ၊ဇွဲရှိပါ၊စိတ်ရှည်ရှည်ထားပါ။သတိနှင့်ဝီရိယကို
တင်ထားကြ ပညာဥာဏ်နှင့်ရှုလို့ အနားမှာထိုင်ရင်းတဖွဖွပြောနေရတာ မုန်းလို့ မဟုတ်ပါဘူး
အသိထူးဥာဏ်ထူးတွေ ရစေချင်လွန်းလို့ ၊ ဝီရိယပါရမီ၊ခန္ဓီပါရမီတွေတိုးတက်စေချင်လွန်း
လို့ ပါ၊ ဘုန်းဘုန်းတို့ အတွက်မဟုတ်၊
မိမိကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရမဲ့ တရားတွေပါ။ဘုန်းဘုန်းဘယ်လောက်ခိုင်းခိုင်း ကိုယ်က
မကျင့်ရင်၊မရှုမှတ်ရင်၊တရားမထိုင်ရင်ဘာတရားအသိမှမရနိုင်ဘူး၊
ဤနေရာတွင် ရှေးရေစက်ပါရမီ ဖြည့်ကျင့်ခဲ့ရသည်များကိုသိစေချင်သောဆန္ဒဖြင့်
စာရေးသူသည်ပါရမီနှင့်ပတ်သက်၍ အနည်းငယ် ဖြည့်စွက်ရေးသား ပြလိုက်ပါသည်။
ပါရမီ = မြင့်မြတ်သူတို့ ၏လုပ်ငန်းစဉ်
၁-ဒါနပါရမီ = ပေးကမ်းလှုဒါန်းစွန့် ကြဲမှုကို ဖြည့်ကျင့်ခြင်း၊
၂-သီလပါရမီ = ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးသီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း၊
၃-နေက္ခမ္မပါရမီ = ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း၊
၎-ခန္တီပါရမီ = သည်းခံခွင့်လွှတ်ခြင်းကို ဖြည့်ကျင့်ခြင်း၊
၅-သစ္စာပါရမီ = အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်းလိုက်နာပြုကျင့်မှုသစ္စာကိုဖြည့်
ကျင့်ခြင်း၊
၆-မေတ္တာပါရမီ =သတ္တဝါများကိုမိမိနှင့်ထပ်တူ ချစ်ခင်စိတ်ထားရှိရန် ဖြည့်ကျင့်ခြင်း၊
၇-ဥပေက္ခာပါရမီ = ချစ်ခြင်း၊မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန်ကိုခံနိုင်ရည်ရှိစေရန်
ဖြည့်ကျင့်ခြင်း၊
၈-အဓိဋ္ဌာန်ပါရမီ =စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာလိုက်နာကျင့်သုံးမှုကို
ဖြည့်ကျင့်ခြင်း၊
၉-ဝီရိယပါရမီ = ဇွဲ၊လုံ့ လ စွမ်းပကားကြီးမားစေရန် ဖြည့်ကျင့်ခြင်း၊
၁၀-ပညာပါရမီ = ဥာဏ်ပညာ တိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း၊
တကယ်အဟုတ်ပါရမီဖြည့်တော့မည်ဆိုလျှင်၁ မှ၁၀ အထိဂဏန်းစဉ်အတိုင်း ၁ ပြီး၂၊
၂ ပြီး၃ ဟူ၍တရားသေပါရမီ ဖြည့်နေရမည်ကားမဟုတ်ပေ။ပါရမီတစ်ချက်ဖြည့်ခြင်းသည်၊
ပါရမီတစ်ကွက်ဖြည့်ခြင်းသည် လူမိုက်ခေါင်းဆောင်ဖမ်းမိသကဲ့သို့ ကိလေသာအားလုံးကို
တပြိုင်နက်မြှပ်သတ်ပေးနိုင်စွမ်းရှိသည်။
ပါရမီတော်တစ်ခုသည် သံယောဇဉ်နွယ်တစ်ခုကိုတာဝန်ခံ ဖြတ်တောက်ရ၏။ပါရမီ ဆယ်ပါးသည်
သိက္ခာ သုံးပါး ( သီလ၊ သမာဓိ၊ ပညာ) တို့ ၏တရားကိုယ်များပင် ဖြစ်သည်။
အကျဉ်းဆိုသော် - သီလ၊ သမာဓိ၊ ပညာ ပါရမီ
ဒါန၊ သီလ ပါရမီခန်းသည် စိတ်လေ့ကျင့်မှု- သီလပါရမီတော်။
နေက္ခမ္မ၊ ခန္တီ၊ သစ္စာ၊ မေတ္တာ၊ ဥပေက္ခာ တိုင်သည့်ပါရမီများသည် စိတ်တည်မှုအလေးပြုသော-
သမာဓိပါရမီတော်၊
အဓိဋ္ဌာန်၊ ဝီရိယ၊ ပညာ ပါရမီ များသည်သိပိုင်မှုကို အလေးပြုရသော - ပညာပါရမီတော်။
ပါရမီဟူသည် ဖြည့်ကျင့်နေခြင်းဟု အဓိပ္ပါယ်ရသည်၊
ပါရမီသည် အကျင့် ဖြင့် တဏှာဖြတ်၊ အသိဖြင့် တဏှာသတ်ရသည်ကိုမမေ့သင့်၊
လက်ထဲရောက်နေသော အခွင့်အရေးများ
ရခဲလှသောလူ့ ဘဝ ၊ သာသနာတော်အတွင်းမှာလဲ လူဖြစ်ရ၊ခက်ခဲနက်နဲသော တရားများ
ကိုလည်း သင်ယူနားကြားနေရသောယခုဘဝသည် နိဗ္ဗာန်၏ အနီးအပါးသို့ ဆိုက်၍နေသော
ဘဝပေတည်း၊
၁- အလွန်ကျင့်၍ အလွန်ရင့်မှပွင့်လေသောဗုဒ္ဓ နှင့်ဗုဒ္ဓခောတ်တို့ လည်းလက်ဝယ်ရှိနေ၏။
ယခုလူ့ ဘဝ တွင်ပါရမီတော်အဆင့်ဆင့်ကိုကောင်းစွာအဆင့်ဆင့်ဖြည့်ကျင့်ခွင့်ရနေသည်၊
၂-ဘုရားနှင့် အရိယာတို့ သာသိနိုင်သောသစ္စာတရားကိုသိခွင့်ရနေသောလူ့ ဘဝသည်လည်း
လက်ဝယ်ရှိ နေပြီ။
၃-ရတနာ၃ပါးနှင့်သာသနာအပေါ်ယုံကြည်အားကိုးမှုသဒ္ဓါကလည်း ပြည့်ဝစွာ လက်ဝယ်
ရှိနေပေသည်။
၎- ယနေ့ ထွက်ခွါရန် ကြိုးစားသော်ယနေ့ ပင်ထွက်လမ်းကြီး “သာ” နေသည်ကိုလည်း
လက်တွေ့ မြင်နေရ၏၊
၅-ကိုယ်တိုင်သိလမ်းပြပေးနေသောအရိယာသူတော်ကောင်းတို့ ၏ကူညီအားကလည်း
မိမိအနား စောင့်စားလျက်အခွင့်အရေးကောင်းကြီးများပင်၊လမ်းသိပြီးသူ ဆရာမှန်ကို
ဆရာတင်ကသံသရာလွတ်လမ်းနိဗ္ဗာန်လမ်းကို ရာနှုန်း ပြည့်ရောက်မည်သေချာသည်။
လူလည်းသက်သာ၊ပါရမီလည်း အမြန်ဖြည့်ရာ ရောက်စေသည်။
ထိုမျှအဖိုးတန်လှသောလက်ပေါ်ရောက်အခွင့်အရေးများကိုမယူတတ်လျှင်အသုံးမချ
တတ်လျှင်အသုံးချလိုစိတ်မရှိခဲ့လျှင်သင်သည်ထီပေါက်လျက်က ထီလက်မှတ်ပျောက်နေ
သူ နှင့်မခြားနား၊သင်လောက်မိုက်ကန်းသူ လောကတွင်မရှိတော့ပြီ။သင်ပိုင်ဆိုင်သော
သာသနာသည် ဒီနေ့ တရက်ထည်းသာ၊မနက်ဖန်သင်သေခဲ့သော်တရားအသိ၊တရားအကျင့်
မရှိခဲ့သော်သာသနာသည်သင်အတွက်မဟုတ်တော့၊သင်နှင့်မဆိုင်အပယ်သာ ရောက်ရ
ချေမည်၊
မျောက်ရယ်၊ကလေးရယ်၊ ပတ္တမြားရယ် ရွေးတတ်ရမယ်
မျောက်သည် ပတ္တမြားနှင့် သစ်သီးပေးသော် သစ်သီးသာမက်၏၊
ကလေးကို အစားနှင့် ပတ္တမြားပေးသော် အစားသာမက်၏၊
မျောက်နှင့်ကလေးသည် ပတ္တမြားကို ကောက်ကြည့်၊ မြှောက်ကြည့်၊ ပြီးတော့ ပြန်ချ ပစ်ချထား၏၊
ငုံ့ ကြည့်လိုက်၊ မော့ကြည့်လိုက်၊မျက်နှာလွှဲထားလိုက်နှင့် တခါတရံပတ္တမြားကို ပစ်လဲမပစ်၊
သုံးလဲမသုံးချေ၊
ကာမအဆိပ်သင့်ကာ မေ့လျော့နေသူများသည်လက်ပေါ်သို့ ရောက်နေသော ပတ္တမြားကို
(ဘုရား၊တရား၊သံ ဃာ) မသုံးတတ်သဖြင့်အလွန်ကံကောင်းနေပါသော်လည်း မျောက်အသိ၊
ကလေးအသိလောက်သာရှိနေပါ သေးသည်။
ယခုဘဝမှာသံသရာမှလွတ်မြောက်ဖို့ ရာ ထိုပါရမီ၁၀ ပါး ကိုလက်ဝယ်ရှိနေသော လူ့ 
ဘဝအခွင့်အရေးများ နှင့် ရှေးရေစက်ကုသိုလ်ပါရမီကို အသုံးချ၍ မြောက်ဦးဆရာတော်
ဘုရား၏ အနီးကပ်သွန်သင်ဆုံးမမှုများဖြင့် ဝိပဿနာတရားများကျင့် ကြံ ပွားများ ဖြည့်ကျင့်
ခွင့်ရသော ရဟန်းဒကာ၊ရဟန်းဒကာမသူတော်ကောင်းအားလုံးတို့ သည်  ပါရမီမျိုးစေ့ များ ရရှိကာနိဗ္ဗာန်လမ်းကိုတနေ့ တခြားနီး၍သာသွားသောသူများ ဖြစ်ကြမည်သာ။
ဆုတောင်း ကောင်းခဲ့လို့ 
ဆရာတော်ဘုရား၏ အပြုံးများထဲမှ အဆုံးအမစကားတရားများသည် ကား-
အမေရိကန်က ဒကာ၊ ဒကာမတွေ ဆုတောင်းတွေ ကောင်းခဲ့လို့ အခုလို ဘုန်းဘုန်းတို့ နဲ့ 
သာသနာပြုတဲ့ နေရာ မှာ သိက္ခာတွေထပ်ခွင့်ရ၊ အလှုဒါနတွေပြုကြရ၊ သီလ ဘာဝနာ
တရားတွေအားထုတ်ကြရတယ် မဟုတ်လား။
ဘုရားလက်ထက်တုံးက -ကုမာရမင်းသားလေးက ဘုရားကိုမေးတယ်၊ သူတပါးနားထောင်
ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိပါဘဲ အဘယ်ကြောင့်အတင်းတရားတွေဟောပြောနေရ
သနည်း ဟု မေးလတ်သော် မြတ်စွာဘုရားဖြေကြားသည်မှာ
ကုမာရ- သင့်မှာသားသမီးရှိသလား ၊ ( တွားသွားအရွယ်-သားငယ်လေးရှိပါသည်ဘုရား
ဟုဖြေ၏)။
ထိုအခါဘုရားကမေးပြန်သည်မှာ- ထိုသားလေး ပုလင်းကွဲတွေကို ပါးစပ်ထဲငုံထားတာမြင်ရင်
မင်းရဲ့ သားလေး ကို ဒီအတိုင်းကြည့်နေမလား၊ အတင်းပါးစပ်ဟပြီးပုလင်းကွဲတွေထုတ်ပြစ်
မလား၊
ကုမာရမင်းသားလေးဖြေဆိုသည်မှာ ပုလင်းကွဲများမျိုချလျှင် အူများပြတ်ကာ သေပွဲဝင်ရတော့
မှာမို့ သားတော် ပါးစပ်ထဲ ငုံထားသော ပုလင်းကွဲများကို အတင်းပါးစပ်ဟကာထုတ်ပစ်ရ
ပါမည်ဘုရားဟုဆိုလေသည်။ ထိုအခါ မြတ်စွာဘုရားက သွေးတွေထွက်မှပေါ့ဟုဆိုရာ
ဖခင်ဖြစ်သူ ကုမာရမင်းသားသည်  မြတ်စွာဘုရား၊ တပည့်တော် ၏သားသည် ပါးစပ်မှသွေး
ထွက်၍ မသေပါ။ ပုလင်းကွဲများမျိုချလိုက်ခဲ့လျှင်သေရတော့မည်ဖြစ်သဖြင့် မမျိုချခင်၊
ဗိုက်ထဲ မရောက်ခင်ရသလို အတင်းထုတ်ရပါမည်ဘုရားဟုပြောခဲ့သောအခါ မြတ်စွာဘုရား
အရှင်၏ ပြန်လည်ဆုံးမ ပြောကြားသည်မှာ -
အေး ငါဘုရားလည်း သတ္တဝါတွေကို အရမ်းသနားတော်မူသော်ကြောင့်-
အပယ်လေးပုံကို ရောက်ကြရမှာစိုးရိမ်လွန်းလို့ ၊သတ္တဝါတွေဟာအကုသိုလ် လောဘ၊ ဒေါသ၊
မောဟ၊ တွေကိုပါးစပ်ထဲမှာ ငုံထားပြီးပြီ။ ဒါ့ ကြောင့် ငါဘုရား မဂ္ဂင်ဆေးတိုက်ကြွေးကာ
အတင်းအန်ထုတ်ခိုင်းနေရတာပါ။ ငါဘုရားသည် မဂ္ဂင်ဆိုတဲ့ အန်ဆေးကြီးကျွေးနေတာပါလို့ ဖြေ
ခဲ့တယ်၊ကုမာရမင်းသားလေး သည် ဘုရားရှင်၏တရားကိုနားကြားကာမြတ်စွာ ဘုရား၏မေတ္တာ
ဂရုဏာကိုနားလည် သဘောပေါက်ခဲ့ရလေသည်။
အဲသလိုဘဲဘုန်းဘုန်းတို့ ကလည်းအပယ်ရောက်စေတတ်တဲ့အကုသိုလ်များကို ပါးစပ်ထဲ
ငုံထားနေသော၊ဗိုက်ထဲကိုမျိုချထားပြီးသောဒီဒကာဒကာမများကိုဘုရားကိုယ်စား မေတ္တာထား
ကာ ရေမြေခြားသော်လည်းအရောက်လာပြီးတရားတွေ ပြပေး၊ ဟောပြောပေး၊ဘာဝနာ
မဂ္ဂင်ဆေးတွေတိုက်ကျွေးနေရတာပါဘဲ။
ဘာဖြစ်လို့ လဲ- သေရင် မကောင်းတဲ့ဘဝတွေ ရောက်သွားမှာစိုးရိမ်လို့ ၊ဒကာ၊ဒကာမတွေ
ရဲ့ သန္တာန်ထဲမှာအကုသိုလ်တွေပြည့်နှက်နေတာကိုဘာနဲ့ ဖျက်ဆီးပြစ်ရမလဲ။
ကုသိုလ်တွေနဲ့ ဖျက်ဆီးရမယ်။ ကုသိုလ်၎ မျိုးရှိတယ်၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ၊
ကုသိုလ်၎ မျိုးရှိ သော်လည်းဒါနကုသိုလ်နှင့်လည်းမပယ်နိုင်၊သီလကုသိုလ်ဖြင့် လည်း
မကာကွယ်နိုင်၊
သမထကုသိုလ် ဖြင့်လည်းလမ်းမဆုံးနိုင်ပါဘူး၊ဝိပဿနာဘာဝနာကုသိုလ်တခုတည်း
ဖြင့်သာဖျက်ဆီးပြစ်နိုင်တာပါ။ ဒါ့  ကြောင့်ဘုန်းဘုန်းကအတင်းကိုမထိုင်ချင်လဲထိုင်မှတ်ခိုင်း၊
မထချင်လဲထမှတ်ခိုင်း၊ဆက်တိုက်နံနက်၆ နာရီခွဲမှည၉နာရီအထိမပြတ်မလတ်ဒလစပ်
ရှုမှတ်စေခဲ့တာဘဲ။ ဒကာ၊ဒကာမတွေကမထိုင်ချင့်ထိုင်ချင်၊မထချင်ထချင်၊ ကြေးစည်တီးပြီးခေါ်
ရင် မလာချင်လာချင်နဲ့ ဘဲအာနာပါနကနေအားနာပါးနာလာကြထိုင်ကြ ဖြစ်နေကြတယ်။
တရားအလုပ်ဆိုတာလုပ်ချင်ချင်၊မလုပ်ချင်ချင် သည်းခံပြီးကျင့်ရတာပါ။ဒီလိုသည်းခံကျင့်မှသာ
ပါရမီဓာတ် တွေတိုးပွားလာမယ်၊ပါရမီတွေ ရင့်ကျက်လာမယ်၊ဒီပါရမီကုသိုလ်ဓာတ်တွေက
မိမိအတွက် ဘဲ၊ သည်းခံရင်နိဗ္ဗာန်ရောက်တယ်၊ အပယ်တံခါးပိတ်ဖို့ အသိထူးဥာဏ်ထူးတွေ
ရဘို့ ဖြစ်လာမယ်ဆိုရင်ဘုန်းဘုန်းတို့ နဲ့ တွေ့ ရကြိုးမနပ်ဘူးလား၊တခါတွေ့ ရင်တခါလူဖြစ်
ကျိုးနပ်တာဘဲ၊ဘာဖြစ်လို့ လဲ၊ဒကာ၊ဒကာမ တွေအတွက်ဘုန်းဘုန်းကဓမ္မလက်ဆောင်ပေးနေ
တာ၊ဓမ္မအမွေပေးနေတာ၊အိုနာသေဘေးမှလွတ်စေမယ့် ဓမ္မအလှုပေးနေတာနော်။
ဘုရားကဟောထားတယ်
အိုနာသေဒုက္ခဘေးတို့ မှလွတ်ကင်းအောင် အို-ချစ်သား ချစ်သမီးတို့ 
လောကီအာရုံတွေအပေါ်မှာ လောကီစည်းစိမ်၊မိဘတွေပေးခဲ့သောလောကီအမွေ တွေ
အပေါ်မှာယစ်မူးပြီးတော့သူတော်ကောင်းတရားတွေကို မေ့လျော့ပြီးတော့အချိန်ကုန်ပြီးတော့
မနေကြပါနှင့်၊ ထိုသို့  ယစ်မူးကာအချိန်ကုန်နေမယ်ဆိုရင် လူဖြစ်ရကျိုး နပ်လိမ့် မည်မဟုတ်၊
ငါဘုရားပေးသောသစ္စာ၎ ပါးမြတ်တရားကိုသဒ္ဒါတရားသီလတရားတွေ ရှေ့ ဆောင်ထား၍
တရားအမွေကို များများယူကြကုန်လော့၊
တရားအသိနှင့်အကြိမ်ကြိမ်လွဲခဲ့ပြီးပြီ၊တရားအသိမရှိဘဲသေသွားရရင်လူဖြစ်ကျိုးနပ်လိမ့်
မည်မဟုတ်၊
အခုလိုသစ္စာလေးပါးတရားတွေနာကြရ၊မဂ္ဂင်အကျင့်တွေကျင့်နေကြရတာ၊တရားအမွေတွေ
ခံယူခွင့်ရ နေကြရတဲ့ ဒီဒကာ၊ဒကာမတွေ ဘာဖြစ်ခဲ့လို့ လဲ
မင်းတို့ ဆုတောင်းတွေကောင်းခဲ့လို့ ဘဲ၊
စာရေးသူသည်ဆရာတော်၏အသံကိုနားဆိုက်ထောင်ရင်း တွေးတောဆုံးဖြတ်မိသည်မှာ -
မိမိ နှင့်အတူ အမေရိကန်ရှိ ဓမ္မမိတ်ဆွေများအားလုံးသည်အမှောင်အတိဘုရားမရှိ
တရားမသိ သံဃာနဲပါးလှသော ရေခြားမြေခြားဝေးကွာသောအရပ်ဒေသတွင် နေပင်နေ
ကြရငြားသော်လည်းရှေးဘဝ ရေစက်နှင့်ပါရမီများကြောင့် တဖန်ထပ်ဆင့်ဆုတောင်းကောင်း
ခဲ့ရသောကြောင့် ဆရာသမားအစစ် နှင့်တရားအနှစ်များကို တွေ့ ကြုံ နာကြား နေရလေပြီ။
ကျင့်ကြံနေရလေပြီ၊
အမှန်တရား သစ္စာလေးပါးကို ဒီဘဝ ဒီခန္ဓာ ဒီသာသနာ တွင်း မှာပင် တရားထူးတရားမြတ်များ
တဆင့်ပြီးတဆင့်ရကာဆရာ့ကျေးဇူးလည်းဆပ်၊သာသနာ့အကျိုးလည်း ရွက် ဆောင်ရင်း
နောက်ဆုံးအချိန်ထိတိုင် မပြတ်မလတ်ကျိုးစားအားထုတ်တော့မည်ဟု သံဒိဋ္ဌာန်ချမိလေ၏။
စာရေးသူ၏ ပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှုများသည် ဗောဓိဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်
ရရှိရေးအတွက် သာ ဖြစ်ပါစေ၊ နိဗ္ဗာန် ရရှိရေးအတွက်သာ ဖြစ်ပါစေ ၊ ပါရမီကုသိုလ်များဖြစ်ဖို့ 
ထပ်ခါထပ်ခါ ဆုတောင်းလျက်။
ဆုတောင်းမှန် ၊ သောတာပန်
ဘုရားတောင် ဘုရားဖြစ်ဘို့ ဘဝပေါင်းများစွာဆုတောင်းခဲ့ရတာ၊ ဒကာဒကာမတွေလည်း နိဗ္ဗာန်ကို
ရည်မှန်းပြီးဆုတောင်းကြရမယ်။
ဆုတောင်းမှန်ဘို့ ဒီဘဝမှာအပယ်တံခါးပိတ်တဲ့ သောတာပန်ဖြစ်ဘို့ ကြိုးစားကြရမယ်၊ နောက်
သကဒါဂါမ်၊အနာဂါမ်၊ရဟန်းတာဖြစ်ဖို့ ကဓမ္မက ဆောင်သွားပါလိမ့်မယ်၊
နယူးယောက်မှသိက္ခာထပ်ခဲ့ကြသောရဟန်းဒကာ၊ရဟန်းဒကာမများဟိုတနေ့ ကလာလျှောက်
ကြတယ် -ဘုန်းဘုန်းဘုရား ၊ တပည့်တော်များသည် ဘုန်းဘုန်း၏သာသနာပြုနေရာမှာရဟန်းတစ်ခါ
မဟုတ်ဘဲတကယ့်ရဟန်းဒကာ၊ရဟန်းဒကာမများအဖြစ်နှင့်လစဉ်နှစ်စဉ်ထောက်ပံ့ဆောင်ရွက်ကြ
ပါမည်ဘုရားဆိုသော စကားကိုဒီတခါဘဲ ကြားလိုက်ရလို့ ဘုန်းဘုန်းဝမ်းသာရပါတယ်၊ ဒါက
မိမိရဲ့ စေတနာပေါ်မူတည်တာကိုး၊
တချို့ ကမေးတယ်၊ဘုန်းဘုန်းမှာ ရဟန်းဒကာ၊ဒကာမတွေအများကြီးရှိမှာဘဲတဲ့ ။ အေး-အများကြီး
ရှိပင်ရှိသော် လည်း ၇၅%လောက်ကရဟန်းတခါ ဒကာ၊ဒကာမတွေသာများတတ်ကြတယ်၊
ပြီးပြီးရောပုဂ္ဂိုလ်တွေအများကြီးရှိတယ်၊လူပျောက်သွားပြီးသိက္ခာထပ်တဲ့ နံပါတ်သာကျန်ခဲ့
တာများတယ်၊လူကတော့ပေါ်ကိုမလာတော့ဘူး၊တချို့ ဆိုကိုယ့်ဒကာဆိုတာတောင်မမှတ်မိဘူး၊
နံပါတ်ဘဲမှတ်မိရတယ်၊
နှစ်ပေါင်းများစွာပျောက်သွားပြီးမှ ဆရာတော်ရဲ့ ရဟန်းဒကာပါလို့ ပြောလာတဲ့အခါ ဘုန်းကြီး
ဆိုတာအကောင်းဘက်ကဘဲအမြဲကြည့်ရတာကိုး၊အကောင်းဘက်ကဘဲအမြဲကြည့်ပြီး ကိုယ့်ဒကာ၊
ဒကာမတွေရဲ့ အကျိုးအတွက်တရားဓမ္မတွေသာရစေချင်တာပါဘဲ၊ သာသနာတော်ကြီးအ
တွက်ထောက်ပံ့ချင်တဲ့စိတ်ကိုယ့်စေတနာတွေကကိုယ့်ကိုအကျိုးပေးမှာပါ၊ ပါရမီဖြစ်စေမှာပါ၊
မိမိရဲ့ကုသိုလ်စေတနာတွေကမိမိတို့ အတွက်ပါဘဲ၊ကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရမှာပါ၊
ဘုန်းဘုန်းအတွက်မဟုတ်ဘူး၊
ဘဝများစွာသံသရာတလျှောက်လုံးမှာတရားအမွေတွေနဲ့ အကြိမ်ကြိမ်လွဲခဲ့ပြီး ဘုံဆိုင်
အလုပ်တွေနဲ့ ဘဲအချိန်ကုန်ခဲ့ကြပြီးပါပြီ၊ကိုယ်ပိုင်အလုပ်ကအနဲငယ်သာရှိခဲ့ကြတာပါ၊
ကိုယ်ပိုင်အလုပ်မြန်မြန်လုပ်ကြ၊ မှန်မှန်လုပ်ကြ ဘို့ ကအဓိကဘဲ၊ အခုဒီနေ့ ဒီအချိန်မှာ
ထိုင်ရင်း၊ ရပ်ရင်း၊စင်္ကြန်လျောက်ရင်း ကျင့်ကြံအားထုတ်ခွင့်ရနေကြပြီ၊ ကိုယ်ပိုင်တရားတွေ
ရှိသွားပြီဆိုရင် အနေလဲလှ၊ အသေလဲလှမယ်၊ အနေကောင်းရင်၊ အသေလဲ ကောင်းလိမ့်မယ်၊
သဒ္ဒါ၊ပညာရှိသောပုဂ္ဂိုလ်တို့ သည်သဒ္ဒါ စေတနာ ပညာကောင်းလေလေ၊ကံကောင်းလေလေဘဲ၊
သဒ္ဒါ ကောင်းလေလေ၊ စေတနာ ထက်လေလေ၊မြင့်လေလေ၊ ကံအကျိုးပေး
ထက်လေလေမြင့်လေလေပါဘဲ။
စေတနာဆိုတာ သဒ္ဒါ၊ သဒ္ဒါဆို တာ ပညာဖြစ်တာဘဲ၊သဒ္ဒါ စေတနာ ပညာကို လက်ကိုင်
ထားပြီးခန္ဓာ၅ ပါးအပေါ်မှာ ဥာဏ်၅ပါးနဲ့ ကြည့်ပါ၊ ဥာဏ် ၅ ပါးဆိုတာ မဂ္ဂင် ၅ ပါးဘဲ
(သမ္မာဒိဋ္ဌိ၊သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်၂ ပါးနဲ့ သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိဆိုတဲ့
သမာဓိမဂ္ဂင် ၃ပါး ၊ရှုမှတ်နေတာနဲ့ သမ္မာဝါစာ၊သမ္မာကမ္မန္တ၊သမ္မာအာဇီဝသီလမဂ္ဂင်၃ပါးက
ပြည့်နေပြီးသား-) ၊သင်္ခါရတွေအားလုံးဟာ ဖြစ်ပြီးပျက်စီးသွားလို့ ဘာမှမရှိတော့ဘူး၊
မရှိတော့တာကိုသိနေတာကဥာဏ်ဘဲ၊မရှိတာကိုလှမ်းလှမ်းပြီးကြည့်နေတာကမဂ္ဂသစ္စာ၊
၅ ကို ၅ နှင့် စားရင်ဘာတခုမှမကျန်သဘိသကဲ့သို့ ၊တဖန် ဒီခန္တာ ၅ ပါးကိုဖွဲ့ စည်းထားတဲ့ 
ဓာတ်ကြီး ၄ပါး( ပထဝီ၊တေဇော၊အာပေါ၊ဝါယော )ကိုသစ္စာ ၄ပါး (သမုဒယသစ္စာ၊ဒုက္ခသစ္စာ၊
မဂ္ဂသစ္စာ၊နိရောဓသစ္စာ) ၄ကို၎ နှင့်စားလျှင်လဲဘာကျန်လဲ၊ဘာမှမကျန်တော့သလို၊
ကျောင်းဆရာမလို တွက်ရင်တော့ သုံညကျန် တယ ပြောမှာပေါ့လေ၊
“သုညတော ဘိက္ခဝေ ဝိဟရတာ “ လို့ ဘုရားရှင်ဟောကြားခဲ့တယ်၊
မိမိတို့ ပြုကျင့်ခဲ့တဲ့ဒါနတွေ၊ စောင့်တည်ခဲ့ကြတဲ့သီလတွေ၊ပွားများနေတဲ့သမထ၊ဝိပဿနာ
ဘာဝနာကုသိုလ်အပေါ်မှာငါသူ၊ယောက်ျား၊မိန်မရယ်လို့ ဒိဋ္ဌိအစွဲမထားဘဲအိုနာသေးရေး
ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန် နိဗ္ဗာန်ကိုသာရည်စူး၍ဆုတောင်းတတ်ရမယ်၊ဆုတောင်းကြရမယ်၊
နိဗ္ဗာန်သုံးမျိုးရှိတယ်၊သုံညတနိဗ္ဗာန်၊အနိမိတ္တနိဗ္ဗာန်၊အပါနိတနိဗ္ဗာန် ကိုသဥပါဒိသေသ
နိဗ္ဗာန်ဟုလဲ ခေါ်တယ်၊ဒီပစ္စုပ္ပန်ဘဝမှာရတယ်၊ခန္ဓာတော့ရှိပါရဲ့ ၊အပယ်လေးပုံရောက်စေနိုင်တဲ
့အကုသိုလ် အောက်သံယောဇဉ်၅ပါး (ဒိဋ္ဌိ၊ဝီစိကိစ္ဆာ၊သီလဗ္ဗတ္တပရာမသ၊ဣသာ မဇ္စရိယ၊)
မရှိတော့ဘူး၊ဒိဋ္ဌိ နဲ့ ဝီစိကိစ္စ ပြုတ်ထွက်သွားရင်အဲဒါ သောတာပန်ဘဲ။အရာရာကိုငါမဟုတ်
နာမ်ရုပ်သာဟုမှန်စွာမြင်သွားပြီ၊ သောတာပန်ဖြစ်လို့ ဒိဋ္ဌိ ဝီစိကိစ္စ ပြုတ်သွားသူသည် မိမိခန္တာ
ကိုယ်ကိုဘဲကြည့်ကြည့်၊ မိမိအိမ်ကြီးကိုဘဲ ကြည့်ကြည့်၊ကိုယ်ဝတ်ထားတဲ့လက်ကောက်၊နာရီ၊
စိန်ရွှေရတနာတွေကိုငါနဲ့ မဆိုင်ငါမပိုင်ဆိုပြီးသိသွား တော့တယ်။ သောတာပန်အရိယာနွယ်
တဦးဖြစ်သွားရင် မြင်တာ၊ကြားတာ၊နံတာ၊စားတာ၊ တွေ့ ထိတာ၊ကြံစည်တာတွေအားလုံးကို
ငါမဟုတ်နာမ်နှင့်ရုပ်ဘဲထင်လာမြင်လာတော့တယ်။
အားလုံးနာမ်ရုပ်ဥာဏ်နဲ့ ဖြုတ်၊
အနုပါဒိသေသနိဗ္ဗာန်ဆိုတာကခန္ဓာမရှိတော့ဘူး၊ခန္ဓာပရိနိဗ္ဗာန်စံပြီးမှရတာ၊
မသေခင်စပ်ကြားမှာကြိုတင်ပြင်ဆင်ပြီးလူတန်းခဲ့သောဒါန၊ စောင့်တည်ခဲ့သောသီလ၊
ကျင့်သုံးခဲ့သောဘာဝနာကုသိုလ် တွေသာကိုယ်နောက်ကလိုက်မှာပါ၊ကျန်တာတွေ
ပိုင်ဆိုင်သောဥစ္စာပစ္စည်းတွေဘာတခုမှမလိုက်ဘူး၊ကိုယ့်ရုပ်နာမ်အိုးစားကွဲလို့ သေရတဲ့အခါ
ကိုယ့်နောက်ကိုဘာမှပါမှာမဟုတ်ဘူး၊ဒါ့ကြောင့်အချိန်ရှိချိန်တရားကိုရအောင်ကျင့်၊ရအောင်ယူ၊
ကုသိုလ်စိတ်များအမြဲတိုးပွားအောင်သတိနဲ့ ဥာဏ်လေးနဲ့ နေရင်း လောကီအလုပ် လုပ်နေရင်းနဲ့  လောကုတ္တရာအလုပ်ပါ နှစ်ခုစလုံးပြီးစေနိုင်ပါတယ်၊
နေစဉ် နှင့် နေ့ စဉ်မှန်မှန်ကျင့်သုံးကာအမတသုခနိဗ္ဗာန်ကိုဒီဘဝ၊ဒီခန္ဓာ၊ဒီသာသနာကြီးမှာပင်
ဒီဒကာ၊ဒကာမတွေအားလုံး ကျင့်ကြံပွားများ အားထုတ်ကာရနိုင် ရောက်နိုင်ကြပါစေလို့ 
ဘုန်းဘုန်းဆု တောင်း ရင်း၊ အများပြည်သူု ကုသိုလ်တွေရဘို့ အရေးနှင့် သာသနာတော်၏
အကျိုးကို အမြဲမပြတ်ချီးမြောက်ရွက် ဆောင်ရန်အရေးအတွက် ဤအရှင်သည် အမေရိကန်နိုင်ငံရှိ ဒကာဒကာမများကို ကျောခိုင်း၍ မြန်မာနိုင်ငံသူ နိုင်ငံသားများနေထိုင်ရာ မြန်မာနိုင်ငံသို့ ပြန်
ခွင့်ပြုကြပါ၊
အကြောင်းညီညွတ်တိုင်း ကံကြုံတဲ့အခါတိုင်း ပြန်လည်ဆုံတွေ့ ကြပါအုံးစို့ ၊
ကုသိုလ်စေရာ နိဗ္ဗာန်သို့ သာ
ဆရာတော်၏သာယာနာပျော်ဘွယ်ကောင်းလှသော ဆုတောင်းမေတ္တာပို့ သံ၏အဆုံးမှာ
သာဓုသာဓုသာဓု ဆိုသောပတ္တာနုမောဒနအသံများသည် စာရေးသူ၏ရင်တွင်း၌ ဝမ်းသာ
ပီတိမျက်ရည်ဝဲသည် အထိ နင့်ကာစိမ့်ကာခံစားလိုက်ရလေပြီးနောက် သံဒိဋ္ဌာန်ချလိုက်
မိသည်ကားသာသနာတော်ကြီးကို အကျွန်ုပ်သည်လည်းဘဲ ဆရာ၏တပည့်ကောင်း
အဖြစ်ခံယူလျက် အများသူငါ ကုသိုလ်များရစေရန်၊ သာသနာအကျိုးအတွက်အုပ်တချပ်
သဲတပွင့်ကဲ့သို့ထောက်ပံ့ချီးမြောက်ပေးနိုင်ရန်အကျွန်ုပ်သည်အသက်သေသည့်တိုင်အောင်
ဆရာဒကာပျော်ရွှင်စွာ ညီညွတ်စွာနှင့် ကုသိုလ်အရေး ဆောင်ရွက်ပေးရင်း လောကုတ္တရာ
အရေး အတွက်ဦးတည်ထားလျှက် နေစဉ်နှင့် နေ့ စဉ်ကျင့်ကြံကျိုးစား အားထုတ်ပြီး ပါရမီ်ဖြည့်
ကာနေတော့မည်ဟူ၍ဆုံးဖြတ်ချက်ချလိုက်သောစကားလုံးများသည်ရင်ထဲနှလုံးသားထဲတွင်
ပဲ့တင်သံထပ်၍ နေနေတော့သည်။
အကျွန်ုပ်သည် ဒါသ၊သီလ၊ဘာဝနာကုသိုလ်များကိုအာရုံပြု၍ အဓိဋ္ဌာန်ပါ၏၊သစ္စာပြုပါ၏၊
ဆုတောင်းလိုက်ပါ၏၊သာသနာတော်ကြီးနှင့်သတ္တဝါအားလုံးပါရမီမျိုးစေ့ ကြီးပွားရေး၊
တိုးတက်ရေး၊ ချမ်းသာရေးတို့ ကိုတတ်အား သ၍ ဆောင်နှင်းနိုင်ကာဤဘဝ၊ဤခန္ဓာ၊
ဤသာသနာတော်ကြီးမှာပင်
မဂ်ဖိုလ်နိဗ္ဗာန်အဆင့်ဆင့်ကိုကျင့် ကြံအားထုတ် ကာ
မြင်နိုင်တွေ့ နိုင်ခံစားသိရှိ နိုင်ရပါစေသား၊
မြောက်ဦးဆရာတော်အရှင်ဝါယာမိန္ဒအားဦးညွတ်ရိုကြိုးမာန်ကိုချိုးကာအကြိမ်ကြိမ်ရှစ်ခိုး
ဦးချကတော့လိုက်ပါသည်အရှင်ဘုရား ဘုရား၊
နန္ဒသစ္စာအလှုရှင်
( နယူးယောက်မြို့ အမေရိကန်နိုင်ငံ ) ဇူလိုင်လ ၁၈ ၂၀၁၁။
More Articles...